ကုန္းဆင္းေတြမွာ ကားကို ဘရိတ္ေမွးျပီး ဆင္းသင့္ပါသလား…?

ကုန္းဆင္းေတြမွာ ကားကို ဘရိတ္ေမွးျပီး ဆင္းသင့္ပါသလား...?
ကုန္းဆင္းေတြမွာ ကားကို ဘရိတ္ေမွးျပီး ဆင္းသင့္ပါသလား...?

ကုန္းဆင္းေတြမွာ ကားကို ဘရိတ္ေမွးျပီး ဆင္းသင့္ပါသလား…?

ကားေမာင္းႏွင္တဲ့ အခါ အဆင္းေတြမွာ ေတာ္ေတာ္မ်ားမ်ား က ဘရိတ္ ကို အခ်ိန္အၾကာႀကီး ေမွးၿပီး ဆင္းၾက ပါတယ္

အဲ့ဒီလို ေမွးဆင္းရင္ ကားဘရိတ္ ေပါက္ၿပီး ကား ေခ်ာက္ထဲ ထိုးက်တာေတြ ကို စိတ္မေကာင္းစြာနဲ႔ ၾကားေန ရပါတယ္။

ကား ဘရိတ္ ေပါက္တယ္ ဆိုတာက ျဖစ္ေတာင့္ျဖစ္ခဲ ကိစၥပါ။ ကုန္း အဆင္းေတြမွာ လိုအပ္ပါက ဘရိတ္ ေမွးသင့္ရင္ ေမွးလို႔ ရပါတယ္။

ဒါေပမယ့္ အခ်ိန္ အၾကာႀကီး ဘရိတ္ေမွးၿပီး ကုန္းဆင္းတာကေတာ့ ေတာ္ေတာ္ေလး အႏၲရာယ္ မ်ားပါတယ္။ တကယ္ဆိုရင္ ကုန္း အဆင္း ေတြမွာ ဂီယာႀကီးေတြ ျဖစ္တဲ့

နံပါတ္ ၁၊ နံပါတ္ ၂၊ နံပါတ္ ၃ ဂီယာေတြ နဲ႔ ဆင္းလို႔ ရပါတယ္။ ေအာ္တို ဂီယာမွာ ဆိုရင္လည္း 1, 2, 3, B, S (သို႔) L နဲ႔ ဆင္း လို႔ ရပါတယ္။

ဂီယာႀကီး နဲ႔ ဆင္းတဲ့ အတြက္ ဘရိတ္လည္း ေမွးစရာ မလို ပါဘူး။ ဘရိတ္ကို ၾကာရွည္စြာ ေမွးထား ပါက ဘရိတ္႐ူး (Brake Shoe) ေတြ၊ ဘရိတ္ပတ္ (Brake Pad) ေတြ ပိုစားတဲ့ အျပင္ ဘရိတ္လည္း ပူပါ တယ္။

ဘရိတ္ ပူတဲ့အခါ ဘရိတ္ေရွာျခင္း၊ ဘရိတ္ ေပ်ာက္ျခင္းေတြ ျဖစ္ကာ ဘရိတ္ မမိေတာ့ဘဲ ဘရိတ္ ေပါက္ျခင္းကို ျဖစ္ေပၚ ေစ ပါတယ္။

အကယ္၍ ကုန္းအဆင္းမွာ ေျခနင္း ဘရိတ္ ေပ်ာ့ၿပီး ဘရိတ္ ေပ်ာက္သလို ျဖစ္သြားခဲ့ရင္ ဂီယာႀကီးေတြနဲ႔ ထိန္းဆင္းၿပီး

ရပ္နားလို႔ ရတဲ့ ေနရာမွာ 45 ~ 60 မိနစ္ခန႔္ ရပ္နား ေပးပါက ဘရိတ္ရဲ႕ အပူခ်ိန္ က်သြားၿပီး ဘရိတ္ ျပန္မိ ပါလိမ့္မယ္။Credit

Unicode

ကုန်းဆင်းတွေမှာ ကားကို ဘရိတ်မှေးပြီး ဆင်းသင့်ပါသလား…?

ကားမောင်းနှင်တဲ့ အခါ အဆင်းတွေမှာ တော်တော်များများ က ဘရိတ် ကို အချိန်အကြာကြီး မှေးပြီး ဆင်းကြ ပါတယ်

အဲ့ဒီလို မှေးဆင်းရင် ကားဘရိတ် ပေါက်ပြီး ကား ချောက်ထဲ ထိုးကျတာတွေ ကို စိတ်မကောင်းစွာနဲ့ ကြားနေ ရပါတယ်။

ကား ဘရိတ် ပေါက်တယ် ဆိုတာက ဖြစ်တောင့်ဖြစ်ခဲ ကိစ္စပါ။ ကုန်း အဆင်းတွေမှာ လိုအပ်ပါက ဘရိတ် မှေးသင့်ရင် မှေးလို့ ရပါတယ်။

ဒါပေမယ့် အချိန် အကြာကြီး ဘရိတ်မှေးပြီး ကုန်းဆင်းတာကတော့ တော်တော်လေး အန္တရာယ် များပါတယ်။ တကယ်ဆိုရင် ကုန်း အဆင်း တွေမှာ ဂီယာကြီးတွေ ဖြစ်တဲ့

နံပါတ် ၁၊ နံပါတ် ၂၊ နံပါတ် ၃ ဂီယာတွေ နဲ့ ဆင်းလို့ ရပါတယ်။ အော်တို ဂီယာမှာ ဆိုရင်လည်း 1, 2, 3, B, S (သို့) L နဲ့ ဆင်း လို့ ရပါတယ်။

ဂီယာကြီး နဲ့ ဆင်းတဲ့ အတွက် ဘရိတ်လည်း မှေးစရာ မလို ပါဘူး။ ဘရိတ်ကို ကြာရှည်စွာ မှေးထား ပါက ဘရိတ်ရူး (Brake Shoe) တွေ၊ ဘရိတ်ပတ် (Brake Pad) တွေ ပိုစားတဲ့ အပြင် ဘရိတ်လည်း ပူပါ တယ်။

ဘရိတ် ပူတဲ့အခါ ဘရိတ်ရှောခြင်း၊ ဘရိတ် ပျောက်ခြင်းတွေ ဖြစ်ကာ ဘရိတ် မမိတော့ဘဲ ဘရိတ် ပေါက်ခြင်းကို ဖြစ်ပေါ် စေ ပါတယ်။

အကယ်၍ ကုန်းအဆင်းမှာ ခြေနင်း ဘရိတ် ပျော့ပြီး ဘရိတ် ပျောက်သလို ဖြစ်သွားခဲ့ရင် ဂီယာကြီးတွေနဲ့ ထိန်းဆင်းပြီး

ရပ်နားလို့ ရတဲ့ နေရာမှာ 45 ~ 60 မိနစ်ခန့် ရပ်နား ပေးပါက ဘရိတ်ရဲ့ အပူချိန် ကျသွားပြီး ဘရိတ် ပြန်မိ ပါလိမ့်မယ်။Credit

Be the first to comment

Leave a Reply

Your email address will not be published.


*