လုပ္ငန္းခြင္တခုမွာ အလုပ္၀င္တာခ်င္း အတူတူ သူက ဘာလို႕ ရာထူးတိုးတာလဲ…(ေကာင္းလြန္းလို႕ ျပန္လည္မ်ွေ၀ေပးပါတယ္ေနာ္)

လုပ္ငန္းခြင္တခုမွာ အလုပ္၀င္တာခ်င္း အတူတူ သူက ဘာလို႕ ရာထူးတိုးတာလဲ...(ေကာင္းလြန္းလို႕ ျပန္လည္မ်ွေ၀ေပးပါတယ္ေနာ္)
လုပ္ငန္းခြင္တခုမွာ အလုပ္၀င္တာခ်င္း အတူတူ သူက ဘာလို႕ ရာထူးတိုးတာလဲ...(ေကာင္းလြန္းလို႕ ျပန္လည္မ်ွေ၀ေပးပါတယ္ေနာ္)

လုပ္ငန္းခြင္တခုမွာ အလုပ္၀င္တာခ်င္း အတူတူ သူက ဘာလို႕ ရာထူးတိုးတာလဲ…(ေကာင္းလြန္းလို႕ ျပန္လည္မ်ွေ၀ေပးပါတယ္ေနာ္)

“ဥကၠ႒” က မိန္းကေလး ဝန္ထမ္း(၂) ဦးကို ႐ုံးခန္းထဲေခၚ ၿပီးစကားေျပာတယ္။ အခန္းထဲေရာက္ေတာ့ ေကာင္မေလးတစ္ဦးက ရာထူးတိုးခံရတယ္။ ေနာက္ တစ္ေယာက္ကေတာ့ ဒီလိုရာထူးတိုးရင္ သူက်န္ခဲ့လိမ့္မယ္ လို႔ မထင္ထားေတာ့အံ့ၾသ သြားတယ္။

“B မင္းရာထူးတိုးတယ္ ၊ ကုမၺဏီအုပ္စုတစ္စုရဲ႕ေခါင္းေဆာင္ျဖစ္သြားပါၿပီ။ “ဒီလိုၾကားတာနဲ႔ ေကာင္မေလး A က ခ်က္ခ်င္း ျပန္ေမးလိုက္တယ္။ “ကြၽန္မတစ္ခုခုအမွားလုပ္ခဲ့မိလို႔လား ၊ ဒါမွမဟုတ္ ကြၽန္မေနာက္က်မွေရာက္လို႔လား”

ဥကၠဌကျပန္ ေျဖတယ္ “မဟုတ္ပါဘူး” “ဒါဆိုရင္ ဘာျဖစ္လို႔ ကြၽန္မက ရာထူးမတိုးတာလဲ ၊ ကြၽန္မက သူ႔ထက္ေတာင္ အရင္ ဒီကုမၺဏီမွာ အလုပ္လုပ္တာေလ”

ဥကၠဌ က ဘာမွျပန္မေျဖေတာ့ဘူး ။ ဒါေပမဲ့ ေကာင္မေလး (၂) ေယာက္လုံးကို အလုပ္တစ္ခုေပးလိုက္တယ္။ ေကာင္မေလး (၂) ေယာက္လုံးကို ကုမၺဏီပစၥည္းလာေလ့လာမယ့္ ႏိုင္ငံျခားကုမၺဏီ ကိုဆက္သြယ္ခိုင္းတယ္။

ဒီလိုနဲ႔ (၁၀) မိနစ္ေနာက္ပိုင္း ေကာင္မေလး A ကအခန္းထဲကိုဝင္လာတယ္။ ဥကၠ႒ …” ဘယ္လိုလဲ Customer ကုမၺဏီ ကိုဆက္သြယ္လို႔ရၿပီလား ? “A… ရပါၿပီရွင့္ Customer ေတြက ေနာင္တစ္ပတ္အတြင္း ပစၥည္းေတြလာၾကည့္လိမ့္မယ္။

” ေနာက္တစ္ပတ္ ဘယ္ေန႔လဲ ? “A – အင္း… ကြၽန္မမေမးမိလိုက္ဘူး ၊ ကြၽန္မေနာက္တစ္ႀကိမ္ဖုန္းဆက္ၿပီးေမးလိုက္ပါ့မယ္။

