သတိမျပဳမိဘဲ လႊင့္ပစ္ေနတဲ့ စပါလင္အေပၚပိုင္း႐ြက္မ်ား၏ အသုံး၀င္ပုံႏွင့္ ေဆးဘက္၀င္ပုံမ်ား

သတိမျပဳမိဘဲ လႊင့္ပစ္ေနတဲ့ စပါလင္အေပၚပိုင္း႐ြက္မ်ား၏ အသုံး၀င္ပုံႏွင့္ ေဆးဘက္၀င္ပုံမ်ား
သတိမျပဳမိဘဲ လႊင့္ပစ္ေနတဲ့ စပါလင္အေပၚပိုင္း႐ြက္မ်ား၏ အသုံး၀င္ပုံႏွင့္ ေဆးဘက္၀င္ပုံမ်ား

သတိမျပဳမိဘဲ လႊင့္ပစ္ေနတဲ့ စပါလင္အေပၚပိုင္း႐ြက္မ်ား၏ အသုံး၀င္ပုံႏွင့္ ေဆးဘက္၀င္ပုံမ်ား

စပါးလင္ႏွင့္ ပတ္သက္၍ လိုအပ္သလို အသုံးျပဳႏိုင္ရန္ ေဖာ္ျပ လိုက္ပါသည္။

၁။ ဝမ္းဗိုက္ နာက်င္ေအာင့္ျခင္းျဖစ္လွ်င္ အ႐ြက္ကို ေရေႏြးျဖင့္ ႀကိဳေသာက္က ေပ်ာက္၏။

၂။ ေျခလက္ လႈပ္ရွားမရပါက အ႐ြက္ သတၱဳရည္ကို လိမ္းေပးပါက ေပ်ာက္၏။

၃။ အဖ်ား ေရာဂါႏွင့္ ႏွာေစး ေခ်ာင္းဆိုးေရာဂါမ်ား အတြက္ အ႐ြက္ ၁ဝက်ပ္သား၊ ေရ ၄ဝ က်ပ္သား ထည့္ၿပီးေနာက္ ၁ဝ က်ပ္သား က်န္ေအာင္ ႀကိဳၿပီးေသာက္က ေပ်ာက္၏။

၄။ အဆစ္အျမစ္ ေရာင္ပါက အဆီကို လိမ္းေပးပါက ေပ်ာက္ကင္းေစပါသည္။

၅။ ဆံပင္ကြၽတ္ ေခါင္းေျပာင္ သူမ်ား စပါးလင္ဆီ ေန႔တိုင္းလိမ္း ေပးပါက ဆံပင္မ်ားျပန္ေပါက္ပါ သည္။

၆။ အေရျပားေရာဂါ ဝဲနာ၊ ယားနာ၊ ေပြးနာမ်ားေပၚသို႔ စပါးလင္ အဆီ လိမ္းေပးျခင္းျဖင့္ ေပ်ာက္ကင္း ေစပါသည္။

ေခါင္းမူး ေခါင္းကိုက္ ေခါင္းမၾကည္ျခင္းအတြက္ “ေဆးဖက္ဝင္ စပါးလင္ ေရေႏြးၾကမ္း”

ဟင္းခ်က္ရာမွာ ထည့္သုံးဖို႔ စပါးလင္ကို ေဈးက ဝယ္လာၿပီးေသာအခါ အေပၚပိုင္းကို ျဖတ္ၿပီး လႊင့္ျပစ္ လိုက္တတ္ၾကတာ အမ်ားစုပါ။

ေနာက္ဆို မလႊတ္ျပစ္ပဲ ဒီလိုေလး စမ္းၾကည့္ပါ။ ျဖတ္ထားတဲ့ အေပၚပိုင္းကို ရေေသခ်ာေဆး ေခါက္တုတ္ေလး စုၿပီး ခ်ည္လိုက္ပါ။

ေရေႏြး ပြက္ပြက္ဆူတစ္အိုးထဲ ပုံမွန္အတိုင္း လက္ဖက္ေျခာက္ ခပ္ၿပီးရင္ ခ်ည္ထားတဲ့ စပါးလင္ကို ထည့္ပါ။

ေရေႏြးတစ္အိုးဆိုရင္ စပါးလင္ တစ္ေခ်ာင္းဆို လုံေလာက္တယ္။ ဒီထက္ပိုထည့္တာကို ႀကိဳက္လဲ ပိုထည့္ေပါ့။

လက္ဖက္ေျခာက္ က်ၿပီဆိုရင္ ေရေႏြးပူပူေလးကို မႈတ္ၿပီးေသာက္။ စပါးလင္နံ႔ ေမႊးေမႊးေလးနဲ႔ ခံတြင္းလဲ ရွင္းတယ္။

ေတာ္ယုံ ေခါင္းမူး ေခါင္းကိုက္ စိတ္မၾကည္လင္တာေတြလဲ ေပ်ာက္တယ္။ ကြၽန္ေတာ္ေတာ့ သိပ္ႀကိဳက္တယ္။ မၾကာခဏ လုပ္ေသာက္ျဖစ္တယ္။

