သိပၸံနည္းအရ တစ္ပတ္ကို ေရဘယ္ႏွႀကိမ္ခ်ိဳးသင့္လဲ…?

သိပၸံနည္းအရ တစ္ပတ္ကို ေရဘယ္ႏွႀကိမ္ခ်ိဳးသင့္လဲ...?
သိပၸံနည္းအရ တစ္ပတ္ကို ေရဘယ္ႏွႀကိမ္ခ်ိဳးသင့္လဲ...?

သိပၸံနည္းအရ တစ္ပတ္ကို ေရဘယ္ႏွႀကိမ္ခ်ိဳးသင့္လဲ…?

ေရခ်ိဳးတာက စိတ္ဖိစီးမႈကို အထိုက္အေလ်ာက္ေတာ့ ေလ်ာ့ပါးေစပါတယ္။ တခ်ိဳ႕က ေရကို စိမ္ေျပနေျပခ်ိဳးၿပီး တခ်ိဳ႕ကေတာ့ ခပ္ျမန္ျမန္ ခ်ိဳးၾကပါတယ္။ တခ်ိဳ႕က ေရကို ေန႔တိုင္းခ်ိဳးၿပီး

တခ်ိဳ႕ကေတာ့ တစ္ပတ္မွ ၂ ခါ၊ ၃ ခါေလာက္ပဲ ခ်ိဳးၾကပါတယ္။ အဲဒါေၾကာင့္ သိပၸံနည္းအရ တစ္ပတ္ကို ေရဘယ္ႏွႀကိမ္ ခ်ိဳးသင့္လဲ ဆိုတာကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။

၁။ အသားအေရ

သင္က အဆီျပန္တတ္တဲ့ အသားအေရ ရွိသူဆိုရင္ ေရကို ေန႔စဥ္ ခ်ိဳးသင့္ပါတယ္။ အသားအေရက ထိလြယ္ရွလြယ္ဆိုရင္ တစ္ေန႔ကို ေရတစ္ႀကိမ္ထက္ပိုၿပီး မခ်ိဳးသင့္ပါဘူး။ ေရတစ္ႀကိမ္ထက္ ပိုခ်ိဳးရင္

အသားအေရ ေရာင္ရမ္းတာကို ႀကဳံေတြ႕လာရ ႏိုင္ပါတယ္။ အသားအေရ ေရာင္ရမ္းသူေတြကို တစ္ပတ္ ၂ ႀကိမ္ ၃ ႀကိမ္ေလာက္သာ ေရခ်ိဳးဖို႔ အေရျပားဆရာဝန္ေတြက အႀကံေပးၾကပါတယ္။

၂။ ဆံပင္

မနက္အိပ္ရာထၿပီးရင္ ေရခ်ိဳး၊ ေခါင္းေလွ်ာ္လိုက္တဲ့အခါ အရမ္းကို လန္းဆန္းသြားမွာပါ။ ဒါေပမယ့္ ေခါင္းကို ေန႔တိုင္းေလွ်ာ္စရာေတာ့ မလိုပါဘူး။

သင္က ဆံပင္ေကာက္သူ ဆိုရင္ ဆံေခြေလးေတြ ေရဓါတ္ရွိေနေအာင္လို႔ တစ္ပတ္တစ္ခါ ေခါင္းေလွ်ာ္ရင္ လုံေလာက္ေနပါၿပီ။

၃။ ကိုယ္လက္ေလ့က်င့္ခန္း

သင္က ကိုယ္လက္ေလ့က်င့္ခန္း အၿမဲလုပ္သူဆိုရင္ေတာ့ ေရကို ေန႔စဥ္ ခ်ိဳးသင့္ပါတယ္။ ေလ့က်င့္ခန္း လုပ္ၿပီးၿပီးခ်င္း ေရခ်ိဴးရင္ ဝက္ၿခံထြက္တာကို ကာကြယ္ေပးၿပီး

ကိုယ္ခံစားစနစ္ကိုလည္း တိုးတက္ေစပါတယ္။ ဓါတုပစၥည္းေတြနဲ႔ ေန႔စဥ္ထိေတြ႕ ေနရသူဆိုရင္လည္း ေန႔စဥ္ေရခ်ိဳး သင့္ပါတယ္။

၄။ ရာသီဥတု

ရာသီဥတုပူတဲ့အခါ တစ္ေန႔ႏွစ္ႀကိမ္ သို႔မဟုတ္ တစ္ေန႔တစ္ႀကိမ္ခန႔္ ေရခ်ိဳးတာက ဘာမွမျဖစ္ပါဘူး။

ဒါေပမယ့္ ရာသီဥတု ေအးတဲ့အခ်ိန္မွာ ေန႔တိုင္းေရခ်ိဳးစရာေတာ့ မလိုပါဘူး။ ေအးေနတာကို ေန႔တိုင္းေရခ်ိဳးရင္ အသားအေရ ပိုေျခာက္ေသြ႕လာမွာပါ။

ရေႏြးနဲ႔ အၿမဲခ်ိဳးရင္ ခႏၶာကိုယ္ အသားအေရအတြက္ မေကာင္းပါဘူး။ ေရေမႊးနံ႔မပါတဲ့ ေရခ်ိဳးဆပ္ျပာကိုသာ ေ႐ြးခ်ယ္သင့္ပါတယ္။

ေရခ်ိဳးတဲ့အခ်ိန္က အမ်ားဆုံး ၁၀ မိနစ္သာ ၾကာသင့္တယ္လို႔ အေရျပားဆရာဝန္ေတြက အႀကံေပးၾကပါတယ္။ ေရခ်ိဳးတဲ့အခါ ဆပ္ျပာကို မ်က္ႏွာ၊ ခ်ိဳင္းနဲ႔ private areas ေတြကိုသာ တိုက္သင့္ပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

သိပ္ပံနည်းအရ တစ်ပတ်ကို ရေဘယ်နှကြိမ်ချိုးသင့်လဲ…?

