လွ်ပ္စစ္ဗို႔အား ၃၀၀ ကေန ၆၅၀ အထိ ထုတ္လုပ္ႏိုင္တဲ့ လွ်ပ္စစ္ငါးရွဥ့္မ်ားအၾကာင္း

လွ်ပ္စစ္ဗို႔အား ၃၀၀ ကေန ၆၅၀ အထိ ထုတ္လုပ္ႏိုင္တဲ့ လွ်ပ္စစ္ငါးရွဥ့္မ်ားအၾကာင္း
လွ်ပ္စစ္ဗို႔အား ၃၀၀ ကေန ၆၅၀ အထိ ထုတ္လုပ္ႏိုင္တဲ့ လွ်ပ္စစ္ငါးရွဥ့္မ်ားအၾကာင္း

လွ်ပ္စစ္ဗို႔အား ၃၀၀ ကေန ၆၅၀ အထိ ထုတ္လုပ္ႏိုင္တဲ့ လွ်ပ္စစ္ငါးရွဥ့္မ်ားအၾကာင္း

လွ်ပ္စစ္ငါးရွဥ့္ေတြဟာ Electrophorus Electricus မ်ိဳးစိတ္ထဲကျဖစ္ၿပီး ေတာင္အေမရိက ေရခ်ိဳေဒသေတြမွာ ေနထိုင္ၾကၿပီး ရွည္ရွည္ေမ်ာေမ်ာခႏၶာကိုယ္နဲ႔ အေၾကးခြံမပါဘဲ အညိဳေရာင္ဘက္သန္းတဲ့ အေရာင္ရွိပါတယ္။ လွ်ပ္စစ္ငါးရွဥ့္တစ္ေကာင္ဟာ

အမ်ားဆုံး ၂.၇၅ မီတာ (၉ေပ) အထိရွည္လ်ားႏိုင္ၿပီး ၂၂ ကီလိုဂရမ္အထိ အေလးခ်ိန္ရွိၾကပါတယ္။ လွ်ပ္စစ္ငါးရွဥ့္ေတြဟာ အေမဇုံေတာထဲမွာ ေနထိုင္က်က္စားေလ့ရွိၾကၿပီး အသက္ရႈဖို႔အတြက္ ေရမ်က္ႏွာျပင္ေပၚသို႔ မၾကာခဏတက္ေလ့ရွိပါတယ္။

သူရဲ႕ပါးစပ္ဟာ ေသြးေၾကာအမ်ားအျပားနဲ႔ဖြဲ႕စည္းထားၿပီး သူ႔ရဲ႕ပါးစပ္ကို အဆုပ္အျဖစ္အသုံးခ်တတ္ၾကပါတယ္။ သာမန္ငါးရွဥ့္ေတြနဲ႔ေတာ့ မတူညီၾကပါဘူး။ လွ်ပ္စစ္ငါးရွဥ့္ရဲ႕အၿမီးမွာ လွ်ပ္စစ္ထုတ္လုပ္တဲ့အဂၤါေတြပါဝင္ၿပီး ၃၀၀ ဗို႔ကေန ၆၅၀ ဗို႔အထိထုတ္လုပ္ႏိုင္ကာ

ဒီပမာဏဟာ လူတစ္ေယာက္ကို ေကာင္းေကာင္းဓာတ္လိုက္ေစႏိုင္ပါတယ္။ ဒါ့အျပင့္ ဒီလွ်ပ္စစ္ထုတ္ႏိုင္တဲ့အၿမီးကိုအသုံးျပဳၿပီး သူတို႔ဟာ မ်ိဳးႏြယ္တူလွ်ပ္စစ္ငါးရွဥ့္အခ်င္းခ်င္း ဆက္သြယ္ႏိုင္ၾကပါေသးတယ္။ လူသားေတြ တယ္လီဖုန္းနဲ႔ဆက္သြယ္သလိုပါပဲ။

