











Unicode

မန်ဂျန်ရှား ပျိုးပင် ပျိုးနည်း

ဦးစွာ မျိုးစေ့ များကို မပြုတ်မီ ပျိုးအိတ်များကို ပျိုးဘောင် ထဲတွင် စီထည့်ပြီး ရေ (၃)ရက် မှ (၅) ရက် အထိ ဆက်တိုက် ရေဝအောင် လောင်း ပေးပါ။

ရေလောင်းရခြင်း မှာ ပျိုးအိတ်မြေတွင် ပါဝင်သည့် နွားချေး အပူ လှပ်သွားအောင် (အပူငွေ့ကုန်အောင်) ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

မျိုးစေ့ ကို (၃) ရက် ခန့် ဆက်တိုက် ကြို တင် နေလှန်းထားပါ။ နေလှမ်းရခြင်းမှာ မျိုးစေ့ အဆံနှင့် အခွံ ကပ် မနေပဲ ကွာသွားအောင် ဆောင်ရွက်ခြင်း ဖြစ်ပါ သည်။

မျိုးစေ့ များ ကို ဦးစွာ ပွက်ပွက် ဆူ သော ရေနွေး ထဲတွင် (၃) မိနစ် တိတိ ပြုတ် ပါ။ ပြီးရင် ရေအေး ထဲတွင် ၁ နာရီ ထက် မနည်းစေပဲ ရေ စိမ် ပါ။

ပြီးလျှင် ဆယ်ယူပြီး ရေ စုတ်ယူနိုင်သည့် အဝတ်စပေါ်တွင် ဖြန့်ပြီး အခြောက်ခံ ပါ။

ခြောက်သွားသည့် မျိုးစေ့ များ ကို ပျိုး အိတ် ထဲရှိ မြေထဲ သို့ (ဝ.၃၅) လက်မ တစ်လက်မ၏ (၃ပုံ တစ်ပုံ ခန့်) မြုပ် ထား ပေးပါ။

မျိုးစေ့ များ မြှပ် ပြီး လျှင် ရေေ လာင်းပါ။ ရေလောင်း ရာတွင် သတိပြုရမည်က ရေနှပ်ပြီးသား ဖြစ်၍ ခပ်ပါးပါး စို ရုံ လေးသာ လောင်းပေးပါ။

တနေ့လျှင် အများဆုံး နံ နက် တစ် ကြိမ်၊ ည နေ တစ်ကြိမ် သာ နေ့ စဉ် မှန်မှန် လောင်းပေးပါ။

Credit ကိုဝေယံဦး (ဝမ်းတွင်းမြို့)

Be the first to comment

Leave a Reply

Your email address will not be published.


*