အသက္ႀကီးလာလွ်င္ အခါးစားဖို႔… ဘာေၾကာင့္လိုအပ္လဲ

အသက္ႀကီးလာလွ်င္ အခါးစားဖို႔... ဘာေၾကာင့္လိုအပ္လဲ
အသက္ႀကီးလာလွ်င္ အခါးစားဖို႔... ဘာေၾကာင့္လိုအပ္လဲ

အသက္ႀကီးလာလွ်င္ အခါးစားဖို႔… ဘာေၾကာင့္လိုအပ္လဲ

လူတို႔တြင္ အားႏွစ္မ်ိဳး လိုအပ္သည္။ အသက္ရွည္ရန္ အတြက္ အားရွိဖို႔ လိုသည္။ ထိုအား ႏွစ္မ်ိဳးမွာ ”ေသြးအား” ႏွင့္ ”ေလအား” တို႔ ျဖစ္သည္။ ဓာတ္သေဘာ အားျဖင့္ဆို လွ်င္ ေသြးသည္

အာေပါ ဓာတ္ျဖစ္ၿပီး ေလသည္ ဝါေယာ ဓာတ္ျဖစ္သည္။ ဆန႔္က်င္ဘက္ ဓာတ္ႏွစ္မ်ိဳး ျဖစ္သည္။ သို႔ေသာ္ ထို ဆန႔္ က်င္ဘက္ႏွစ္မ်ိဳး ေပါင္းစပ္ကာ ေသြးဟူေသာ အာေပါ ဓာတ္ကို ခႏၶာကိုယ္ အႏွံ႔သို႔ ေရာက္ေအာင္ ဝါေယာဓာတ္ က တြန္းပို႔လ်က္ ရွိေပသည္။

ဆန႔္က်င္ ဘက္ႏွစ္ခု ေပါင္းလွ်င္ အက်ိဳး ရွိသည္ကို ခႏၶာ ကိုယ္တြင္းက သက္ေသျပလ်က္ ရွိေပသည္။ အသက္ႀကီး လာေသာ အခါ ေသြးအားယုတ္ လာသည္ဟု ေျပာစမွတ္ ျပဳၾကသည္။

အမွန္က ေသြးက ခႏၶာကိုယ္ အတြင္းတြင္ အျပည့္ရွိ လ်က္ပင္။ ေသြးကို တြန္းပို႔ေပးမည့္ ဝါေယာဓာတ္က အားယုတ္လာျခင္းေၾကာင့္ အားနည္းလာျခင္း ျဖစ္သည္။

ေသြးေထာက္ပံ့မႈ မေရာက္ရွိေသာ လကၡဏာကို အစြန္ အဖ်ား ေနရာမ်ားမွ ျပသည္။ ဦးေခါင္းငယ္ ထိပ္တြင္ ဆံပင္မ်ား ကြၽတ္ၿပီး ျပန္မေပါက္ေတာ့ ေသာေၾကာင့္ ထိပ္ေျပာင္ လာသည္။ ေျခေထာက္ ရွိေျခသန္း၊ ေျခသူႂကြယ္ ေျခေခ်ာင္း ကေလးမ်ားတြင္ ေျခသည္းမ်ား အက္ကြဲ လာ သည္။

ဖေနာင့္ အေရျပားမ်ားတြင္ အက္ကြဲေၾကာင္းမ်ား ျဖစ္ေပၚ လာသည္ကို ေတြ႕ရမည္ ျဖစ္သည္ လယ္မ်ားတြင္ ပက္ၾကားအက္သကဲ့သို႔ ကိုယ္ခႏၶာ အေရျပားတြင္ အက္ကြဲ ရာမ်ား ေပၚလာသည္ကို ေတြ႕ရမည္ ျဖစ္သည္။

အသက္ႀကီးလာလွ်င္ ေလဆက္ေစရန္ အခါး စားေပးရမည္ ဟု ေရွးလူႀကီး မ်ားက ဆိုသည္။ အခါးဆိုရာတြင္လည္း ႏွစ္မ်ိဳးရွိသည္။

”ပူခါး” ႏွင့္ ”ေအးခါး” ဟူ၍ အာယု ေဗဒ ေဆးက်မ္းမ်ားတြင္ တမာအခါးကို လည္းေကာင္း၊ မုရားႀကီး႐ြက္ အခါးကိုလည္းေကာင္း၊ ေတာင္မ႐ိုး အခါး ကိုလည္းေကာင္း ဝါး၍လွ်ာျဖင့္ စမ္းသပ္ ၾကည့္ေသာ အခါ ”အပူခါး” အရသာကို ေတြ႕ရမည္ ျဖစ္သည္။

တမာအခါးကား ပိုးကိုႏိုင္သည္။ ေတာင္မ႐ိုးအခါးကား အဖ်ား ကို ႏိုင္သည္။ မုရားႀကီး႐ြက္ အခါးကား ပန္းနာေခ်ာင္းဆိုး ႏွင့္ အဆုတ္နာ ေရာဂါ အမ်ိဳးမ်ိဳး တို႔ကို ႏိုင္သည္ဟု က်မ္းက ဆိုသည္။

