ျမန္မာႏိုင္ငံကို ေဘာလုံးအားကစားနည္း ေရာက္ရွိလာပုံအေၾကာင္း
လြန္ခဲ့ေသာႏွစ္ေပါင္း ၁၀၀ ေက်ာ္က ျဖစ္ပါသည္။ ရန္ကုန္ၿမိဳ႕၏ ေက်ာင္းတေက်ာင္းမွ ကစားကြင္းထဲသို႔ လူေကာင္ ခပ္ေသးေသး စေကာ့လူမ်ိဳး ဆရာတေယာက္ ေလွ်ာက္၀င္လာၿပီး အိႏၵိယရာဘာႏွင့္ ျပဳလုပ္ထားေသာ အလုံးတလုံးကို အပူပိုင္းေဒသ၏ ေလထု အတြင္း သို႔ ကန္တင္လိုက္သည္။
ထိုႏွစ္က ၁၈၇၈ ခုႏွစ္ျဖစ္သည္။ ထိုဆရာ၏ အမည္က ဂ်ိမ္း ေဂ်ာ့စေကာ့ (J. George Scott) ျဖစ္ၿပီး စေကာ့တလန္ႏိုင္ငံ Fife မွ တရားေဟာဆရာတဦး၏ သားျဖစ္သည္။
ကိုလိုနီေခတ္ ျမန္မာႏိုင္ငံသို႔ ေဘာလုံးအားကစားကို သူ ယူေဆာင္လာခဲ့သည္။ သို႔ေသာ္ ယခုအခါ တမ်ိဳးသားလုံး အ႐ူးအမူး စြဲလန္းသည့္ အားကစားနည္းကို
စတင္မိတ္ဆက္ေပးလိုက္သူသည္ ဂ်ိမ္း ေဂ်ာ့စေကာ့ ျဖစ္ေၾကာင္း သိရွိသူ ျမန္မာႏိုင္ငံတြင္ အလြန္နည္းပါလိမ့္မည္။
ဘာသာစကားမ်ားကို ေလ့လာရာတြင္ပါရမီထူးခြၽန္ေသာ ဂ်ိမ္း ေဂ်ာ့စေကာ့သည္ သူ၏ ၀န္ထမ္းဘ၀၌ ကိုလိုနီနယ္မ်ားတြင္ အုပ္ခ်ဳပ္ေရးမႉးအျဖစ္ အမ်ားဆုံး တာ၀န္ထမ္းေဆာင္ခဲ့သူျဖစ္သည္။
သူက လူေကာင္ေသးေသာ္လည္း စိတ္ဓာတ္ မာေက်ာၿပီး အေၾကာက္အ႐ြံ႕ကင္းသည္။ ထိုစဥ္က ဦးေခါင္းျဖတ္သူမ်ား၏ သိၾကသည့္ ‘၀’လူ႐ိုင္းမ်ားႏွင့္ ေတြ႕ရန္အတြက္ ေတာင္တန္းမ်ားေပၚသို႔ တက္ခဲ့သည္။
ထိုစဥ္က နယ္နိမိတ္ မေရးဆြဲရေသးသည့္ တ႐ုတ္-ျမန္မာနယ္စပ္သို႔ ခရီးသြားရင္း လူသားစား စပါးႀကီးေႁမြႀကီးမ်ားႏွင့္ ရဲဝံ့စြာ ရင္ဆိုင္ခဲ့သည္။
“ေပ်ာ့ၿပီး ေခ်ာ္ထြက္ေနတဲ့ တစုံတရာေပၚမွာ ေလွ်ာက္ခဲ့ရတယ္။ မီးျခစ္ ျခစ္ၾကည့္လိုက္ေတာ့ တ႐ုတ္တေယာက္ အေလာင္းကိုေတြ႕ရတယ္” ဟု သူ၏ ေတာတြင္း ေန႔စဥ္မွတ္တမ္းတြင္ ဂ်ိမ္း ေဂ်ာ့စေကာ့က ေရးသားခဲ့သည္။
ဂ်ိမ္း ေဂ်ာ့စေကာ့အတြက္ ေဘာလုံးအားကစားက ဝါသနာတခုသာမဟုတ္ ၿဗိတိန္ အင္ပါယာတည္ေဆာက္ေရး အတြက္ အသုံး၀င္သည့္ ကိရိယာတခုျဖစ္သည္။
သန္႔ရွင္းစြာ ကစားျခင္းႏွင့္ အာဏာပိုင္မ်ားကို ေလးစားတတ္ရန္ အေတြးအေခၚမ်ား ျဖန္႔ျဖဴးေပးသည့္ နည္းလမ္းတခုလည္း ျဖစ္ပါသည္။
အလြန္အကြၽံ စိတ္၀င္စားျခင္းႏွင့္ အစုလိုက္ အၿပဳံလိုက္ သတ္ျဖတ္မႈ မ်ားေၾကာင့္ ၀ လူမ်ိဳးမ်ားအား ေဘာလုံးကစားနည္းသင္ၾကားေပးျခင္းကို ရပ္တန္႔ခဲ့ေသာ္လည္း
လူမ်ိဳးစု ေခါင္းေဆာင္မ်ား ၏ ေနာက္လိုက္ေနာက္ပါမ်ား အတြင္းတြင္ ေဘာလုံးပြဲမ်ား စီစဥ္ေပးခဲ့သည္။
