ႏွစ္ေပါင္း ၃၀ ၾကာ ေဆးလိပ္ေသာက္ခဲ့သူရဲ႕ အဆုတ္ပံုစံတဲ့ေနာ္

ႏွစ္ေပါင္း ၃၀ ၾကာ ေဆးလိပ္ေသာက္ခဲ့သူရဲ႕ အဆုတ္ပံုစံတဲ့ေနာ္
ႏွစ္ေပါင္း ၃၀ ၾကာ ေဆးလိပ္ေသာက္ခဲ့သူရဲ႕ အဆုတ္ပံုစံတဲ့ေနာ္

ႏွစ္ေပါင္း ၃၀ ၾကာ ေဆးလိပ္ေသာက္ခဲ့သူရဲ႕ အဆုတ္ပံုစံတဲ့ေနာ္

အခုေဖာ္ျပမယ့္ အျဖစ္အပ်က္ကေတာ့ လြန္ခဲ့တဲ့ ႏွစ္က ျဖစ္ခဲ့တာပါ။ ဒါေပမဲ့ ႐ိုးမသြားတဲ့အေၾကာင္းအရာမို႔ ေဆးလိပ္ေသာက္တတ္သူတိုင္းရဲ႕ က်န္းမာေရးအတြက္ ရည္႐ြယ္ၿပီး ေဖာ္ျပေပးခ်င္ပါတယ္။

ေဆးလိပ္ေသာက္ ျခင္းဟာ ႏွလုံးနဲ႔ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြကို ျဖစ္ေစတယ္ဆိုတာ သိၿပီး ျဖစ္မွာပါ။

ဒါ့ျပင္ ေဆးလိပ္ေသာက္သူ တစ္ဦးအေနနဲ႔ COVID-19 ကူးစက္ခံခဲ့ရမယ္ ဆိုရင္ ျပင္းထန္တဲ့ ေရာဂါလကၡဏာနဲ႔ ပိုမိုဆိုး႐ြားတဲ့ က်န္းမာေရး အေျခအေနကို ခံစားရဖြယ္ ရွိပါတယ္။

ၿပီးခဲ့တဲ့ႏွစ္တုန္းက တ႐ုတ္ႏိုင္ငံ၊ Wuxi People ေဆး႐ုံက ဆရာဝန္ေတြဟာ အဆုတ္ေရာဂါနဲ႔ ေသဆုံးသြားခဲ့တဲ့ အသက္ ၅၂ ႏွစ္အ႐ြယ္ အမ်ိဳးသားႀကီးတစ္ဦးရဲ႕ ကိုယ္တြင္းအဂၤါေတြကို ထုတ္ယူ ခဲ့ၾကပါတယ္။

အဲဒီလူနာဟာ သူေသဆုံးသြားတဲ့အခါ သူ႔ရဲ႕ ကိုယ္တြင္းအဂၤါေတြကို လႉဒါန္းဖို႔ သေဘာတူလက္မွတ္ ေရးထိုးထားသူပါ။

အဲဒီ ခြဲစိတ္မႈကို ဦးေဆာင္ျပဳလုပ္ခဲ့တဲ့ အဆုတ္အစားထိုး ခြဲစိတ္အထူးကုတစ္ဦးျဖစ္သူ Dr Chen ရဲ႕အဆိုအရ လူနာ မဆုံးခင္က CT scan မဖတ္လိုက္ရေၾကာင္း၊ ေသဆုံးၿပီးတဲ့အခါ အဆုတ္ကို ထုတ္ယူၾကည့္ခ်ိန္မွာေတာ့ အဲဒီ ကိုယ္တြင္း အဂၤါေတြကို ျပန္သုံးလို႔ မရေတာ့ေၾကာင္းကို သိရွိ ရပါတယ္။

အဆိုပါ အမ်ိဳးသားဟာ အသက္ ရွိစဥ္က ႏွစ္ေပါင္း ၃၀ ေလာက္ ေဆးလိပ္ အရမ္းေသာက္ခဲ့သူလို႔လည္း သိရ ပါတယ္။ သူ႔ရဲ႕အဆုတ္ဟာ ပုံမွန္ ရွိရမယ့္ ပန္းေရာင္သန္းသန္းအစား မီးေသြးလို မဲနက္ေနၿပီး မီးခိုးမႈိင္းေတြ ကပ္ေနတဲ့ ပုံစံမ်ိဳး ျဖစ္ေနခဲ့တာပါ။

ဒါ့ျပင္ Dr Chen က သူတို႔ႏိုင္ငံက ေဆးလိပ္ေသာက္သူ အေတာ္မ်ားမ်ားဟာ အဲဒီလို အဆုတ္ပုံစံမ်ိဳး ရွိၾကတယ္ လို႔လည္း ဆိုပါတယ္။

အဲဒါေၾကာင့္ ေဆးလိပ္ အရမ္းေသာက္သူ တစ္စုံတစ္ေယာက္ရဲ႕ အဆုတ္ကို ေသဆုံးၿပီးခ်ိန္မွာ လႉမယ္ဆိုရင္ေတာင္ အသုံးျပဳဖို ႔မျဖစ္ႏိုင္ေတာ့ပါဘူး။

