ကမာၻမွာ ဆံပင္အရွည္ဆုံး အမ်ိဳးသမီးေတြ ေနထိုင္တဲ့႐ြာ

ကမာၻမွာ ဆံပင္အရွည္ဆုံး အမ်ိဳးသမီးေတြ ေနထိုင္တဲ့႐ြာ
ကမာၻမွာ ဆံပင္အရွည္ဆုံး အမ်ိဳးသမီးေတြ ေနထိုင္တဲ့႐ြာ

ကမာၻမွာ ဆံပင္အရွည္ဆုံး အမ်ိဳးသမီးေတြ ေနထိုင္တဲ့႐ြာ

အဲဒီ႐ြာမွာေနထိုင္တဲ့ အမ်ိဳးသမီးေတြရဲ႕ဆံပင္အရွည္ က ၃ ေပကေန ၆ ေပ အထိ ရွိတယ္လို႔ သိရပါတယ္။ အမ်ိဳးသမီးေတြ အတြက္ ဆံပင္ဆိုတာ အေရးႀကီးတဲ့အရာပါ။ အမ်ိဳးသမီးအမ်ားစု အေနနဲ႔ ဆံပင္ရွည္ ထားရျခင္းကို ႏွစ္သက္ ျမတ္ႏိုးေလ့ ရွိၾက ပါတယ္။

ကမာၻေပၚမွာ ဆံပင္အရွည္ဆုံး အမ်ိဳးသမီးေတြေနထိုင္တဲ့ ႐ြာကေတာ့ တ႐ုတ္ႏိုင္ငံမွ ာရွိတဲ့ Huangluo Yao ဆိုတဲ့ ေက်း႐ြာပဲျဖစ္ပါတယ္။ အဲဒီ႐ြာမွာေနထိုင္တဲ့ လူမ်ိဳးစုေတြကေတာ့ ဆံပင္ရွည္ ထားျခင္းဟာ

က်န္းမာေရး ကို ေကာင္းမြန္ေစတယ္လို႔ ယုံၾကည္ ထားၾကပါတယ္။ ဒါေၾကာင့္လည္း အဲဒီ႐ြာမွာ ေနထိုင္တဲ့ မိသားစု ၆၀ ေလာက္က ဆံပင္အရွည္ ထားေလ့ ရွိၾက ပါတယ္။ အဲဒီ ေက်း႐ြာမွာ ေနထိုင္တဲ့ အမ်ိဳးသမီးေတြရဲ႕ ဆံပင္အရွည္က ၃ ေပကေန ၆ ေပ အထိ ရွိတယ္လို႔သိရပါတယ္။

ဒါေၾကာင့္လည္း ကမာၻ႔ ဆံပင္အရွည္ဆုံးေက်း႐ြာအျဖစ္ ဂင္းနစ္ မွတ္တမ္း ဝင္ခဲ့ပါတယ္။ အဲဒီေက်း႐ြာကို ေရာက္ဖို႔ တ႐ုတ္ႏိုင္ငံ ေတာင္ပိုင္းက ၿမိဳ႕တၿမိဳ႕ျဖစ္တဲ့ Guilin ၿမိဳ႕ကေန ၂ နာရီေလာက္ ကားစီးသြားရပါတယ္။

Jinsha ျမစ္ကမ္းေဘးမွာ ရွိတဲ့ Huangluo Yao ေက်း႐ြာရဲ႕ ထူးျခားတဲ့ ဓေလ့ေၾကာင့္ ၂၀၀၂ ခုႏွစ္မွာ ႏိုင္ငံတကာ ခရီးသြားေတြ လာေရာက္ လည္ပတ္ ႏိုင္ဖို႔ တ႐ုတ္အစိုးရက စီစဥ္ခဲ့ပါတယ္။ အဲဒီေက်း႐ြာမွာ ေနထိုင္တဲ့ လူမ်ိဳးစုေတြဟာ

Qin မင္းဆက္ လက္ထက္ကတည္းက ေနထိုင္လာ ခဲ့ၾကတဲ့ ေဒသခံ ဌာေန တိုင္းရင္းသားေတြလို႔ သိရ ပါတယ္။ လူဦးေရ ၆၀၀ နီးပါး ရွိၿပီး မိသားစုဝင္ ၈၀ နီးပါး ရွိပါ တယ္။

အဲဒီ ေက်း႐ြာက အမ်ိဳးသမီးေတြဟာ သန္ စြမ္းနက္ေမွာင္ၿပီး ရွည္လ်ားတဲ့ ဆံပင္ေတြကို ပိုင္ဆိုင္ ထားၾကၿပီး အမ်ိဳးသမီးတေယာက္ရဲ႕ ဆံပင္ အေလးခ်ိန္က ၂ ေပါင္ေက်ာ္ ရွိပါတယ္။

