မျပည့့္စံုပဲ အိမ္ေထာင္ျပဳတဲ့အခါ ေလာကဓံက ဒုကၡကိုပဲ လက္ဖြဲ႕တယ္ေနာ္…(လူငယ္တိုင္း သိထားသင့္ပါတယ္)

မျပည့့္စံုပဲ အိမ္ေထာင္ျပဳတဲ့အခါ ေလာကဓံက ဒုကၡကိုပဲ လက္ဖြဲ႕တယ္ေနာ္...(လူငယ္တိုင္း သိထားသင့္ပါတယ္)
မျပည့့္စံုပဲ အိမ္ေထာင္ျပဳတဲ့အခါ ေလာကဓံက ဒုကၡကိုပဲ လက္ဖြဲ႕တယ္ေနာ္...(လူငယ္တိုင္း သိထားသင့္ပါတယ္)

မျပည့့္စံုပဲ အိမ္ေထာင္ျပဳတဲ့အခါ ေလာကဓံက ဒုကၡကိုပဲ လက္ဖြဲ႕တယ္ေနာ္…(လူငယ္တိုင္း သိထားသင့္ပါတယ္)

အိမ္ေထာင္တစ္ခု တည္ေဆာက္တဲ့အခါ ရာႏႈန္းျပည့္ ေပ်ာ္႐ႊင္တဲ့ ခ်စ္ျခင္းကိုရဖို႔ အခ်စ္က ၂၅% နားလည္မႈ ၂၅%ေ ငြေၾကးျပည့္စုံမႈက ၅၀% လိုပါတယ္၊၊

တကယ္ခ်စ္ဖို႔ပဲ လိုတယ္ သစၥာရွိဖို႔ပဲ လိုတယ္ဆိုတာေတြက ဟိုးအေဝးႀကီးမွာက်န္ခဲ့ပါၿပီ ။ အေပၚမွာေျပာခဲ့သလို လူႏွစ္ေယာက္ ေပါင္းစည္းဖို႔က အခ်စ္တစ္ခုတည္းနဲ႔ ဘဝကိုအတူ ျဖတ္သန္းဖို႔ ဆိုတာ ဟိုးအရင္ကေတာ့ ရွိရင္ရွိခဲ့ပါလိမ့္မယ္။

အခုေခတ္မွာေတာ့ မရွိေတာ့ဘူး။ ေငြေတြဂုဏ္ေတြမလိုပါဘူးကိုရယ္ ဆိုတာေတြက အခ်စ္မူးတုန္း အခ်စ္႐ူးတုန္း အခ်ိန္ခဏပါ။ အခ်စ္မွာ မ်က္စိမပါဘူး ။ ဦးေႏွာက္မွာေတာ့ မ်က္စိပါဖို႔လိုတယ္တဲ့ ။

ဒီေတာ့ မိန္းကေလးဘက္ကလည္း စဥ္းစားပါ ။ ကိုယ္ယူမဲ့ေယာက္်ားက ေငြမရွိေသာ္ျငားလည္း ေငြရွာႏိုင္တဲ့ အရည္အခ်င္းပါရွိဖို႔ေတာ့ လိုလိမ့္မယ္။

မ်က္စိတစ္ဆုံးကိုေတြး မ်က္ေတာင္တစ္ဆုံးကိုမေတြးနဲ႔ ကိုယ္တို႔လက္ထပ္ၿပီးရင္ စက္႐ုံတစ္ခုခုမွာ လခစားဘဝနဲ႔ လင္မယားႏွစ္ေယာက္ အတူတူႀကိဳးစားၿပီး ဘဝကို ျဖတ္သန္းၾကမယ္ဆိုတဲ့ အေတြးအေခၚက အရမ္းအရမ္းကို မွားပါတယ္ ။

ဒီစကားေျပာရတာက ဘယ္သူ႔ကိုမွ ေစာ္ကားလိုျခင္းမရွိပါဘူး။ ကြၽန္ေတာ့္ေသြးသားထဲမွာကို လခစား လင္မယားအတြဲေတြ အမ်ားႀကီးရွိပါတယ္… (႐ိုက်ိဳးေသာေလသံျဖင့္ ) ဆိုလိုတာက အခုေခတ္ႀကီးမွာ ျမန္မာျပည္မွာေပါ့ဗ်ာ။

ဝန္ထမ္းလစာဆိုတာ လကုန္ရင္ သားေရကြင္းပဲ က်န္တဲ့ အေျခအေန မဟုတ္လား…? ႐ိုး႐ိုးဝန္ထမ္းဘဝနဲ႔ ဘယ္သူမ်ားခ်မ္းသာတယ္ ၾကားဖူးသလဲ။ (ရာထူးႀကီးႀကီးေတြကိုေတာ့ မဆိုလိုပါဘူး)

