တန္ဖိုးႀကီးျပီးေဆးဘက္၀င္ေသာ ငါးစီေဖါင္း၏ အသုံးဝင္ပုံမ်ား (အခ်ိဳ႕ဆို သိန္းရာခ်ီျပီး အဖိုးတန္ပါတယ္)

တန္ဖိုးႀကီးျပီးေဆးဘက္၀င္ေသာ ငါးစီေဖါင္း၏ အသုံးဝင္ပုံမ်ား
တန္ဖိုးႀကီးျပီးေဆးဘက္၀င္ေသာ ငါးစီေဖါင္း၏ အသုံးဝင္ပုံမ်ား

တန္ဖိုးႀကီးျပီးေဆးဘက္၀င္ေသာ ငါးစီေဖါင္း၏ အသုံးဝင္ပုံမ်ား (အခ်ိဳ႕ဆို သိန္းရာခ်ီျပီး အဖိုးတန္ပါတယ္)

ငါးစီေဖါင္းကို အဂၤလိပ္လို Swimbladder (or) Air Bladder (or) Fish Maw ဟု ေခၚဆိုၾကသည္။ ငါးစီေဖာင္းကို ပင္လယ္ပိုင္းေဒသႏွင့္ ဆက္စပ္ေနေသာ ကမ္း႐ိုးတန္း၊ ျမစ္ဝကြၽန္းေပၚ အစရွိတဲ့

ေနရာေဒသေတြမွာသာ ေတြ႕ရ မ်ားပါသည္။ ငါးစီေဖါင္းသည္ အ႐ိုးမာ ငါးအုပ္စု (Bony Fish) ေတြမွာ အမ်ားစု ပါရွိၾကၿပီး စီေဖာင္းအ႐ြယ္အစားႏွင့္ ငါး အမ်ိဳးအစားအလိုက္ တန္ဖိုး ႀကီးျမင့္ၾကပါသည္။ ငါးစီေဖာင္းမွန္သမွ် ေစ်းေကာင္းၿပီး ေဆးဘက္ဝင္ၾကပါသည္။

ငါးစီေဖာင္းမ်ားတြင္ ငါးပုတ္သင္ (croaker) အုပ္စုဝင္ျဖစ္ေသာ ကသမွ်င္ငါးမွရေသာ ကသမွ်င္ငါးစီေဖာင္းမွာ သိန္းရာခ်ီအဖိုးတန္ၿပီး ေဆးဝါးေဖာ္စပ္ရာႏွင့္ အလွကုန္ျပဳလုပ္ရာတြင္ အသုံးျပဳၾကသည္ဟု မွတ္သားရဖူးပါသည္။

ပင္လယ္ေအာက္ေျခတြင္ တြင္းတူးေနထိုင္ေသာငါး၊ အ႐ိုးမာငါးတစ္ခ်ိဳ႕ႏွင့္ အ႐ိုးႏု ငါးမ်ားတြင္ ငါးစီေဖါင္းမ်ား မပါရွိၾကပါ။

အ႐ိုးႏုငါး ငါးမန္း၊ ငါးလိပ္ေက်ာက္မ်ားတြင္လည္း ေလစီေဖာင္း မပါရွိၾကဘဲ သူတို႔အသည္းတြင္ရွိေသာ အဆီသိုေလွာင္မႈမွာ ကိုယ္ထည္ေပါ့ပါးကာ ေရအနက္တြင္ ထိန္းညႇိႏိုင္ကာေရေပၚ ေပၚေစႏိုင္ပါသည္။

သို႔ေသာ္ ငါးအမ်ားစုမွာ ငါးစီေဖာင္းပါရွိျခင္းေၾကာင့္ ေရမ်က္ႏွာျပင္မွ နက္ရႈိင္းေသာ ေရေအာက္လႊာ အထိ ကိုယ္ထည္ ထိန္းညႇိကာ သြားလာ ႏိုင္ၾကသည္။

Drums and Croakers ဟု အမည္တြင္ေသာ ငါးပုတ္သင္/ ငါးပ်က္အုပ္စုဝင္ ငါးမ်ားသည္ ေလစီေဖာင္းမွ အသံထုတ္ကာ မ်ိဳးတူ ငါးမ်ားအခ်င္းခ်င္း ဆက္သြယ္သြားလာၾကပါသည္။

ငါးစီေဖါင္းသည္ အ႐ိုးမာ ငါးမ်ားကို ေရေပၚတြင္ေပၚေစရန္အတြက္ ထိန္းခ်ဳပ္ေပးျခင္းကို အဓိက ေဆာင္႐ြက္ေပးပါသည္။ ထို႔ျပင္ ငါးအမ်ားစုသည္ ေလစီေဖာင္းသြားရမည့္ ေရအတိမ္အနက္ကို ဆုံးျဖတ္ကာ အသံကို ထုတ္လႊတ္ျခင္း၊ အသံကို ျပန္ၾကားေစျခင္းျဖင့္