” ဘယ္ႏွစ္ေယာက္လာမွာလဲ ? ” A… “ခုဏက ဆရာ ကြၽန္မကိုဒီအခ်က္ေမးဖို႔ မေျပာလိုက္ဘူးေနာ္”

ဥကၠဌ -” ၿပီးေတာ့ ဘယ္လိုလာၾကမွာလဲ ? ေလေၾကာင္းနဲ႔လား ? ကားနဲ႔လာမွာလား ? ” A… “ခုဏက ဆရာ ကြၽန္မကိုဒီအခ်က္လည္းေ မးဖို႔မေျပာလိုက္ဘူးေနာ္”

ဒီလိုနဲ႔ ဥကၠဌက အခ်က္အလက္ကို စကၠဴေပၚခ်ေရးၿပီး ေကာင္မေလး B ကိုအခန္းထဲလာဖို႔ေခၚလိုက္တယ္။

B အခန္းထဲေရာက္တာနဲ႔ အလုပ္အေၾကာင္းကို အေသးစိပ္ေျပာျပတယ္။ “ customer ေတြ ကြၽန္မတို႔ ကုမၺဏီကို ေနာင္တစ္ပတ္ ေသာၾကာေန႔ေရာက္မယ္ ။ ေလယဥ္စီးၿပီးလာက်ပါမယ္။

ေလယာဥ္က ဟိုကေန (၃) နာရီေလာက္တက္မယ္ ။ ဒီကို (၆) နာရီေလာက္ေရာက္မယ္။ Team အကုန္လုံး (၅) ေယာက္ပါပါမယ္။ ၿပီးေတာ့ သူတို႔ကိုေလယာဥ္ကြင္းမွာ ကြၽန္မတို႔႐ုံးက သြားႀကိဳမယ့္သူစီစဥ္ေပးထားၿပီး လို႔ေျပာေပးၿပီပါၿပီ။”

“ ကြၽန္မကို ဟိုတယ္ ခ်က္ခ်င္း Booking လုပ္ထားခိုင္းမွာလား ? ပစၥည္းျပမယ့္ေနရာနဲ႔ အနီးဆုံး ဟိုတယ္ဆိုရင္ အဆင္ေျပဆုံးျဖစ္မွာပါ။ ဒါေၾကာင့္ နည္းနည္းေစာေစာ booking လုပ္ရေအာင္ပါ။

ေအာ္.. ၿပီးေတာ့ ေနာက္တစ္ခ်က္က ကြၽန္မေနာက္တစ္ပတ္ရဲ႕ ရာသီဥတုကိုၾကည့္လိုက္ေသးတယ္။ တစ္ပတ္လုံးမိုး႐ြာဖို႔ရွိတယ္ အဲ့ဒါကို customer ဆီေျပာေပးၿပီးပါၿပီ ။ အစီအစဥ္အေျပာင္းအလဲရွိမွာဆိုးလို႔ပါ။

B ေျပာလို႔ၿပီးသြားတာနဲ႔ ဥကၠဌ က A ရဲ႕မ်က္ႏွာကို ၾကည့္လိုက္တယ္။ A အရမ္းရွက္သြားပါတယ္။ သူအလုပ္လုပ္တာ တကယ္မေကာင္းမွန္းသူသိလိုက္ရတယ္။ သူမ ဆုံးျဖတ္ခ်က္ခ်လိုက္တယ္ …။

သူမ အဲ့ဒီရက္ပဲ ထြက္စာတင္လိုက္ပါတယ္ အိမ္ေရာက္တာနဲ႔ သူ႔ ဆရာေဟာင္းဆီ ကေန message စာေလးေရာက္လာတယ္ ။

မင္းဘာပဲလုပ္လုပ္ ေအာင္ျမင္ႏိုင္မယ့္အေရးႀကီးဆုံးအခ်က္က

(၁) ဘယ္ကုမၺဏီမွ ပ်င္းတဲ့အလုပ္သမားကို မေခၚထား ေရရွည္လက္မတြဲထားခ်င္ဘူး။

(၂) ကိုယ့္ကိုကိုယ္တန္ဖိုးရွိေအာင္အရင္ႀကိဳးစားပါ။ ပိုက္ဆံရဖို႔ပဲမၾကည့္ပါနဲ႔ ။ ကိုယ္သာတန္ဖိုးရွိတယ္။ လုပ္ေနတဲ့အလုပ္အေပၚ တန္ဖိုးထား ေစတနာထားရင္ ပိုက္ဆံနဲ႔ ရပိုင္ခြင့္ ဆိုတာ အလိုလိုေနရင္းနဲ႔ကိုယ့္ဆီေရာက္လာမွာပါ ။