လွ်ပ္‌စစ္‌ဓာတ္‌ကို လွ်ပ္စစ္ငါးရွဥ့္ ကေန စတင္‌‌ေတြ႕ရွိတယ္‌လို႔ အစဥ္အဆက္ဆိုခဲ့ၾကပါတယ္။ လွ်ပ္စစ္ဓာတ္အားကို ထုတ္ေပးႏိုင္တဲ့(Electric eels)လို႔ေခၚတဲ့ ငါးရွဥ့္ေတြဟာ ငါးအုပ္စု(၅၀၀)ရွိတဲ့အနက္ တစ္ခု အပါအဝင္ျဖစ္တဲ့ မ်ိဳးစိတ္ေတြျဖစ္ၾကပါတယ္။

ဒီသတၱဝါေတြကို ေတာင္အေမရိကတိုက္မွာတည္ရွိတဲ့ အေမဇုံျမစ္နဲ႔ Orinoco ျမစ္ေတြရဲ႕ ေရတိမ္ပိုင္းနဲ႔ ႐ြံႏြံထူထပ္တဲ့အရပ္ေတြမွာ အမ်ားအားျဖင့္ေတြ႕ျမင္ႏိုင္ပါတယ္။

Electric eels လို႔သိၾကတဲ့ လွ်ပ္စစ္ငါးရွဥ့္ေတြဟာ လူသားေတြ အတြက္ ေဘးျဖစ္ေစတဲ့ တိရိစာၦန္ေတြထဲမွာတစ္ခုအပါအဝင္ျဖစ္ပါတယ္။

Electric Eels ေတြကိုငါးရွဥ့္ေတြလိုေခၚၾကေပမဲ့ သူတို႔ဟာ ငါးအမ်ိဳးအစားတစ္မ်ိဳးသာျဖစ္ၿပီး Electrophorus electricus မ်ိဳးစိတ္ဝင္ျဖစ္ပါတယ္။ သူတို႔ဟာ ေရတိမ္ပိုင္းနဲ႔ ႐ြံႏြံထူတဲ့ေဒသေတြမွာအေနမ်ားေပမဲ့ တစ္ေန႔ကို (၁၀)မိနစ္ေလာက္ ေလကိုရႈရႈိက္ရပါတယ္။ အ႐ြယ္အစားအားျဖင့္

(၈) ေပ အထိရွည္လ်ားၾကၿပီး (၄၄)ေပါင္အထိအေလးခ်ိန္ရွိၾကပါတယ္။ လွ်ပ္စစ္ငါးရွဥ့္ ေတြဟာ ရွည္လ်ားၿပီး ထုလုံးရွည္သ႑ာန္ ခႏၶာကိုယ္ကိုပိုင္ဆိုင္ထားၿပီး အျဖဴေရာင္၊ အနက္ေရာင္ ၊အျပာေရာင္၊ခရမ္းေရာင္၊ အညိဳေရာင္စတဲ့ အေရာင္အေသြးမ်ိဳးစုံကို ပိုင္ဆိုင္ထားၾကပါ တယ္။

သူတို႔ဟာ Carnivores လို႔ေခၚတဲ့ အသားစားသတၱဝါအုပ္စုဝင္ေတြ ျဖစ္ၾက ၿပီး ငါး၊ ငွက္၊ ကုန္းေန ေရေနသတၱဝါငယ္တစ္ခ်ိဳ႕နဲ႔ ႏို႔တိုက္သတၱဝါငယ္ေလးေတြကို စားေသာက္ေလ့ရွိၾကပါတယ္။သူ႔ရဲ႕ အၿမီးပိုင္းဟာ ခႏၶာကိုယ္အလ်ားရဲ႕ ၄ ပုံတစ္ပုံေလာက္ရွိၿပီး