ေခြးေတာက္႐ြက္ သည္လည္း ပူခါးမ်ိဳး ျဖစ္သည္။ လူႀကီးမ်ားတြင္ ျဖစ္ေသာ အေညာင္းမ်ားသည့္ ပါဒရက္ေရာဂါ အမ်ိဳးမ်ိဳးကို ႏိုင္သျဖင့္ ေခြးေတာက္႐ြက္ ဟင္းခ်ိဳကို ၾကက္႐ိုးျဖင့္ခ်က္၍ ေရွးက ဆရာႀကီးမ်ားက ဓာတ္စာ ေပးသည္ကို ေတြ႕ရဖူးသည္။

စာေရးသူတို႔ မိဘ မ်ားသည္ ေက်းဇူးရွင္ ဗန္းေမာ္ ဆရာေတာ္ႀကီး စာဝါခ်၍ အေညာင္း အကိုက္မ်ားသည့္အခါတိုင္း ခ်က္၍ဆက္ကပ္ ရသည္ကို အမွတ္ ရဖူး သည္။

ေရွးကလူႀကီးမ်ားသည္ လက္ဖက္ စစ္စစ္ကို ႏွမ္းဆီျဖင့္စိမ္ၿပီး ေန႔လယ္ထမင္းစားၿပီး တိုင္း နည္းနည္းစီ စားေပးၾကသည္။

လူႀကီးမ်ားအတြက္ ေလဆက္ၿပီး အသက္ရွည္ေစေသာ ေဆးျဖစ္သည္ဟု ဆိုသည္။ လက္ဖက္သည္ ေအးခါးအရသာ ျဖစ္သျဖင့္

ပူခါးအရသာ ျဖစ္သြားေအာင္ ႏွမ္းဆီျဖင့္ စိမ္စားျခင္း ျဖစ္သည္ အသက္ရာေက်ာ္ ရွည္ေသာ ဘိုးဘြားမ်ားသည္ ဤ ဓာတ္စာကို စားခဲ့ၾကသည္ဟု မွတ္သား ရဖူးပါသည္…

”ေလမသက္ အေနခက္၊ ေလမစုန္ေငြကုန္” ဟု ေရွးလူႀကီးမ်ား ေျပာၾကသည္။ လူႀကီးမ်ား အတြက္ က်န္းမာေရးမွာ ေလက အေရးအႀကီးဆုံး ျဖစ္သည္ဟု ဆိုသည္။

ေလလည္ျခင္း ကို ရွက္စရာဟု ယူဆၾကေသာ္လည္း ေလလည္ ေနသည့္ လူႀကီးမ်ားမွာက်န္းမာေနသည္ကို ေတြ႕ရေပသည္။

ေဆးပညာ အရလည္း အသက္ (၆၅) ႏွစ္ေက်ာ္လွ်င္ ေလအ႐ြယ္ ေရာက္ၿပီျဖစ္သျဖင့္ ေလဆက္မည့္ ဓာတ္စာမ်ား စားေပးသင့္ေၾကာင္း တင္ျပလိုက္ ရပါသည္။

ရတနာပုံေန႔စဥ္ သတင္းပါ ဆရာ ၾကည္ျမင့္လြင္ (မုျဒာ) ၏ ေဆာင္းပါးမွ။

Unicode

အသက်ကြီးလာလျှင် အခါးစားဖို့… ဘာကြောင့်လိုအပ်လဲ

လူတို့တွင် အားနှစ်မျိုး လိုအပ်သည်။ အသက်ရှည်ရန် အတွက် အားရှိဖို့ လိုသည်။ ထိုအား နှစ်မျိုးမှာ ”သွေးအား” နှင့် ”လေအား” တို့ ဖြစ်သည်။ ဓာတ်သဘော အားဖြင့်ဆို လျှင် သွေးသည်

အာပေါ ဓာတ်ဖြစ်ပြီး လေသည် ဝါယော ဓာတ်ဖြစ်သည်။ ဆန့်ကျင်ဘက် ဓာတ်နှစ်မျိုး ဖြစ်သည်။ သို့သော် ထို ဆန့် ကျင်ဘက်နှစ်မျိုး ပေါင်းစပ်ကာ သွေးဟူသော အာပေါ ဓာတ်ကို ခန္ဓာကိုယ် အနှံ့သို့ ရောက်အောင် ဝါယောဓာတ် က တွန်းပို့လျက် ရှိပေသည်။

ဆန့်ကျင် ဘက်နှစ်ခု ပေါင်းလျှင် အကျိုး ရှိသည်ကို ခန္ဓာ ကိုယ်တွင်းက သက်သေပြလျက် ရှိပေသည်။ အသက်ကြီး လာသော အခါ သွေးအားယုတ် လာသည်ဟု ပြောစမှတ် ပြုကြသည်။

အမှန်က သွေးက ခန္ဓာကိုယ် အတွင်းတွင် အပြည့်ရှိ လျက်ပင်။ သွေးကို တွန်းပို့ပေးမည့် ဝါယောဓာတ်က အားယုတ်လာခြင်းကြောင့် အားနည်းလာခြင်း ဖြစ်သည်။

