လင္မယား အတူမေန မေထာက္ပံ့ အဆက္အသြယ္မလုပ္ပါက ႏွစ္ဘယ္ေလာက္ၾကာရင္အလိုအေလ်ာက္ ျပတ္ဆဲပါသလဲ

လင္မယား အတူမေန မေထာက္ပံ့ အဆက္အသြယ္မလုပ္ပါက ႏွစ္ဘယ္ေလာက္ၾကာရင္အလိုအေလ်ာက္ ျပတ္ဆဲပါသလဲ
လင္မယား အတူမေန မေထာက္ပံ့ အဆက္အသြယ္မလုပ္ပါက ႏွစ္ဘယ္ေလာက္ၾကာရင္အလိုအေလ်ာက္ ျပတ္ဆဲပါသလဲ

လင္မယား အတူမေန မေထာက္ပံ့ အဆက္အသြယ္မလုပ္ပါက ႏွစ္ဘယ္ေလာက္ၾကာရင္အလိုအေလ်ာက္ ျပတ္ဆဲပါသလဲ

ေမးခြန္းအား……..အခ်က္အလက္အစုံအလင္ႏွင့္ သိေစရန္ျပန္လည္မွ်ေဝေပးလိုက္ပါသည္။

လင္ျဖစ္သူ ေနအိမ္မွစြန႔္ခြာၿပီး ၃ ႏွစ္တိုင္ေအာင္ အဆက္အသြယ္ အေထာက္အပံ့ ရွိလဲ တရားဝင္ မကြာရွင္းေသးသ၍ လင္မယားအရာ မပ်က္ယြင္းပါ။

လင္ျဖစ္သူ ေနအိမ္မွစြန႔္ခြာၿပီး ၃ ႏွစ္တိုင္ေအာင္ အဆက္အသြယ္ အေထာက္အပံ့ မရွိရင္ေသာ္၎ ေနာက္အိမ္ေထာင္ျပဳရင္ေသာ္၎

မယား၏ ကိုယ္စိတ္ႏွစ္ပါး ဆင္းရဲေစရန္ ေန႔စဥ္နဲ႔အမွ် ႏွိပ္စက္ေနရင္ေသာ္၎ မယားအား လက္ေရာက္မႈ႕ တစ္ႀကိမ္ က်ဴးလြန္ယုံမွ်ျဖင့္၎ (မယားမွ တရား႐ုံးမွာ ကြာရွင္းခြင့္ ေလွ်ာက္ထားႏိုင္ပါသည္)။

က်ိဴးေၾကာင္းဆီေလ်ာ္မႈ႕ မရွိေသာ အေၾကာင္းျပခ်က္နဲ႔ မယားသည္ ေနအိမ္မွစြန႔္ခြာကာ ၁ ႏွစ္တိုင္ အဆက္အသြယ္မလုပ္ / ျပန္ေပါင္းရန္ မႀကိဳးစားလ်င္၎ အိမ္ေထာင္ေရး ေဖာက္ျပန္ရင္ေသာ္၎ (လင္ျဖစ္သူဖက္မွ တရား႐ုံးတြင္ ကြာရွင္းခြင့္ ေတာင္းႏိုင္ပါသည္)။

လင္မယားအရာေျမာက္ဖို႔ လက္ထပ္စာခ်ဴပ္လုပ္ရန္/ မဂၤလာဆြမ္းေကြၽး/ မဂၤလာေဆာင္က်င္းပ စတာေတြမလိုဘဲ ပတ္ဝန္းက်င္မွာ လင္မယားလို အထင္အရွား ေပါင္းသင္းေနထိုင္ယုံနဲ႔ တရားဝင္ လင္မယားအရာ ေျမာက္ပါသည္။

ရပ္/ ေက်း႐ုံး / ေရွ႕ေန စသူတို႔ေရွ႕၌ (ကြာရွင္းျခင္းကတိစာခ်ဳပ္) မဟုတ္ေသာ စာခ်ဴပ္လက္မွတ္ေရးထိုး ကြာရွင္းျခင္းသည္ ဥပေဒအရ တရားမဝင္ေသာ္လည္း သက္ေသအျဖစ္ တင္ျပခြင့္ရွိသည္။

သတင္းစာထဲတြင္ တဖက္သတ္ ကြာရွင္းျပတ္စဲေၾကာင္း ေၾကျငာျခင္းမ်ားသည္ ကာယကံရွင္ႏွင့္ ၎တို႔ ပတ္ဝန္းက်င္ သိေစရန္မွ်သာျဖစ္ၿပီး ဥပေဒအရ တရားမဝင္ပါ။

viber /messanger/ voice record စတာေတြနဲ႔ အိမ္ေထာင္ေရး ေဖာက္ျပန္ေၾကာင္း သက္ေသေတြဟာ သက္ေသခံ တင္ျပခြင့္ရွိေပမယ့္ ခိုင္မာမႈ႕ မရွိတဲ့အျပင္