အၾကားအာ႐ုံႏွင့္ ဆက္ႏြယ္ေပးကာ သြားလိုရာကို ေဆာင္႐ြက္ေပးပါသည္။ စီေဖာင္းပါငါးမ်ားတြင္ စီေဖာင္းအ႐ြယ္အစားမွာ ေရခ်ိဳငါးတြင္ ခႏၶာ ကိုယ္ထည္၏ ၅% ပမာဏ ရွိၿပီး ေရငန္ငါးတြင္ ၇ % ရွိၾကသည္။ အခ်ိဳ႕ငါးမ်ားတြင္ ၄င္းထက္ ပိုႀကီး ၾကပါသည္။

ငါးစီေဖါင္းပါေသာ စားေသာက္ကုန္မ်ားသည္ အသားဓာတ္ (protein) ႂကြယ္ဝစြာ ပါရွိၾကပါသည္။ ငါးစီေဖာင္းကို ေရဒဏ္ေတာင့္တင္းစြာခံႏိုင္ေသာ ေကာ္အျဖစ္လည္း အသုံးျပဳလို႔ ရပါသည္။

တ႐ုတ္လူမ်ိဳးမ်ားမွာ ငါးစီေဖါင္းကို စြပ္ျပဳတ္အျဖစ္ စားသုံးၾကသလို ဟင္းသီးဟင္း႐ြက္ႏွင့္ေရာကာ စီေဖာင္းႏွပ္၊ စီေဖာင္းေၾကာ္၊ စီေဖာင္းသုပ္ဟူ၍လည္း ျပဳလုပ္စားၾကပါသည္။

ပင္လယ္ပိုင္းေဒသေတြမွာ အလႉအတန္းျပဳလုပ္ပါက ငါးစီေဖါင္းသုပ္ကို ေကြၽးေမြးေလ့ ရွိၾကသည္။ ငါးေရာင္၊ ငါးေထြ အစရွိတဲ့ ငါးမ်ိဳးစိတ္ေတြမွ ရရွိေသာ စီေဖာင္းမ်ားျဖစ္ေသာေၾကာင့္ ငါးစီေဖာင္းသုပ္ကို စားရာတြင္ စီးစီးပိုင္ပိုင္ရွိၿပီး ဝါးရာ၌ ထုတ္ထုတ္ေလးႏွင့္

အရသာထူးလွေသာ ပင္လယ္စာ ဟင္းလ်ာတစ္မ်ိဳး ျဖစ္ေပသည္။ ငါးေျခာက္လုပ္ဖို႔ ငါးကိုခြဲေသာအခါ ငါးစီေဖါင္းမ်ားကို သီးျခား ဖယ္ထားၿပီး ေနလွန္းကာ ေျခာက္ေသြ႕ပါက ႏွစ္ေပါက္ေအာင္ သိမ္းဆည္း စုေဆာင္းထားၿပီးေနာက္ ေစ်းေကာင္းေကာင္းႏွင့္ ျပန္လည္ ေရာင္းခ်ၾကပါသည္။(ႏွင္းျဖဴျဖဴ) …ေလးစားစြာျဖင့္ ခရက္ဒစ္

Unicode

တန်ဖိုးကြီးပြီးဆေးဘက်ဝင်သော ငါးစီဖေါင်း၏ အသုံးဝင်ပုံများ (အချို့ဆို သိန်းရာချီပြီး အဖိုးတန်ပါတယ်)

ငါးစီဖေါင်းကို အင်္ဂလိပ်လို Swimbladder (or) Air Bladder (or) Fish Maw ဟု ခေါ်ဆိုကြသည်။ ငါးစီဖောင်းကို ပင်လယ်ပိုင်းဒေသနှင့် ဆက်စပ်နေသော ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ် အစရှိတဲ့

နေရာဒေသတွေမှာသာ တွေ့ရ များပါသည်။ ငါးစီဖေါင်းသည် အရိုးမာ ငါးအုပ်စု (Bony Fish) တွေမှာ အများစု ပါရှိကြပြီး စီဖောင်းအရွယ်အစားနှင့် ငါး အမျိုးအစားအလိုက် တန်ဖိုး ကြီးမြင့်ကြပါသည်။ ငါးစီဖောင်းမှန်သမျှ ဈေးကောင်းပြီး ဆေးဘက်ဝင်ကြပါသည်။

ငါးစီဖောင်းများတွင် ငါးပုတ်သင် (croaker) အုပ်စုဝင်ဖြစ်သော ကသမျှင်ငါးမှရသော ကသမျှင်ငါးစီဖောင်းမှာ သိန်းရာချီအဖိုးတန်ပြီး ဆေးဝါးဖော်စပ်ရာနှင့် အလှကုန်ပြုလုပ်ရာတွင် အသုံးပြုကြသည်ဟု မှတ်သားရဖူးပါသည်။

