Warren Buffett ေျပာတဲ့ အေရးအႀကီးဆုံး လုပ္ရမယ့္ ရင္းႏွီးျမဳပ္ႏွံမႈ

Warren Buffett ေျပာတဲ့ အေရးအႀကီးဆုံး လုပ္ရမယ့္ ရင္းႏွီးျမဳပ္ႏွံမႈ
Warren Buffett ေျပာတဲ့ အေရးအႀကီးဆုံး လုပ္ရမယ့္ ရင္းႏွီးျမဳပ္ႏွံမႈ

Warren Buffett ေျပာတဲ့ အေရးအႀကီးဆုံး လုပ္ရမယ့္ ရင္းႏွီးျမဳပ္ႏွံမႈ

Warren Buffett ရဲ႕ ဆို႐ိုး တစ္ခုကေတာ့… သင့္အတြက္ အေရးအႀကီးဆုံး လုပ္ရမယ့္ ရင္းႏွီးျမဳပ္ႏွံမႈကေတာ့ သင့္ကိုယ္သင္ အတြက္ပါပဲတဲ့

ဒါဆိုရင္ မိမိကိုယ္ကို ဘယ္လိုေနရာမ်ိဳးေတြမွာ ရင္းႏွီးျမဳပ္ႏွံရမွာပါပဲ။ ကမာၻေက်ာ္သူေဌး ဘီလံနာ ႀကီး Warren Buffett က ဘယ္လို ဆိုလိုခ်င္တာပါလဲ။

လူတိုင္း အတြက္ မိမိကိုယ္ကို စဥ္ဆက္မျပတ္ တိုးတက္ေနေစဖို႔ ရင္းႏွီးျမဳပ္ႏွံရမယ့္ေနရာ ႏွစ္ခုရွိတယ္လို႔ Warren ကဆိုပါတယ္။ ဒီႏွစ္ခုကေတာ့ Ability to make money နဲ႔ Ability to make money work for your ဆိုတဲ့ ႏွစ္ေနရာျဖစ္ပါတယ္။

ပထမ တစ္ခုျဖစ္တဲ့ Ability to make money ဆိုတာကေတာ့ ဝင္ေငြပိုၿပီး ရွာေဖြႏိုင္စြမ္းျမင့္မားလာေစဖို႔အတြက္ လိုအပ္တာေတြကို ဆက္လက္ ရင္းႏွီးျမဳပ္ႏွံဖို႔ျဖစ္ပါတယ္။

တစ္နည္းအားျဖင့္ေတာ့ Earned income ဆိုတဲ့ ကိုယ္တိုင္ အားထုတ္ရွာေဖြ ရတဲ့ ဝင္ေငြ အမ်ိဳးအစား ကို ပိုပိုၿပီး ပမာဏ မ်ားမ်ား ရွာႏိုင္ေအာင္ လုပ္ေဆာင္ေစတာျဖစ္ပါတယ္။

သာမာန္ ႐ုံးဝန္ထမ္း အေနနဲ႔လစာ တစ္သိန္းေက်ာ္ သာရႏိုင္ေပမယ့္ Supervisor. တစ္ဦးျဖစ္လာရင္ လစာ ဝင္ေငြပိုတိုးလာမွာ ျဖစ္သလို ဌာနတစ္ခုရဲ႕ မန္ေနဂ်ာ ဆိုရင္ေတာ့ လစာ ဝင္ေငြ သိန္းဆယ္ဂဏာန္းရႏိုင္ပါတယ္။

ဒီထက္ကို မွ လုပ္ငန္းတစ္ခု လုံးကို ဦးစီးႏိုင္တဲ့ သူ ဆိုရင္ သိန္းဆယ္ ႀကီးဂဏာန္းထိရႏိုင္ကာ ကိုယ္ပိုင္လုပ္ငန္းတစ္ခုကို ကိုယ္တိုင္အားထုတ္ ၿပီးေအာင္ျမင္ေအာင္ေဆာင္႐ြက္ ႏိုင္ရင္ ေတာ့ ေငြသိန္း ရာ ေထာင္ ခ်ီကာ ရွာေဖြႏိုင္မွာ ျဖစ္ပါတယ္။

ဒီအတြက္ ကိုယ္ေနာက္ထပ္ တက္လွမ္းမယ့္ တစ္ဆင့္ကို ရရွိဖို႔ ကိုယ့္မွာ ဘာလိုအပ္ခ်က္ ေတြ ရွိေနသလဲဆိုတာ သုံးသပ္ၿပီး ဒီလိုအပ္ခ်က္ေတြ ေပ်ာက္သြားေအာင္ ရင္းႏွီးျမဳပ္ႏွံဖို႔ပါပဲ။

အထက္က ဆိုခဲ့တဲ့ Earned Income တစ္နည္းအားျဖင့္ Ability to make money ဟာ အကန႔္အသတ္ေတြ ရွိပါတယ္။ အင္အား အကန႔္အသတ္၊ အခ်ိ္န္ အကန႔္အသတ္ ၊ က်န္းမာေရး၊ အားထုတ္ အာ႐ုံစိုက္ႏို္င္မႈ အကန႔္အသတ္ စတာေတြ ေၾကာင့္ တစ္ခ်ိန္မွာ ရပ္တန႔္သြားႏိုင္ပါေသးတယ္။

