အခုက ဆောင်းရာသီ လည်း ဖြစ်နေတာမို့ ပိတ်ရက်တွေမှာ ခရီးသွားမယ်လို့ ရည်ရွယ်ထားသူတွေအနေနဲ့ ဆောင်းရာသီမှာ ဘယ်လိုနေရာတွေက ခရီးသွားလို့ အကောင်းဆုံးလဲ ဆိုတာကို ဖော်ပြ ပေးချင်ပါတယ်။
ပင်လောင်း
က လော
မိုးကုတ်
Credit #SHWEMOM
Unicode
ဆောင်းရာသီမှာ ခရီးသွားလို့ အကောင်းဆုံး ပြည်တွင်းနေရာ (၅ ) ခု
တစ်နှစ်မှာ အနည်းဆုံး တစ်ကြိမ် လောက်တော့ ခရီးထွက်ပေးသင့်ပါတယ်။
ပုံမှန် ရှင်သန်နေထိုင် သွားလာနေရ တဲ့ ပတ်ဝန်းကျင် ကို ခဏ စွန့်ခွာပြီး ကိုယ်မရောက်ဖူးသေးတဲ့နေရာ၊ကိုယ့် အတွက် နေရာ ဒေသ အသစ်လေးတွေ ဆီကို သွားပြီး စိတ်ရော ကိုယ်ပါ အနားယူ အပန်းဖြေ လိုက်ပါ။
ခရီးသွားခြင်း က သင့်ရဲ့ စိတ် နဲ့ ကိုယ်ကို လန်းဆန်းတက်ကြွ လာစေပါလိမ့်မယ်။
အခုက ဆောင်းရာသီ လည်း ဖြစ်နေတာမို့ ပိတ်ရက်တွေမှာ ခရီးသွားမယ်လို့ ရည်ရွယ်ထားသူတွေအနေနဲ့ ဆောင်းရာသီမှာ ဘယ်လိုနေရာတွေက ခရီးသွားလို့ အကောင်းဆုံးလဲ ဆိုတာကို ဖေ်ာပြ ပေးချင်ပါတယ်။
ပင်လောင်း
ဘယ်တော့ဖြစ်ဖြစ် ရိုးမသွားတဲ့ ဆောင်းရာသီ အတွက် ခရီးသွားလို့ အကောင်းဆုံး နေရာလေးတွေထဲ တစ်ခုပါ။ ပင်လောင်းမြို့ လေးကတေ့ာ အမှန် အတိုင်း ပြောရရင် လည်ပတ်စရာ နေရာတော့ သိပ်မရှိပါဘူး။
ဒါပေမယ့် အေး ချမ်းပြီး သဘာ၀ ရှုခင်း အလှ အပ တွေနဲ့ နေချင်စရာ ကောင်းတဲ့ မြို့လေးပါ။
ပင်လောင်းမြို့ လေးကို အလည် သွားမယ်ဆိုရင် တော့ လိမ္မော်ခင်းတွေ ဆီကို သေချာ ပေါက် ရောက်အောင် အလည်သွားသင့်ပါတယ်။
လတ်ဆတ်တဲ့ လေကို ရှုရှိုက်ပြီး အေးအေးချမ်းချမ်း အနားယူချင်တဲ့ သူတွေ လုံး၀ လည်ပတ်သင့်တဲ့ နေရာလေးပါ။
ပင်လောင်း ကတော့ ကယားပြည်နယ် နဲ့လည်း နီးပါတယ်။ရှမ်းခေါက်ဆွဲ၊တို့ဖူးနွေး.. ရှမ်းအစားအစာတွေက ဈေးလဲ ပေါ ပြီး အရမ်းကို တန် ၊အရမ်းကို အရသာရှိပါတယ်။
ပင်လောင်း ကနေ ဘယ်ထပ်သွားလို့ရလဲ ဆိုရင်တော့ ကယားကိုလည်း အလည်သွားလို့ရပါတယ်။ အရမ်းလှတဲ့ ဖယ်ခုံအင်းကြီးရဲ့ အလှကိုလည်း သွားရောက် ခံစားလို့ရပါတယ်။