ေအာက္ပိုင္း ေရယက္ေလးေတြရွိပါတယ္။ လွ်ပ္စစ္ငါးရွဥ့္ ေတြဟာ ပုံမွန္အားျဖင့္တစ္ေကာင္တည္းသြားလာ လႈပ္ရွားေလ့ရွိၾကၿပီး Electric Eelsေတြရဲ႕ အစုအေဝးကိုေတာ့ Swarm လို႔ေခၚပါတယ္။

ရံဖန္ရံခါေတာ့ အစာ ရွာေဖြစားေသာက္ရာနဲ႔ စပ္လ်ဥ္းၿပီး အုပ္စုလိုက္အေနအထားနဲ႔ ျမင္ေတြ႕ရတတ္ပါတယ္။သူတို႔ရဲ႕ ခႏၶာကိုယ္(၈၀)ရာခိုင္ႏႈန္းေလာက္ဟာ လွ်ပ္စစ္ဓာတ္အားကို ထုတ္လုပ္ႏိုင္တာျဖစ္ၿပီး

သဘာဝအရ သားေကာင္ကို ဖမ္းဆီးရာမွာပဲျဖစ္ျဖစ္၊ မိမိကိုယ္ ကိုကာကြယ္ရာမွာပဲျဖစ္ျဖစ္ သူတို႔ပိုင္ဆိုင္တဲ့ လွ်ပ္စစ္ဓာတ္အားကို ထုတ္သုံးေလ့ရွိ ၾကပါတယ္။ လွ်ပ္စစ္ငါးရွဥ့္ တစ္ေကာင္ရဲ႕ ကိုယ္တြင္းမွာ (Electrocyte) လို႔ေခၚတဲ့

Cellေပါင္း (၆၀၀၀) ေလာက္ရွိေနၿပီးလွ်ပ္စစ္ဓာတ္ အား ၃၀၀ဗို႔ ေလာက္ကေန ၆၀၀ဗို႔ေလာက္အထိကိုထုတ္လုပ္ေပးႏိုင္ပါတယ္။ ဒါဟာ မ်က္ေမွာက္ေခတ္က အေမရိကန္ႏိုင္ငံထုတ္ Wall Socket ထက္ အားငါးဆ ပိုျပင္းပါတယ္။

လွ်ပ္စစ္ငါးရွဥ့္ ေတြကထုတ္လုပ္တဲ့ လွ်ပ္စစ္အားဟာ လူတစ္ေယာက္ကို ဓာတ္လိုက္ၿပီး ေသဆုံးသြားေလာက္ ေအာင္ျပင္းထန္ၿပီး သန္မာတဲ့ ျမင္းတစ္ေကာင္ ေတာင္ ခဏအတြင္း လဲက်သြားႏိုင္ပါတယ္။

ဒီလွ်ပ္စစ္ငါးရွဥ့္ေတြဟာ အေမဇုံသစ္ေတာမွာေတာ့ ေၾကာက္စရာအေကာင္းဆုံး တိရစာၦန္မ်ိဳးစိတ္တစ္ခုျဖစ္ပါတယ္။ လွ်ပ္စစ္ငါးရွဥ့္ ေတြဟာ အျမင္အာ႐ုံအေတာ္အားနည္းၿပီး ပုံမွန္အားျဖင့္အစာ ရွာမယ္ဆိုရင္ေတာ့ အေတာ္အခက္ေတြ႕ႏိုင္ပါတယ္။

ဒါေၾကာင့္ သားေကာင္ရွာေဖြရာ မွာေတာ့ သူတို႔ဟာ လွ်ပ္စစ္ဓာတ္အား(၁၀)ဗို႔ေက်ာ္ေက်ာ္ေလာက္ကို အသုံးျပဳၾကၿပီး ပတ္ဝန္းက်င္မွာရွိတဲ့ သားေကာင္ေတြရဲ႕ တည္ေနရာကို သိရွိေအာင္ ႀကိဳးစားၾကေလ့ရွိပါတယ္။