ဆိုလိုရင္းက အခုအဓိက အခ်က္ကို ေျပာျပမွာပါ။ ျပည့္စုံၿပီးသားသူေတြ အိမ္ေထာင္ျပဳတာကို အားမက်နဲ႔ ကမာၻမွာ ဘိုးဘြားစဥ္ဆက္ ခ်မ္းသာသူ မိဘအေမြနဲ႔ ခ်မ္းသာသူက ၉၅%ရွိၿပီး ကိုယ္ပိုင္အရည္အခ်င္းနဲ႔ ခ်မ္းသာသူက ၅%ပဲရွိပါသတဲ့။

ဒီေတာ့ ကြၽန္ေတာ္တို႔က သူမ်ားေတြကို အားက်ေနဖို႔ အခ်ိန္မရွိဘူး။ ၅%ေသာ ခ်မ္းသာသူစာရင္းဝင္ဖို႔ သူမ်ားေတြထက္ ပိုႀကိဳးစားၾကရလိမ့္မယ္၊ သူမ်ားေတြထက္အေမွ်ာ္အျမင္ ပိုႀကီးရမယ္။

သူမ်ားေတြထက္ ကိစၥတစ္ခုလုံး ၾကည့္တတ္ရမယ္ ။ လက္ရွိပစၥဳပၸန္နဲ႔ အနာဂတ္ကိုပါ လွမ္းျမင္ႏိုင္စြမ္းရွိရမယ္။ ဒါမွလည္း ကိုယ္ျဖတ္သန္းရတဲ့ဘဝက လွပေတ့ာမွာ မဟုတ္ပါလား ?

ဒီေတာ့ ေတြးလိုက္မိတယ္၊ သူမ်ားသားသမီးကိုကိုယ့္ဘဝထဲေခၚၿပီး ႏွိပ္စက္ရာမ်ားက်ေနမလား… မိန္းကေလးဆိုတာကလည္း

တစ္သက္မွာတစ္ခါပဲ မဂၤလာအရွိဆုံး အခ်ိန္ဆိုေတာ့ သူ႔အသိုင္းအဝိုင္းၾကားမွာ သူ႔မိဘဂုဏ္ရွိဖို႔ တင့္ေတာင့္တင့္တယ္ေလး မဂၤလာပြဲလုပ္ခ်င္ၾကမွာပဲေလ။

ဒါက မိန္းကေလးတိုင္းရဲ႕စိတ္ကူးအိပ္မက္ဆိုတာျငင္းပယ္လို႔ မရပါဘူး။ ဘဝအာမခံခ်က္ ဘာတစ္ခုမွမရွိပဲ ဘာေတြလုပ္စားၾကၿပီး ဘယ္လိုေတြခရီး ဆက္ၾကမလဲ…?

အနည္းဆုံးေတာ့ ကိုယ္ပိုင္လုပ္ငန္းေလးရယ္ ေငြရွာႏိုင္တဲ့ အရည္အခ်င္းရယ္ ဒီႏွစ္ခုေတာ့ ရွိသင့္တယ္ မဟုတ္ပါလား…?

စဥ္းစားပါ အိမ္ေထာင္ျပဳမယ္ ႀကံတိုင္း ႏွစ္ဦးႏွစ္ဖက္စလုံး စဥ္းစားပါ။ ကေလး ကစားစရာမဟုတ္လို႔ လြယ္လြယ္ေတြး လြယ္လြယ္ဆုံးျဖတ္ခဲ့ၾကရင္ အနာဂတ္မွာ ျပႆနာရွိလာႏိုင္ပါတယ္လို႔ ေျပာရင္း။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

မပြည့်စုံပဲ အိမ်ထောင်ပြုတဲ့အခါ လောကဓံက ဒုက္ခကိုပဲ လက်ဖွဲ့တယ်နော်…(လူငယ်တိုင်း သိထားသင့်ပါတယ်)

အိမ်ထောင်တစ်ခု တည်ဆောက်တဲ့အခါ ရာနှုန်းပြည့် ပျော်ရွှင်တဲ့ ချစ်ခြင်းကိုရဖို့ အချစ်က ၂၅% နားလည်မှု ၂၅%ေ ငွကြေးပြည့်စုံမှုက ၅၀% လိုပါတယ်၊၊

တကယ်ချစ်ဖို့ပဲ လိုတယ် သစ္စာရှိဖို့ပဲ လိုတယ်ဆိုတာတွေက ဟိုးအဝေးကြီးမှာကျန်ခဲ့ပါပြီ ။ အပေါ်မှာပြောခဲ့သလို လူနှစ်ယောက် ပေါင်းစည်းဖို့က အချစ်တစ်ခုတည်းနဲ့ ဘဝကိုအတူ ဖြတ်သန်းဖို့ ဆိုတာ ဟိုးအရင်ကတော့ ရှိရင်ရှိခဲ့ပါလိမ့်မယ်။

အခုခေတ်မှာတော့ မရှိတော့ဘူး။ ငွေတွေဂုဏ်တွေမလိုပါဘူးကိုရယ် ဆိုတာတွေက အချစ်မူးတုန်း အချစ်ရူးတုန်း အချိန်ခဏပါ။ အချစ်မှာ မျက်စိမပါဘူး ။ ဦးနှောက်မှာတော့ မျက်စိပါဖို့လိုတယ်တဲ့ ။