ဒီအတြက္ ေနာက္ ထပ္ ရင္းႏွီးျမဳပ္ႏွံရမယ့္ေနရာကေတာ့ Ability to make money work for you ဆိုတဲ့ ေနရာျဖစ္ပါတယ္။

တစ္နည္းအားျဖင့္ေတာ့ ကိုယ္တိုင္ အားထုတ္ လုပ္ကိုင္စရာမလိုပဲ ေငြက ကိုယ့္အတြက္ ျပန္ၿပီး အလုပ္လုပ္ေပးေနမယ့္ Passive Income အမ်ိဳးအစားေတြကို ဖန္တီးႏိုင္ျခင္း အတတ္ပညာ ျဖစ္ပါတယ္။

Passive Income သို႔မဟုတ္ Ability to make money work for you ရရွိသြားရင္ေတာ့ အနားပဲယူေနေန ခရီးပဲထြက္ထြက္ ၊ အိပ္ပဲေနေန

ကိုယ့္ဆီကို ပုံမွန္ဝင္ေငြစီးေၾကာင္းေတြ ရွိေနမွာ ျဖစ္ၿပီး တပင္တပန္း အသက္ရွင္ဖို႔ အလုပ္လုပ္ကိုင္ေနရတဲ့ ဘဝကေန လဲ လြတ္ေျမာက္မွာျဖစ္ပါတယ္။

အရင္ဆုံးေတာ့ Earned Income ကို ပိုပိုၿပီးမ်ားလာေအာင္ ရွာႏိုင္ေအာင္လုပ္ပါ။ ပိုရွာလာႏိုင္ၿပီဆိုရင္ပိုတဲ့ ေငြနဲ႔ လိုအပ္တဲ့ ေငြေၾကးပညာေတြ သင္ယူလို႔ ရႏိုင္သလို Passive Income ေပးမယ့္. Assets ေတြကိုလဲ မ်ားမ်ား နဲ႔ ျမန္ျမန္ ဝယ္ယူ အသုံးခ်ႏိုင္လာမွာျဖစ္ပါတယ္။

ဒီအတြက္ Warren ရဲ႕ ဆိုလိုရင္း အစစ္အမွန္က မိမိကိုယ္ကို အထက္က ေနရာ ႏွစ္ခုမွာ ရင္းႏွီးျမဳပ္ႏွံၿပီး တိုးတက္ေအာင္ လုပ္ေဆာင္ႏိုင္မွသာ ခ်မ္းသာ ႂကြယ္ဝမႈေတြကို ရရွိမွာ ျဖစ္တယ္လို႔ ဆိုတာပါပဲဗ်ား။

လုံေလာက္တဲ့ အသိပညာဟာျပင္းထန္တဲ့ အခက္အခဲေတြကိုလြယ္ကူစြာ ေက်ာ္ျဖတ္ေစႏိုင္ပါတယ္။

Crdit:Kaung Hein Soe – Strategic

Unicode

Warren Buffett ပြောတဲ့ အရေးအကြီးဆုံး လုပ်ရမယ့် ရင်းနှီးမြုပ်နှံမှု

Warren Buffett ရဲ့ ဆိုရိုး တစ်ခုကတော့… သင့်အတွက် အရေးအကြီးဆုံး လုပ်ရမယ့် ရင်းနှီးမြုပ်နှံမှုကတော့ သင့်ကိုယ်သင် အတွက်ပါပဲတဲ့

ဒါဆိုရင် မိမိကိုယ်ကို ဘယ်လိုနေရာမျိုးတွေမှာ ရင်းနှီးမြုပ်နှံရမှာပါပဲ။ ကမ္ဘာကျော်သူဌေး ဘီလံနာ ကြီး Warren Buffett က ဘယ်လို ဆိုလိုချင်တာပါလဲ။

လူတိုင်း အတွက် မိမိကိုယ်ကို စဉ်ဆက်မပြတ် တိုးတက်နေစေဖို့ ရင်းနှီးမြုပ်နှံရမယ့်နေရာ နှစ်ခုရှိတယ်လို့ Warren ကဆိုပါတယ်။ ဒီနှစ်ခုကတော့ Ability to make money နဲ့ Ability to make money work for your ဆိုတဲ့ နှစ်နေရာဖြစ်ပါတယ်။

ပထမ တစ်ခုဖြစ်တဲ့ Ability to make money ဆိုတာကတော့ ဝင်ငွေပိုပြီး ရှာဖွေနိုင်စွမ်းမြင့်မားလာစေဖို့အတွက် လိုအပ်တာတွေကို ဆက်လက် ရင်းနှီးမြုပ်နှံဖို့ဖြစ်ပါတယ်။

