ခင္ပြန္းတိုင္း သိသင့္တဲ့ ဇနီးသည္ရဲ႕ နာက်င္မႈေတြ…

ခင္ပြန္းတိုင္း သိသင့္တဲ့ ဇနီးသည္ရဲ႕ နာက်င္မႈေတြ...
ခင္ပြန္းတိုင္း သိသင့္တဲ့ ဇနီးသည္ရဲ႕ နာက်င္မႈေတြ...

ခင္ပြန္းတိုင္း သိသင့္တဲ့ ဇနီးသည္ရဲ႕ နာက်င္မႈေတြ…

က်မတို႔ အမ်ိဳးသမီးေတြမွာ ကိုယ့္ခင္ပြန္းကို ပါးစပ္ကေန ဖြင့္ဟထုတ္ေဖာ္ေျပာၾကားစရာမလိုဘဲနဲ႔ သူတို႔စိတ္လိုလက္ရ နားလည္ေပးေစခ်င္တာေတြရွိတယ္။

အဲဒီလို နားလည္မေပးႏိုင္တဲ့ ခင္ပြန္းေၾကာင့္ နာက်င္ရတာေတြလည္း အမ်ားႀကီး ရွိၾကပါတယ္။ အခ်ိဳ႕ဒဏ္ရာေတြက တစ္ဦးနဲ႔တစ္ဦး သိပ္မကြာေလာက္ေအာင္ ထပ္တူက် တတ္ျပန္ ပါေသး တယ္။

အထူးသျဖင့္ စိတ္ေရာ လူေရာ သိပ္ကို ပင္ပန္းေနရင္ အမ်ိဳးသမီးေတြက ခင္ပြန္းျဖစ္သူကို သူ သိပ္ပင္ပန္းေနၿပီ ျဖစ္တဲ့အေၾကာင္း အျပဳအမူနဲ႔ပဲ ျဖစ္ျဖစ္၊ ပါးစပ္ကေနပဲ ျဖစ္ျဖစ္ ထုတ္ေဖာ္ေျပာဆိုတတ္ၾကတယ္။

သိပ္ကို ပင္ပန္းေနၿပီ ဆိုတာကို အခ်ိဳ႕က သက္ျပင္းေတြ ခ်ျပတယ္၊ အခ်ိဳ႕က တကယ့္ကို ႏြမ္းနယ္ေနတဲ့ ကိုယ့္ရဲ႕ ႐ုပ္သြင္ကို ျပတယ္၊ ပြင့္လင္းတဲ့ အမ်ိဳးသမီးကေတာ့ က်မ သိပ္ကို ပင္ပန္းေနၿပီလို႔ ေျပာတတ္ ၾကပါတယ္။

အဲဒီလို ျဖစ္လာတဲ့အခါ ကိုယ့္ခင္ပြန္းက ကိုယ့္ရဲ႕ ပင္ပန္းမႈအေပၚ အသိအမွတ္မျပဳရင္၊ မသိခ်င္ေယာင္ေဆာင္ေနရင္၊ အားေပးစကားမေျပာတဲ့အျပင္ အေရးမပါ သလို ပစ္ပစ္ခါခါ ဆက္ဆံရင္ အသည္းထဲကထိ နာက်င္တတ္ ၾကပါတယ္။

ဒါ့အျပင္ အမ်ိဳးသမီးေတြက ကိုယ္မႀကိဳက္တဲ့ သူေတြ၊ ကိုယ္ မျမင္ခ်င္တဲ့ သူေတြ၊ ကိုယ္မ ဆက္ဆံေစခ်င္တဲ့ သူေတြ ရွိလာခဲ့ရင္လည္း ခင္ပြန္းျဖစ္သူကို သိေစတတ္ၾကတယ္။

