ေယာက္်ားေတြထက္ သားအိမ္ တစ္လုံး အပိုပါတာနဲ႔ မိန္းမေတြဘဝ ခံရဖက္ကခ်ည္းသာ…

ေယာက္်ားေတြထက္ သားအိမ္ တစ္လုံး အပိုပါတာနဲ႔ မိန္းမေတြဘဝ ခံရဖက္ကခ်ည္းသာ...
ေယာက္်ားေတြထက္ သားအိမ္ တစ္လုံး အပိုပါတာနဲ႔ မိန္းမေတြဘဝ ခံရဖက္ကခ်ည္းသာ...

ေယာက္်ားေတြထက္ သားအိမ္ တစ္လုံး အပိုပါတာနဲ႔ မိန္းမေတြဘဝ ခံရဖက္ကခ်ည္းသာ…

ေသြးသားဆႏၵရွိၾကလို႔ အမႈတစ္ခုကို အတူလြန္က်ဴးၾကရင္ေတာင္ ေနာက္ဆက္တြဲက သားအိမ္ရွိတဲ့ မိန္းမ ဆီပဲ ခိုေအာင္းေတာ့တာ။

သားအိမ္ ရွိေတာ့ ကေလးက သူ႔ဆီပဲရွိရ။ သူပဲ ကိုးလလုံး အေနရခက္ အထိုင္ရခက္ ေဝဒနာကို ခံရ။ ေမြးေတာ့လဲ သူပဲ နာၾကင္ရ။

အဲဒီ့သားအိမ္ေၾကာင့္ပဲ PMS time မွာ စိတ္တိုတယ္ ။ မီးတြင္းမွာ စိတ္က်တယ္။ ဒါေတြလဲ ခံရေသးတယ္။ ေမြးၿပီးလို႔ ဒီသားအိမ္က ထြက္သြားပါၿပီ ဆိုေတာ့လဲ ကေလးအတြက္ အာဟာရက ဖခင္ဆီက မထြက္ပဲ မိခင္ ဆီကတဲ့။

အဲဒါနဲ႔ပဲ ကေလးတာဝန္ကို ယူေလဦး.. တိုက္ေပဦး။ ဒါေတာ့ ေလာကႀကီးက မတရားဘူး။ တကယ္ဆို ေယာက္်ား နဲ႔မိန္းမဟာ လိင္အဂၤါ ကြဲရင္ ေတာ္ၿပီေပါ့။

တစ္ေယာက္က သားအိမ္ ရွိရင္ တစ္ေယာက္က ႏို႔ရည္ထြက္တဲ့ ႏို႔အုံရွိသင့္တယ္။ ခုေတာ့ အဲဒါ ႏွစ္ခုကို တစ္ဖက္တည္း ပိုလိုက္တာနဲ႔

ကေလးက အေမကိုမွ ပိုၿပီး တြယ္တာတယ္တို႔ … မိခင္အေနနဲ႔က သားသမီးဆိုတာ သူ႔ဝမ္းနဲ႔ လြယ္ေမြးရတာမို႔ ဖခင္ထက္ ပိုတယ္တို႔ ျဖစ္လာေရာ။

မိေအးဟာ ၁၂၆ခါ နာတာပဲ။ မိန္းမျဖစ္လို႔ မိခင္ျဖစ္လို႔ ဖခင္က ေဖာက္ျပန္ေနရင္ေတာင္ ကေလးေတြ မ်က္ႏွာငဲ့ရမယ္ ၊ သည္းခံရမယ္ တို႔ျဖစ္လာေရာ။

ဖခင္က မေဖာက္ျပန္ပဲ ေနလို႔မရဘူးလား။ မိခင္က ေဖာက္ျပန္ရင္ေရာ ရလား။ တကယ္ဆို ဖခင္ေတြဖက္ကေန ေၾသာ္ ငါတို႔ထက္ ပိုလို႔ ကေလးေမြးျခင္းနဲ႔ ႏို႔တိုက္ျခင္း လုပ္ေနရတဲ့ မိန္းမသားေတြမို႔ က်န္တာ

ငါတို႔တာဝန္ လို႔မ်ား ေတြးၿပီး ငါတို႔က ပိုလို႔ေတာင္ ထိန္းသိမ္းသင့္တာ… ပိုလို႔ေတာင္ အပင္ပန္းခံသင့္တာ… ပိုလို႔ေတာင္ ၾကင္နာသင့္တာလို႔မ်ား ေတြးရင္ ဘာျဖစ္မွာမိုလို႔လဲေနာ္။

