တခါသံုး ၀ါးတူေတြရဲ႕ အႏၱရာယ္ကို သင္သိပါသလား?

တခါသံုး ၀ါးတူေတြရဲ႕ အႏၱရာယ္ကို သင္သိပါသလား?
တခါသံုး ၀ါးတူေတြရဲ႕ အႏၱရာယ္ကို သင္သိပါသလား?

တခါသံုး ၀ါးတူေတြရဲ႕ အႏၱရာယ္ကို သင္သိပါသလား?

ျမန္မာႏိုင္ငံ စားေသာက္ကုန္ ေရာင္းခ်ေနသည့္ ေဈးဆိုင္မ်ား၏ ၉၅ ရာခိုင္ႏႈန္းေက်ာ္ ေလာက္တြင္ က်ယ္ျပန႔္စြာ သုံးစြဲေန ေသာ တ႐ုတ္ အစားအစာႏွင့္

ယခုေနာက္ပိုင္း ယိုးဒယား၊ ဂ်ပန္၊ ကိုရီးယား စားေသာက္ ဖြယ္ရာ၊ ရွမ္းစားစရာမ်ား အားလုံးအတြက္ စားေသာက္ရာတြင္ အသုံးျပဳ ေနေသာ

တစ္ခါသုံး ဝါးတူ (Chopsticks) သုံးစြဲျခင္းေၾကာင့္ ကူးစက္ေရာဂါ ကင္းစင္ ႏိုင္တယ္။ စားေသာက္မႈ အတြက္ အႏၲရာယ္ ကင္းတယ္ လို႔ ယူဆလာၾက ရာကေန တစ္ႏိုင္ငံ လုံးမွာ တြင္တြင္က်ယ္က်ယ္ သုံးစြဲလာေနတာ ေတြ႕ႏိုင္ပါတယ္

အမွန္ေတာ့ တစ္ခါသုံးဝါးတူ သုံးတိုင္း အႏၲရာယ္ ကင္းတယ္ဆိုတာ မဟုတ္ပါ ဘူး။ ဒါကလည္း ၾကည့္လိုက္ရင္ ျဖဴျဖဴ၊ ဝါၾကင္ၾကင္ အေရာင္ေလးေတြ ရွိတဲ့ ဝါးတူကို

ဘယ္လို ထုတ္လုပ္ၿပီး ေဈးကြက္ထဲ မပို႔ခင္ ဘာေတြသုံးၿပီး ဘယ္ခြၽတ္ ေဆးေတြ သုံးတယ္ဆိုတာ မသိၾကတာေၾကာင့္လည္း ျဖစ္ပါတယ္။

ဝါးတူေတြျပဳ လုပ္တဲ့အခါ ဝါးတူ ျပဳလုပ္တဲ့ စက္႐ုံေတြမွာ ပထမဦးဆုံးဝါး တူအ႐ြယ္အရွည္ ေလးေတြရေအာင္ ဝါးေတြကို ျဖတ္ေတာက္ ၾကပါတယ္။

ၿပီးရင္ စက္ထဲထည့္ၿပီး တူတံအၾကမ္း ထည္အေခ်ာင္း ေလးေတြျဖစ္ေအာင္ ေလးေထာင့္ပုံ အေခ်ာင္း ေလးေတြ စိတ္လိုက္ပါတယ္။

အဲဒီတူတံ အၾကမ္းထည္ ေလးေတြကို ေျခာက္ သြားေအာင္ အပူခန္းထဲမွာ မီးကင္ပါတယ္။ ေျခာက္သြားတဲ့ တူတံအၾကမ္း ထည္ေလးေတြကို ျဖဴသြားေအာင္ အလြယ္တကူ မႈိမတက္ ႏိုင္ေအာင္ လုံၿခဳံေအာင္ ဖုံးအုပ္ၿပီးပဲ ျဖစ္ျဖစ္၊

အလုံပိတ္ မွန္လုံခန္းထဲမွာပဲ ျဖစ္ျဖစ္ကန႔္ (Sulphur) ဓာတ္ေငြ႕နဲ႔ ေပါင္းတင္ သလိုမ်ိဳး ဓာတ္ေငြ႕တိုက္ ေပးပါတယ္