(၃) ဘယ္အလုပ္မဆိုခက္ခဲတာပဲ အားစိုက္ရတာပဲ လြယ္ကူတဲ့အလုပ္ဆိုတာမရွိပါဘူး ။

(၄) အလုပ္တိုင္းမွာ ျပႆသနာရွိတယ္ဆိုတာသာမာန္ျဖစ္႐ိုးျဖစ္စဥ္ကိစၥပါ။ျပသနာ မရွိမွပဲ ထူးဆန္းပါလိမ့္မယ္။

(၅) တစ္ခုခုလုပ္ရတဲ့ခ်ိန္မွာ ပိုက္ဆံမရဘူးဆိုရင္ ဗဟုသုတရတယ္လို႔မွတ္ထားလိုက္ပါ။ ဗဟုသုတမရဘူးဆိုရင္ အေတြ႕အႀကဳံရတယ္လို႔ မွတ္ပါ။ အကယ္၍ ႏွစ္မ်ိဳးလုံးရတယ္ဆိုရင္ ဘယ္ေတာ့မွ ထမင္းငတ္မေသဘူး။

(၆) အလုပ္မွာ ကိုယ့္ရဲ႕အသင္းသားေတြကို မေျပာင္းလဲႏိုင္တဲ့ခ်ိန္မွာ ကိုယ့္ရဲ႕အျမင္ vision ကိုအရင္ေျပာင္းလဲပါ။

သူမဒီစာေလးဖတ္ၿပီးတဲ့ခ်ိန္မွာ သူမအတိတ္က အလုပ္လုပ္လာတာ တကယ္စိတ္ႏွစ္ၿပီးမလုပ္ခဲ့မွန္းသူမ သိလိုက္တယ္။ ၿပီးေနာက္ သူမရဲ႕ဆရာဆီကို လမ္းျပေပးတဲ့အတြက္ ေက်းဇူးတင္တဲ့ စာေလးပို႔လိုက္တယ္။

သူမအတြက္က်ေတာ့ ဒီေန႔ကစၿပီးအလုပ္အသစ္ကိုေလွ်ာက္ၿပီး အရင္ထက္ပိုႀကိဳးစားၿပီး အလုပ္လုပ္ဖို႔ဆုံးျဖတ္ထားပါတယ္။

ဥကၠဌ ကတကယ္ေကာင္းေကာင္းသူမကိုသင္ခန္းစာေပးႏိုင္ခဲ့ပါတယ္။ အလုပ္တိုင္းက တစ္ခုနဲ႔တစ္ခုမတူတဲ့ ျပသနာေတြ အခက္အခဲေတြရွိက်စၿမဲပါပဲ ။ အားလုံးအတြက္ အားအင္တစ္ခုျဖ စ္ပါေစ။

Unicode

လုပ်ငန်းခွင်တခုမှာ အလုပ်ဝင်တာချင်း အတူတူ သူက ဘာလို့ ရာထူးတိုးတာလဲ…(ကောင်းလွန်းလို့ ပြန်လည်မျှဝေပေးပါတယ်နော်)

“ဥက္ကဋ္ဌ” က မိန်းကလေး ဝန်ထမ်း(၂) ဦးကို ရုံးခန်းထဲခေါ် ပြီးစကားပြောတယ်။ အခန်းထဲရောက်တော့ ကောင်မလေးတစ်ဦးက ရာထူးတိုးခံရတယ်။ နောက် တစ်ယောက်ကတော့ ဒီလိုရာထူးတိုးရင် သူကျန်ခဲ့လိမ့်မယ် လို့ မထင်ထားတော့အံ့သြ သွားတယ်။

“B မင်းရာထူးတိုးတယ် ၊ ကုမ္ဗဏီအုပ်စုတစ်စုရဲ့ခေါင်းဆောင်ဖြစ်သွားပါပြီ။ “ဒီလိုကြားတာနဲ့ ကောင်မလေး A က ချက်ချင်း ပြန်မေးလိုက်တယ်။ “ကျွန်မတစ်ခုခုအမှားလုပ်ခဲ့မိလို့လား ၊ ဒါမှမဟုတ် ကျွန်မနောက်ကျမှရောက်လို့လား”