တဖက္မွ ေခ်ပဖို႔ အခြင့္အလမ္းမ်ားစြာ ရွိေနတာကို ဂ႐ုျပဳရပါမယ္။ active ျဖစ္တဲ့ video file သာလ်င္ မိမိဖက္က အသာစီးရႏိုင္မယ့္ သက္ေသျဖစ္သည္။

ကြာရွင္းၿပီးေသာ လင္မယားတို႔သည္ ျပန္လည္ေပါင္းသင္းပါက လူသိ/ နတ္ၾကား ေပါင္းသင္းရမွာျဖစ္ၿပီး ဆိတ္ကြယ္ရာ အရပ္မ်ားတြင္ အလ်ဥ္းသင့္သလို ဆက္ဆံယုံမွ်ျဖင့္ ယခင္ကြာရွင္းထားေသာ စာခ်ဴပ္အား အလိုအေလ်ာက္ မပ်က္ျပယ္ႏိုင္ပါ။

(အခ်ဳပ္အားျဖင့္) ျမန္မာ့ထုံးတမ္းအရ ျမန္မာ/ဗုဒၶဘာသာဝင္မ်ားသည္လင္မယားကြာရွင္းျခင္း ကိစၥမ်ား၌စာခ်ဴ ပ္/ စာတမ္းမလို ကာယကံရွင္ ၂ ဦး၏ လြတ္လပ္ေသာ ဆႏၵသာအဓိကဟု စီရင္ထုံးမ်ားစြာမွာ ေဖာ္ျပထားေသာ္လည္း

စီရင္ထုံးဆိုသည္ကား ျပဌာန္းဥပေဒ မဟုတ္သည့္အတြက္ အျငင္းပြားစရာျဖစ္လာပါက နစ္နာမႈ႕မ်ားစြာ ႀကဳံ ေတြ႕ရမွာျဖစ္၏။

တလင္တမယားစနစ္ က်င့္သုံးေရး ဥပေဒဟူေသာ (ငရဲ ဥပေဒ) တည္ၿမဲေနစဥ္အတြင္း ကြာရွင္းမည္ဆိုပါက တရား႐ုံးမ်ားတြင္သာ စိတ္အခ်ရဆုံးျဖစ္၏။

လင္မယား အတူမေန/မေထာက္ပံ့/အဆက္အသြယ္မလုပ္ပါက ႏွစ္ဘယ္ေလာက္ၾကာရင္ အလိုအေလ်ာက္ ျပတ္ဆဲပါသလဲ ဟူေသာအမ်ားစု

သိခ်င္သည့္ ေမးခြန္းအား….၎လင္မယား ၂ ေယာက္ထဲမွတစ္ေယာက္ေယာက္ (တမလြန္ ခရီး) ႏွင္မွသာ အလိုလို ပ်က္ဆဲႏိုင္ပါသည္ဟု ေျဖလိုက္ပါသည္။

Credit:ဥပေဒေရးရာ

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

လင်မယား အတူမနေ မထောက်ပံ့ အဆက်အသွယ်မလုပ်ပါက နှစ်ဘယ်လောက်ကြာရင်အလိုအလျောက် ပြတ်ဆဲပါသလဲ

မေးခွန်းအား……..အချက်အလက်အစုံအလင်နှင့် သိစေရန်ပြန်လည်မျှဝေပေးလိုက်ပါသည်။

လင်ဖြစ်သူ နေအိမ်မှစွန့်ခွာပြီး ၃ နှစ်တိုင်အောင် အဆက်အသွယ် အထောက်အပံ့ ရှိလဲ တရားဝင် မကွာရှင်းသေးသ၍ လင်မယားအရာ မပျက်ယွင်းပါ။

လင်ဖြစ်သူ နေအိမ်မှစွန့်ခွာပြီး ၃ နှစ်တိုင်အောင် အဆက်အသွယ် အထောက်အပံ့ မရှိရင်သော်၎င်း နောက်အိမ်ထောင်ပြုရင်သော်၎င်း

မယား၏ ကိုယ်စိတ်နှစ်ပါး ဆင်းရဲစေရန် နေ့စဉ်နဲ့အမျှ နှိပ်စက်နေရင်သော်၎င်း မယားအား လက်ရောက်မှု့ တစ်ကြိမ် ကျူးလွန်ယုံမျှဖြင့်၎င်း (မယားမှ တရားရုံးမှာ ကွာရှင်းခွင့် လျှောက်ထားနိုင်ပါသည်)။

