ထူထူးဆန္းဆန္း ကမာၻေက်ာ္ ဘရာၿခံစည္း႐ိုးအေၾကာင္း

ထူထူးဆန္းဆန္း ကမာၻေက်ာ္ ဘရာၿခံစည္း႐ိုးအေၾကာင္း
ထူထူးဆန္းဆန္း ကမာၻေက်ာ္ ဘရာၿခံစည္း႐ိုးအေၾကာင္း

ထူထူးဆန္းဆန္း ကမာၻေက်ာ္ ဘရာၿခံစည္း႐ိုးအေၾကာင္း

ႏိုင္ငံျခားတိုင္းျပည္ေတြမွာ ထူးထူးျခားျခားျမင္ကြင္းေတြကို အၿမဲေတြ႕ျမင္ရတတ္ပါတယ္။ ယခုလည္း နယူးဇီလန္ႏိုင္ငံက လမ္းမႀကီးရဲ႕ေဘးက ၿခံစည္း႐ိုးဟာ

အမ်ိဳးသမီးဝတ္ ဘရာဇီယာ အမ်ိဳးအစားအစုံ ၊အေရာင္စုံကို စီတန္းခ်ိတ္ဆြဲထားတဲ့ ဘရာၿခံစည္း႐ိုးအေၾကာင္း တင္ျပေပးခ်င္ပါတယ္။

ထိုဘရာၿခံစည္း႐ိုးဟာ နယူးဇီလန္ႏိုင္ငံ ေတာင္ပိုင္းကြၽန္း Lanakha မွ Queen Town ကိုသြားသည့္ ကားလမ္းနံေဘးတစ္ေနရာမွာ တည္ရွိပါတယ္။ Cardrona Bra Fence ဟုအမည္ရတဲ့ ထိုေနရာေလးမွာ

ဘရာဇီယာေပါင္းရာႏွင့္ခ်ီ ခ်ိတ္ဆြဲထားပါတယ္။ ဒီလိုခ်ိတ္ဆြဲထားမႈဟာ ၁၉၉၈ -၉၉ ခုႏွစ္မ်ားအတြင္းမွ စတင္လာၿပီး တျဖည္းျဖည္း မ်ားျပားလာခဲ့ျခင္းျဖစ္ပါတယ္။

ဒီၿခံစည္း႐ိုးတန္းေလး စတင္ျဖစ္ေပၚလာတဲ့ အေၾကာင္းကေတာ့ ၁၉၉၈ ခုႏွစ္ ခရစ္စမတ္ကာလႏွင့္ ၁၉၉၉ ခုႏွစ္အကူး ႏွစ္သစ္ကူးကာလမ်ားအတြင္း ဘရာဇီယာေလးခု စတင္ခ်ိတ္ဆြဲထားတာ ေတြ႕ရတာပါ။ အမ်ားအထင္ကေတာ့

ထိုအားလပ္ရက္မ်ားတြင္ ခရီးထြက္လည္ပတ္ေသာ အမ်ိဳးသမီးေလးဦးမွ ခ်ိတ္ဆြဲထားခဲ့ျခင္းဟု ယူဆၾကပါတယ္။ ဒါေပမယ့္ ဘယ္လိုရည္႐ြယ္ခ်က္နဲ႔ ဒီလိုခ်ိတ္ထားခဲ့သလည္းဆိုတာ ဘယ္သူမွမသိၾကပါဘူး။

ထိုကဲ့သို႔ ဘရာဇီယာေလးခုမွ စတင္ခဲ့ေသာ ဇာတ္လမ္းဟာ မရပ္တန႔္ခဲ့ပါဘူး။ အထူးအဆန္းဆိုရင္ လိုက္လုပ္တတ္တဲ့ အက်င့္အတိုင္းပဲ ေနာက္ပိုင္းထိုလမ္းသို႔ ေရာက္ရွိျဖတ္သန္းခဲ့ၾကတဲ့

အမ်ိဳးသမီးမ်ားစြာကလည္း မိမိတို႔ဘရာဇီယာမ်ားကို ထပ္မံခ်ိတ္ဆြဲခဲ့ၾကပါတယ္။ထို႔ေနာက္ပိုင္းတြင္ေတာ့ ဘရာၿခံစည္း႐ိုးတန္းေလးဟာ လူသိမ်ားေက်ာ္ၾကားလာခဲ့ၿပီး

ခရီးသြားမ်ား လာေရာက္တတ္တဲ့ ေနရာတစ္ေနရာ ျဖစ္လာခဲ့ပါတယ္။ အေရာင္စုံ ၊ ပုံစံစုံ ဘရာဇီယာမ်ားစြာလည္း တတန္းႀကီးျဖစ္လာခဲ့ပါတယ္။ ၂၀၀၆ ခုႏွစ္တြင္ အခု ၈၀၀ ေက်ာ္ေလာက္အထိ ရွိေနခဲ့ပါတယ္။