ဥက္ကဌကပြန် ဖြေတယ် “မဟုတ်ပါဘူး” “ဒါဆိုရင် ဘာဖြစ်လို့ ကျွန်မက ရာထူးမတိုးတာလဲ ၊ ကျွန်မက သူ့ထက်တောင် အရင် ဒီကုမ္ဗဏီမှာ အလုပ်လုပ်တာလေ”

ဥက္ကဌ က ဘာမှပြန်မဖြေတော့ဘူး ။ ဒါပေမဲ့ ကောင်မလေး (၂) ယောက်လုံးကို အလုပ်တစ်ခုပေးလိုက်တယ်။ ကောင်မလေး (၂) ယောက်လုံးကို ကုမ္ဗဏီပစ္စည်းလာလေ့လာမယ့် နိုင်ငံခြားကုမ္ဗဏီ ကိုဆက်သွယ်ခိုင်းတယ်။

ဒီလိုနဲ့ (၁၀) မိနစ်နောက်ပိုင်း ကောင်မလေး A ကအခန်းထဲကိုဝင်လာတယ်။ ဥက္ကဋ္ဌ …” ဘယ်လိုလဲ Customer ကုမ္ဗဏီ ကိုဆက်သွယ်လို့ရပြီလား ? “A… ရပါပြီရှင့် Customer တွေက နောင်တစ်ပတ်အတွင်း ပစ္စည်းတွေလာကြည့်လိမ့်မယ်။

” နောက်တစ်ပတ် ဘယ်နေ့လဲ ? “A – အင်း… ကျွန်မမမေးမိလိုက်ဘူး ၊ ကျွန်မနောက်တစ်ကြိမ်ဖုန်းဆက်ပြီးမေးလိုက်ပါ့မယ်။

” ဘယ်နှစ်ယောက်လာမှာလဲ ? ” A… “ခုဏက ဆရာ ကျွန်မကိုဒီအချက်မေးဖို့ မပြောလိုက်ဘူးနော်”

ဥက္ကဌ -” ပြီးတော့ ဘယ်လိုလာကြမှာလဲ ? လေကြောင်းနဲ့လား ? ကားနဲ့လာမှာလား ? ” A… “ခုဏက ဆရာ ကျွန်မကိုဒီအချက်လည်းေ မးဖို့မပြောလိုက်ဘူးနော်”

ဒီလိုနဲ့ ဥက္ကဌက အချက်အလက်ကို စက္ကူပေါ်ချရေးပြီး ကောင်မလေး B ကိုအခန်းထဲလာဖို့ခေါ်လိုက်တယ်။

B အခန်းထဲရောက်တာနဲ့ အလုပ်အကြောင်းကို အသေးစိပ်ပြောပြတယ်။ “ customer တွေ ကျွန်မတို့ ကုမ္ဗဏီကို နောင်တစ်ပတ် သောကြာနေ့ရောက်မယ် ။ လေယဉ်စီးပြီးလာကျပါမယ်။

လေယာဉ်က ဟိုကနေ (၃) နာရီလောက်တက်မယ် ။ ဒီကို (၆) နာရီလောက်ရောက်မယ်။ Team အကုန်လုံး (၅) ယောက်ပါပါမယ်။ ပြီးတော့ သူတို့ကိုလေယာဉ်ကွင်းမှာ ကျွန်မတို့ရုံးက သွားကြိုမယ့်သူစီစဉ်ပေးထားပြီး လို့ပြောပေးပြီပါပြီ။”

“ ကျွန်မကို ဟိုတယ် ချက်ချင်း Booking လုပ်ထားခိုင်းမှာလား ? ပစ္စည်းပြမယ့်နေရာနဲ့ အနီးဆုံး ဟိုတယ်ဆိုရင် အဆင်ပြေဆုံးဖြစ်မှာပါ။ ဒါကြောင့် နည်းနည်းစောစော booking လုပ်ရအောင်ပါ။

အော်.. ပြီးတော့ နောက်တစ်ချက်က ကျွန်မနောက်တစ်ပတ်ရဲ့ ရာသီဥတုကိုကြည့်လိုက်သေးတယ်။ တစ်ပတ်လုံးမိုးရွာဖို့ရှိတယ် အဲ့ဒါကို customer ဆီပြောပေးပြီးပါပြီ ။ အစီအစဉ်အပြောင်းအလဲရှိမှာဆိုးလို့ပါ။