အခ်ိဳ႕ကေတာ့ အဲဒီလူ(အမ်ိဳသား၊ အမ်ိဳးသမီး)ကို သေဘာမက်တဲ့အေၾကာင္း စကားသံနဲ႔ျဖစ္ျဖစ္ အမူအရာနဲ႔ျဖစ္ျဖစ္ သိေစတယ္။ ပြင့္လင္းတဲ့ အမ်ိဳးသမီးေတြကေတာ့ ခင္ပြန္းျဖစ္သူကို ေျဗာင္ဖြင့္ေျပာတတ္တယ္။

”က်မ သူ႔ကို မႀကိဳက္ဘူး၊ သူ႔ကို မျမင္ခ်င္ဘူး ရွင္သူနဲ႔ ဆက္ဆံေရး မလုပ္ပါနဲ႔”လို႔ တားျမစ္တာမ်ိဳးလည္း ရွိတတ္ပါတယ္။ ဒါဟာ မိန္းမတစ္ေယာက္ရဲ႕ ဆဌမ အာ႐ုံေၾကာင့္တားတာမ်ိဳး ရွိတတ္သလို၊

ကိုယ့္ခင္ပြန္းနဲ႔ ေခၚေျပာဆက္ဆံရင္းနဲ႔ကိုယ့္ခင္ပြန္းရဲ႕ ဂုဏ္သိကၡာကိုပါ ထိခိုက္လာမွာစိုးလို႔ ႀကိဳတင္ကာကြယ္တာမ်ိဳးလည္း ရွိပါတယ္။

အဲဒီလို ေျပာထားပါလ်က္နဲ႔ ခင္ပြန္းက ဇနီးသည္ရဲ႕ အျမင္၊ ဇနီးသည္ရဲ႕ ခံစားခ်က္ စတာေတြကို အေလးအနက္မထားသလို ေျပာဆိုဆက္ဆံတယ္ဆိုရင္၊ကိုယ္သေဘာမက်တဲ့သူ မေပါင္းပါနဲ႔လို႔ တားထားတဲ့

သူကိုမွ မျပတ္မသားႏိုင္ဘဲနဲ႔. ေပါင္းသင္းဆက္ဆံေနရင္လည္း ငါ့အေပၚ ငါ့ခံစားခ်က္အေပၚ ငါ့ စကားအေပၚ အေလးအနက္မထားပါလား၊ သူနဲ႔ ငါ့ကိုေတာင္ လဲ မလို႔လား ဆိုတဲ့ အေတြးနဲ႔ ဝမ္းနည္း နာက်င္တတ္ၾကပါတယ္။

ဒါ့အျပင္ ကိုယ္နဲ႔သူရဲ႕ အမွတ္တရ ေန႔ေတြ၊ မိသားစုေတြရဲ႕ အမွတ္တရေန႔ေတြနဲ႔ ပတ္သက္ရင္ အေလးအနက္ထားတတ္တဲ့ သူေတြက ကိုယ့္ခင္ပြန္းကိုလည္း အဲဒီေပၚမွာ အေလးအနက္ထားေပးေစခ်င္တယ္။

ဒါေပမဲ့ခင္ပြန္းျဖစ္သူက ေမ့ေနတဲ့အခါ၊ ေမ့ခ်င္ေယာင္ေဆာင္ေနတဲ့အခါ၊ ဒါမွ မဟုတ္ အဲဒီရက္က အေရးမႀကီးသလို သေဘာထားၿပီး ေျပာဆိုေနတဲ့အခါမွာလည္း ဝမ္းနည္းနာက်င္မႈကို ခံစားရပါတယ္။

ဒါ့အျပင္ ကိုယ္မွာလိုက္တဲ့ ပစၥည္းကို အႀကိမ္ႀကိမ္ေမ့လာတာ၊ ေမးလိုက္မိတဲ့ စကားကို ျပန္မေျဖတာ၊ မၾကားခ်င္ေယ ာင္ေဆာင္ေနတာ၊ ကိုယ္ေဘးနားမွာ ကိုယ္ရွိလ်က္နဲ႔