ဒါ့အျပင့္ ဒီလွ်ပ္စစ္ထုတ္ႏိုင္တဲ့အၿမီးကို အသုံးျပဳၿပီး သူတို႔ဟာ မ်ိဳးႏြယ္တူ လွ်ပ္စစ္ငါးရွဥ့္အခ်င္းခ်င္း ဆက္သြယ္ႏိုင္ၾကပါေသးတယ္။ သူရဲ႕ ပါးစပ္ဟာ ေသြးေၾကာအမ်ားအျပားနဲ႔ ဖြဲ႕စည္းထားၿပီး ပါးစပ္ကို အဆုတ္အျဖစ္ အသုံးခ်ႏိုင္တဲ့ငါးမ်ိဳးပါ။

ပါးစပ္ကို အဆုတ္အျဖစ္ အသုံးခ်တဲ့ငါးျဖစ္တာေၾကာင့္ ဆူးပါတဲ့ ငါးကို စားေတာ့မယ္ဆိုရင္ သူ႔ရဲ႕ပါးစပ္ထိခိုက္မွာဆိုးတဲ့အတြက္ အရင္ဆုံး လွ်ပ္စစ္နဲ႔ ေရွာ့႐ိုက္ၿပီး သားေကာင္မလႈပ္ႏိုင္ေတာ့မွ အလြယ္တကူ စားသုံးေလ့ရွိၾကပါတယ္။

လွ်ပ္စစ္ငါးရွဥ့္ ေတြရဲ႕မိတ္လိုက္ရာသီကေတာ့ ပူျပင္းတဲ့ရာသီေတြမွာ အျဖစ္မ်ားပါတယ္။ အထီးေတြဟာ သူတို႔ရဲ႕ တံေတြးကိုအသုံးျပဳၿပီး ဥေတြထားဖို႔အသိုက္ကိုဖန္တီးေလ့ရွိပါတယ္။ အမေတြဟာ ဥေပါင္း(၁၇၀၀၀)ေလာက္ကို ဥေလ့ရွိၿပီး

ယင္းဥေတြကို အထီးေရာ အမေရာက တာဝန္ယူေစာင့္ေရွာက္ေလ့ရွိပါတယ္။ဥမွေပါက္ပြားလာတဲ့ လွ်ပ္စစ္ငါးရွဥ့္ သားေပါက္ေလးေတြဟာ ေက်ာ႐ိုးမဲ့ ေရသတၱဝါငယ္ ေလးကိုစားေသာက္ၾကၿပီး သူတို႔ဟာ

အျခားေသာ လွ်ပ္စစ္ငါးရွဥ့္ ေတြရဲ႕ ဥေတြကိုလည္း လိုက္လံရွာေဖြ စားေသာက္ၾကပါတယ္။ လွ်ပ္စစ္ငါးရွဥ့္ တစ္ေကာင္ရဲ႕သက္တမ္းဟာ ပုံမွန္အားျဖင့္(၁၅)ႏွစ္ ျဖစ္ၿပီး စနစ္တက် ေမြးျမဴမယ္ဆိုရင္ေတာ့ (၂၂)ႏွစ္ေလာက္အထိ ရွင္သန္ႏိုင္ပါတယ္။

မူရင္းေရးသားသူအား ေလစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

လျှပ်စစ်ဗို့အား ၃၀၀ ကနေ ၆၅၀ အထိ ထုတ်လုပ်နိုင်တဲ့ လျှပ်စစ်ငါးရှဉ့်များအကြာင်း

လျှပ်စစ်ငါးရှဉ့်တွေဟာ Electrophorus Electricus မျိုးစိတ်ထဲကဖြစ်ပြီး တောင်အမေရိက ရေချိုဒေသတွေမှာ နေထိုင်ကြပြီး ရှည်ရှည်မျောမျောခန္ဓာကိုယ်နဲ့ အကြေးခွံမပါဘဲ အညိုရောင်ဘက်သန်းတဲ့ အရောင်ရှိပါတယ်။ လျှပ်စစ်ငါးရှဉ့်တစ်ကောင်ဟာ