ျမန္မာမ်ားႏွင့္ လည္း ျပင္းထန္သည့္ ၿပိဳင္ပြဲ မ်ား ယွဥ္ၿပိဳင္ခဲ့သည္။ ေဘာလုံးသည္ တိုက္ပြဲႏွင့္ တူသည့္အတြက္ ျမန္မာမ်ားက ႏွစ္ၿခိဳက္ၾကသည္ဟု ဂ်ိမ္း ေဂ်ာ့စေကာ့က မွတ္ခ်က္ျပဳခဲ့သည္။
အမွန္တကယ္အားျဖင့္ ကိုလိုနီေခတ္ ျမန္မာႏိုင္ငံ၌ အဆင့္မီ ေဘာလုံးကြင္းမ်ား မရွိခဲ့ပါ။ သစ္၊ ေက်ာက္မ်က္ရတနာ ႏွင့္ တြင္းထြက္မ်ားက ၿဗိတိန္ႏိုင္ငံ၏ ဘ႑ာတိုက္ကို ျဖည့္ေပးခဲ့ေသာ္လည္း
ျမန္မာအမ်ားစု၏ ဘ၀မွာ နိမ့္က်ပါသည္။ ၁၉၄၈ ခုႏွစ္တြင္ လြတ္လပ္ေရး ရရွိခဲ့ၿပီးေနာက္ ျမန္မာႏိုင္ငံအတြက္ ေ႐ႊေခတ္ဟု ေခၚႏိုင္သည့္ ကာလ တခု ရရွိခဲ့သည္။
အမ်ိဳးသားလက္ေ႐ြးစင္ အသင္းက အာရွ၏ အေကာင္းဆုံးအသင္းမ်ားထဲတြင္ စာရင္း၀င္ခဲ့သလို ယဥ္ေက်းမႈႏွင့္ သယံဇာတ အရင္းအျမစ္ ႂကြယ္၀သည့္ ႏိုင္ငံအတြက္ စီးပြားေရး အလားအလာမ်ားလည္း က်ယ္ျပန္႔စြာ ရွိခဲ့သည္။
ဂ်ိမ္း ေဂ်ာ့စေကာ့ကိုေတာ့ ေတာေဆာင္းဦးထုပ္မ်ား၊ အမဲလိုက္ပြဲမ်ားႏွင့္အတူ ၾကာျမင့္စြာေမ့ေလ်ာ့ထားခဲ့ၾကသည္။
သို႔ ေသာ္လည္း ဝိတိုရိယေခတ္က သူစတင္မိတ္ဆက္ေပးခဲ့ေသာ အားကစားနည္းကေတာ့ ျမန္မာျပည္သူေတြကို က်ယ္ျပန္႔ ေသာ ကမာၻႏွင့္ ဆက္သြယ္ေပးႏိုင္ဆဲျဖစ္ပါသည္။Crd
Unicode
မြန်မာနိုင်ငံကို ဘောလုံးအားကစားနည်း ရောက်ရှိလာပုံအကြောင်း
လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ ကျော်က ဖြစ်ပါသည်။ ရန်ကုန်မြို့၏ ကျောင်းတကျောင်းမှ ကစားကွင်းထဲသို့ လူကောင် ခပ်သေးသေး စကော့လူမျိုး ဆရာတယောက် လျှောက်ဝင်လာပြီး အိန္ဒိယရာဘာနှင့် ပြုလုပ်ထားသော အလုံးတလုံးကို အပူပိုင်းဒေသ၏ လေထု အတွင်း သို့ ကန်တင်လိုက်သည်။
ထိုနှစ်က ၁၈၇၈ ခုနှစ်ဖြစ်သည်။ ထိုဆရာ၏ အမည်က ဂျိမ်း ဂျော့စကော့ (J. George Scott) ဖြစ်ပြီး စကော့တလန်နိုင်ငံ Fife မှ တရားဟောဆရာတဦး၏ သားဖြစ်သည်။
ကိုလိုနီခေတ် မြန်မာနိုင်ငံသို့ ဘောလုံးအားကစားကို သူ ယူဆောင်လာခဲ့သည်။ သို့သော် ယခုအခါ တမျိုးသားလုံး အရူးအမူး စွဲလန်းသည့် အားကစားနည်းကို
စတင်မိတ်ဆက်ပေးလိုက်သူသည် ဂျိမ်း ဂျော့စကော့ ဖြစ်ကြောင်း သိရှိသူ မြန်မာနိုင်ငံတွင် အလွန်နည်းပါလိမ့်မည်။
ဘာသာစကားများကို လေ့လာရာတွင်ပါရမီထူးချွန်သော ဂျိမ်း ဂျော့စကော့သည် သူ၏ ဝန်ထမ်းဘဝ၌ ကိုလိုနီနယ်များတွင် အုပ်ချုပ်ရေးမှူးအဖြစ် အများဆုံး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