ကိုယ့္အေပၚ အာ႐ုံမရွိတာ၊ ကိုယ့္ကို အေလးအနက္မထားဘဲ ဆက္ဆံေျပာဆိုသလို ျဖစ္ေနတာေတြက အမ်ိဳသမီးေတြရဲ႕ ဝမ္းနည္းနာက်င္မႈကို ျဖစ္ေစေတာ့တာပါပဲ။

ေျပာရမယ္ဆိုရင္ ခင္ပြန္းသည္ေၾကာင့္ နာက်င္ခံစားရႏိုင္တဲ့ တုန႔္ျပန္မႈေတြကေတာ့ အမ်ားႀကီးရွိတတ္ပါတယ္။

အေျခခံက ဇနီးျဖစ္သူရဲ႕ စိတ္ခံစားမႈ၊ ထင္ျမင္ယူဆခ်က္နဲ႔ ေျပာဆိုမႈအေပၚမွာ အေလးအထားသလို၊ ဂ႐ုမစိုက္သလို၊ အေရးမပါသလို တုန႔္ျပန္မိလို႔ ျဖစ္ရတာေတြ ခ်ည္းပါပဲ။

အမ်ိဳးသမီးေတြဟာ စိတ္ခံစားခ်က္ကို အေလးအနက္ထားတဲ့သူေတြဆိုတာကို နားလည္ၿပိး သူူတို႔ရဲ႕ ခံစားခ်က္နဲ႔ေျပာဆိုသမွ်ကို ဂ႐ုစိုက္ေပးမယ္ဆိုရင္ေတာ့ ကိုယ့္ဇနီးသည္ကို စိတ္ဒဏ္ရာကင္းကင္းနဲ႔ ေပ်ာ္႐ႊင္ေအာင္ ထားႏိုင္တဲ့ ခင္ပြန္းျဖစ္လာမွာပါ။

အဲဒီလိုမွ မဟုတ္ဘဲနဲ႔ ကိုယ့္ဇနီးသည္ရဲ႕ ႏွလုံးသားနဲ႔ ခံစားခ်က္ကို ျမင္ေအာင္ မၾကည့္ႏိုင္ဘူးဆိုရင္ေတာ့ ဇနီးသည္ရဲ႕ ႏွလုံးသားဟာ ဒဏ္ရာဒဏ္ခ်က္ေတြနဲ႔ ျပည့္ႏွက္ေနဦးမွာပါပဲ။

အဲဒီနာက်င္မႈက စိတ္ထဲကေန ႏွလုံးသားထဲထိ တစိမ့္စိမ့္စီးဝင္လာတဲ့အခါ အိပ္မေပ်ာ္တာ၊ စကားမေျပာခ်င္ေတာ့တာ၊ ေလာကႀကီးကို စိတ္ကုန္လာတာ.. အဲဒီလိုေတြ ျဖစ္တတ္ၾကပါတယ္။

အဲဒီလို ျဖစ္ေနတဲ့အခါ ေနမေကာင္းျဖစ္လာတာမ်ိဳး စိတ္ပင္ပန္းကိုယ္ပင္ပန္းနဲ႔ ေျခကုန္လက္ပန္းက်လာရတာမ်ိဳးေတြနဲ႔ ႀကဳံရတတ္ပါတယ္။

ဒီလိုအေျခအေနမ်ိဳး ကိုယ့္ဇနီးမွာ ရွိေနတယ္ဆိုရင္ ကိုယ့္ဇနီးရဲ႕ စိတ္ထဲက ဒဏ္ရာကို နားလည္မႈေပးၿပီး က ုသေပးႏိုင္သူဟာ ဆရာဝန္မဟုတ္ပါဘူး။ အဲဒီ ဇနီးရဲ႕ ခင္ပြန္းျဖစ္တဲ့သူပါ။