ခြဲထုတ္ထားတဲ့ အဲဒီ အဆုတ္ပုံကို မွတ္တမ္းတင္ ႐ိုက္ကူးထားတဲ့ ဗီဒီယိုဟာ ဆိုရွယ္မီဒီယာေပၚမွာ အေတာ္ေလး ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။

ဆိုရွယ္မီဒီယာ သုံးစြဲသူတခ်ိဳ႕ကဆိုရင္ “ေဆးလိပ္မေသာက္ဖို႔အတြက္ အေကာင္းဆုံးေၾကာ္ျငာ” လို႔တင္စားၿပီး မွ်ေဝ ခဲ့ၾကပါတယ္။Crd

Unicode

နှစ်ပေါင်း ၃၀ ကြာ ဆေးလိပ်သောက်ခဲ့သူရဲ့ အဆုတ်ပုံစံတဲ့နော်

အခုဖော်ပြမယ့် အဖြစ်အပျက်ကတော့ လွန်ခဲ့တဲ့ နှစ်က ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ရိုးမသွားတဲ့အကြောင်းအရာမို့ ဆေးလိပ်သောက်တတ်သူတိုင်းရဲ့ ကျန်းမာရေးအတွက် ရည်ရွယ်ပြီး ဖော်ပြပေးချင်ပါတယ်။

ဆေးလိပ်သောက် ခြင်းဟာ နှလုံးနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဖြစ်စေတယ်ဆိုတာ သိပြီး ဖြစ်မှာပါ။

ဒါ့ပြင် ဆေးလိပ်သောက်သူ တစ်ဦးအနေနဲ့ COVID-19 ကူးစက်ခံခဲ့ရမယ် ဆိုရင် ပြင်းထန်တဲ့ ရောဂါလက္ခဏာနဲ့ ပိုမိုဆိုးရွားတဲ့ ကျန်းမာရေး အခြေအနေကို ခံစားရဖွယ် ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက တရုတ်နိုင်ငံ၊ Wuxi People ဆေးရုံက ဆရာဝန်တွေဟာ အဆုတ်ရောဂါနဲ့ သေဆုံးသွားခဲ့တဲ့ အသက် ၅၂ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထုတ်ယူ ခဲ့ကြပါတယ်။

အဲဒီလူနာဟာ သူသေဆုံးသွားတဲ့အခါ သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေကို လှူဒါန်းဖို့ သဘောတူလက်မှတ် ရေးထိုးထားသူပါ။

အဲဒီ ခွဲစိတ်မှုကို ဦးဆောင်ပြုလုပ်ခဲ့တဲ့ အဆုတ်အစားထိုး ခွဲစိတ်အထူးကုတစ်ဦးဖြစ်သူ Dr Chen ရဲ့အဆိုအရ လူနာ မဆုံးခင်က CT scan မဖတ်လိုက်ရကြောင်း၊ သေဆုံးပြီးတဲ့အခါ အဆုတ်ကို ထုတ်ယူကြည့်ချိန်မှာတော့ အဲဒီ ကိုယ်တွင်း အင်္ဂါတွေကို ပြန်သုံးလို့ မရတော့ကြောင်းကို သိရှိ ရပါတယ်။

အဆိုပါ အမျိုးသားဟာ အသက် ရှိစဉ်က နှစ်ပေါင်း ၃၀ လောက် ဆေးလိပ် အရမ်းသောက်ခဲ့သူလို့လည်း သိရ ပါတယ်။ သူ့ရဲ့အဆုတ်ဟာ ပုံမှန် ရှိရမယ့် ပန်းရောင်သန်းသန်းအစား မီးသွေးလို မဲနက်နေပြီး မီးခိုးမှိုင်းတွေ ကပ်နေတဲ့ ပုံစံမျိုး ဖြစ်နေခဲ့တာပါ။

ဒါ့ပြင် Dr Chen က သူတို့နိုင်ငံက ဆေးလိပ်သောက်သူ အတော်များများဟာ အဲဒီလို အဆုတ်ပုံစံမျိုး ရှိကြတယ် လို့လည်း ဆိုပါတယ်။

အဲဒါကြောင့် ဆေးလိပ် အရမ်းသောက်သူ တစ်စုံတစ်ယောက်ရဲ့ အဆုတ်ကို သေဆုံးပြီးချိန်မှာ လှူမယ်ဆိုရင်တောင် အသုံးပြုဖို့မဖြစ်နိုင်တော့ပါဘူး။

ခွဲထုတ်ထားတဲ့ အဲဒီ အဆုတ်ပုံကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ ဗီဒီယိုဟာ ဆိုရှယ်မီဒီယာပေါ်မှာ အတော်လေး ပျံ့နှံ့သွားခဲ့ပါတယ်။

ဆိုရှယ်မီဒီယာ သုံးစွဲသူတချို့ကဆိုရင် “ဆေးလိပ်မသောက်ဖို့အတွက် အကောင်းဆုံးကြော်ငြာ” လို့တင်စားပြီး မျှဝေ ခဲ့ကြပါတယ်။Crd

Be the first to comment

Leave a Reply

Your email address will not be published.


*