(၆)လ ဒန႔္သလြန္ စနစ္တက် စိုက္ပ်ိဳးနည္း

(၆)လ ဒန႔္သလြန္ စနစ္တက် စိုက္ပ်ိဳးနည္း
(၆)လ ဒန႔္သလြန္ စနစ္တက် စိုက္ပ်ိဳးနည္း

(၆)လ ဒန႔္သလြန္ စနစ္တက် စိုက္ပ်ိဳးနည္း

အပင္မ်ားသည္ ၁၂ ေပ မွ ၁၈ ေပ အျမင့္အထိႀကီးထြားျခင္း၊ စိုက္ပ်ိဳးၿပီးေနာက္ ရက္ေပါင္း 90-100 တြင္ ပန္းပြင့္ျခင္း၊ ရက္ေပါင္း ၁၆၀-၁၇၀ တြင္ အသီးမ်ားရိတ္သိမ္းႏိုင္ပါသည္။

ပထမဦးဆုံးအႀကိမ္ အသီးမ်ားရိတ္သိမ္းၿပီးေနာက္ ရက္ေပါင္း 160-170 တြင္ ဒုတိယအႀကိမ္ ထပ္မံ ရိတ္သိမ္းႏိုင္ျခင္း၊ တႏွစ္တြင္ အပင္တပင္၏အသီးႏႈန္း သည္ 200-225 ၾကားရရွိႏိုင္ပါသည္။

သီးေတာင့္ လုံးပါတ္ ၂.၅ လက္မရွိပြီး အေလးခ်ိန္ 150g ႏွင့္ သီးေတာင့္ အရွည္ ၂ ေပ မွ ၃ ေပအထိ ရွည္လ်ားၾကသည္။ အသီးမ်ားအေရာင္မွာအစိမ္းေရာင္ျဖစ္ၿပီး ႏူးညံ့ပါသည္။

အိႏၵိယ (၆)လ ဒန႔္သလြန္ စိုက္ပ်ိဳးနည္း

မ်ိဴးေစ့မ်ားကို ၁၂ နာရီ ေရစိမ္ပါ။ ျဖစ္ႏိုင္လွ်င္ ျမစ္ပြားႏႈန္း ေကာင္းေစရန္ ႏွင့္ မႈိေရာဂါ ႀကိဳတင္ကာကြယ္ႏိုင္ေစရန္ ဟိုမုန္းေဆးနဲ႔ မႈိသတ္ေဆး ထည့္ႏိုင္ပါသည္။

တစ္ရႈးကိုေရစြတ္ၿပီး ခြက္ထဲမွာခင္းပါ၊ အေပၚတြင္ မ်ိဳးေစ့မ်ား ခင္းပါ။ တိုက္႐ိုက္ေန မဟုတ္ေသာ အလင္းအရာင္ရွိေသာ ေနရာတြင္ထားပါ။

ေန႔စဥ္ ေရမႊားေလး သင့္ေတာ္သေလာက္နည္းနည္း ေတာက္ေပးပါ။ ၅ရက္ေန႔ တြင္ ပ်ိဳးအိတ္ထဲ ေျပာင္းပါၿပီ ။ ပ်ိဳးအိတ္ေျမအား ေနာက္ခ်ီး အိတ္ဝက္ ၊ သဲ ၂ ၊ ဖြဲျပာ ၃ အိတ္ ေရာပါသည္။

ေန႔စဥ္ ေရပါးပါး တႀကိမ္ေလာင္းပါ ပ်ိဳးပင္မ်ား မလွီေစရန္ သင့္ေတာ္ေသာေနေရာင္ေအာက္တြင္ထားပါ။ မနက္ပိုင္းေန ၈ မွ ေန႔လည္ ၁နာရီ အထိအျပည့္ရပါက သင့္ေတာ္ ပါသည္။

အပင္ေပါက္မ်ား ပ်ိဳးထုပ္ထဲ ထည့္ၿပီး (၅) ရက္ေနာက္ပိုင္းတြင္ ေလာင္းရိပ္ေအာက္ဆက္ထားပါက အပင္လွီပါသည္။ ပ်ိဳးပင္ အသက္၂၅ ရက္သား ဝန္းက်င္တြင္ ေျမခ် စိုက္ပ်ိဳးႏိုင္ပါၿပီ။

အထက္ေဖၚျပပါ အတိုင္းမလုပ္လိုပါက အေစ့မ်ားကို (၁၂) နာရီ ေရစိမ္ၿပီးပါက ပ်ိဳးအိတ္ထဲတြင္ တိုက္႐ိုက္ထည့္စိုက္ႏိုင္ပါသည္။ အေစ့အား လက္မဝက္ ခန႔္ေျမႀကီးထဲ ျမႇဳပ္ထည့္ပါ။