အမ်ိဳးသမီးေတြရဲ႕ စိတ္ထဲက နာက်င္မႈကို ကုသႏိုင္တဲ့ ေဆး ဘယ္ေလာက္ရွိသလဲ က်မ ေသခ်ာမသိပါဘူး၊ ဒါေပမဲ့ ေသခ်ာေျပာႏိုင္တာကေတာ့ နာက်င္မႈဟာ၊ ၾကင္နာမႈေၾကာင့္ေတာ့ ပ်က္သြားတတ္ပါတယ္။

ဒါေၾကာင့္ စိတ္ထဲမွာဝမ္းနည္းနာက်င္ေနတဲ့ ဇနီးသည္ကို ခင္ပြန္းျဖစ္သူရဲ႕ ဂ႐ုတစိုက္အၾကင္နာနဲ႔ ကုသေပးရင္ ၾကည္ႏႉးမႈကိုခံစားရတဲ့ ဇနီးသည္ဟာ စိတ္ေရာ လူပါ ျပန္လည္ လန္းဆန္းလာလိမ့္မယ္ဆိုတာကိုေတာ့ ေသခ်ာေျပာႏိုင္ပါတယ္ရွင္။

ေက်းဇူးတင္ပါတယ္။ ႏွလုံးစိတ္ဝမ္းေအးခ်မ္းၾကပါေစ။ေမၾသကၤန္ဟိန္(ျမစ္မခ)

Unicode

ခင်ပွန်းတိုင်း သိသင့်တဲ့ ဇနီးသည်ရဲ့ နာကျင်မှုတွေ…

ကျမတို့ အမျိုးသမီးတွေမှာ ကိုယ့်ခင်ပွန်းကို ပါးစပ်ကနေ ဖွင့်ဟထုတ်ဖော်ပြောကြားစရာမလိုဘဲနဲ့ သူတို့စိတ်လိုလက်ရ နားလည်ပေးစေချင်တာတွေရှိတယ်။

အဲဒီလို နားလည်မပေးနိုင်တဲ့ ခင်ပွန်းကြောင့် နာကျင်ရတာတွေလည်း အများကြီး ရှိကြပါတယ်။ အချို့ဒဏ်ရာတွေက တစ်ဦးနဲ့တစ်ဦး သိပ်မကွာလောက်အောင် ထပ်တူကျ တတ်ပြန် ပါသေး တယ်။

အထူးသဖြင့် စိတ်ရော လူရော သိပ်ကို ပင်ပန်းနေရင် အမျိုးသမီးတွေက ခင်ပွန်းဖြစ်သူကို သူ သိပ်ပင်ပန်းနေပြီ ဖြစ်တဲ့အကြောင်း အပြုအမူနဲ့ပဲ ဖြစ်ဖြစ်၊ ပါးစပ်ကနေပဲ ဖြစ်ဖြစ် ထုတ်ဖော်ပြောဆိုတတ်ကြတယ်။

သိပ်ကို ပင်ပန်းနေပြီ ဆိုတာကို အချို့က သက်ပြင်းတွေ ချပြတယ်၊ အချို့က တကယ့်ကို နွမ်းနယ်နေတဲ့ ကိုယ့်ရဲ့ ရုပ်သွင်ကို ပြတယ်၊ ပွင့်လင်းတဲ့ အမျိုးသမီးကတော့ ကျမ သိပ်ကို ပင်ပန်းနေပြီလို့ ပြောတတ် ကြပါတယ်။

