ကျွန်တော်တို့ပတ်ဝန်ကျင်မှာ တွေ့ရတတ်ပေမယ့် လူတော်တော် များများ သတိမထားတတ်ကျတဲ့ တီကောင်နဲ့ တူပြီ အဆိပ် အရမ်းပြင်းတယ်လို့လူတွေထင်းမှားပြီ သတင်း အမှားတွေများစွာ နဲ့ အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်လို သိထားကြတဲ့ Blind Snake အကြောင်းပါ ။
Unicode
လူအများစုက အဆိပ်ရှိ မြွေအဖြစ် သတ်နေကြသော သနားစရာ BLIND SNAKE မြွေလေး အကြောင်း
သင်မသိသေးတဲ့ အဆိပ်ရှိမြွေအဖြစ် လူအများသတ်နေကြသော သနားစရာ Blind Snake မြွေလေးအကြောင်း ဗဟုသုတအနေဖြင့် အချိန်ပေးပြီးလေ့လာဖတ်ရှုကြည့်ပါ။
ကျွန်တော်ဒီနေ့ တင်ပေးမှာကတော့ Blind Snake အကြောင်းပါ။ အစကတော့မရေးတော့ဘူးလို့နေမလိုပါပဲ။ ဒါပေမဲ့ တချို့ကိစ္စတွေကြောင့် ရေးဖြစ်ခဲ့တာပါ။ Page တစ်ခုက အကူညီတောင်းတာရယ်ကြောင့်ပါ။
Ok စပြီလေ့လာကြည့်ရအောင်
ကျွန်တော်တို့ပတ်ဝန်ကျင်မှာ တွေ့ရတတ်ပေမယ့် လူတော်တော် များများ သတိမထားတတ်ကျတဲ့ တီကောင်နဲ့ တူပြီ အဆိပ် အရမ်းပြင်းတယ်လ့ ိုလူတွေထင်းမှားပြီ သတင်း အမှားတွေများစွာ နဲ့ အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်လို သိထားကြတဲ့ Blind Snake အကြောင်းပါ ။
Scientific Name – Indotyphlops Braminus တချို့ကတော့ Brahminy Blind Snake လို့သိ ကြတယ်။ တကယ်တော့ သူတို့က အဆိပ်မရှိပါဘူး။ ကိုက်ဖို့နေနေသာသာ ရန်တောင် မမူတတ်ကြပါဘူး။ သူတို့ကို Africa နဲ့ Asia မှာတွေ့ ရတတ်ပါတယ်။
ဘယ်လိုနေရာမျိုးမှာ တွေ့ရတတ်လဲဆိုတော့ မြို့ပြဒေသနဲ့ စိုက်ပျိုးမြေယာတွေမှာလဲ တွေ့ရတတ်ပါတယ်။ သူတို့မြေကြီအောက်ထဲမှာ နေတတ်ကြပြီးတော့ ပုရွက်ဆိတ် နဲ့ခြသိုက်တွေနားမ ောနေကြပြီး ပုရွက်ဆိတ်နဲ့ခြတွေရဲ့ဥကို စားသောက်တတ်ကြပါတယ်။
သူတို့ပါးစပ်က ပုရွတ်ဆိပ်ဥပဲ ဆံ့ပါတယ်ဆိုမှ လူကို ကိုက်နိုင်ပါ့မလားဗျ။ ဟုတ်တယ်မှတ်လား သေဖို့ဆိုတာကတော့ အဝေးကြီးပဲ။ နာက်ပြီး သူတို့ကို သစ်တုံးတွေအောက်ရယ် စိုစွတ်နေတဲ့ သစ်ရွက်ခြောက်တွေနဲ့ မိုးသစ်တောတွေမှာတွေ့ရတတ်ပါတယ်။
နောက်ပြီး ပန်ခြံတွေမှာတောင်တွေ့ရတတ်တယ်။ လွယ်လွယ်ပြောရရင် မြေကြီရှိပြီး အပင် ပေါတဲ့ နေရာပေါ့ဗျာ။ သူတို့အစာကို ပြန်ပြီပြောရမယ်ဆိုရင် ပိုးလောက်လန်းတွေ၊ ပုရွက်ဆိတ်ဥ၊ ခဥလေးတွေပေါ့။
အလွယ်ပြောရရင် သေးငယ်တဲ့အကောင်လေးတွေနဲ့ သူတို့ရဲ့ဥတွေပေါ့။ တခြားအင်းစက်လေးတွေပေါ့။ သူတို့ရဲ့မျိုးပွားပုံစံကတော့ ထူဆန်းတယ်ဗျ။ အထီးမရှိပဲ မျိုးပွားနိုင်ကြတယ်။