အဲ့လိုပဲ စပါးလင္ေနရာမွာ ကြမ္း႐ြက္ေတြ ကြမ္း႐ိုးေတြကို ေသခ်ာေရေဆးၿပီး ခပ္ေသာက္ၾကည့္… အဲ့ဒါေလးလဲ တစ္မ်ိဳးေသာက္ေကာင္းတယ္။

အားလုံးပဲ က်န္းမာ႐ႊင္လန္းၾကပါေစ။ သင္ဆရာ ျမင္ဆရာ ၾကားဆရာမ်ားအားလုံး အားလုံးအား ေလးစားလွ်က္ပါ။ မူရင္းခရက္ဒစ္

Unicode

သတိမပြုမိဘဲ လွှင့်ပစ်နေတဲ့ စပါလင်အပေါ်ပိုင်းရွက်များ၏ အသုံးဝင်ပုံနှင့် ဆေးဘက်ဝင်ပုံများ

စပါးလင်နှင့် ပတ်သက်၍ လိုအပ်သလို အသုံးပြုနိုင်ရန် ဖော်ပြ လိုက်ပါသည်။

၁။ ဝမ်းဗိုက် နာကျင်အောင့်ခြင်းဖြစ်လျှင် အရွက်ကို ရေနွေးဖြင့် ကြိုသောက်က ပျောက်၏။

၂။ ခြေလက် လှုပ်ရှားမရပါက အရွက် သတ္တုရည်ကို လိမ်းပေးပါက ပျောက်၏။

၃။ အဖျား ရောဂါနှင့် နှာစေး ချောင်းဆိုးရောဂါများ အတွက် အရွက် ၁ဝကျပ်သား၊ ရေ ၄ဝ ကျပ်သား ထည့်ပြီးနောက် ၁ဝ ကျပ်သား ကျန်အောင် ကြိုပြီးသောက်က ပျောက်၏။

၄။ အဆစ်အမြစ် ရောင်ပါက အဆီကို လိမ်းပေးပါက ပျောက်ကင်းစေပါသည်။

၅။ ဆံပင်ကျွတ် ခေါင်းပြောင် သူများ စပါးလင်ဆီ နေ့တိုင်းလိမ်း ပေးပါက ဆံပင်များပြန်ပေါက်ပါ သည်။

၆။ အရေပြားရောဂါ ဝဲနာ၊ ယားနာ၊ ပွေးနာများပေါ်သို့ စပါးလင် အဆီ လိမ်းပေးခြင်းဖြင့် ပျောက်ကင်း စေပါသည်။

ခေါင်းမူး ခေါင်းကိုက် ခေါင်းမကြည်ခြင်းအတွက် “ဆေးဖက်ဝင် စပါးလင် ရေနွေးကြမ်း”

ဟင်းချက်ရာမှာ ထည့်သုံးဖို့ စပါးလင်ကို ဈေးက ဝယ်လာပြီးသောအခါ အပေါ်ပိုင်းကို ဖြတ်ပြီး လွှင့်ပြစ် လိုက်တတ်ကြတာ အများစုပါ။

နောက်ဆို မလွှတ်ပြစ်ပဲ ဒီလိုလေး စမ်းကြည့်ပါ။ ဖြတ်ထားတဲ့ အပေါ်ပိုင်းကို ရေသေချာဆေး ခေါက်တုတ်လေး စုပြီး ချည်လိုက်ပါ။

ရေနွေး ပွက်ပွက်ဆူတစ်အိုးထဲ ပုံမှန်အတိုင်း လက်ဖက်ခြောက် ခပ်ပြီးရင် ချည်ထားတဲ့ စပါးလင်ကို ထည့်ပါ။

ရေနွေးတစ်အိုးဆိုရင် စပါးလင် တစ်ချောင်းဆို လုံလောက်တယ်။ ဒီထက်ပိုထည့်တာကို ကြိုက်လဲ ပိုထည့်ပေါ့။

လက်ဖက်ခြောက် ကျပြီဆိုရင် ရေနွေးပူပူလေးကို မှုတ်ပြီးသောက်။ စပါးလင်နံ့ မွှေးမွှေးလေးနဲ့ ခံတွင်းလဲ ရှင်းတယ်။

တော်ယုံ ခေါင်းမူး ခေါင်းကိုက် စိတ်မကြည်လင်တာတွေလဲ ပျောက်တယ်။ ကျွန်တော်တော့ သိပ်ကြိုက်တယ်။ မကြာခဏ လုပ်သောက်ဖြစ်တယ်။

အဲ့လိုပဲ စပါးလင်နေရာမှာ ကွမ်းရွက်တွေ ကွမ်းရိုးတွေကို သေချာရေဆေးပြီး ခပ်သောက်ကြည့်… အဲ့ဒါလေးလဲ တစ်မျိုးသောက်ကောင်းတယ်။

အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေ။ သင်ဆရာ မြင်ဆရာ ကြားဆရာများအားလုံး အားလုံးအား လေးစားလျှက်ပါ။ မူရင်းခရက်ဒစ်

Be the first to comment

Leave a Reply

Your email address will not be published.


*