တစ်နည်းအားဖြင့်တော့ Earned income ဆိုတဲ့ ကိုယ်တိုင် အားထုတ်ရှာဖွေ ရတဲ့ ဝင်ငွေ အမျိုးအစား ကို ပိုပိုပြီး ပမာဏ များများ ရှာနိုင်အောင် လုပ်ဆောင်စေတာဖြစ်ပါတယ်။

သာမာန် ရုံးဝန်ထမ်း အနေနဲ့လစာ တစ်သိန်းကျော် သာရနိုင်ပေမယ့် Supervisor. တစ်ဦးဖြစ်လာရင် လစာ ဝင်ငွေပိုတိုးလာမှာ ဖြစ်သလို ဌာနတစ်ခုရဲ့ မန်နေဂျာ ဆိုရင်တော့ လစာ ဝင်ငွေ သိန်းဆယ်ဂဏာန်းရနိုင်ပါတယ်။

ဒီထက်ကို မှ လုပ်ငန်းတစ်ခု လုံးကို ဦးစီးနိုင်တဲ့ သူ ဆိုရင် သိန်းဆယ် ကြီးဂဏာန်းထိရနိုင်ကာ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို ကိုယ်တိုင်အားထုတ် ပြီးအောင်မြင်အောင်ဆောင်ရွက် နိုင်ရင် တော့ ငွေသိန်း ရာ ထောင် ချီကာ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

ဒီအတွက် ကိုယ်နောက်ထပ် တက်လှမ်းမယ့် တစ်ဆင့်ကို ရရှိဖို့ ကိုယ့်မှာ ဘာလိုအပ်ချက် တွေ ရှိနေသလဲဆိုတာ သုံးသပ်ပြီး ဒီလိုအပ်ချက်တွေ ပျောက်သွားအောင် ရင်းနှီးမြုပ်နှံဖို့ပါပဲ။

အထက်က ဆိုခဲ့တဲ့ Earned Income တစ်နည်းအားဖြင့် Ability to make money ဟာ အကန့်အသတ်တွေ ရှိပါတယ်။ အင်အား အကန့်အသတ်၊ အချိန် အကန့်အသတ် ၊ ကျန်းမာရေး၊ အားထုတ် အာရုံစိုက်နိုင်မှု အကန့်အသတ် စတာတွေ ကြောင့် တစ်ချိန်မှာ ရပ်တန့်သွားနိုင်ပါသေးတယ်။

ဒီအတွက် နောက် ထပ် ရင်းနှီးမြုပ်နှံရမယ့်နေရာကတော့ Ability to make money work for you ဆိုတဲ့ နေရာဖြစ်ပါတယ်။

တစ်နည်းအားဖြင့်တော့ ကိုယ်တိုင် အားထုတ် လုပ်ကိုင်စရာမလိုပဲ ငွေက ကိုယ့်အတွက် ပြန်ပြီး အလုပ်လုပ်ပေးနေမယ့် Passive Income အမျိုးအစားတွေကို ဖန်တီးနိုင်ခြင်း အတတ်ပညာ ဖြစ်ပါတယ်။

Passive Income သို့မဟုတ် Ability to make money work for you ရရှိသွားရင်တော့ အနားပဲယူနေနေ ခရီးပဲထွက်ထွက် ၊ အိပ်ပဲနေနေ

ကိုယ့်ဆီကို ပုံမှန်ဝင်ငွေစီးကြောင်းတွေ ရှိနေမှာ ဖြစ်ပြီး တပင်တပန်း အသက်ရှင်ဖို့ အလုပ်လုပ်ကိုင်နေရတဲ့ ဘဝကနေ လဲ လွတ်မြောက်မှာဖြစ်ပါတယ်။

အရင်ဆုံးတော့ Earned Income ကို ပိုပိုပြီးများလာအောင် ရှာနိုင်အောင်လုပ်ပါ။ ပိုရှာလာနိုင်ပြီဆိုရင်ပိုတဲ့ ငွေနဲ့ လိုအပ်တဲ့ ငွေကြေးပညာတွေ သင်ယူလို့ ရနိုင်သလို Passive Income ပေးမယ့်. Assets တွေကိုလဲ များများ နဲ့ မြန်မြန် ဝယ်ယူ အသုံးချနိုင်လာမှာဖြစ်ပါတယ်။

ဒီအတွက် Warren ရဲ့ ဆိုလိုရင်း အစစ်အမှန်က မိမိကိုယ်ကို အထက်က နေရာ နှစ်ခုမှာ ရင်းနှီးမြုပ်နှံပြီး တိုးတက်အောင် လုပ်ဆောင်နိုင်မှသာ ချမ်းသာ ကြွယ်ဝမှုတွေကို ရရှိမှာ ဖြစ်တယ်လို့ ဆိုတာပါပဲဗျား။

လုံလောက်တဲ့ အသိပညာဟာပြင်းထန်တဲ့ အခက်အခဲတွေကိုလွယ်ကူစွာ ကျော်ဖြတ်စေနိုင်ပါတယ်။

Crdit:Kaung Hein Soe – Strategic

Be the first to comment

Leave a Reply

Your email address will not be published.


*