










Credit A9 Business

Unicode

တောင်သူတွေအနေနဲ့ ဒါလေးတွေ သိထား ခဲ့မယ် ဆိုရင် ပေါင် ပဲ ခိုးခိုး… ပိသာ ပဲ ခိုးခိုး… သိရပါလိမ့်မယ်

တောင်သူတွေ အနေနဲ့ ဒါလေးတွေ သိထားခဲ့မယ် ဆိုရင် ပေါင် ပဲ ခိုးခိုး … ပိသာ ပဲ ခိုးခိုး … သိပါ လိမ့်မယ်။

စပါး တစ်တင်း ကို (46) ပေါင်နဲ့ ရောင်း မယ် ဆိုရင် (1) တင်းမှာ (12 ပိသာ 75 ကျပ်သား) ရှိပြီး ပေါင်နဲ့ ဆိုရင် (46)ပေါင် ရှိပါ တယ်။

စပါး (1) တင်း ကို ပေါင်(50)နဲ့ ရောင်းမယ် ဆိုရင် (14) ပိသာ ရှိတယ်။ (50.4) ပေါင် 14 ပိသာ ရှိပါ တယ်။

ဆန် က (1) တင်း ကို (20 ပိသာ 85ကျပ်သား) ရှိ တယ်။ ဆန် တစ်တင်း (75) ပေါင် ရှိပြီး ဆန် တစ်အိပ် ကို (108) ပေါင် ရှိတယ်။

မတ်ပဲ တစ်တင်း ကို (ပိသာ (20) ရှိ တယ်။ ပေါင် ဆိုရင်(72) ပေါင် ရှိ တယ်။

(1) ပိသာ မှာ (3.6 ပေါင် ရှိ တယ်။ (1) တန် ကို (2240 ပေါင် ရှိတယ်)။ (1) တန် မှာ ပိသာ (612.50 ပိသာ ရှိတယ်။

ပွဲစားပဲ ဖြစ်ဖြစ်/ ကုန်သည်ပဲ ဖြစ်ဖြစ်/ ပဲ စပါး လာ ဝယ်ရင်( ကတ္ကား) ချိန် ကြည့်ပါ။ ကတ္တားပေါ် ကို (1) ပိသာ အလေး တင် ကြည့်ပါ။

(3.6)ပေါင် ရှိရင် ကတ္တား အမှန်ပါ။ (3.6)ပေါင်ထက် လိုနေ ပိုနေ ခဲ့ရင် ကတ္တား ကို တစ်ခုခု ပြုပြင်ထားခြင်း ဖြစ်ပါသည်။

Credit A9 Business

Be the first to comment

Leave a Reply

Your email address will not be published.


*