အများဆုံး ၂.၇၅ မီတာ (၉ပေ) အထိရှည်လျားနိုင်ပြီး ၂၂ ကီလိုဂရမ်အထိ အလေးချိန်ရှိကြပါတယ်။ လျှပ်စစ်ငါးရှဉ့်တွေဟာ အမေဇုံတောထဲမှာ နေထိုင်ကျက်စားလေ့ရှိကြပြီး အသက်ရှုဖို့အတွက် ရေမျက်နှာပြင်ပေါ်သို့ မကြာခဏတက်လေ့ရှိပါတယ်။

သူရဲ့ပါးစပ်ဟာ သွေးကြောအများအပြားနဲ့ဖွဲ့စည်းထားပြီး သူ့ရဲ့ပါးစပ်ကို အဆုပ်အဖြစ်အသုံးချတတ်ကြပါတယ်။ သာမန်ငါးရှဉ့်တွေနဲ့တော့ မတူညီကြပါဘူး။ လျှပ်စစ်ငါးရှဉ့်ရဲ့အမြီးမှာ လျှပ်စစ်ထုတ်လုပ်တဲ့အင်္ဂါတွေပါဝင်ပြီး ၃၀၀ ဗို့ကနေ ၆၅၀ ဗို့အထိထုတ်လုပ်နိုင်ကာ

ဒီပမာဏဟာ လူတစ်ယောက်ကို ကောင်းကောင်းဓာတ်လိုက်စေနိုင်ပါတယ်။ ဒါ့အပြင့် ဒီလျှပ်စစ်ထုတ်နိုင်တဲ့အမြီးကိုအသုံးပြုပြီး သူတို့ဟာ မျိုးနွယ်တူလျှပ်စစ်ငါးရှဉ့်အချင်းချင်း ဆက်သွယ်နိုင်ကြပါသေးတယ်။ လူသားတွေ တယ်လီဖုန်းနဲ့ဆက်သွယ်သလိုပါပဲ။

လျှပ်‌စစ်‌ဓာတ်‌ကို လျှပ်စစ်ငါးရှဉ့် ကနေ စတင်‌‌တွေ့ရှိတယ်‌လို့ အစဉ်အဆက်ဆိုခဲ့ကြပါတယ်။ လျှပ်စစ်ဓာတ်အားကို ထုတ်ပေးနိုင်တဲ့(Electric eels)လို့ခေါ်တဲ့ ငါးရှဉ့်တွေဟာ ငါးအုပ်စု(၅၀၀)ရှိတဲ့အနက် တစ်ခု အပါအဝင်ဖြစ်တဲ့ မျိုးစိတ်တွေဖြစ်ကြပါတယ်။

ဒီသတ္တဝါတွေကို တောင်အမေရိကတိုက်မှာတည်ရှိတဲ့ အမေဇုံမြစ်နဲ့ Orinoco မြစ်တွေရဲ့ ရေတိမ်ပိုင်းနဲ့ ရွံနွံထူထပ်တဲ့အရပ်တွေမှာ အများအားဖြင့်တွေ့မြင်နိုင်ပါတယ်။

Electric eels လို့သိကြတဲ့ လျှပ်စစ်ငါးရှဉ့်တွေဟာ လူသားတွေ အတွက် ဘေးဖြစ်စေတဲ့ တိရိစ္ဆာန်တွေထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။

Electric Eels တွေကိုငါးရှဉ့်တွေလိုခေါ်ကြပေမဲ့ သူတို့ဟာ ငါးအမျိုးအစားတစ်မျိုးသာဖြစ်ပြီး Electrophorus electricus မျိုးစိတ်ဝင်ဖြစ်ပါတယ်။ သူတို့ဟာ ရေတိမ်ပိုင်းနဲ့ ရွံနွံထူတဲ့ဒေသတွေမှာအနေများပေမဲ့ တစ်နေ့ကို (၁၀)မိနစ်လောက် လေကိုရှုရှိုက်ရပါတယ်။ အရွယ်အစားအားဖြင့်