အဲဒီလို ကန႔္ေငြ႕တိုက္တာ ၄၈ နာရီနီးပါး ၾကာေၾကာင္း သိရပါတယ္။ ဒီလိုလုပ္ျခင္း အားျဖင့္ တူတံေလးေတြ အေရာင္စြဲ ေနရာကေန ျဖဴေဖြး လာေပမယ့္ အဲဒီတူတံေတြမွာ ဆာလဖာဒိုင္ ေအာက္ ဆိုက္ (Sulphur dioxide) စြဲကပ္ က်န္ေနခဲ့မွာ ေသခ်ာပါတယ္။

ဒီလိုကန႔္ေငြ႕နဲ႔ ေပါင္းတင္ အေရာင္ခြၽတ္ၿပီးသား တူေခ်ာင္းပုံ အၾကမ္းေတြကို ပုံေဖာ္စက္ထဲ ထည့္ၿပီး ပုံေဖာ္ရ ပါတယ္။

တူေခ်ာင္း ပုံသဏၭာန္ ေပၚသြားတဲ့ ဝါးတူေလးေတြကို ေျပာင္ေခ်ာ၍ လွသြားေအာင္ အေရာင္တင္စက္ ထဲထည့္ၿပီး ေရနံဖေယာင္း (Paraffin)နဲ႔ အေရာင္တင္ တိုက္ေပးပါတယ္။

အဲဒီအခ်ိန္မွာလည္း ေရနံ ခ်က္ရာက ရရွိေသာ ေဘးထြက္ အပိုပစၥည္း ေရနံဖေယာင္းထဲမွာ Polycyclic aromatic hydrocarbon ျဖစ္တဲ့ ကင္ဆာ ျဖစ္ေစႏိုင္ေသာ ဓာတ္ေတြ ပါရွိပါတယ္။

အဲဒီအေရာင္ တင္ၿပီးသား တူတံေတြကိုေတာ့ ပလတ္စတစ္ အိတ္ေတြနဲ႔ ထုတ္ၿပီး ျဖန႔္ခ်ိပါ ေတာ့တယ္။

စက္႐ုံေတြမွာ ဒီလိုတူတံေတြ ထုတ္တဲ့အခါ မႈိတက္ၿပီး အရည္အေသြးမမီ အေရာင္ မည္းညိဳေနတဲ့ တူေတြကို စက္႐ုံေတြက ထုတ္လုပ္မႈ စရိတ္ အရႈံးမခံႏိုင္တဲ့ အတြက္

Hydrogen peroxide ေဆးရည္ေတြပါတဲ့ အရည္ထဲ ထည့္ျပဳတ္ၿပီး ျဖဴသြားေအာင္ လုပ္ၾက ပါတယ္။ အခ်ိဳ႕ဆိုလွ်င္ ပိုျဖဴသြားေအာင္ Sodium pyrophosphate ေတြပါ ထည့္ျပဳတ္ ေၾကာင္းသိရပါတယ။

အဲဒီလို ဓာတုပစၥည္းေတြ သုံးၿပီး စီးပြားေရး မ်က္ႏွာ တစ္ခုတည္းသာ ၾကည့္ၿပီး ထုတ္လုပ္ခဲ့တဲ့ တူေတြမွာ ဓာတုႂကြင္းက်န္ ကပ္ၿငိပစၥည္းေတြ ကပ္က်န္ေနတာ အေသအခ်ာပဲ ျဖစ္ၿပီး တူတံေတြ ထုတ္လုပ္ၾကတဲ့ ဘယ္စက္႐ုံကမွ

ႂကြင္းက်န္ ဓာတုပစၥည္း ေတြကို ျပန္လည္ သန႔္စင္ေပးတာ စိတ္ခ်ရေအာင္ ေဆာင္႐ြက္ တာမ်ိဳး မရွိေၾကာင္း သိရ ပါတယ္။