ပင်လယ်အောက်ခြေတွင် တွင်းတူးနေထိုင်သောငါး၊ အရိုးမာငါးတစ်ချို့နှင့် အရိုးနု ငါးများတွင် ငါးစီဖေါင်းများ မပါရှိကြပါ။

အရိုးနုငါး ငါးမန်း၊ ငါးလိပ်ကျောက်များတွင်လည်း လေစီဖောင်း မပါရှိကြဘဲ သူတို့အသည်းတွင်ရှိသော အဆီသိုလှောင်မှုမှာ ကိုယ်ထည်ပေါ့ပါးကာ ရေအနက်တွင် ထိန်းညှိနိုင်ကာရေပေါ် ပေါ်စေနိုင်ပါသည်။

သို့သော် ငါးအများစုမှာ ငါးစီဖောင်းပါရှိခြင်းကြောင့် ရေမျက်နှာပြင်မှ နက်ရှိုင်းသော ရေအောက်လွှာ အထိ ကိုယ်ထည် ထိန်းညှိကာ သွားလာ နိုင်ကြသည်။

Drums and Croakers ဟု အမည်တွင်သော ငါးပုတ်သင်/ ငါးပျက်အုပ်စုဝင် ငါးများသည် လေစီဖောင်းမှ အသံထုတ်ကာ မျိုးတူ ငါးများအချင်းချင်း ဆက်သွယ်သွားလာကြပါသည်။

ငါးစီဖေါင်းသည် အရိုးမာ ငါးများကို ရေပေါ်တွင်ပေါ်စေရန်အတွက် ထိန်းချုပ်ပေးခြင်းကို အဓိက ဆောင်ရွက်ပေးပါသည်။ ထို့ပြင် ငါးအများစုသည် လေစီဖောင်းသွားရမည့် ရေအတိမ်အနက်ကို ဆုံးဖြတ်ကာ အသံကို ထုတ်လွှတ်ခြင်း၊ အသံကို ပြန်ကြားစေခြင်းဖြင့်

အကြားအာရုံနှင့် ဆက်နွယ်ပေးကာ သွားလိုရာကို ဆောင်ရွက်ပေးပါသည်။ စီဖောင်းပါငါးများတွင် စီဖောင်းအရွယ်အစားမှာ ရေချိုငါးတွင် ခန္ဓာ ကိုယ်ထည်၏ ၅% ပမာဏ ရှိပြီး ရေငန်ငါးတွင် ၇ % ရှိကြသည်။ အချို့ငါးများတွင် ၎င်းထက် ပိုကြီး ကြပါသည်။

ငါးစီဖေါင်းပါသော စားသောက်ကုန်များသည် အသားဓာတ် (protein) ကြွယ်ဝစွာ ပါရှိကြပါသည်။ ငါးစီဖောင်းကို ရေဒဏ်တောင့်တင်းစွာခံနိုင်သော ကော်အဖြစ်လည်း အသုံးပြုလို့ ရပါသည်။

တရုတ်လူမျိုးများမှာ ငါးစီဖေါင်းကို စွပ်ပြုတ်အဖြစ် စားသုံးကြသလို ဟင်းသီးဟင်းရွက်နှင့်ရောကာ စီဖောင်းနှပ်၊ စီဖောင်းကြော်၊ စီဖောင်းသုပ်ဟူ၍လည်း ပြုလုပ်စားကြပါသည်။

ပင်လယ်ပိုင်းဒေသတွေမှာ အလှူအတန်းပြုလုပ်ပါက ငါးစီဖေါင်းသုပ်ကို ကျွေးမွေးလေ့ ရှိကြသည်။ ငါးရောင်၊ ငါးထွေ အစရှိတဲ့ ငါးမျိုးစိတ်တွေမှ ရရှိသော စီဖောင်းများဖြစ်သောကြောင့် ငါးစီဖောင်းသုပ်ကို စားရာတွင် စီးစီးပိုင်ပိုင်ရှိပြီး ဝါးရာ၌ ထုတ်ထုတ်လေးနှင့်

အရသာထူးလှသော ပင်လယ်စာ ဟင်းလျာတစ်မျိုး ဖြစ်ပေသည်။ ငါးခြောက်လုပ်ဖို့ ငါးကိုခွဲသောအခါ ငါးစီဖေါင်းများကို သီးခြား ဖယ်ထားပြီး နေလှန်းကာ ခြောက်သွေ့ပါက နှစ်ပေါက်အောင် သိမ်းဆည်း စုဆောင်းထားပြီးနောက် ဈေးကောင်းကောင်းနှင့် ပြန်လည် ရောင်းချကြပါသည်။(နှင်းဖြူဖြူ) …လေးစားစွာဖြင့် ခရက်ဒစ်

Be the first to comment

Leave a Reply

Your email address will not be published.


*