ၿပီးေတာ့လဲ ဒီ သားအိမ္ထဲက ကေလးညႇစ္ခ်လို႔ ဒီတင္ပါးက အစိုင္အခဲေတြ ၿပိဳပ်က္သြားေတာ့လဲ သူတို႔ပဲ ညိဳညင္တာ.. ဘယ္ႏွယ့္…အဲဒါေၾကာင့္ ကေလးလဲေမြးရ

ပိုက္ဆံလည္းရွာရ အိမ္ရဲ႕ လူမႈေရးကိစၥေတြပါ စီမံရတဲ့ မိခင္ေတြျမင္ရင္ အရမ္းအသည္းနာသလို ခံစားရတာ…။

ၿပီးေတာ့ ကေလးေသးစိုလို႔မွ ထမလဲေပးပဲ အိမ္ဦးခန္းမွာ သတင္းစာအခန္႔သား ဖတ္ေနတဲ့ ေယာက္်ားကို အဲဒီလို စြယ္စုံရမိန္းမက သားသမီးမ်က္ႏွာငဲ့ၿပီး သည္းခံရတယ္ဆိုရင္ အသဲေပါက္တာ။

အဲသေလာက္ သည္းခံတဲ့ မိန္းမကိုပစ္ၿပီး ေကတီဗီက မိန္းကေလးကိုမွ သာယာတဲ့ ေယာက္်ားဆိုရင္ ႐ြံပါ႐ြံတာ။ ေယာက္်ားနဲ႔မိန္းမ ဟာ တန္းတူပါ ဆိုေပမယ့္လဲ သားအိမ္ နဲ႔ ႏို႔ေၾကာင့္ တာဝန္ ၂ခုကေတာ့ မိန္းမမွာအလိုလိုပိုၿပီးသား။

ဒါကို အလြန္တစ္ရာ ဘုန္းက ႀကီးလြန္းတဲ့ ေယာက္်ားမ်ားက ငဲ့ညႇာေထာက္ထားျခင္းအားျဖင့္ သစၥာရွိရွိ နဲ႔ လူပီသျပရမွာ မဟုတ္ဘူးလား။

အခုေတာ့ ဘာတဲ့။ ေယာက္်ားေတြက ေသြးသားဆႏၵအရမို႔ အခ်ိန္ၾကာရင္ အိမ္ကဇနီးကို ၿငီးေငြ႕တတ္လို႔ အသစ္ရွာေဖာက္ျပန္ရင္ မိန္းမေတြက မိခင္ေတြမို႔ ကေလးေတြ မ်က္ႏွာေထာက္ၿပီး သည္းခံေပါင္းရမယ္ ဆိုတဲ့စာမ်ိဳး ဖတ္ရေတာ့.. Speechless ပဲ…။

မူရင္းေရးသားသူအားေလးစားစြာျဖင့္ ခရက္စဒစ္ေပးပါသည္။

Unicode

ယောက်ျားတွေထက် သားအိမ် တစ်လုံး အပိုပါတာနဲ့ မိန်းမတွေဘဝ ခံရဖက်ကချည်းသာ…

သွေးသားဆန္ဒရှိကြလို့ အမှုတစ်ခုကို အတူလွန်ကျူးကြရင်တောင် နောက်ဆက်တွဲက သားအိမ်ရှိတဲ့ မိန်းမ ဆီပဲ ခိုအောင်းတော့တာ။

သားအိမ် ရှိတော့ ကလေးက သူ့ဆီပဲရှိရ။ သူပဲ ကိုးလလုံး အနေရခက် အထိုင်ရခက် ဝေဒနာကို ခံရ။ မွေးတော့လဲ သူပဲ နာကြင်ရ။

အဲဒီ့သားအိမ်ကြောင့်ပဲ PMS time မှာ စိတ်တိုတယ် ။ မီးတွင်းမှာ စိတ်ကျတယ်။ ဒါတွေလဲ ခံရသေးတယ်။ မွေးပြီးလို့ ဒီသားအိမ်က ထွက်သွားပါပြီ ဆိုတော့လဲ ကလေးအတွက် အာဟာရက ဖခင်ဆီက မထွက်ပဲ မိခင် ဆီကတဲ့။

အဲဒါနဲ့ပဲ ကလေးတာဝန်ကို ယူလေဦး.. တိုက်ပေဦး။ ဒါတော့ လောကကြီးက မတရားဘူး။ တကယ်ဆို ယောက်ျား နဲ့မိန်းမဟာ လိင်အင်္ဂါ ကွဲရင် တော်ပြီပေါ့။