ဒီလို တူတံေတြကို ျမန္မာႏိုင္ငံႏွင့္ ကပ္လ်က္ တ႐ုတ္ႏိုင္ငံ ယူနန္ျပည္မွာ အမ်ားဆုံး တြင္က်ယ္စြာ ထုတ္လုပ္ၿပီး ျမန္မာျပည္ထဲကို ေဈး ကြက္တင္ ေရာင္းခ်ေန တာပဲ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံ အတြင္း တင္သြင္းလာတဲ့ စားေသာက္ကုန္ မ်ားကိုေတာ့ က်န္းမာေရး ဝန္ႀကီး ဌာနမွ စစ္ေဆးၿပီး ေဘးထြက္ ဆိုးက်ိဳးႏွင့္ အႏၲရာယ္ရွိ၊ မရွိ စစ္ေဆးလ်က္ ရွိပါတယ္။

သို႔ေသာ္လည္း အစားအေသာက္မ်ားကို တိုက္႐ိုက္ သယ္ယူ စားသုံးေနတဲ့ တူတံေတြကိုေတာ့ တစ္ခါမွ စစ္ေဆးတာ မၾကားမိပါဘူး။

ဒါ့ေၾကာင့္လည္း နာမည္ႀကီး ဟိုတယ္ႀကီး ေတြမွာ စတီး တူတံေလးေတြ၊ ေငြတူ တံေလးေတြသာ ခ်ထားေပးတာ သတိထား မိပါတယ္။ ဒါမ်ိဳးေတြက ေရေႏြးႏွင့္ ျပဳတ္ ပိုးသတ္ၿပီး သုံးစြဲလွ်င္ ပိုအႏၲရာယ္ ကင္းႏိုင္ပါတယ္။

အခုေခတ္ အေန အထား အရ နာမည္ႀကီး စားေသာက္ဆိုင္ေတြ အပါအဝင္ လမ္းေဘး ညေနခင္းထြက္ ေဈးဆိုင္အဆုံး အထက္ပါ ဝါးတူေတြကို ေနရာအႏွံ႔ သန႔္ရွင္း စင္ၾကယ္တဲ့ စားသုံးရာမွာ အႏၲရာယ္ကင္း တူတံေတြ အျဖစ္

ေက်နပ္ ဝမ္းေျမာက္စြာ လက္ခံ သုံးစြဲေနၾကတာ ေတြ႕ေနရသည့္ အတြက္ တစ္ခါသုံး ဝါးတူ သုံးစြဲတိုင္း အႏၲရာယ္မရွိ ေဘးကင္းတယ္လို႔ ထင္ေနမယ့္ အထင္လြဲ ေနတာေတြ မျဖစ္ေစဖို႔ ေရးသား လိုက္ရပါသည္…။Credit: ေမခ်ိဳ(ထားဝယ္) ျမဝတီ

Unicode

တခါသုံး ဝါးတူတွေရဲ့ အန္တရာယ်ကို သင်သိပါသလား?

မြန်မာနိုင်ငံ စားသောက်ကုန် ရောင်းချနေသည့် ဈေးဆိုင်များ၏ ၉၅ ရာခိုင်နှုန်းကျော် လောက်တွင် ကျယ်ပြန့်စွာ သုံးစွဲနေ သော တရုတ် အစားအစာနှင့်

ယခုနောက်ပိုင်း ယိုးဒယား၊ ဂျပန်၊ ကိုရီးယား စားသောက် ဖွယ်ရာ၊ ရှမ်းစားစရာများ အားလုံးအတွက် စားသောက်ရာတွင် အသုံးပြု နေသော

တစ်ခါသုံး ဝါးတူ (Chopsticks) သုံးစွဲခြင်းကြောင့် ကူးစက်ရောဂါ ကင်းစင် နိုင်တယ်။ စားသောက်မှု အတွက် အန္တရာယ် ကင်းတယ် လို့ ယူဆလာကြ ရာကနေ တစ်နိုင်ငံ လုံးမှာ တွင်တွင်ကျယ်ကျယ် သုံးစွဲလာနေတာ တွေ့နိုင်ပါတယ်

