မိန္းမမ်ားက မွီခိုမဟုတ္ပါ… လူပိုလည္းမဟုတ္ရပါေနာ္

မိန္းမမ်ားက မွီခိုမဟုတ္ပါ... လူပိုလည္းမဟုတ္ရပါေနာ္
မိန္းမမ်ားက မွီခိုမဟုတ္ပါ... လူပိုလည္းမဟုတ္ရပါေနာ္

မိန္းမမ်ားက မွီခိုမဟုတ္ပါ… လူပိုလည္းမဟုတ္ရပါေနာ္

မနက္လင္းၿပီဆိုကတည္းက အေစာဆုံးထရတဲ့သူတို႔… အကုန္လုံးကို လိုက္ႏႈိးရတဲ့သူတို႔… နာရီေတြကမွ ဓာတ္ခဲကုန္ရင္ ရပ္ဦးမယ္။

သူတို႔ရဲ႕ ေမတၱာသံပတ္ကေတာ့ ဘယ္ေတာ့မွမကုန္။ ဘယ္ေတာ့မွ မရပ္ သက္ရွိ ႏႈိးစက္ေတြဟာ ဆယ့္ႏွစ္လ ရာသီ အိမ္တိုင္းမွာ ၾကည္ၾကည္သာသာ ျမည္လို႔။

ဗိုက္ကို အစာ ပူပူေႏြးေႏြး ဝင္သြားဖို႔ အေရး ထမင္းဘူးကိုယ္စီ ဖြယ္ဖြယ္ရာရာ ပါသြားဖို႔ အေရး… ဘယ္သူ ဘယ္အခ်ိန္ ဘာလုပ္ရမလဲ ဆိုတာ ကာယကံရွင္က ေမ့ခ်င္ ေမ့မယ္။ သူတို႔ေခါင္းထဲမွာေတာ့ အၿမဲ အစီအရီ၊ အၿမဲ ေျပးေျပးလႊားလႊား၊ အၿမဲ ဇယ္ဆက္သလို…။

အဝတ္ေတြ ျဖဴျဖဴေဖြးေဖြး ဝတ္ရဖို႔၊ တစ္အိမ္သားလုံး က်န္းက်န္းမာမာ ျဖစ္ဖို၊႔ စားသမွ် အာဟာရပါဖို႔၊ ေသာက္သမွ် အရသာရွိဖို႔၊ ေရမလာလို႔ မီးမလာလို႔ နာေရးသြားေမးဖို႔…

သာေရး သြားကူဖို႔ သူတို႔ဟာ သူတို႔ႏိုင္ငံေလးရဲ႕ သမၼတပဲ။ စီမံ ခန္႔ခြဲ စဥ္းစား ဆုံးျဖတ္ ဘယ္ဖက္ကမွ မလိုအပ္ခဲ့ၾကဘူး။

ဆရာဝန္ တစ္ေယာက္က ေဆးပဲ ကုတာ၊ ေက်ာင္းဆရာ တစ္ေယာက္က စာပဲ သင္တာ၊ စားဖိုမႈးတစ္ေယာက္က ဟင္းပဲ ခ်က္တာ သူတို႔ကေတာ့ အဲဒီ့ အလုပ္ေတြကို သူတို႔ အိမ သားေတြ အတြက္ အကုန္ လုပ္ၾကတာ။

ႂကြပ္ႂကြပ္အိပ္ လိုခ်င္ရင္ကအစ သားေရပင္ ဘယ္မွာ ရွိတယ္အဆုံး ေဆးပုလင္း ဘယ္လိုသိမ္းထားတယ္အစ ေသာ့ေတြ ဘယ္နား ထားမိတယ္အဆုံး သူတို႔ဟာ

သူတို႔အိမ္အတြက္ အၿမဲတိက်တဲ့ Google။ ဘာကို သိခ်င္ သိခ်င္ ဘာပစၥည္း ရွာခ်င္ ရွာခ်င္ သူတို႔ ကူမွ လိုရာေရာက္တယ္….သူတို႔ ပါမွ ကိစၥ ျပီးတာပဲ။

ဒီေလာက္ မ်ားတဲ့ အလုပ္ေတြ ဒီေလာက္ မ်ားတဲ့ တာဝန္ေတြကို ဘယ္လိုစိတ္ေတြနဲ႔ ႏွစ္ဆယ့္ေလးနာရီ လုပ္ၾက သလဲ ? ဘယ္လို အေၾကာင္းရင္းေတြနဲ႔ ႏွစ္ရွည္လမ်ား ျဖတ္သန္းၾကသလဲ ?