တစ်ယောက်က သားအိမ် ရှိရင် တစ်ယောက်က နို့ရည်ထွက်တဲ့ နို့အုံရှိသင့်တယ်။ ခုတော့ အဲဒါ နှစ်ခုကို တစ်ဖက်တည်း ပိုလိုက်တာနဲ့

ကလေးက အမေကိုမှ ပိုပြီး တွယ်တာတယ်တို့ … မိခင်အနေနဲ့က သားသမီးဆိုတာ သူ့ဝမ်းနဲ့ လွယ်မွေးရတာမို့ ဖခင်ထက် ပိုတယ်တို့ ဖြစ်လာရော။

မိအေးဟာ ၁၂၆ခါ နာတာပဲ။ မိန်းမဖြစ်လို့ မိခင်ဖြစ်လို့ ဖခင်က ဖောက်ပြန်နေရင်တောင် ကလေးတွေ မျက်နှာငဲ့ရမယ် ၊ သည်းခံရမယ် တို့ဖြစ်လာရော။

ဖခင်က မဖောက်ပြန်ပဲ နေလို့မရဘူးလား။ မိခင်က ဖောက်ပြန်ရင်ရော ရလား။ တကယ်ဆို ဖခင်တွေဖက်ကနေ သြော် ငါတို့ထက် ပိုလို့ ကလေးမွေးခြင်းနဲ့ နို့တိုက်ခြင်း လုပ်နေရတဲ့ မိန်းမသားတွေမို့ ကျန်တာ

ငါတို့တာဝန် လို့များ တွေးပြီး ငါတို့က ပိုလို့တောင် ထိန်းသိမ်းသင့်တာ… ပိုလို့တောင် အပင်ပန်းခံသင့်တာ… ပိုလို့တောင် ကြင်နာသင့်တာလို့များ တွေးရင် ဘာဖြစ်မှာမိုလို့လဲနော်။

ပြီးတော့လဲ ဒီ သားအိမ်ထဲက ကလေးညှစ်ချလို့ ဒီတင်ပါးက အစိုင်အခဲတွေ ပြိုပျက်သွားတော့လဲ သူတို့ပဲ ညိုညင်တာ.. ဘယ်နှယ့်…အဲဒါကြောင့် ကလေးလဲမွေးရ

ပိုက်ဆံလည်းရှာရ အိမ်ရဲ့ လူမှုရေးကိစ္စတွေပါ စီမံရတဲ့ မိခင်တွေမြင်ရင် အရမ်းအသည်းနာသလို ခံစားရတာ…။

ပြီးတော့ ကလေးသေးစိုလို့မှ ထမလဲပေးပဲ အိမ်ဦးခန်းမှာ သတင်းစာအခန့်သား ဖတ်နေတဲ့ ယောက်ျားကို အဲဒီလို စွယ်စုံရမိန်းမက သားသမီးမျက်နှာငဲ့ပြီး သည်းခံရတယ်ဆိုရင် အသဲပေါက်တာ။

အဲသလောက် သည်းခံတဲ့ မိန်းမကိုပစ်ပြီး ကေတီဗီက မိန်းကလေးကိုမှ သာယာတဲ့ ယောက်ျားဆိုရင် ရွံပါရွံတာ။ ယောက်ျားနဲ့မိန်းမ ဟာ တန်းတူပါ ဆိုပေမယ့်လဲ သားအိမ် နဲ့ နို့ကြောင့် တာဝန် ၂ခုကတော့ မိန်းမမှာအလိုလိုပိုပြီးသား။

ဒါကို အလွန်တစ်ရာ ဘုန်းက ကြီးလွန်းတဲ့ ယောက်ျားများက ငဲ့ညှာထောက်ထားခြင်းအားဖြင့် သစ္စာရှိရှိ နဲ့ လူပီသပြရမှာ မဟုတ်ဘူးလား။

အခုတော့ ဘာတဲ့။ ယောက်ျားတွေက သွေးသားဆန္ဒအရမို့ အချိန်ကြာရင် အိမ်ကဇနီးကို ငြီးငွေ့တတ်လို့ အသစ်ရှာဖောက်ပြန်ရင် မိန်းမတွေက မိခင်တွေမို့ ကလေးတွေ မျက်နှာထောက်ပြီး သည်းခံပေါင်းရမယ် ဆိုတဲ့စာမျိုး ဖတ်ရတော့.. Speechless ပဲ…။

မူရင်းရေးသားသူအားလေးစားစွာဖြင့် ခရက်စဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*