အမှန်တော့ တစ်ခါသုံးဝါးတူ သုံးတိုင်း အန္တရာယ် ကင်းတယ်ဆိုတာ မဟုတ်ပါ ဘူး။ ဒါကလည်း ကြည့်လိုက်ရင် ဖြူဖြူ၊ ဝါကြင်ကြင် အရောင်လေးတွေ ရှိတဲ့ ဝါးတူကို

ဘယ်လို ထုတ်လုပ်ပြီး ဈေးကွက်ထဲ မပို့ခင် ဘာတွေသုံးပြီး ဘယ်ချွတ် ဆေးတွေ သုံးတယ်ဆိုတာ မသိကြတာကြောင့်လည်း ဖြစ်ပါတယ်။

ဝါးတူတွေပြု လုပ်တဲ့အခါ ဝါးတူ ပြုလုပ်တဲ့ စက်ရုံတွေမှာ ပထမဦးဆုံးဝါး တူအရွယ်အရှည် လေးတွေရအောင် ဝါးတွေကို ဖြတ်တောက် ကြပါတယ်။

ပြီးရင် စက်ထဲထည့်ပြီး တူတံအကြမ်း ထည်အချောင်း လေးတွေဖြစ်အောင် လေးထောင့်ပုံ အချောင်း လေးတွေ စိတ်လိုက်ပါတယ်။

အဲဒီတူတံ အကြမ်းထည် လေးတွေကို ခြောက် သွားအောင် အပူခန်းထဲမှာ မီးကင်ပါတယ်။ ခြောက်သွားတဲ့ တူတံအကြမ်း ထည်လေးတွေကို ဖြူသွားအောင် အလွယ်တကူ မှိုမတက် နိုင်အောင် လုံခြုံအောင် ဖုံးအုပ်ပြီးပဲ ဖြစ်ဖြစ်၊

အလုံပိတ် မှန်လုံခန်းထဲမှာပဲ ဖြစ်ဖြစ်ကန့် (Sulphur) ဓာတ်ငွေ့နဲ့ ပေါင်းတင် သလိုမျိုး ဓာတ်ငွေ့တိုက် ပေးပါတယ်

အဲဒီလို ကန့်ငွေ့တိုက်တာ ၄၈ နာရီနီးပါး ကြာကြောင်း သိရပါတယ်။ ဒီလိုလုပ်ခြင်း အားဖြင့် တူတံလေးတွေ အရောင်စွဲ နေရာကနေ ဖြူဖွေး လာပေမယ့် အဲဒီတူတံတွေမှာ ဆာလဖာဒိုင် အောက် ဆိုက် (Sulphur dioxide) စွဲကပ် ကျန်နေခဲ့မှာ သေချာပါတယ်။

ဒီလိုကန့်ငွေ့နဲ့ ပေါင်းတင် အရောင်ချွတ်ပြီးသား တူချောင်းပုံ အကြမ်းတွေကို ပုံဖော်စက်ထဲ ထည့်ပြီး ပုံဖော်ရ ပါတယ်။

တူချောင်း ပုံသဏ္ဌာန် ပေါ်သွားတဲ့ ဝါးတူလေးတွေကို ပြောင်ချော၍ လှသွားအောင် အရောင်တင်စက် ထဲထည့်ပြီး ရေနံဖယောင်း (Paraffin)နဲ့ အရောင်တင် တိုက်ပေးပါတယ်။

အဲဒီအချိန်မှာလည်း ရေနံ ချက်ရာက ရရှိသော ဘေးထွက် အပိုပစ္စည်း ရေနံဖယောင်းထဲမှာ Polycyclic aromatic hydrocarbon ဖြစ်တဲ့ ကင်ဆာ ဖြစ်စေနိုင်သော ဓာတ်တွေ ပါရှိပါတယ်။

အဲဒီအရောင် တင်ပြီးသား တူတံတွေကိုတော့ ပလတ်စတစ် အိတ်တွေနဲ့ ထုတ်ပြီး ဖြန့်ချိပါ တော့တယ်။