အေပၚတြင္ ေျမပါးပါးျဖဴးပါ။ ေရပါးပါးတႀကိမ္ ေန႔စဥ္ေလာင္းပါ။ (၇) ရက္ၾကာလွ်င္အေညႇာင့္ထြက္လာပါမည္။ *

ေျမခ်စိုက္ပ်ိဳးရန္ ပင္ျခား တန္းျခား (၇) ေပ ျခားက်င္းတူးပါ။ တဧက လွ်င္ အပင္ (၉၆၁) ဝန္းက်င္ စိုက္ပ်ိဳးႏိုင္ပါသည္။

က်င္းအား ၂ ေပပါတ္လည္ ၊ ၁ ေပအနက္ တူးပါ။ ေနာက္ခ်ီး ေျမေဆြး ၁ဆ၊ ၾကက္ခ်ီးေျမေဆြး ၁ဆ၊ ဖြဲျပာ ၁ဆ ၊ တူးထားေသာေျမ ၁ဆ ေရာ၍ က်င္းတဝက္ ျပန္ျဖည့္ပါ။ (၁:၁:၁:၁)

ေျမေအာင္းပိုးကာကြယ္လိုပါက ျဖဴလာဒန္ ကဲ့သို႔ ေျမေအာင္းပိုးသတ္ေဆးအား ေဆးထုတ္ပါ အၫႊန္းတိုင္း ေျမေဆြးႏွင့္ေရာထည့္ေပးပါ။ ( Organic သမားမ်ား ထည့္ရန္မလို )

ေျမေဆြးထည့္ထားေသာက်င္းထဲေရအျပည့္ေလာင္းထည့္ၿပီး တည သိပ္ပါ။ ေနာက္တေန႔ ညေနတြင္ ပ်ိဳးပင္ေျမခ် စိုက္ႏိုင္ပါၿပီ။

ေျမခ်စိုက္ရန္ ပ်ိဳးပင္ကို အျမစ္မနာေစရန္ ေျမလုံးမပ်က္ရေအာင္ ဓါးထက္ထက္ႏွင့္ ပ်ိဳးအိတ္ကိုခြဲၿပီး ပလက္စတစ္အိတ္ဖယ္ပါ။ က်င္းအလယ္တြင္ေနရာခ်ပါ။

ခုနက ေနာက္ခ်ီး ၾကက္ခ်ီး ေျမေဆြး ဖြဲျပာ ေျမႀကီး ၁:၁:၁:၁ ေရာထားေသာစပ္ေျမ ၁ဆ ႏွင့္ ဆတူေျမႀကီး ထပ္ေရာၿပီး ပ်ိဳးပင္ ပါတ္လည္ျဖည့္ပါ။

အပင္ အျမင့္ ၃ေပ ဝန္းက်င္တြင္ ေခါင္ၫြန႔္ ႏွိမ္ပါ။ အပင္သက္ (၃)လ ႏွင့္ (၄)လ ၾကားတြင္ အစာထပ္လိုက္ပါ။ အပြင့္စခါနီးတြင္ အသီးအပြင့္ အားေဆးႀကိဳျဖန္းပါ။ (Organic အားေဆး)

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

(၆)လ ဒန့်သလွန် စနစ်တကျ စိုက်ပျိုးနည်း

အပင်များသည် ၁၂ ပေ မှ ၁၈ ပေ အမြင့်အထိကြီးထွားခြင်း၊ စိုက်ပျိုးပြီးနောက် ရက်ပေါင်း 90-100 တွင် ပန်းပွင့်ခြင်း၊ ရက်ပေါင်း ၁၆၀-၁၇၀ တွင် အသီးများရိတ်သိမ်းနိုင်ပါသည်။

ပထမဦးဆုံးအကြိမ် အသီးများရိတ်သိမ်းပြီးနောက် ရက်ပေါင်း 160-170 တွင် ဒုတိယအကြိမ် ထပ်မံ ရိတ်သိမ်းနိုင်ခြင်း၊ တနှစ်တွင် အပင်တပင်၏အသီးနှုန်း သည် 200-225 ကြားရရှိနိုင်ပါသည်။

သီးတောင့် လုံးပါတ် ၂.၅ လက်မရှိပွီး အလေးချိန် 150g နှင့် သီးတောင့် အရှည် ၂ ပေ မှ ၃ ပေအထိ ရှည်လျားကြသည်။ အသီးများအရောင်မှာအစိမ်းရောင်ဖြစ်ပြီး နူးညံ့ပါသည်။

အိန္ဒိယ (၆)လ ဒန့်သလွန် စိုက်ပျိုးနည်း

မျိူးစေ့များကို ၁၂ နာရီ ရေစိမ်ပါ။ ဖြစ်နိုင်လျှင် မြစ်ပွားနှုန်း ကောင်းစေရန် နှင့် မှိုရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် ဟိုမုန်းဆေးနဲ့ မှိုသတ်ဆေး ထည့်နိုင်ပါသည်။