အေျဖကေတာ့ ႐ိုး႐ိုးေလးပါ… မိသားစုအေပၚ ထားတဲ့ သံေယာဇဥ္နဲ႔ အလိုအေလ်ာက္ ျဖစ္တည္လာတဲ့ မိခင္စိတ္ တစ္ခုတည္းေၾကာင့္ေပါ့။

အေကာင္းႀကိဳက္တတ္တဲ့ လူခ်င္း အတူတူ အ႐ိုးအရင္းပဲ စားၾကတာ။ ေလာဘရွိၾကတဲ့ စိတ္ခ်င္း အတူတူ ပိုလွ်ံမွပဲ သုံးစြဲၾကတာ။

အေသြးအသားနဲ႔ တည္ေဆာက္ထားတဲ့ ခႏၶာကိုယ္ခ်င္း အတူတူ ေနာက္ဆုံးၾကမွပဲ အိပ္စက္တတ္ၾကတာ။ ဒါ သိပ္ခ်စ္တတ္ၾကတဲ့ အမ်ိဳးေကာင္းသမီး မိခင္ ေတြပါပဲ။

သူတို႔ဟာ အိမ္ေထာင္စုဇယားမွာ မွီခိုပါ။ တကယ့္ တကယ္က်…. တစ္အိမ္သားလုံး တစ္မိသားစုလုံးဟာ သူတို႔ ေမတၱာအေပၚ မွီၿပီး သူတို႔ ေစတနာေပၚမွာ ခိုခဲ့ၾကဖူးတာ။ ခိုေနခဲ့ ၾကတာ။ ခိုေနၾကရဦးမွာပါ။

အေမျဖစ္လာမဲ့ /အေမျဖစ္ေနတဲ့ အမ်ိဳးသမီးေကာင္းမိခင္စစ္စစ္မ်ားအားလုံးကိုေလးစားလ်က္ပါ။Credit

Unicode

မိန်းမများက မှီခိုမဟုတ်ပါ… လူပိုလည်းမဟုတ်ရပါနော်

မနက်လင်းပြီဆိုကတည်းက အစောဆုံးထရတဲ့သူတို့… အကုန်လုံးကို လိုက်နှိုးရတဲ့သူတို့… နာရီတွေကမှ ဓာတ်ခဲကုန်ရင် ရပ်ဦးမယ်။

သူတို့ရဲ့ မေတ္တာသံပတ်ကတော့ ဘယ်တော့မှမကုန်။ ဘယ်တော့မှ မရပ် သက်ရှိ နှိုးစက်တွေဟာ ဆယ့်နှစ်လ ရာသီ အိမ်တိုင်းမှာ ကြည်ကြည်သာသာ မြည်လို့။

ဗိုက်ကို အစာ ပူပူနွေးနွေး ဝင်သွားဖို့ အရေး ထမင်းဘူးကိုယ်စီ ဖွယ်ဖွယ်ရာရာ ပါသွားဖို့ အရေး… ဘယ်သူ ဘယ်အချိန် ဘာလုပ်ရမလဲ ဆိုတာ ကာယကံရှင်က မေ့ချင် မေ့မယ်။ သူတို့ခေါင်းထဲမှာတော့ အမြဲ အစီအရီ၊ အမြဲ ပြေးပြေးလွှားလွှား၊ အမြဲ ဇယ်ဆက်သလို…။