ဒီတော့ မိန်းကလေးဘက်ကလည်း စဉ်းစားပါ ။ ကိုယ်ယူမဲ့ယောက်ျားက ငွေမရှိသော်ငြားလည်း ငွေရှာနိုင်တဲ့ အရည်အချင်းပါရှိဖို့တော့ လိုလိမ့်မယ်။

မျက်စိတစ်ဆုံးကိုတွေး မျက်တောင်တစ်ဆုံးကိုမတွေးနဲ့ ကိုယ်တို့လက်ထပ်ပြီးရင် စက်ရုံတစ်ခုခုမှာ လခစားဘဝနဲ့ လင်မယားနှစ်ယောက် အတူတူကြိုးစားပြီး ဘဝကို ဖြတ်သန်းကြမယ်ဆိုတဲ့ အတွေးအခေါ်က အရမ်းအရမ်းကို မှားပါတယ် ။

ဒီစကားပြောရတာက ဘယ်သူ့ကိုမှ စော်ကားလိုခြင်းမရှိပါဘူး။ ကျွန်တော့်သွေးသားထဲမှာကို လခစား လင်မယားအတွဲတွေ အများကြီးရှိပါတယ်… (ရိုကျိုးသောလေသံဖြင့် ) ဆိုလိုတာက အခုခေတ်ကြီးမှာ မြန်မာပြည်မှာပေါ့ဗျာ။

ဝန်ထမ်းလစာဆိုတာ လကုန်ရင် သားရေကွင်းပဲ ကျန်တဲ့ အခြေအနေ မဟုတ်လား…? ရိုးရိုးဝန်ထမ်းဘဝနဲ့ ဘယ်သူများချမ်းသာတယ် ကြားဖူးသလဲ။ (ရာထူးကြီးကြီးတွေကိုတော့ မဆိုလိုပါဘူး)

ဆိုလိုရင်းက အခုအဓိက အချက်ကို ပြောပြမှာပါ။ ပြည့်စုံပြီးသားသူတွေ အိမ်ထောင်ပြုတာကို အားမကျနဲ့ ကမ္ဘာမှာ ဘိုးဘွားစဉ်ဆက် ချမ်းသာသူ မိဘအမွေနဲ့ ချမ်းသာသူက ၉၅%ရှိပြီး ကိုယ်ပိုင်အရည်အချင်းနဲ့ ချမ်းသာသူက ၅%ပဲရှိပါသတဲ့။

ဒီတော့ ကျွန်တော်တို့က သူများတွေကို အားကျနေဖို့ အချိန်မရှိဘူး။ ၅%သော ချမ်းသာသူစာရင်းဝင်ဖို့ သူများတွေထက် ပိုကြိုးစားကြရလိမ့်မယ်၊ သူများတွေထက်အမျှော်အမြင် ပိုကြီးရမယ်။

သူများတွေထက် ကိစ္စတစ်ခုလုံး ကြည့်တတ်ရမယ် ။ လက်ရှိပစ္စုပ္ပန်နဲ့ အနာဂတ်ကိုပါ လှမ်းမြင်နိုင်စွမ်းရှိရမယ်။ ဒါမှလည်း ကိုယ်ဖြတ်သန်းရတဲ့ဘဝက လှပတေ့ာမှာ မဟုတ်ပါလား ?

ဒီတော့ တွေးလိုက်မိတယ်၊ သူများသားသမီးကိုကိုယ့်ဘဝထဲခေါ်ပြီး နှိပ်စက်ရာများကျနေမလား… မိန်းကလေးဆိုတာကလည်း

တစ်သက်မှာတစ်ခါပဲ မင်္ဂလာအရှိဆုံး အချိန်ဆိုတော့ သူ့အသိုင်းအဝိုင်းကြားမှာ သူ့မိဘဂုဏ်ရှိဖို့ တင့်တောင့်တင့်တယ်လေး မင်္ဂလာပွဲလုပ်ချင်ကြမှာပဲလေ။

ဒါက မိန်းကလေးတိုင်းရဲ့စိတ်ကူးအိပ်မက်ဆိုတာငြင်းပယ်လို့ မရပါဘူး။ ဘဝအာမခံချက် ဘာတစ်ခုမှမရှိပဲ ဘာတွေလုပ်စားကြပြီး ဘယ်လိုတွေခရီး ဆက်ကြမလဲ…?

အနည်းဆုံးတော့ ကိုယ်ပိုင်လုပ်ငန်းလေးရယ် ငွေရှာနိုင်တဲ့ အရည်အချင်းရယ် ဒီနှစ်ခုတော့ ရှိသင့်တယ် မဟုတ်ပါလား…?

စဉ်းစားပါ အိမ်ထောင်ပြုမယ် ကြံတိုင်း နှစ်ဦးနှစ်ဖက်စလုံး စဉ်းစားပါ။ ကလေး ကစားစရာမဟုတ်လို့ လွယ်လွယ်တွေး လွယ်လွယ်ဆုံးဖြတ်ခဲ့ကြရင် အနာဂတ်မှာ ပြဿနာရှိလာနိုင်ပါတယ်လို့ ပြောရင်း။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*