ကျိူးကြောင်းဆီလျော်မှု့ မရှိသော အကြောင်းပြချက်နဲ့ မယားသည် နေအိမ်မှစွန့်ခွာကာ ၁ နှစ်တိုင် အဆက်အသွယ်မလုပ် / ပြန်ပေါင်းရန် မကြိုးစားလျင်၎င်း အိမ်ထောင်ရေး ဖောက်ပြန်ရင်သော်၎င်း (လင်ဖြစ်သူဖက်မှ တရားရုံးတွင် ကွာရှင်းခွင့် တောင်းနိုင်ပါသည်)။

လင်မယားအရာမြောက်ဖို့ လက်ထပ်စာချူပ်လုပ်ရန်/ မင်္ဂလာဆွမ်းကျွေး/ မင်္ဂလာဆောင်ကျင်းပ စတာတွေမလိုဘဲ ပတ်ဝန်းကျင်မှာ လင်မယားလို အထင်အရှား ပေါင်းသင်းနေထိုင်ယုံနဲ့ တရားဝင် လင်မယားအရာ မြောက်ပါသည်။

ရပ်/ ကျေးရုံး / ရှေ့နေ စသူတို့ရှေ့၌ (ကွာရှင်းခြင်းကတိစာချုပ်) မဟုတ်သော စာချူပ်လက်မှတ်ရေးထိုး ကွာရှင်းခြင်းသည် ဥပဒေအရ တရားမဝင်သော်လည်း သက်သေအဖြစ် တင်ပြခွင့်ရှိသည်။

သတင်းစာထဲတွင် တဖက်သတ် ကွာရှင်းပြတ်စဲကြောင်း ကြေငြာခြင်းများသည် ကာယကံရှင်နှင့် ၎င်းတို့ ပတ်ဝန်းကျင် သိစေရန်မျှသာဖြစ်ပြီး ဥပဒေအရ တရားမဝင်ပါ။

viber /messanger/ voice record စတာတွေနဲ့ အိမ်ထောင်ရေး ဖောက်ပြန်ကြောင်း သက်သေတွေဟာ သက်သေခံ တင်ပြခွင့်ရှိပေမယ့် ခိုင်မာမှု့ မရှိတဲ့အပြင်

တဖက်မှ ချေပဖို့ အခွင့်အလမ်းများစွာ ရှိနေတာကို ဂရုပြုရပါမယ်။ active ဖြစ်တဲ့ video file သာလျင် မိမိဖက်က အသာစီးရနိုင်မယ့် သက်သေဖြစ်သည်။

ကွာရှင်းပြီးသော လင်မယားတို့သည် ပြန်လည်ပေါင်းသင်းပါက လူသိ/ နတ်ကြား ပေါင်းသင်းရမှာဖြစ်ပြီး ဆိတ်ကွယ်ရာ အရပ်များတွင် အလျဉ်းသင့်သလို ဆက်ဆံယုံမျှဖြင့် ယခင်ကွာရှင်းထားသော စာချူပ်အား အလိုအလျောက် မပျက်ပြယ်နိုင်ပါ။

(အချုပ်အားဖြင့်) မြန်မာ့ထုံးတမ်းအရ မြန်မာ/ဗုဒ္ဓဘာသာဝင်များသည်လင်မယားကွာရှင်းခြင်း ကိစ္စများ၌စာချူ ပ်/ စာတမ်းမလို ကာယကံရှင် ၂ ဦး၏ လွတ်လပ်သော ဆန္ဒသာအဓိကဟု စီရင်ထုံးများစွာမှာ ဖော်ပြထားသော်လည်း

စီရင်ထုံးဆိုသည်ကား ပြဌာန်းဥပဒေ မဟုတ်သည့်အတွက် အငြင်းပွားစရာဖြစ်လာပါက နစ်နာမှု့များစွာ ကြုံ တွေ့ရမှာဖြစ်၏။

တလင်တမယားစနစ် ကျင့်သုံးရေး ဥပဒေဟူသော (ငရဲ ဥပဒေ) တည်မြဲနေစဉ်အတွင်း ကွာရှင်းမည်ဆိုပါက တရားရုံးများတွင်သာ စိတ်အချရဆုံးဖြစ်၏။

လင်မယား အတူမနေ/မထောက်ပံ့/အဆက်အသွယ်မလုပ်ပါက နှစ်ဘယ်လောက်ကြာရင် အလိုအလျောက် ပြတ်ဆဲပါသလဲ ဟူသောအများစု

သိချင်သည့် မေးခွန်းအား….၎င်းလင်မယား ၂ ယောက်ထဲမှတစ်ယောက်ယောက် (တမလွန် ခရီး) နှင်မှသာ အလိုလို ပျက်ဆဲနိုင်ပါသည်ဟု ဖြေလိုက်ပါသည်။

Credit:ဥပဒေရေးရာ

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*