ဒါေပမယ့္ ဒီလိုဘရာၿခံစည္း႐ိုးတန္းႀကီး ျဖစ္ေနတာကို ေဒသခံေတြအၾကား အျမင္မတူၾကပါဘူး။ တစ္ခ်ိဳ႕ကေတာ့ ဒီၿခံစည္း႐ိုးတန္းေၾကာင့္ ခရီးသြားဧည့္သည္မ်ား ပိုမိုလာေရာက္တဲ့အတြက္ သေဘာက်ၾကပါတယ္။ ဒါေပမယ့္ တစ္ခ်ိဳ႕အျမင္ကေတာ့

ဒီလိုဘရာဇီယာေတြ စီတန္းတည္ရွိေနတာဟာ အျမင္႐ိုင္းၿပီး မသင့္ေတာ္ဘူးလို႔ ယူဆၾကပါတဲ့သူေတြ လည္းရွိၾကပါတယ္။ အဲလိုယူဆၾကတဲ့သူေတြ အတြက္ေတာ့ စိတ္ကသိကေအာက္ျဖစ္စရာ ျဖစ္‌ေနပါတယ္။

ေဒသဆိုင္ရာအာဏာပိုင္မ်ားက ဒီၿခံစည္း႐ိုးဟာ အျမင့္မသင့္တယ္ဟုယူဆၿပီး ဖယ္ရွားဖို႔ဆုံးျဖတ္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ ပိုမိုလူသိမ်ား ေက်ာ္ၾကားလာၿပီး ခရီးသြားအမ်ားအျပား လာေရာက္တတ္ၾကသျဖင့္

ထိုေနရာေလးမွာ ဆက္လက္က်န္ရွိေနခဲ့ပါတယ္။ ခရီးသြားလုပ္ငန္းအတြက္ အေထာက္ကူျဖစ္ေစတဲ့ ေနရာတစ္ေနရာျဖစ္ေနကာ ဘရာဇီယာမ်ားကလည္း ေထာင္ေက်ာ္ ေသာင္းေက်ာ္အထိ မ်ားျပားလာမယ္ ခန႔္မွန္းထားၾကပါတယ္။

ယခုအခါ ထိုဘရာဇီယာ ၿခံစည္း႐ိုးတန္းေလးသည္ အေပ်ာ္ အပ်က္လုပ္ရာ ေနရာတစ္ေနရာအျဖစ္သာမက အျခားေသာေကာင္းမြန္တဲ့ ရည္႐ြယ္ခ်က္မ်ားလည္း ျဖစ္ေပၚလာခဲ့ပါၿပီ။ ဘာပဲေျပာေျပာ

စထားခဲ့တဲ့အမ်ိဳးသမီးေတြ အတြင္းခံအေပၚပိုင္းကိုပဲထားခဲ့ၿပီး ေအာက္ပိုင္းမထားခဲ့တာပဲ ေတာ္ေသးတယ္လို႔ ဆိုရပါမယ္။ အထူးအဆန္းဆိုရင္ လိုက္လုပ္တတ္တဲ့ လူေတြပါလားေနာ္။Credit-‌ေနခရမ္

Unicode

ထူထူးဆန်းဆန်း ကမ္ဘာကျော် ဘရာခြံစည်းရိုးအကြောင်း

နိုင်ငံခြားတိုင်းပြည်တွေမှာ ထူးထူးခြားခြားမြင်ကွင်းတွေကို အမြဲတွေ့မြင်ရတတ်ပါတယ်။ ယခုလည်း နယူးဇီလန်နိုင်ငံက လမ်းမကြီးရဲ့ဘေးက ခြံစည်းရိုးဟာ

အမျိုးသမီးဝတ် ဘရာဇီယာ အမျိုးအစားအစုံ ၊အရောင်စုံကို စီတန်းချိတ်ဆွဲထားတဲ့ ဘရာခြံစည်းရိုးအကြောင်း တင်ပြပေးချင်ပါတယ်။

ထိုဘရာခြံစည်းရိုးဟာ နယူးဇီလန်နိုင်ငံ တောင်ပိုင်းကျွန်း Lanakha မှ Queen Town ကိုသွားသည့် ကားလမ်းနံဘေးတစ်နေရာမှာ တည်ရှိပါတယ်။ Cardrona Bra Fence ဟုအမည်ရတဲ့ ထိုနေရာလေးမှာ

ဘရာဇီယာပေါင်းရာနှင့်ချီ ချိတ်ဆွဲထားပါတယ်။ ဒီလိုချိတ်ဆွဲထားမှုဟာ ၁၉၉၈ -၉၉ ခုနှစ်များအတွင်းမှ စတင်လာပြီး တဖြည်းဖြည်း များပြားလာခဲ့ခြင်းဖြစ်ပါတယ်။