Female Gameta ကနေ့အဆင့်တိုးပြီ Fale Gameta မရှိပဲနဲ့ Fertilized ဖြစ်နိုင်တယ်။ အတိအကျပြောရရင် မိတ်လိုက်ခြင်း မရှိပဲ တစ်ကောင်ထဲမှာအထီးဗီဇရောအစ်မဗီဇပါရှိတယ်။ ပြီရင်တော့ ဥဥကြတယ်။
သူတို့ရဲ့ အမူအကျင့်တွေကတော့ တီကောင်တွေ နဲ့တော်တော်ကိုဆင်တူပါတယ်။ အရွယ်ရောက်ပြီးသားကောင်တွေဟာ သေးပြီးသွယ်ပါတယ်။ ပုံမှန်အားဖြင့် 6.35-16.5cm လောက်ပဲရှိပါတယ်။
ခေါင်းနဲ့ အမှီးဟာ တော်တော်လေး ဆင်တူပါတယ်။ သူတို့ရဲ့ဦးခေါင်းအကြေးခွံအောက်မှာ သေးငယ်တဲ့အစက်ကလေး၂စက်အနေ နဲ့သာတွေရပါတယ်။ သူတို့ရဲ့အမှီးမှာတော့သေးငယ်တဲ့ အချွန်လေးပါပါတယ်။ ခေါင်းကအကြေးခွံတွေဟာ ကိုယ်လုံးက အကြေးခွံထက်သေးပါတယ်။
အရောင်တွေကတော့ မျိုးစုံတယ်လို့ ပြောရမလားပဲ
ကျွန်တော်ကိုယ်တိုင်တောင်ကြွေတယ်ပြောရမယ်။ ငွမျှင်ရောင်၊ မီးသွေးရောင်၊ ခဲရောင်၊ ခရမ်းရောင်က အစ တခြားထူးထူးဆန်းဆန်းအရောင်းတွေလဲ ရှိတယ်။ ပုံမှာပြထားတယ်။
Blind Snake မှာ Subspecies တွေရှိပေမယ့် ဘယ် Subspecies ကမှအဆိပ်မရှိလို့ လူကိုလည်းမထိခိုက်နိုင်ပါဘူး။ ဘယ်လောက်ထိလဲဆိုရင် ငှက်သေးသေးလေးကိုတောင် ပြန်ပြီး မခုခံနိုင်တဲ့မြွေတစ်ကောင်ပါ…ပုံမှာကြည့်ကြည့်ပါ။
လူတစ်ယောက်လက်နဲ့ညစ်ရင်တောင်သေနိုင်တဲ့ အလွန်ကို အားနည်းပြီး ဘယ်သူကိုမှ မထိခိုက်စေတဲ့မြွေတစ်ကောင်ပါ။ အခု Blind Snake Family ၃မျိုး ရှိပါတယ် Subspecies ကတော့ ၃၀၀ကျော်ပါတယ်။ ဘယ်လိုခွဲလဲဆိုတော့ ခေါင်းနဲ့ခွဲပါတယ်။ ပုံမှာပြထားပါတယ်။
Scientific Name အရတော့ Typhlopidae,Leptotyphlopidae,Anomalepidae အဲ့မျိုးစိတ်တွေပဲ Typhlopidae,Leptotyphlopidaeကတော့အဓိကမျိုးစိတ်ထဲ ပါဝင်ပြီးတော့သူတို့ကို Blind Snake လို့ခေါ်ကြပါတယ်။
Anomalepidae တွေကိုတော့Thread Snake လိုခေါ်ကြပါတယ်။ ဘာတွေကွဲပြား သာံးလဲဆိုတော့သွား ရှိတာ မရှိတာရယ် ပါးစပ်ပုံစံတွေကွာခြားသွားပါတယ်။ Anomalepidae ကိုတော့ New World မျိုးစိတ်လို ပြောလို့ရတယ်။
နောက်မှ အသစ်ရှာဖွေတွေရှိတဲ့ မျိူးစိတ်ပေါ့။ အဲ့မျိုစိတ်မှာတင် Species ၁၅ မျိုးလောက်ထပ်ကွဲသေးတယ်။ Anomalepidae ဟာတခြား သူမျိုးစိတ်နဲ့မတူပါဘူး။ အရေးပြားနဲ့အကြေးခွံမတူကြပါဘူး။
Blind Snake ဟာ ကမ္ဘာအသေးဆုံးမြွေမျိုးစိတ်ပါ။ Blind Snake အကြီးဆုံးမျိုးစိတ်မှ 39 inches အထိပဲကြီးပါတယ်။ အဲ့ဒါတောင် Blind Snake မျိုးစိတ်ထဲမှာတော်တော်ကြီးတယ်လိုပြောရမယ်။