အဝတ်တွေ ဖြူဖြူဖွေးဖွေး ဝတ်ရဖို့၊ တစ်အိမ်သားလုံး ကျန်းကျန်းမာမာ ဖြစ်ဖို၊့ စားသမျှ အာဟာရပါဖို့၊ သောက်သမျှ အရသာရှိဖို့၊ ရေမလာလို့ မီးမလာလို့ နာရေးသွားမေးဖို့…

သာရေး သွားကူဖို့ သူတို့ဟာ သူတို့နိုင်ငံလေးရဲ့ သမ္မတပဲ။ စီမံ ခန့်ခွဲ စဉ်းစား ဆုံးဖြတ် ဘယ်ဖက်ကမှ မလိုအပ်ခဲ့ကြဘူး။

ဆရာဝန် တစ်ယောက်က ဆေးပဲ ကုတာ၊ ကျောင်းဆရာ တစ်ယောက်က စာပဲ သင်တာ၊ စားဖိုမှုးတစ်ယောက်က ဟင်းပဲ ချက်တာ သူတို့ကတော့ အဲဒီ့ အလုပ်တွေကို သူတို့ အိမ သားတွေ အတွက် အကုန် လုပ်ကြတာ။

ကြွပ်ကြွပ်အိပ် လိုချင်ရင်ကအစ သားရေပင် ဘယ်မှာ ရှိတယ်အဆုံး ဆေးပုလင်း ဘယ်လိုသိမ်းထားတယ်အစ သော့တွေ ဘယ်နား ထားမိတယ်အဆုံး သူတို့ဟာ

သူတို့အိမ်အတွက် အမြဲတိကျတဲ့ Google။ ဘာကို သိချင် သိချင် ဘာပစ္စည်း ရှာချင် ရှာချင် သူတို့ ကူမှ လိုရာရောက်တယ်….သူတို့ ပါမှ ကိစ္စ ပြီးတာပဲ။

ဒီလောက် များတဲ့ အလုပ်တွေ ဒီလောက် များတဲ့ တာဝန်တွေကို ဘယ်လိုစိတ်တွေနဲ့ နှစ်ဆယ့်လေးနာရီ လုပ်ကြ သလဲ ? ဘယ်လို အကြောင်းရင်းတွေနဲ့ နှစ်ရှည်လများ ဖြတ်သန်းကြသလဲ ?

အဖြေကတော့ ရိုးရိုးလေးပါ… မိသားစုအပေါ် ထားတဲ့ သံယောဇဉ်နဲ့ အလိုအလျောက် ဖြစ်တည်လာတဲ့ မိခင်စိတ် တစ်ခုတည်းကြောင့်ပေါ့။

အကောင်းကြိုက်တတ်တဲ့ လူချင်း အတူတူ အရိုးအရင်းပဲ စားကြတာ။ လောဘရှိကြတဲ့ စိတ်ချင်း အတူတူ ပိုလျှံမှပဲ သုံးစွဲကြတာ။

အသွေးအသားနဲ့ တည်ဆောက်ထားတဲ့ ခန္ဓာကိုယ်ချင်း အတူတူ နောက်ဆုံးကြမှပဲ အိပ်စက်တတ်ကြတာ။ ဒါ သိပ်ချစ်တတ်ကြတဲ့ အမျိုးကောင်းသမီး မိခင် တွေပါပဲ။

သူတို့ဟာ အိမ်ထောင်စုဇယားမှာ မှီခိုပါ။ တကယ့် တကယ်ကျ…. တစ်အိမ်သားလုံး တစ်မိသားစုလုံးဟာ သူတို့ မေတ္တာအပေါ် မှီပြီး သူတို့ စေတနာပေါ်မှာ ခိုခဲ့ကြဖူးတာ။ ခိုနေခဲ့ ကြတာ။ ခိုနေကြရဦးမှာပါ။

အမေဖြစ်လာမဲ့ /အမေဖြစ်နေတဲ့ အမျိုးသမီးကောင်းမိခင်စစ်စစ်များအားလုံးကိုလေးစားလျက်ပါ။Credit

Be the first to comment

Leave a Reply

Your email address will not be published.


*