စက်ရုံတွေမှာ ဒီလိုတူတံတွေ ထုတ်တဲ့အခါ မှိုတက်ပြီး အရည်အသွေးမမီ အရောင် မည်းညိုနေတဲ့ တူတွေကို စက်ရုံတွေက ထုတ်လုပ်မှု စရိတ် အရှုံးမခံနိုင်တဲ့ အတွက်

Hydrogen peroxide ဆေးရည်တွေပါတဲ့ အရည်ထဲ ထည့်ပြုတ်ပြီး ဖြူသွားအောင် လုပ်ကြ ပါတယ်။ အချို့ဆိုလျှင် ပိုဖြူသွားအောင် Sodium pyrophosphate တွေပါ ထည့်ပြုတ် ကြောင်းသိရပါတယ။

အဲဒီလို ဓာတုပစ္စည်းတွေ သုံးပြီး စီးပွားရေး မျက်နှာ တစ်ခုတည်းသာ ကြည့်ပြီး ထုတ်လုပ်ခဲ့တဲ့ တူတွေမှာ ဓာတုကြွင်းကျန် ကပ်ငြိပစ္စည်းတွေ ကပ်ကျန်နေတာ အသေအချာပဲ ဖြစ်ပြီး တူတံတွေ ထုတ်လုပ်ကြတဲ့ ဘယ်စက်ရုံကမှ

ကြွင်းကျန် ဓာတုပစ္စည်း တွေကို ပြန်လည် သန့်စင်ပေးတာ စိတ်ချရအောင် ဆောင်ရွက် တာမျိုး မရှိကြောင်း သိရ ပါတယ်။

ဒီလို တူတံတွေကို မြန်မာနိုင်ငံနှင့် ကပ်လျက် တရုတ်နိုင်ငံ ယူနန်ပြည်မှာ အများဆုံး တွင်ကျယ်စွာ ထုတ်လုပ်ပြီး မြန်မာပြည်ထဲကို ဈေး ကွက်တင် ရောင်းချနေ တာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အတွင်း တင်သွင်းလာတဲ့ စားသောက်ကုန် များကိုတော့ ကျန်းမာရေး ဝန်ကြီး ဌာနမှ စစ်ဆေးပြီး ဘေးထွက် ဆိုးကျိုးနှင့် အန္တရာယ်ရှိ၊ မရှိ စစ်ဆေးလျက် ရှိပါတယ်။

သို့သော်လည်း အစားအသောက်များကို တိုက်ရိုက် သယ်ယူ စားသုံးနေတဲ့ တူတံတွေကိုတော့ တစ်ခါမှ စစ်ဆေးတာ မကြားမိပါဘူး။

ဒါ့ကြောင့်လည်း နာမည်ကြီး ဟိုတယ်ကြီး တွေမှာ စတီး တူတံလေးတွေ၊ ငွေတူ တံလေးတွေသာ ချထားပေးတာ သတိထား မိပါတယ်။ ဒါမျိုးတွေက ရေနွေးနှင့် ပြုတ် ပိုးသတ်ပြီး သုံးစွဲလျှင် ပိုအန္တရာယ် ကင်းနိုင်ပါတယ်။

အခုခေတ် အနေ အထား အရ နာမည်ကြီး စားသောက်ဆိုင်တွေ အပါအဝင် လမ်းဘေး ညနေခင်းထွက် ဈေးဆိုင်အဆုံး အထက်ပါ ဝါးတူတွေကို နေရာအနှံ့ သန့်ရှင်း စင်ကြယ်တဲ့ စားသုံးရာမှာ အန္တရာယ်ကင်း တူတံတွေ အဖြစ်

ကျေနပ် ဝမ်းမြောက်စွာ လက်ခံ သုံးစွဲနေကြတာ တွေ့နေရသည့် အတွက် တစ်ခါသုံး ဝါးတူ သုံးစွဲတိုင်း အန္တရာယ်မရှိ ဘေးကင်းတယ်လို့ ထင်နေမယ့် အထင်လွဲ နေတာတွေ မဖြစ်စေဖို့ ရေးသား လိုက်ရပါသည်…။Credit: မေချို(ထားဝယ်) မြဝတီ

Be the first to comment

Leave a Reply

Your email address will not be published.


*