ဘ၀မွာ အေၾကာက္တရားနဲ႔ မရွင္သန္ပါနဲ႔
တခါတုန္းက ဘုရင္တပါးသည္ အလြန္လွပေသာ သိမ္းငွက္ ႏွစ္ေကာင္ကို လက္ေဆာင္ ရရွိခဲ့သည္။ သိမ္းငွက္မ်ားကို ေလ့က်င့္ေပးတဲ့ဆရာ လက္ထဲအပ္လိုက္ရာ တေကာင္မွာ နန္းေတာ္ထက္ ေကာင္းကင္တြင္ လွပစြာ ပ်ံဝဲႏိုင္လာသည္။ သို႔ေသာ္ ေနာက္တေကာင္မွာ မူလက
တင္ထားေပးသည့္ အကိုင္းႀကီး တကိုင္းမွာပင္ နားေနၿပီး ပ်ံသန္းႏိုင္ျခင္း လုံးဝ မရွိေပ။ ဘုရင္ႀကီးမွာ ပို၍ ေတာ္ေသာ ေလ့က်င့္ ေပးႏိုင္သူမ်ား၊ ေဆးဆရာမ်ားကို ေခၚယူၿပီး ၎ငွက္ကို ပ်ံသန္းႏိုင္ေအာင္ ျပဳလုပ္ေစေသာ္လည္း မေအာင္ျမင္ေပ။
ဘုရင္ႀကီးက အလြန္ေတာ္ေသာ မႉးႀကီးမတ္ႀကီးမ်ားကို တိုင္ပင္ၿပီး အႀကံဉာဏ္ ယူ၍ အမ်ိဳးမ်ိဳးႀကိဳးစားေသာ္လည္း မေအာင္ျမင္ေပ။
နံနက္တိုင္း ေမွ်ာ္လင့္ခ်က္ျဖင့္ ျပတင္းေပါက္ကို ဖြင့္ၾကည့္လိုက္တိုင္း သစ္ကိုင္းေပၚတြင္ ပ်ံသန္းမႈ လုံးဝ မရွိဘဲ ငူငူႀကီး နားေနေသာ သိမ္းငွက္ကိုသာ ေတြ႕ေနရသည္။
ေနာက္ဆုံး ဘုရင္ႀကီးက သူ၏ အမတ္ တဦးကို ေခၚၿပီး ေက်းလက္ ေတာ႐ြာ တ႐ြာမွ သဘာဝႏွင့္ နီးစပ္ေသာ သာမန္ ႐ြာသား တဦးကို ေခၚလာခိုင္း လိုက္သည္။
ထို႔ေနာက္ ထို႐ြာသားကို မပ်ံသန္းႏိုင္ေသာ သိန္းငွက္အား ေလ့က်င့္ခိုင္းလိုက္သည္။ေနာက္တေန႔ နံနက္ ေရာက္ေသာ္ ဘုရင္ႀကီးမွာ ထုံးစံအတိုင္း ျပတင္းေပါက္မွ
လွမ္းၾကည့္လိုက္ရာ နန္းေတာ္၏ အထက္တြင္ လွပစြာ ပ်ံသန္းေနေသာ သိမ္းငွက္ကို အံ့ၾသဖြယ္ ေတြ႕လိုက္ရ၍ ဝမ္းသာသြားသည္။ ထိုေၾကာင့္ ထို႐ြာသားကို ေရွ႕ေတာ္ သြင္းေစၿပီး သိမ္းငွက္ကို
မည္သို႔ မည္ပုံ ပ်ံသန္းႏိုင္ေအာင္ လုပ္ေပးခဲ့သလဲ ဆိုတာ ေခၚယူၿပီးေမးျမန္းသည္။ ႐ြာသားက ေလွ်ာက္တင္သည္။ တကယ္ေတာ့ သိမ္းငွက္ကို ပ်ံေအာင္ လုပ္ရတာ ေတာ္ေတာ္ လြယ္ပါတယ္။
ကြၽန္ေတာ္မ်ိဳးက သိမ္းငွက္ နားေနတဲ့ အကိုင္းကို ဓားနဲ႔ ခုတ္ျပစ္လိုက္တာနဲ႔ ထပ်ံေတာ့တာ ပါဘဲ။ မွန္ပါေပသည္။ သိမ္းငွက္ကဲ့သို႔ပင္ လူသားမ်ားသည္လည္း မိမိတို႔ႏွင့္ (familiar) အကြၽမ္းတဝင္ ျဖစ္ၿပီးေသာ အရာမ်ားကို
အလြယ္တကူ လက္မလႊတ္ ခ်င္ၾက။ အထူးသျဖင့္ သက္ေတာင့္သက္သာ ရွိေသာ အေျခအေနမ်ိဳး၊ ေနရာမ်ိဳး (comfort zone) ကို ဆိုလ်င္ ပို၍ပင္ လက္မလႊတ္လိုၾက။
အမွန္တြင္ လူတဦး၏ လုပ္ကိုင္ႏိုင္စြမ္းမွာ အကန႔္အသတ္ မရွိ၊ ကန႔္သတ္၍ မရေပ။ လြတ္လပ္စြာ ပ်ံသန္းႏိုင္သည့္ သိမ္းငွက္ တေကာင္ကဲ့သို႔ ျဖစ္သည္ဆိုလ်င္ မမွားႏိုင္ေပ။
ထို႔ေၾကာင့္ ၾကႇန်ဳပ်တို႔ မွီခို တြယ္ဖက္ထားေသာ သစ္ကိုင္းကဲ့သို႔ေသာ အေၾကာက္တရားမ်ားကို ခုတ္ဖယ္ပစ္ၿပီး အျမင့္ဆုံးေရာက္ေအာင္ ပ်ံသန္းလိုက္ၾကပါစို႔။
Crd
Unicode
ဘဝမှာ အကြောက်တရားနဲ့ မရှင်သန်ပါနဲ့
