Unicode
မိဘတွေ ရှောင်ရှားသင့်သည့် သားသမီးကို စိတ်ဒဏ်ရာ ပေးနိုင်တဲ့ စကား (၅) ခွန်း…
သားသမီးတွေကို ဆုံးမတဲ့အခါ စိတ်ဒဏ်ရာရသွားစေမယ့် ဒီစကား (၅)ခွန်း မပြောမိပါစေနဲ
၁။ စကားလုံးများကို လက်နက်အနေနဲ့ အပြစ်တင်ဖို့ရှက်အောင် အသုံးပြုခြင်း… ဥပမာ မင်းအသုံးမကျဘူး၊ ဟဲ မိန်းကလေးဖြစ် ပြီးပျင်း လိုက်တာ စသဖြင့်။
၂။ အမြဲတမ်း ဆိုတဲ့ စာလုံးကို မကောင်းတဲ့ နေရာမှာ အသုံးပြုခြင်း… ဥပမာ မင်းလုပ်လိုက် ရင်တော့ အမြဲတမ်း တလွဲကြီးပဲ၊ မင်းတစ်သက်လုံး ခွေးဖြစ်မယ့် ကောင်ပဲ စသဖြင့်။
၃။ ကလေးတွေရဲ့ ခံစားချက် တွေကို စိတ်နုတယ် ဆိုပြီး ပြန် အပြစ်တင် ခြင်း… ဥပမာ ဟယ်ပျော့ညံ့ လိုက်တာ ဒီလောက်တော့ ခံနိုင် ရမှာပေါ့ စသဖြင့်။
၄။ ကလေး တစ်ယောက်ကို တခြား ကလေး တစ်ယောက် နဲ့ နှိုင်းယှဉ်ခြင်း… ဥပမာ မင်းအသုံးမကျ လိုက်တာ ဟိုဘက် အိမ်ကကလေး ဆိုရင် ကြည့်ပါအုန်း၊ နင့်အစ်မနဲ့ နင်တခြားစီပဲ စသဖြင့်။
၅။ ကလေးတွေ ရဲ့ကိုယ်ပိုင် အချိန်၊ ဝါသနာတွေ ကို မလေးစားခြင်း… ဥပမာ မင်းဘာလို့ ပန်းချီဆွဲနေ တာလဲ ထမင်းဘယ်လို စားမှာလဲ၊ ကလေးရဲ့နေ့စဉ် ဘဝမှာ အလွန်အမင်းခြယ် လှယ်ခြင်း စသဖြင့်၊
ဒီစာ ကို ရေးတာ မိဘများကို အပြစ်ပြောဖို့ မဟုတ် ပါဘူး ။မိဘလဲ မိဘအလျှောက် သားသမီးလဲ သားသမီး အလျှောက် အခြေအနေ အခက်အခဲ ခံစားချက် ပြဿနာတွေ ကိုယ်စီ ရှိကြ ပါ တယ်.. ။
ရှုဒေါင့် အမျိုးမျိုး ရှိတဲ့ အနက် မိဘ ကောင်း များဖြစ် စေရန် အတွက် သားသမီး ရှု ဒေါင့် က နေ ရေးသား လိုက်ပါတယ်.. ။
Leave a Reply