ရေချိုးတာက စိတ်ဖိစီးမှုကို အထိုက်အလျောက်တော့ လျော့ပါးစေပါတယ်။ တချို့က ရေကို စိမ်ပြေနပြေချိုးပြီး တချို့ကတော့ ခပ်မြန်မြန် ချိုးကြပါတယ်။ တချို့က ရေကို နေ့တိုင်းချိုးပြီး

တချို့ကတော့ တစ်ပတ်မှ ၂ ခါ၊ ၃ ခါလောက်ပဲ ချိုးကြပါတယ်။ အဲဒါကြောင့် သိပ္ပံနည်းအရ တစ်ပတ်ကို ရေဘယ်နှကြိမ် ချိုးသင့်လဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ အသားအရေ

သင်က အဆီပြန်တတ်တဲ့ အသားအရေ ရှိသူဆိုရင် ရေကို နေ့စဉ် ချိုးသင့်ပါတယ်။ အသားအရေက ထိလွယ်ရှလွယ်ဆိုရင် တစ်နေ့ကို ရေတစ်ကြိမ်ထက်ပိုပြီး မချိုးသင့်ပါဘူး။ ရေတစ်ကြိမ်ထက် ပိုချိုးရင်

အသားအရေ ရောင်ရမ်းတာကို ကြုံတွေ့လာရ နိုင်ပါတယ်။ အသားအရေ ရောင်ရမ်းသူတွေကို တစ်ပတ် ၂ ကြိမ် ၃ ကြိမ်လောက်သာ ရေချိုးဖို့ အရေပြားဆရာဝန်တွေက အကြံပေးကြပါတယ်။

၂။ ဆံပင်

မနက်အိပ်ရာထပြီးရင် ရေချိုး၊ ခေါင်းလျှော်လိုက်တဲ့အခါ အရမ်းကို လန်းဆန်းသွားမှာပါ။ ဒါပေမယ့် ခေါင်းကို နေ့တိုင်းလျှော်စရာတော့ မလိုပါဘူး။

သင်က ဆံပင်ကောက်သူ ဆိုရင် ဆံခွေလေးတွေ ရေဓါတ်ရှိနေအောင်လို့ တစ်ပတ်တစ်ခါ ခေါင်းလျှော်ရင် လုံလောက်နေပါပြီ။

၃။ ကိုယ်လက်လေ့ကျင့်ခန်း

သင်က ကိုယ်လက်လေ့ကျင့်ခန်း အမြဲလုပ်သူဆိုရင်တော့ ရေကို နေ့စဉ် ချိုးသင့်ပါတယ်။ လေ့ကျင့်ခန်း လုပ်ပြီးပြီးချင်း ရေချိူးရင် ဝက်ခြံထွက်တာကို ကာကွယ်ပေးပြီး

ကိုယ်ခံစားစနစ်ကိုလည်း တိုးတက်စေပါတယ်။ ဓါတုပစ္စည်းတွေနဲ့ နေ့စဉ်ထိတွေ့ နေရသူဆိုရင်လည်း နေ့စဉ်ရေချိုး သင့်ပါတယ်။

၄။ ရာသီဥတု

ရာသီဥတုပူတဲ့အခါ တစ်နေ့နှစ်ကြိမ် သို့မဟုတ် တစ်နေ့တစ်ကြိမ်ခန့် ရေချိုးတာက ဘာမှမဖြစ်ပါဘူး။

ဒါပေမယ့် ရာသီဥတု အေးတဲ့အချိန်မှာ နေ့တိုင်းရေချိုးစရာတော့ မလိုပါဘူး။ အေးနေတာကို နေ့တိုင်းရေချိုးရင် အသားအရေ ပိုခြောက်သွေ့လာမှာပါ။

ရနွေးနဲ့ အမြဲချိုးရင် ခန္ဓာကိုယ် အသားအရေအတွက် မကောင်းပါဘူး။ ရေမွှေးနံ့မပါတဲ့ ရေချိုးဆပ်ပြာကိုသာ ရွေးချယ်သင့်ပါတယ်။

ရေချိုးတဲ့အချိန်က အများဆုံး ၁၀ မိနစ်သာ ကြာသင့်တယ်လို့ အရေပြားဆရာဝန်တွေက အကြံပေးကြပါတယ်။ ရေချိုးတဲ့အခါ ဆပ်ပြာကို မျက်နှာ၊ ချိုင်းနဲ့ private areas တွေကိုသာ တိုက်သင့်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*