(၈) ပေ အထိရှည်လျားကြပြီး (၄၄)ပေါင်အထိအလေးချိန်ရှိကြပါတယ်။ လျှပ်စစ်ငါးရှဉ့် တွေဟာ ရှည်လျားပြီး ထုလုံးရှည်သဏ္ဍာန် ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပြီး အဖြူရောင်၊ အနက်ရောင် ၊အပြာရောင်၊ခရမ်းရောင်၊ အညိုရောင်စတဲ့ အရောင်အသွေးမျိုးစုံကို ပိုင်ဆိုင်ထားကြပါ တယ်။

သူတို့ဟာ Carnivores လို့ခေါ်တဲ့ အသားစားသတ္တဝါအုပ်စုဝင်တွေ ဖြစ်ကြ ပြီး ငါး၊ ငှက်၊ ကုန်းနေ ရေနေသတ္တဝါငယ်တစ်ချို့နဲ့ နို့တိုက်သတ္တဝါငယ်လေးတွေကို စားသောက်လေ့ရှိကြပါတယ်။သူ့ရဲ့ အမြီးပိုင်းဟာ ခန္ဓာကိုယ်အလျားရဲ့ ၄ ပုံတစ်ပုံလောက်ရှိပြီး

အောက်ပိုင်း ရေယက်လေးတွေရှိပါတယ်။ လျှပ်စစ်ငါးရှဉ့် တွေဟာ ပုံမှန်အားဖြင့်တစ်ကောင်တည်းသွားလာ လှုပ်ရှားလေ့ရှိကြပြီး Electric Eelsတွေရဲ့ အစုအဝေးကိုတော့ Swarm လို့ခေါ်ပါတယ်။

ရံဖန်ရံခါတော့ အစာ ရှာဖွေစားသောက်ရာနဲ့ စပ်လျဉ်းပြီး အုပ်စုလိုက်အနေအထားနဲ့ မြင်တွေ့ရတတ်ပါတယ်။သူတို့ရဲ့ ခန္ဓာကိုယ်(၈၀)ရာခိုင်နှုန်းလောက်ဟာ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်နိုင်တာဖြစ်ပြီး

သဘာဝအရ သားကောင်ကို ဖမ်းဆီးရာမှာပဲဖြစ်ဖြစ်၊ မိမိကိုယ် ကိုကာကွယ်ရာမှာပဲဖြစ်ဖြစ် သူတို့ပိုင်ဆိုင်တဲ့ လျှပ်စစ်ဓာတ်အားကို ထုတ်သုံးလေ့ရှိ ကြပါတယ်။ လျှပ်စစ်ငါးရှဉ့် တစ်ကောင်ရဲ့ ကိုယ်တွင်းမှာ (Electrocyte) လို့ခေါ်တဲ့

Cellပေါင်း (၆၀၀၀) လောက်ရှိနေပြီးလျှပ်စစ်ဓာတ် အား ၃၀၀ဗို့ လောက်ကနေ ၆၀၀ဗို့လောက်အထိကိုထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါဟာ မျက်မှောက်ခေတ်က အမေရိကန်နိုင်ငံထုတ် Wall Socket ထက် အားငါးဆ ပိုပြင်းပါတယ်။

လျှပ်စစ်ငါးရှဉ့် တွေကထုတ်လုပ်တဲ့ လျှပ်စစ်အားဟာ လူတစ်ယောက်ကို ဓာတ်လိုက်ပြီး သေဆုံးသွားလောက် အောင်ပြင်းထန်ပြီး သန်မာတဲ့ မြင်းတစ်ကောင် တောင် ခဏအတွင်း လဲကျသွားနိုင်ပါတယ်။