Yao အမ်ိဳးသမီးေတြဟာ ဆံပင္အရွည္ ထားရတာကို ဂုဏ္ယူေလ့ ရွိၿပီး ဒီဓေလ့ ေပ်ာက္ကြယ္ မသြားေအာင္ မ်ိဳးဆက္ တခုကေန ေနာက္ မ်ိဳးဆက္တခု ကို လက္ဆင့္ကမ္း သယ္ေဆာင္ ခဲ့ၾကပါတယ္။ ျမစ္ကမ္းေဘးမွာ တည္ရွိတဲ့ အတြက္ေၾကာင့္လည္း

ျမစ္ေရနဲ႔ ေန႔စဥ္ ေခါင္းေလွ်ာ္ေလ့ ရွိၾကၿပီး ရက္သတၱပတ္ ၁ ပတ္ ရဲ႕ ၃ ရက္ေျမာက္ေန႔၊ ဒါမွမဟုတ္ ၄ ရက္ေျမာက္ေန႔ မွာေတာ့ ဆံပင္ရွည္ဖို႔ အထူးေဖာ္စပ္ ထားတဲ့ ေဆးတမ်ိဳးနဲ႔ ေခါင္းေလွ်ာ္ေလ့ ရွိၾကတယ္လို႔ သိရ ပါတယ္။

ေနာက္ထပ္ထူးျခားခ်က္ တခုကေတာ့ အိမ္ေထာင္ မက်ေသးတဲ့ မိန္းမပ်ိဳေတြအေနနဲ႔ သူမရဲ႕ဆံပင္ကို အျခားသူေတြ မျမင္ရေအာင္ ထိန္းသိမ္း ရတာပါပဲ။ မိန္းမပ်ိဳတေယာက္ရဲ႕ ဆံပင္ကို ပထမဆုံး ျမင္ရတဲ့ အမ်ိဳးသားဟာ သူမရဲ႕ခင္ပြန္းေလာင္းပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္လည္း အဲဒီေက်း႐ြာက မိန္းမပ်ိဳေတြဟာ သူမရဲ႕ဆံပင္ကို အျခားသူေတြ မျမင္ရေအာင္ အျပာေရာင္ ပုဝါနဲ႔ ဖုံးထားေလ့ ရွိၾကပါတယ္။ Yao အမ်ိဳးသမီးေတြအတြက္ေတာ့ ဆံပင္အရွည္က အေရးႀကီးတဲ့ အမွတ္အသား တခုပါပဲ။

Yao အမ်ိဳးသမီးေတြဟာ ေမြးၿပီးလို႔ ရက္ ၁၀၀ ျပည့္တဲ့အခ်ိန္နဲ႔ အသက္ ၁၈ ႏွစ္ျပည့္တဲ့ အခ်ိန္ ၂ ႀကိမ္ပဲ ဆံပင္ညႇပ္ေလ့ ရွိၾက ပါတယ္။ ဓေလ့တခု တည္ၿမဲေအာင္ ေရရွည္

ထိန္းသိမ္းထားႏိုင္တဲ့ အတြက္လည္း Huangluo Yao ေက်း႐ြာဟာ ကမာၻ႔ ဆံပင္အရွည္ဆုံး ေက်း႐ြာ အျဖစ္ ကမာၻမွာ လူသိမ်ားတဲ့ ေက်း႐ြာတ႐ြာ ျဖစ္လို႔ေနပါတယ္။Credit

Unicode

ကမ္ဘာမှာ ဆံပင်အရှည်ဆုံး အမျိုးသမီးတွေ နေထိုင်တဲ့ရွာ

အဲဒီရွာမှာနေထိုင်တဲ့ အမျိုးသမီးတွေရဲ့ဆံပင်အရှည် က ၃ ပေကနေ ၆ ပေ အထိ ရှိတယ်လို့ သိရပါတယ်။ အမျိုးသမီးတွေ အတွက် ဆံပင်ဆိုတာ အရေးကြီးတဲ့အရာပါ။ အမျိုးသမီးအများစု အနေနဲ့ ဆံပင်ရှည် ထားရခြင်းကို နှစ်သက် မြတ်နိုးလေ့ ရှိကြ ပါတယ်။

ကမ္ဘာပေါ်မှာ ဆံပင်အရှည်ဆုံး အမျိုးသမီးတွေနေထိုင်တဲ့ ရွာကတော့ တရုတ်နိုင်ငံမှ ာရှိတဲ့ Huangluo Yao ဆိုတဲ့ ကျေးရွာပဲဖြစ်ပါတယ်။ အဲဒီရွာမှာနေထိုင်တဲ့ လူမျိုးစုတွေကတော့ ဆံပင်ရှည် ထားခြင်းဟာ

ကျန်းမာရေး ကို ကောင်းမွန်စေတယ်လို့ ယုံကြည် ထားကြပါတယ်။ ဒါကြောင့်လည်း အဲဒီရွာမှာ နေထိုင်တဲ့ မိသားစု ၆၀ လောက်က ဆံပင်အရှည် ထားလေ့ ရှိကြ ပါတယ်။ အဲဒီ ကျေးရွာမှာ နေထိုင်တဲ့ အမျိုးသမီးတွေရဲ့ ဆံပင်အရှည်က ၃ ပေကနေ ၆ ပေ အထိ ရှိတယ်လို့သိရပါတယ်။