အခုနာမည်ကြီးနေတဲ့ ကြတ်ဂူ ကို အလည် သွားမယ်ဆိုရင် တော့ (Admin တုန်းကတော့ ကယားကိုလည်၊အပြန်မှာ ကြတ်ဂူကို ဝင်ခဲ့တာပါ) ကယား ကနေ ကြတ် ဂူကို သွားတဲ့ လမ်းတစ်လျှောက်မှာဆိုရင် အရမ်း အရမ်းကို လှပတဲ့ ရှုခင်းတွေကို ခံစားရမှာပါ။
(ကြတ်ဂူထက် ကြတ်ဂူကို သွားတဲ့ လမ်းတစ်လျှောက်မှာရှိတဲ့ ရှုခင်းတွေက လည်ပတ်သူတွေကို ပိုပြီး စိတ်ကျေနပ် စေမှာပါ)
က လော
ဘယ်လို နေရာအသစ်တွေ ပဲ ပေါ် ပေါ် ရိုးမသွားတဲ့ ဆောင်းရာသီ အတွက် ခရီးသွားလို့ အကောင်းဆုံး နေရာလေး တစ်ခု ကတော့ ကလောပါ။
ဆောင်းရာသီဆိုရင် တော့ ဟိုတယ် ဈေးတွေ က ခုန်တက်သွားတဲ့ အထိ ခရီးသွားတွေ များတဲ့ မြို့လေးပါ။အေးချမ်းတယ်၊အစားအသောက်လည်း မရှားတဲ့ နေရာလေးပါ။Trekking သွားလို့ရပါတယ်။
တော်ေ တာ်များများလည်း ရောက်ဖူးကြမယ့် နေရာလေးပါ။ကလော View Point၊ ဘူတာ ၊ကလော ဈေး၊ ခရစ်ယာန်ဘုရားေ ကျာင်း၊ထင်းရှူးတော..ဒါ တွေ ကတော့ ကလော မြို့ရဲ့ အထင် ကရ နေရာလေးတွေပါ။
ကားငှားလည်စရာမလိုပဲ အေးအေးဆေးဆေး လမ်းလျှောက်ပြီး လည်း လည်လို့ ရတဲ့ နေရာလေးပါ။ အေးလည်း အေးချမ်း၊အစားအသောက် လည်း မိုက်တဲ့ နေရာလေးပါ။
မိုးကုတ်
ရေခဲ နေတာကို မြင်ရတဲ့ နေရာဒေသ မျိုးက မြန်မာနိုင်ငံ လို ပူတဲ့ နိုင်ငံမှာက တော်တော် ရှားပါတယ်။မိုးကုတ်မှာ ဆိုရင် တော့ ဆောင်းရာသီကျရင် ရေခဲ တဲ့ အထိ အေးတာမို့ အ အေးကြိုက်သူတွေ သေချာ ပေါက် သွားရောက် လည်ပတ်သင့်တဲ့ နေရာလေးပါ။
ပတ္တမြား မြေ ကတေ့ာ အစားအသောက်လည်း ကောင်း၊လှလည်း လှတဲ့ နေရာလေး ပါ။ရေခဲ တာကို မြင်ချင်ရင်တော့ ဘားနဒ် ရွာ လေးကို သွားဖို့ လိုပါတယ်။ မိုးကုတ်ကနေ မှ ဘားနဒ်ကို ချီ တက်ပြီး ရေခဲလေးတွေကို သွားပြီး ကြည့်ရမှာပါ။
ဆောင်းရာသီမှာ သေချာ ပေါက် တစ်ခေါက် တော့ အလည်သွားသင့်ပါတယ်။
နောင်ချိုမြို့ (နောင်ချိုကြီးရွာ)
ဒါက ကတော့ အခုနောက်ပိုင်းမှာ အရမ်းကို ရေပန်းစားနေတဲ့ နေရာ လေးပါ။အမှန်အတိုင်း ပြောရရင်တော့ ကိုယ်တိုင် တော့ မရောက်ဖူးသေးပါဘူး။