B ပြောလို့ပြီးသွားတာနဲ့ ဥက္ကဌ က A ရဲ့မျက်နှာကို ကြည့်လိုက်တယ်။ A အရမ်းရှက်သွားပါတယ်။ သူအလုပ်လုပ်တာ တကယ်မကောင်းမှန်းသူသိလိုက်ရတယ်။ သူမ ဆုံးဖြတ်ချက်ချလိုက်တယ် …။

သူမ အဲ့ဒီရက်ပဲ ထွက်စာတင်လိုက်ပါတယ် အိမ်ရောက်တာနဲ့ သူ့ ဆရာဟောင်းဆီ ကနေ message စာလေးရောက်လာတယ် ။

မင်းဘာပဲလုပ်လုပ် အောင်မြင်နိုင်မယ့်အရေးကြီးဆုံးအချက်က

(၁) ဘယ်ကုမ္ဗဏီမှ ပျင်းတဲ့အလုပ်သမားကို မခေါ်ထား ရေရှည်လက်မတွဲထားချင်ဘူး။

(၂) ကိုယ့်ကိုကိုယ်တန်ဖိုးရှိအောင်အရင်ကြိုးစားပါ။ ပိုက်ဆံရဖို့ပဲမကြည့်ပါနဲ့ ။ ကိုယ်သာတန်ဖိုးရှိတယ်။ လုပ်နေတဲ့အလုပ်အပေါ် တန်ဖိုးထား စေတနာထားရင် ပိုက်ဆံနဲ့ ရပိုင်ခွင့် ဆိုတာ အလိုလိုနေရင်းနဲ့ကိုယ့်ဆီရောက်လာမှာပါ ။

(၃) ဘယ်အလုပ်မဆိုခက်ခဲတာပဲ အားစိုက်ရတာပဲ လွယ်ကူတဲ့အလုပ်ဆိုတာမရှိပါဘူး ။

(၄) အလုပ်တိုင်းမှာ ပြဿသနာရှိတယ်ဆိုတာသာမာန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စပါ။ပြသနာ မရှိမှပဲ ထူးဆန်းပါလိမ့်မယ်။

(၅) တစ်ခုခုလုပ်ရတဲ့ချိန်မှာ ပိုက်ဆံမရဘူးဆိုရင် ဗဟုသုတရတယ်လို့မှတ်ထားလိုက်ပါ။ ဗဟုသုတမရဘူးဆိုရင် အတွေ့အကြုံရတယ်လို့ မှတ်ပါ။ အကယ်၍ နှစ်မျိုးလုံးရတယ်ဆိုရင် ဘယ်တော့မှ ထမင်းငတ်မသေဘူး။

(၆) အလုပ်မှာ ကိုယ့်ရဲ့အသင်းသားတွေကို မပြောင်းလဲနိုင်တဲ့ချိန်မှာ ကိုယ့်ရဲ့အမြင် vision ကိုအရင်ပြောင်းလဲပါ။

သူမဒီစာလေးဖတ်ပြီးတဲ့ချိန်မှာ သူမအတိတ်က အလုပ်လုပ်လာတာ တကယ်စိတ်နှစ်ပြီးမလုပ်ခဲ့မှန်းသူမ သိလိုက်တယ်။ ပြီးနောက် သူမရဲ့ဆရာဆီကို လမ်းပြပေးတဲ့အတွက် ကျေးဇူးတင်တဲ့ စာလေးပို့လိုက်တယ်။

သူမအတွက်ကျတော့ ဒီနေ့ကစပြီးအလုပ်အသစ်ကိုလျှောက်ပြီး အရင်ထက်ပိုကြိုးစားပြီး အလုပ်လုပ်ဖို့ဆုံးဖြတ်ထားပါတယ်။

ဥက္ကဌ ကတကယ်ကောင်းကောင်းသူမကိုသင်ခန်းစာပေးနိုင်ခဲ့ပါတယ်။ အလုပ်တိုင်းက တစ်ခုနဲ့တစ်ခုမတူတဲ့ ပြသနာတွေ အခက်အခဲတွေရှိကျစမြဲပါပဲ ။ အားလုံးအတွက် အားအင်တစ်ခုဖြ စ်ပါစေ။

Be the first to comment

Leave a Reply

Your email address will not be published.


*