သွေးထောက်ပံ့မှု မရောက်ရှိသော လက္ခဏာကို အစွန် အဖျား နေရာများမှ ပြသည်။ ဦးခေါင်းငယ် ထိပ်တွင် ဆံပင်များ ကျွတ်ပြီး ပြန်မပေါက်တော့ သောကြောင့် ထိပ်ပြောင် လာသည်။ ခြေထောက် ရှိခြေသန်း၊ ခြေသူကြွယ် ခြေချောင်း ကလေးများတွင် ခြေသည်းများ အက်ကွဲ လာ သည်။

ဖနောင့် အရေပြားများတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ် လာသည်ကို တွေ့ရမည် ဖြစ်သည် လယ်များတွင် ပက်ကြားအက်သကဲ့သို့ ကိုယ်ခန္ဓာ အရေပြားတွင် အက်ကွဲ ရာများ ပေါ်လာသည်ကို တွေ့ရမည် ဖြစ်သည်။

အသက်ကြီးလာလျှင် လေဆက်စေရန် အခါး စားပေးရမည် ဟု ရှေးလူကြီး များက ဆိုသည်။ အခါးဆိုရာတွင်လည်း နှစ်မျိုးရှိသည်။

”ပူခါး” နှင့် ”အေးခါး” ဟူ၍ အာယု ဗေဒ ဆေးကျမ်းများတွင် တမာအခါးကို လည်းကောင်း၊ မုရားကြီးရွက် အခါးကိုလည်းကောင်း၊ တောင်မရိုး အခါး ကိုလည်းကောင်း ဝါး၍လျှာဖြင့် စမ်းသပ် ကြည့်သော အခါ ”အပူခါး” အရသာကို တွေ့ရမည် ဖြစ်သည်။

တမာအခါးကား ပိုးကိုနိုင်သည်။ တောင်မရိုးအခါးကား အဖျား ကို နိုင်သည်။ မုရားကြီးရွက် အခါးကား ပန်းနာချောင်းဆိုး နှင့် အဆုတ်နာ ရောဂါ အမျိုးမျိုး တို့ကို နိုင်သည်ဟု ကျမ်းက ဆိုသည်။

ခွေးတောက်ရွက် သည်လည်း ပူခါးမျိုး ဖြစ်သည်။ လူကြီးများတွင် ဖြစ်သော အညောင်းများသည့် ပါဒရက်ရောဂါ အမျိုးမျိုးကို နိုင်သဖြင့် ခွေးတောက်ရွက် ဟင်းချိုကို ကြက်ရိုးဖြင့်ချက်၍ ရှေးက ဆရာကြီးများက ဓာတ်စာ ပေးသည်ကို တွေ့ရဖူးသည်။

စာရေးသူတို့ မိဘ များသည် ကျေးဇူးရှင် ဗန်းမော် ဆရာတော်ကြီး စာဝါချ၍ အညောင်း အကိုက်များသည့်အခါတိုင်း ချက်၍ဆက်ကပ် ရသည်ကို အမှတ် ရဖူး သည်။

ရှေးကလူကြီးများသည် လက်ဖက် စစ်စစ်ကို နှမ်းဆီဖြင့်စိမ်ပြီး နေ့လယ်ထမင်းစားပြီး တိုင်း နည်းနည်းစီ စားပေးကြသည်။

လူကြီးများအတွက် လေဆက်ပြီး အသက်ရှည်စေသော ဆေးဖြစ်သည်ဟု ဆိုသည်။ လက်ဖက်သည် အေးခါးအရသာ ဖြစ်သဖြင့်

ပူခါးအရသာ ဖြစ်သွားအောင် နှမ်းဆီဖြင့် စိမ်စားခြင်း ဖြစ်သည် အသက်ရာကျော် ရှည်သော ဘိုးဘွားများသည် ဤ ဓာတ်စာကို စားခဲ့ကြသည်ဟု မှတ်သား ရဖူးပါသည်…

”လေမသက် အနေခက်၊ လေမစုန်ငွေကုန်” ဟု ရှေးလူကြီးများ ပြောကြသည်။ လူကြီးများ အတွက် ကျန်းမာရေးမှာ လေက အရေးအကြီးဆုံး ဖြစ်သည်ဟု ဆိုသည်။

လေလည်ခြင်း ကို ရှက်စရာဟု ယူဆကြသော်လည်း လေလည် နေသည့် လူကြီးများမှာကျန်းမာနေသည်ကို တွေ့ရပေသည်။

ဆေးပညာ အရလည်း အသက် (၆၅) နှစ်ကျော်လျှင် လေအရွယ် ရောက်ပြီဖြစ်သဖြင့် လေဆက်မည့် ဓာတ်စာများ စားပေးသင့်ကြောင်း တင်ပြလိုက် ရပါသည်။

ရတနာပုံနေ့စဉ် သတင်းပါ ဆရာ ကြည်မြင့်လွင် (မုဒြာ) ၏ ဆောင်းပါးမှ။

Be the first to comment

Leave a Reply

Your email address will not be published.


*