တခါတုန်းက ဘုရင်တပါးသည် အလွန်လှပသော သိမ်းငှက် နှစ်ကောင်ကို လက်ဆောင် ရရှိခဲ့သည်။ သိမ်းငှက်များကို လေ့ကျင့်ပေးတဲ့ဆရာ လက်ထဲအပ်လိုက်ရာ တကောင်မှာ နန်းတော်ထက် ကောင်းကင်တွင် လှပစွာ ပျံဝဲနိုင်လာသည်။ သို့သော် နောက်တကောင်မှာ မူလက
တင်ထားပေးသည့် အကိုင်းကြီး တကိုင်းမှာပင် နားနေပြီး ပျံသန်းနိုင်ခြင်း လုံးဝ မရှိပေ။ ဘုရင်ကြီးမှာ ပို၍ တော်သော လေ့ကျင့် ပေးနိုင်သူများ၊ ဆေးဆရာများကို ခေါ်ယူပြီး ၎င်းငှက်ကို ပျံသန်းနိုင်အောင် ပြုလုပ်စေသော်လည်း မအောင်မြင်ပေ။
ဘုရင်ကြီးက အလွန်တော်သော မှူးကြီးမတ်ကြီးများကို တိုင်ပင်ပြီး အကြံဉာဏ် ယူ၍ အမျိုးမျိုးကြိုးစားသော်လည်း မအောင်မြင်ပေ။
နံနက်တိုင်း မျှော်လင့်ချက်ဖြင့် ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်တိုင်း သစ်ကိုင်းပေါ်တွင် ပျံသန်းမှု လုံးဝ မရှိဘဲ ငူငူကြီး နားနေသော သိမ်းငှက်ကိုသာ တွေ့နေရသည်။
နောက်ဆုံး ဘုရင်ကြီးက သူ၏ အမတ် တဦးကို ခေါ်ပြီး ကျေးလက် တောရွာ တရွာမှ သဘာဝနှင့် နီးစပ်သော သာမန် ရွာသား တဦးကို ခေါ်လာခိုင်း လိုက်သည်။
ထို့နောက် ထိုရွာသားကို မပျံသန်းနိုင်သော သိန်းငှက်အား လေ့ကျင့်ခိုင်းလိုက်သည်။နောက်တနေ့ နံနက် ရောက်သော် ဘုရင်ကြီးမှာ ထုံးစံအတိုင်း ပြတင်းပေါက်မှ
လှမ်းကြည့်လိုက်ရာ နန်းတော်၏ အထက်တွင် လှပစွာ ပျံသန်းနေသော သိမ်းငှက်ကို အံ့သြဖွယ် တွေ့လိုက်ရ၍ ဝမ်းသာသွားသည်။ ထိုကြောင့် ထိုရွာသားကို ရှေ့တော် သွင်းစေပြီး သိမ်းငှက်ကို
မည်သို့ မည်ပုံ ပျံသန်းနိုင်အောင် လုပ်ပေးခဲ့သလဲ ဆိုတာ ခေါ်ယူပြီးမေးမြန်းသည်။ ရွာသားက လျှောက်တင်သည်။ တကယ်တော့ သိမ်းငှက်ကို ပျံအောင် လုပ်ရတာ တော်တော် လွယ်ပါတယ်။
ကျွန်တော်မျိုးက သိမ်းငှက် နားနေတဲ့ အကိုင်းကို ဓားနဲ့ ခုတ်ပြစ်လိုက်တာနဲ့ ထပျံတော့တာ ပါဘဲ။ မှန်ပါပေသည်။ သိမ်းငှက်ကဲ့သို့ပင် လူသားများသည်လည်း မိမိတို့နှင့် (familiar) အကျွမ်းတဝင် ဖြစ်ပြီးသော အရာများကို
အလွယ်တကူ လက်မလွှတ် ချင်ကြ။ အထူးသဖြင့် သက်တောင့်သက်သာ ရှိသော အခြေအနေမျိုး၊ နေရာမျိုး (comfort zone) ကို ဆိုလျင် ပို၍ပင် လက်မလွှတ်လိုကြ။
အမှန်တွင် လူတဦး၏ လုပ်ကိုင်နိုင်စွမ်းမှာ အကန့်အသတ် မရှိ၊ ကန့်သတ်၍ မရပေ။ လွတ်လပ်စွာ ပျံသန်းနိုင်သည့် သိမ်းငှက် တကောင်ကဲ့သို့ ဖြစ်သည်ဆိုလျင် မမှားနိုင်ပေ။
ထို့ကြောင့် ကြှနျုပျတို့ မှီခို တွယ်ဖက်ထားသော သစ်ကိုင်းကဲ့သို့သော အကြောက်တရားများကို ခုတ်ဖယ်ပစ်ပြီး အမြင့်ဆုံးရောက်အောင် ပျံသန်းလိုက်ကြပါစို့။
Crd
Leave a Reply