ဒါကြောင့်လည်း ကမ္ဘာ့ ဆံပင်အရှည်ဆုံးကျေးရွာအဖြစ် ဂင်းနစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။ အဲဒီကျေးရွာကို ရောက်ဖို့ တရုတ်နိုင်ငံ တောင်ပိုင်းက မြို့တမြို့ဖြစ်တဲ့ Guilin မြို့ကနေ ၂ နာရီလောက် ကားစီးသွားရပါတယ်။

Jinsha မြစ်ကမ်းဘေးမှာ ရှိတဲ့ Huangluo Yao ကျေးရွာရဲ့ ထူးခြားတဲ့ ဓလေ့ကြောင့် ၂၀၀၂ ခုနှစ်မှာ နိုင်ငံတကာ ခရီးသွားတွေ လာရောက် လည်ပတ် နိုင်ဖို့ တရုတ်အစိုးရက စီစဉ်ခဲ့ပါတယ်။ အဲဒီကျေးရွာမှာ နေထိုင်တဲ့ လူမျိုးစုတွေဟာ

Qin မင်းဆက် လက်ထက်ကတည်းက နေထိုင်လာ ခဲ့ကြတဲ့ ဒေသခံ ဌာနေ တိုင်းရင်းသားတွေလို့ သိရ ပါတယ်။ လူဦးရေ ၆၀၀ နီးပါး ရှိပြီး မိသားစုဝင် ၈၀ နီးပါး ရှိပါ တယ်။

အဲဒီ ကျေးရွာက အမျိုးသမီးတွေဟာ သန် စွမ်းနက်မှောင်ပြီး ရှည်လျားတဲ့ ဆံပင်တွေကို ပိုင်ဆိုင် ထားကြပြီး အမျိုးသမီးတယောက်ရဲ့ ဆံပင် အလေးချိန်က ၂ ပေါင်ကျော် ရှိပါတယ်။

Yao အမျိုးသမီးတွေဟာ ဆံပင်အရှည် ထားရတာကို ဂုဏ်ယူလေ့ ရှိပြီး ဒီဓလေ့ ပျောက်ကွယ် မသွားအောင် မျိုးဆက် တခုကနေ နောက် မျိုးဆက်တခု ကို လက်ဆင့်ကမ်း သယ်ဆောင် ခဲ့ကြပါတယ်။ မြစ်ကမ်းဘေးမှာ တည်ရှိတဲ့ အတွက်ကြောင့်လည်း

မြစ်ရေနဲ့ နေ့စဉ် ခေါင်းလျှော်လေ့ ရှိကြပြီး ရက်သတ္တပတ် ၁ ပတ် ရဲ့ ၃ ရက်မြောက်နေ့၊ ဒါမှမဟုတ် ၄ ရက်မြောက်နေ့ မှာတော့ ဆံပင်ရှည်ဖို့ အထူးဖော်စပ် ထားတဲ့ ဆေးတမျိုးနဲ့ ခေါင်းလျှော်လေ့ ရှိကြတယ်လို့ သိရ ပါတယ်။

နောက်ထပ်ထူးခြားချက် တခုကတော့ အိမ်ထောင် မကျသေးတဲ့ မိန်းမပျိုတွေအနေနဲ့ သူမရဲ့ဆံပင်ကို အခြားသူတွေ မမြင်ရအောင် ထိန်းသိမ်း ရတာပါပဲ။ မိန်းမပျိုတယောက်ရဲ့ ဆံပင်ကို ပထမဆုံး မြင်ရတဲ့ အမျိုးသားဟာ သူမရဲ့ခင်ပွန်းလောင်းပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း အဲဒီကျေးရွာက မိန်းမပျိုတွေဟာ သူမရဲ့ဆံပင်ကို အခြားသူတွေ မမြင်ရအောင် အပြာရောင် ပုဝါနဲ့ ဖုံးထားလေ့ ရှိကြပါတယ်။ Yao အမျိုးသမီးတွေအတွက်တော့ ဆံပင်အရှည်က အရေးကြီးတဲ့ အမှတ်အသား တခုပါပဲ။

Yao အမျိုးသမီးတွေဟာ မွေးပြီးလို့ ရက် ၁၀၀ ပြည့်တဲ့အချိန်နဲ့ အသက် ၁၈ နှစ်ပြည့်တဲ့ အချိန် ၂ ကြိမ်ပဲ ဆံပင်ညှပ်လေ့ ရှိကြ ပါတယ်။ ဓလေ့တခု တည်မြဲအောင် ရေရှည်

ထိန်းသိမ်းထားနိုင်တဲ့ အတွက်လည်း Huangluo Yao ကျေးရွာဟာ ကမ္ဘာ့ ဆံပင်အရှည်ဆုံး ကျေးရွာ အဖြစ် ကမ္ဘာမှာ လူသိများတဲ့ ကျေးရွာတရွာ ဖြစ်လို့နေပါတယ်။Credit

Be the first to comment

Leave a Reply

Your email address will not be published.


*