ဒီခြံစည်းရိုးတန်းလေး စတင်ဖြစ်ပေါ်လာတဲ့ အကြောင်းကတော့ ၁၉၉၈ ခုနှစ် ခရစ်စမတ်ကာလနှင့် ၁၉၉၉ ခုနှစ်အကူး နှစ်သစ်ကူးကာလများအတွင်း ဘရာဇီယာလေးခု စတင်ချိတ်ဆွဲထားတာ တွေ့ရတာပါ။ အများအထင်ကတော့

ထိုအားလပ်ရက်များတွင် ခရီးထွက်လည်ပတ်သော အမျိုးသမီးလေးဦးမှ ချိတ်ဆွဲထားခဲ့ခြင်းဟု ယူဆကြပါတယ်။ ဒါပေမယ့် ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီလိုချိတ်ထားခဲ့သလည်းဆိုတာ ဘယ်သူမှမသိကြပါဘူး။

ထိုကဲ့သို့ ဘရာဇီယာလေးခုမှ စတင်ခဲ့သော ဇာတ်လမ်းဟာ မရပ်တန့်ခဲ့ပါဘူး။ အထူးအဆန်းဆိုရင် လိုက်လုပ်တတ်တဲ့ အကျင့်အတိုင်းပဲ နောက်ပိုင်းထိုလမ်းသို့ ရောက်ရှိဖြတ်သန်းခဲ့ကြတဲ့

အမျိုးသမီးများစွာကလည်း မိမိတို့ဘရာဇီယာများကို ထပ်မံချိတ်ဆွဲခဲ့ကြပါတယ်။ထို့နောက်ပိုင်းတွင်တော့ ဘရာခြံစည်းရိုးတန်းလေးဟာ လူသိများကျော်ကြားလာခဲ့ပြီး

ခရီးသွားများ လာရောက်တတ်တဲ့ နေရာတစ်နေရာ ဖြစ်လာခဲ့ပါတယ်။ အရောင်စုံ ၊ ပုံစံစုံ ဘရာဇီယာများစွာလည်း တတန်းကြီးဖြစ်လာခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်တွင် အခု ၈၀၀ ကျော်လောက်အထိ ရှိနေခဲ့ပါတယ်။

ဒါပေမယ့် ဒီလိုဘရာခြံစည်းရိုးတန်းကြီး ဖြစ်နေတာကို ဒေသခံတွေအကြား အမြင်မတူကြပါဘူး။ တစ်ချို့ကတော့ ဒီခြံစည်းရိုးတန်းကြောင့် ခရီးသွားဧည့်သည်များ ပိုမိုလာရောက်တဲ့အတွက် သဘောကျကြပါတယ်။ ဒါပေမယ့် တစ်ချို့အမြင်ကတော့

ဒီလိုဘရာဇီယာတွေ စီတန်းတည်ရှိနေတာဟာ အမြင်ရိုင်းပြီး မသင့်တော်ဘူးလို့ ယူဆကြပါတဲ့သူတွေ လည်းရှိကြပါတယ်။ အဲလိုယူဆကြတဲ့သူတွေ အတွက်တော့ စိတ်ကသိကအောက်ဖြစ်စရာ ဖြစ်‌နေပါတယ်။

ဒေသဆိုင်ရာအာဏာပိုင်များက ဒီခြံစည်းရိုးဟာ အမြင့်မသင့်တယ်ဟုယူဆပြီး ဖယ်ရှားဖို့ဆုံးဖြတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ပိုမိုလူသိများ ကျော်ကြားလာပြီး ခရီးသွားအများအပြား လာရောက်တတ်ကြသဖြင့်

ထိုနေရာလေးမှာ ဆက်လက်ကျန်ရှိနေခဲ့ပါတယ်။ ခရီးသွားလုပ်ငန်းအတွက် အထောက်ကူဖြစ်စေတဲ့ နေရာတစ်နေရာဖြစ်နေကာ ဘရာဇီယာများကလည်း ထောင်ကျော် သောင်းကျော်အထိ များပြားလာမယ် ခန့်မှန်းထားကြပါတယ်။

ယခုအခါ ထိုဘရာဇီယာ ခြံစည်းရိုးတန်းလေးသည် အပျော် အပျက်လုပ်ရာ နေရာတစ်နေရာအဖြစ်သာမက အခြားသောကောင်းမွန်တဲ့ ရည်ရွယ်ချက်များလည်း ဖြစ်ပေါ်လာခဲ့ပါပြီ။ ဘာပဲပြောပြော

စထားခဲ့တဲ့အမျိုးသမီးတွေ အတွင်းခံအပေါ်ပိုင်းကိုပဲထားခဲ့ပြီး အောက်ပိုင်းမထားခဲ့တာပဲ တော်သေးတယ်လို့ ဆိုရပါမယ်။ အထူးအဆန်းဆိုရင် လိုက်လုပ်တတ်တဲ့ လူတွေပါလားနော်။Credit-‌နေခရမ်

Be the first to comment

Leave a Reply

Your email address will not be published.


*