တစ်ရှုးကိုရေစွတ်ပြီး ခွက်ထဲမှာခင်းပါ၊ အပေါ်တွင် မျိုးစေ့များ ခင်းပါ။ တိုက်ရိုက်နေ မဟုတ်သော အလင်းအရာင်ရှိသော နေရာတွင်ထားပါ။

နေ့စဉ် ရေမွှားလေး သင့်တော်သလောက်နည်းနည်း တောက်ပေးပါ။ ၅ရက်နေ့ တွင် ပျိုးအိတ်ထဲ ပြောင်းပါပြီ ။ ပျိုးအိတ်မြေအား နောက်ချီး အိတ်ဝက် ၊ သဲ ၂ ၊ ဖွဲပြာ ၃ အိတ် ရောပါသည်။

နေ့စဉ် ရေပါးပါး တကြိမ်လောင်းပါ ပျိုးပင်များ မလှီစေရန် သင့်တော်သောနေရောင်အောက်တွင်ထားပါ။ မနက်ပိုင်းနေ ၈ မှ နေ့လည် ၁နာရီ အထိအပြည့်ရပါက သင့်တော် ပါသည်။

အပင်ပေါက်များ ပျိုးထုပ်ထဲ ထည့်ပြီး (၅) ရက်နောက်ပိုင်းတွင် လောင်းရိပ်အောက်ဆက်ထားပါက အပင်လှီပါသည်။ ပျိုးပင် အသက်၂၅ ရက်သား ဝန်းကျင်တွင် မြေချ စိုက်ပျိုးနိုင်ပါပြီ။

အထက်ဖေါ်ပြပါ အတိုင်းမလုပ်လိုပါက အစေ့များကို (၁၂) နာရီ ရေစိမ်ပြီးပါက ပျိုးအိတ်ထဲတွင် တိုက်ရိုက်ထည့်စိုက်နိုင်ပါသည်။ အစေ့အား လက်မဝက် ခန့်မြေကြီးထဲ မြှုပ်ထည့်ပါ။

အပေါ်တွင် မြေပါးပါးဖြူးပါ။ ရေပါးပါးတကြိမ် နေ့စဉ်လောင်းပါ။ (၇) ရက်ကြာလျှင်အညှောင့်ထွက်လာပါမည်။ *

မြေချစိုက်ပျိုးရန် ပင်ခြား တန်းခြား (၇) ပေ ခြားကျင်းတူးပါ။ တဧက လျှင် အပင် (၉၆၁) ဝန်းကျင် စိုက်ပျိုးနိုင်ပါသည်။

ကျင်းအား ၂ ပေပါတ်လည် ၊ ၁ ပေအနက် တူးပါ။ နောက်ချီး မြေဆွေး ၁ဆ၊ ကြက်ချီးမြေဆွေး ၁ဆ၊ ဖွဲပြာ ၁ဆ ၊ တူးထားသောမြေ ၁ဆ ရော၍ ကျင်းတဝက် ပြန်ဖြည့်ပါ။ (၁:၁:၁:၁)

မြေအောင်းပိုးကာကွယ်လိုပါက ဖြူလာဒန် ကဲ့သို့ မြေအောင်းပိုးသတ်ဆေးအား ဆေးထုတ်ပါ အညွှန်းတိုင်း မြေဆွေးနှင့်ရောထည့်ပေးပါ။ ( Organic သမားများ ထည့်ရန်မလို )

မြေဆွေးထည့်ထားသောကျင်းထဲရေအပြည့်လောင်းထည့်ပြီး တည သိပ်ပါ။ နောက်တနေ့ ညနေတွင် ပျိုးပင်မြေချ စိုက်နိုင်ပါပြီ။

မြေချစိုက်ရန် ပျိုးပင်ကို အမြစ်မနာစေရန် မြေလုံးမပျက်ရအောင် ဓါးထက်ထက်နှင့် ပျိုးအိတ်ကိုခွဲပြီး ပလက်စတစ်အိတ်ဖယ်ပါ။ ကျင်းအလယ်တွင်နေရာချပါ။

ခုနက နောက်ချီး ကြက်ချီး မြေဆွေး ဖွဲပြာ မြေကြီး ၁:၁:၁:၁ ရောထားသောစပ်မြေ ၁ဆ နှင့် ဆတူမြေကြီး ထပ်ရောပြီး ပျိုးပင် ပါတ်လည်ဖြည့်ပါ။

အပင် အမြင့် ၃ပေ ဝန်းကျင်တွင် ခေါင်ညွန့် နှိမ်ပါ။ အပင်သက် (၃)လ နှင့် (၄)လ ကြားတွင် အစာထပ်လိုက်ပါ။ အပွင့်စခါနီးတွင် အသီးအပွင့် အားဆေးကြိုဖြန်းပါ။ (Organic အားဆေး)

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*