ဒီလျှပ်စစ်ငါးရှဉ့်တွေဟာ အမေဇုံသစ်တောမှာတော့ ကြောက်စရာအကောင်းဆုံး တိရစ္ဆာန်မျိုးစိတ်တစ်ခုဖြစ်ပါတယ်။ လျှပ်စစ်ငါးရှဉ့် တွေဟာ အမြင်အာရုံအတော်အားနည်းပြီး ပုံမှန်အားဖြင့်အစာ ရှာမယ်ဆိုရင်တော့ အတော်အခက်တွေ့နိုင်ပါတယ်။

ဒါကြောင့် သားကောင်ရှာဖွေရာ မှာတော့ သူတို့ဟာ လျှပ်စစ်ဓာတ်အား(၁၀)ဗို့ကျော်ကျော်လောက်ကို အသုံးပြုကြပြီး ပတ်ဝန်းကျင်မှာရှိတဲ့ သားကောင်တွေရဲ့ တည်နေရာကို သိရှိအောင် ကြိုးစားကြလေ့ရှိပါတယ်။

ဒါ့အပြင့် ဒီလျှပ်စစ်ထုတ်နိုင်တဲ့အမြီးကို အသုံးပြုပြီး သူတို့ဟာ မျိုးနွယ်တူ လျှပ်စစ်ငါးရှဉ့်အချင်းချင်း ဆက်သွယ်နိုင်ကြပါသေးတယ်။ သူရဲ့ ပါးစပ်ဟာ သွေးကြောအများအပြားနဲ့ ဖွဲ့စည်းထားပြီး ပါးစပ်ကို အဆုတ်အဖြစ် အသုံးချနိုင်တဲ့ငါးမျိုးပါ။

ပါးစပ်ကို အဆုတ်အဖြစ် အသုံးချတဲ့ငါးဖြစ်တာကြောင့် ဆူးပါတဲ့ ငါးကို စားတော့မယ်ဆိုရင် သူ့ရဲ့ပါးစပ်ထိခိုက်မှာဆိုးတဲ့အတွက် အရင်ဆုံး လျှပ်စစ်နဲ့ ရှော့ရိုက်ပြီး သားကောင်မလှုပ်နိုင်တော့မှ အလွယ်တကူ စားသုံးလေ့ရှိကြပါတယ်။

လျှပ်စစ်ငါးရှဉ့် တွေရဲ့မိတ်လိုက်ရာသီကတော့ ပူပြင်းတဲ့ရာသီတွေမှာ အဖြစ်များပါတယ်။ အထီးတွေဟာ သူတို့ရဲ့ တံတွေးကိုအသုံးပြုပြီး ဥတွေထားဖို့အသိုက်ကိုဖန်တီးလေ့ရှိပါတယ်။ အမတွေဟာ ဥပေါင်း(၁၇၀၀၀)လောက်ကို ဥလေ့ရှိပြီး

ယင်းဥတွေကို အထီးရော အမရောက တာဝန်ယူစောင့်ရှောက်လေ့ရှိပါတယ်။ဥမှပေါက်ပွားလာတဲ့ လျှပ်စစ်ငါးရှဉ့် သားပေါက်လေးတွေဟာ ကျောရိုးမဲ့ ရေသတ္တဝါငယ် လေးကိုစားသောက်ကြပြီး သူတို့ဟာ

အခြားသော လျှပ်စစ်ငါးရှဉ့် တွေရဲ့ ဥတွေကိုလည်း လိုက်လံရှာဖွေ စားသောက်ကြပါတယ်။ လျှပ်စစ်ငါးရှဉ့် တစ်ကောင်ရဲ့သက်တမ်းဟာ ပုံမှန်အားဖြင့်(၁၅)နှစ် ဖြစ်ပြီး စနစ်တကျ မွေးမြူမယ်ဆိုရင်တော့ (၂၂)နှစ်လောက်အထိ ရှင်သန်နိုင်ပါတယ်။

မူရင်းရေးသားသူအား လေစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*