အဲဒီလို ဖြစ်လာတဲ့အခါ ကိုယ့်ခင်ပွန်းက ကိုယ့်ရဲ့ ပင်ပန်းမှုအပေါ် အသိအမှတ်မပြုရင်၊ မသိချင်ယောင်ဆောင်နေရင်၊ အားပေးစကားမပြောတဲ့အပြင် အရေးမပါ သလို ပစ်ပစ်ခါခါ ဆက်ဆံရင် အသည်းထဲကထိ နာကျင်တတ် ကြပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေက ကိုယ်မကြိုက်တဲ့ သူတွေ၊ ကိုယ် မမြင်ချင်တဲ့ သူတွေ၊ ကိုယ်မ ဆက်ဆံစေချင်တဲ့ သူတွေ ရှိလာခဲ့ရင်လည်း ခင်ပွန်းဖြစ်သူကို သိစေတတ်ကြတယ်။

အချို့ကတော့ အဲဒီလူ(အမျိုသား၊ အမျိုးသမီး)ကို သဘောမကျတဲ့အကြောင်း စကားသံနဲ့ဖြစ်ဖြစ် အမူအရာနဲ့ဖြစ်ဖြစ် သိစေတယ်။ ပွင့်လင်းတဲ့ အမျိုးသမီးတွေကတော့ ခင်ပွန်းဖြစ်သူကို ဗြောင်ဖွင့်ပြောတတ်တယ်။

”ကျမ သူ့ကို မကြိုက်ဘူး၊ သူ့ကို မမြင်ချင်ဘူး ရှင်သူနဲ့ ဆက်ဆံရေး မလုပ်ပါနဲ့”လို့ တားမြစ်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါဟာ မိန်းမတစ်ယောက်ရဲ့ ဆဌမ အာရုံကြောင့်တားတာမျိုး ရှိတတ်သလို၊

ကိုယ့်ခင်ပွန်းနဲ့ ခေါ်ပြောဆက်ဆံရင်းနဲ့ကိုယ့်ခင်ပွန်းရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်လာမှာစိုးလို့ ကြိုတင်ကာကွယ်တာမျိုးလည်း ရှိပါတယ်။

အဲဒီလို ပြောထားပါလျက်နဲ့ ခင်ပွန်းက ဇနီးသည်ရဲ့ အမြင်၊ ဇနီးသည်ရဲ့ ခံစားချက် စတာတွေကို အလေးအနက်မထားသလို ပြောဆိုဆက်ဆံတယ်ဆိုရင်၊ကိုယ်သဘောမကျတဲ့သူ မပေါင်းပါနဲ့လို့ တားထားတဲ့

သူကိုမှ မပြတ်မသားနိုင်ဘဲနဲ့. ပေါင်းသင်းဆက်ဆံနေရင်လည်း ငါ့အပေါ် ငါ့ခံစားချက်အပေါ် ငါ့ စကားအပေါ် အလေးအနက်မထားပါလား၊ သူနဲ့ ငါ့ကိုတောင် လဲ မလို့လား ဆိုတဲ့ အတွေးနဲ့ ဝမ်းနည်း နာကျင်တတ်ကြပါတယ်။

ဒါ့အပြင် ကိုယ်နဲ့သူရဲ့ အမှတ်တရ နေ့တွေ၊ မိသားစုတွေရဲ့ အမှတ်တရနေ့တွေနဲ့ ပတ်သက်ရင် အလေးအနက်ထားတတ်တဲ့ သူတွေက ကိုယ့်ခင်ပွန်းကိုလည်း အဲဒီပေါ်မှာ အလေးအနက်ထားပေးစေချင်တယ်။

ဒါပေမဲ့ခင်ပွန်းဖြစ်သူက မေ့နေတဲ့အခါ၊ မေ့ချင်ယောင်ဆောင်နေတဲ့အခါ၊ ဒါမှ မဟုတ် အဲဒီရက်က အရေးမကြီးသလို သဘောထားပြီး ပြောဆိုနေတဲ့အခါမှာလည်း ဝမ်းနည်းနာကျင်မှုကို ခံစားရပါတယ်။