သူက လူကောင်သေးသော်လည်း စိတ်ဓာတ် မာကျောပြီး အကြောက်အရွံ့ကင်းသည်။ ထိုစဉ်က ဦးခေါင်းဖြတ်သူများ၏ သိကြသည့် ‘ဝ’လူရိုင်းများနှင့် တွေ့ရန်အတွက် တောင်တန်းများပေါ်သို့ တက်ခဲ့သည်။
ထိုစဉ်က နယ်နိမိတ် မရေးဆွဲရသေးသည့် တရုတ်-မြန်မာနယ်စပ်သို့ ခရီးသွားရင်း လူသားစား စပါးကြီးမြွေကြီးများနှင့် ရဲဝံ့စွာ ရင်ဆိုင်ခဲ့သည်။
“ပျော့ပြီး ချော်ထွက်နေတဲ့ တစုံတရာပေါ်မှာ လျှောက်ခဲ့ရတယ်။ မီးခြစ် ခြစ်ကြည့်လိုက်တော့ တရုတ်တယောက် အလောင်းကိုတွေ့ရတယ်” ဟု သူ၏ တောတွင်း နေ့စဉ်မှတ်တမ်းတွင် ဂျိမ်း ဂျော့စကော့က ရေးသားခဲ့သည်။
ဂျိမ်း ဂျော့စကော့အတွက် ဘောလုံးအားကစားက ဝါသနာတခုသာမဟုတ် ဗြိတိန် အင်ပါယာတည်ဆောက်ရေး အတွက် အသုံးဝင်သည့် ကိရိယာတခုဖြစ်သည်။
သန့်ရှင်းစွာ ကစားခြင်းနှင့် အာဏာပိုင်များကို လေးစားတတ်ရန် အတွေးအခေါ်များ ဖြန့်ဖြူးပေးသည့် နည်းလမ်းတခုလည်း ဖြစ်ပါသည်။
အလွန်အကျွံ စိတ်ဝင်စားခြင်းနှင့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု များကြောင့် ၀ လူမျိုးများအား ဘောလုံးကစားနည်းသင်ကြားပေးခြင်းကို ရပ်တန့်ခဲ့သော်လည်း
လူမျိုးစု ခေါင်းဆောင်များ ၏ နောက်လိုက်နောက်ပါများ အတွင်းတွင် ဘောလုံးပွဲများ စီစဉ်ပေးခဲ့သည်။
မြန်မာများနှင့် လည်း ပြင်းထန်သည့် ပြိုင်ပွဲ များ ယှဉ်ပြိုင်ခဲ့သည်။ ဘောလုံးသည် တိုက်ပွဲနှင့် တူသည့်အတွက် မြန်မာများက နှစ်ခြိုက်ကြသည်ဟု ဂျိမ်း ဂျော့စကော့က မှတ်ချက်ပြုခဲ့သည်။
အမှန်တကယ်အားဖြင့် ကိုလိုနီခေတ် မြန်မာနိုင်ငံ၌ အဆင့်မီ ဘောလုံးကွင်းများ မရှိခဲ့ပါ။ သစ်၊ ကျောက်မျက်ရတနာ နှင့် တွင်းထွက်များက ဗြိတိန်နိုင်ငံ၏ ဘဏ္ဍာတိုက်ကို ဖြည့်ပေးခဲ့သော်လည်း
မြန်မာအများစု၏ ဘဝမှာ နိမ့်ကျပါသည်။ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံအတွက် ရွှေခေတ်ဟု ခေါ်နိုင်သည့် ကာလ တခု ရရှိခဲ့သည်။
အမျိုးသားလက်ရွေးစင် အသင်းက အာရှ၏ အကောင်းဆုံးအသင်းများထဲတွင် စာရင်းဝင်ခဲ့သလို ယဉ်ကျေးမှုနှင့် သယံဇာတ အရင်းအမြစ် ကြွယ်ဝသည့် နိုင်ငံအတွက် စီးပွားရေး အလားအလာများလည်း ကျယ်ပြန့်စွာ ရှိခဲ့သည်။
ဂျိမ်း ဂျော့စကော့ကိုတော့ တောဆောင်းဦးထုပ်များ၊ အမဲလိုက်ပွဲများနှင့်အတူ ကြာမြင့်စွာမေ့လျော့ထားခဲ့ကြသည်။
သို့ သော်လည်း ဝိတိုရိယခေတ်က သူစတင်မိတ်ဆက်ပေးခဲ့သော အားကစားနည်းကတော့ မြန်မာပြည်သူတွေကို ကျယ်ပြန့် သော ကမ္ဘာနှင့် ဆက်သွယ်ပေးနိုင်ဆဲဖြစ်ပါသည်။Crd
Leave a Reply