ဒီမြွေကကျွန်တော်လေ့လာဘူးသမျှမြွေတွေထဲမှ ာစိတ်ဝင်စားဖို့အကောင်းဆုံးနဲ့ Subspecies အရူပ်ဆုံးမြွေပဲ။ သူတို့ရဲ့အပေါ်မေးရိုနဲ့ အောက်မေးရိုးမှာပဲ သွားရှိပါတယ်။ ပါစပ်ထိပ်မှာမရှိပါဘူး။
ပြောရမယ်ဆိုရင် ကိုက်ဖို့သွာမရှိဘူး။ အတွင်းသွားပဲရှိတာပေါ့။ သူတို့ဟာ သစ်ပင်လည်းတတ်နိုင်ကြပါတယ်။ သူတို့နွေးတဲ့နေရာတွေမှာလဲရှာ တွေ့တတ်ပါတယ်။ နောက်တစ်ခု သူတို့မှာ မြင်ရတဲ့မျက်လုံး သို့မဟုတ် Blind Snake Also May Not Have eye or visible iris ပြောရရင် မျက်လုံးမပါပါဘူး။
အဲ့အမဲစက်၂စက်ဟာ Cloacal Spurs လေးတွေပါ။ ပြောရရင်တော့ အာရုံခံ အင်္ဂါလိုပေါ့။Reptile Magazine တစ်ခုမှာ လူတစ်ယောက်ဟာ…သူ Blind Snake တစ်ကောင်ထိတွေ့ရတာဘာမြွေနဲ့မတူဘူးလိုလဲပြောထားပါတယ်။
Blind Snake ဟာ အုပ်စုအကြီးဆုံးမြွေမျိုးတစ်ခုပါ
သူတို့မျိုးစိတ်အကုန်လုံးကိုတောင်ဖော်ပြနိုင်ချင်း မရှိသေးပါဘူး။ ကဲဒါဆိုရင် အဆိပ်မရှိလူကိုလည်းဘာမှ မလုပ်တဲ့ ကိုက်လည်းမကိုက်နိုင်တဲ့Blind Snake တွေကိုတွေရင် မသတ်ကြပါနဲ့တော့ ဝေးဝေးကိုသာ မောင်းထုပ်လိုက်ကြပါ။
အသတ်တစ်ချောင်းကယ်ကောင်းပါတယ်… ငရဲမကြီးပါဘူး။ မြွေလေးကသေးသေးလေးဆိုပြီးလဲမသတ်ကြပါနဲ့ သူနေရာနဲ့သူတော့ Life Cycle မှာ အကျိုးပြုကြတယ်။
ပုရွတ်စိတ်ဥတွေကိုစာသောက်ကြလို့ ပုရွက်စိတ်တွေ အဆမတန်ပေါက်ဖွားမူကိုလျော့ကြစေတယ်ဗျ။ စိုက်ပျိုးမြေမှ ာပိုမွှားတွေကိုစားသောက်ကြလို့ စိုက်ခင်းထဲပိုးမွှားကျခြင်းကိုလျော့ကြစေတယ်။
တကယ်တော့ သူတို့လေးတွေက လူတွေကိုတောင်အကျိုးပြုကြပါသေးတယ်။ ပုံလေးတွေကိုကြည့်လေ ရုပ်လေးတွေက ချစ်စရာလေးတွေ… ကဲအားလုံးပဲ ဘယ်သူမှမသိသေးတဲ့ Blind Snake လေးအကြောင်း သိကြပြီ ထင်တယ်။
ဘယ်သူမှသေသေချာချာ တိတိကျကျ အသေးစိတ် မတင်ပေးသေးလို့အပေါ်ယံလောက်ပဲတင်ထားတာရှိတော့ ကျွန်သိထားသမျှ လေ့လာထားသမျှကို တင်ပေးလိုက်တယ့် အတွက်တောင်သေသေ ချာချာလေ့လာနေလို့ပါ။
ဖတ်တဲ့သူကိုလဲ မှန်ကန်တဲ့ ဗဟုသုတပဲပေးချင်တယ် ဒါကြောင့်ပါ။ နောက်Postတွေလဲတင်ပေးပါဦးမယ်။ ဒီ Postလေးကိုဖတ်ပြီသဘောကြရင် ရှယ် ပေးဖို့တောင်ဆိုချင်တယ်။ ဒီမြွေလေးတွေ သတ်သတ်နေကြလို့ မသတ်ဖို့သိစေချင်လို့ပါ။ crd
Be the first to comment
Leave a Reply
Your email address will not be published.
*