သူငယ်ချင်း အပေါင်း အသင်းတွေ ပြောတဲ့ အတွေ့ အကြုံ ကို ပြန်ဝေမျှ ပေးတာပါ။
နောင်ချို ကြီး ရွာက တိမ်ပင်လယ် ကတော့ အခုဆိုရင် တော်တော် လေးကို ရေပန်းစားနေပါတယ်။စေ်ာဘွားတောင် တိမ်ပင်လယ်ဆီကို ချီတက်ရမှာပါ။အစားအသောက်တော့ မပြည့်စုံတာမို့ ကိုယ့်ဟာကိုယ်သယ်သွားမှ ရမှာပါ။
တဲ လေး တွေ၊Camp တဲ လေးတွေ ထိုးပြီး မနက်ခင်း တိမ်ပင်လယ် အလှကို ခံစားလို့ရပါတယ်။
ချင်းပြည်နယ် (Mount Victoria)
စွန့်စွန့်စားစား ပင်ပင်ပန်းပန်းနဲ့ ခရီးထွက်ချင်သူတေ ွ(ကား စီးရတာ ပင်ပန်းလို့ပါ :P) ရွေးချယ်သင့်တဲ့နေရာ လေးပါ။ လုံး၀ သဘာ၀ အလှတွေကိုပဲ ခံစားရမှာပါ။
အစားအသောက်နဲ့ ဇိမ်ကျကျ အနားယူချင်ပါတယ်ဆိုတဲ့ သူတွေထက် အရိုင်းဆန်တဲ့ တကယ့်သဘာ၀ အလှစစ်ကိုမှ ခံစားချင်သူတွေ ရွေးချယ်သင့်တဲ့ နေရာလေးပါ။
Admin ကတော့ ရန်ကုန် ကနေ ချောက် ၊ ချောက် ကနေ မှ ကန်ပက်လက်ကို သွားခဲ့တာပါ။ကားက နှစ်ဆင့် စီးရ တော့ လူကတော့ တော်တော်လေး ပင်ပန်းရတဲ့ ခရီးစဉ်လေးပါ။
ဒါပေမယ့် တောင်ပေါ်မှာက အရမ်း နေလို့ ကောင်းပါတယ်။ဆောင်းရာသီ ဆိုရင် ညနေ ခင်း (၃) နာရီ (၄)နာရီ လောက်ဆိုတည်းက မြူတွေဆိုင်းပြီး ရာသီဥတု က အရမ်းကို အေးပါတယ်။
Mount Victoria ကိုသွားမယ်ဆိုရင် တော့ ဟိုတယ်ဇုန် ကနေ မှ တောင်ခြေကို ရောက်ဖို့ ကားငှား ရပါမယ်။တော င်ခြေကနေ မှ တောင်ပေါ်ကို ဆိုယ်ကယ်ကယ်ရီ (သို့) ခြေကျင် တတ်ရမှာပါ။
ဟိုတယ်ဇုန်ကနေ တောင်ခြေကို ရောက်ဖို့ သွားတဲ့ လမ်းမှာ စိမ်းမြ အေးစိမ့်နေတဲ့ တောအုပ်ကြီးကို ဖြတ်ရတဲ့ အရသာ၊တောင်ခြေကနေ တောင်ပေါ်ကိုသွားတဲ့ လမ်းမှာ ခံစားရတဲ့ သဘာဝအလှအပ တွေကတော့ တခြားခရီးစဉ် တွေမှာ မရနိုင်တဲ့၊ဘာနဲ့ မှ မတူတဲ့ Feeling မျိုးပါ။ ဘ၀ မှာ တစ်ခါ လောက်တော့ မဖြစ် မနေ သွားဖူးသင့်တဲ့ နေရာလေးလို့ ညွှန်းချင်ပါတယ်။
Credit #SHWEMOM
Be the first to comment
Leave a Reply
Your email address will not be published.
*