ဒါ့အပြင် ကိုယ်မှာလိုက်တဲ့ ပစ္စည်းကို အကြိမ်ကြိမ်မေ့လာတာ၊ မေးလိုက်မိတဲ့ စကားကို ပြန်မဖြေတာ၊ မကြားချင်ယေ ာင်ဆောင်နေတာ၊ ကိုယ်ဘေးနားမှာ ကိုယ်ရှိလျက်နဲ့

ကိုယ့်အပေါ် အာရုံမရှိတာ၊ ကိုယ့်ကို အလေးအနက်မထားဘဲ ဆက်ဆံပြောဆိုသလို ဖြစ်နေတာတွေက အမျိုသမီးတွေရဲ့ ဝမ်းနည်းနာကျင်မှုကို ဖြစ်စေတော့တာပါပဲ။

ပြောရမယ်ဆိုရင် ခင်ပွန်းသည်ကြောင့် နာကျင်ခံစားရနိုင်တဲ့ တုန့်ပြန်မှုတွေကတော့ အများကြီးရှိတတ်ပါတယ်။

အခြေခံက ဇနီးဖြစ်သူရဲ့ စိတ်ခံစားမှု၊ ထင်မြင်ယူဆချက်နဲ့ ပြောဆိုမှုအပေါ်မှာ အလေးအထားသလို၊ ဂရုမစိုက်သလို၊ အရေးမပါသလို တုန့်ပြန်မိလို့ ဖြစ်ရတာတွေ ချည်းပါပဲ။

အမျိုးသမီးတွေဟာ စိတ်ခံစားချက်ကို အလေးအနက်ထားတဲ့သူတွေဆိုတာကို နားလည်ပြိး သူူတို့ရဲ့ ခံစားချက်နဲ့ပြောဆိုသမျှကို ဂရုစိုက်ပေးမယ်ဆိုရင်တော့ ကိုယ့်ဇနီးသည်ကို စိတ်ဒဏ်ရာကင်းကင်းနဲ့ ပျော်ရွှင်အောင် ထားနိုင်တဲ့ ခင်ပွန်းဖြစ်လာမှာပါ။

အဲဒီလိုမှ မဟုတ်ဘဲနဲ့ ကိုယ့်ဇနီးသည်ရဲ့ နှလုံးသားနဲ့ ခံစားချက်ကို မြင်အောင် မကြည့်နိုင်ဘူးဆိုရင်တော့ ဇနီးသည်ရဲ့ နှလုံးသားဟာ ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နှက်နေဦးမှာပါပဲ။

အဲဒီနာကျင်မှုက စိတ်ထဲကနေ နှလုံးသားထဲထိ တစိမ့်စိမ့်စီးဝင်လာတဲ့အခါ အိပ်မပျော်တာ၊ စကားမပြောချင်တော့တာ၊ လောကကြီးကို စိတ်ကုန်လာတာ.. အဲဒီလိုတွေ ဖြစ်တတ်ကြပါတယ်။

အဲဒီလို ဖြစ်နေတဲ့အခါ နေမကောင်းဖြစ်လာတာမျိုး စိတ်ပင်ပန်းကိုယ်ပင်ပန်းနဲ့ ခြေကုန်လက်ပန်းကျလာရတာမျိုးတွေနဲ့ ကြုံရတတ်ပါတယ်။

ဒီလိုအခြေအနေမျိုး ကိုယ့်ဇနီးမှာ ရှိနေတယ်ဆိုရင် ကိုယ့်ဇနီးရဲ့ စိတ်ထဲက ဒဏ်ရာကို နားလည်မှုပေးပြီး က ုသပေးနိုင်သူဟာ ဆရာဝန်မဟုတ်ပါဘူး။ အဲဒီ ဇနီးရဲ့ ခင်ပွန်းဖြစ်တဲ့သူပါ။

အမျိုးသမီးတွေရဲ့ စိတ်ထဲက နာကျင်မှုကို ကုသနိုင်တဲ့ ဆေး ဘယ်လောက်ရှိသလဲ ကျမ သေချာမသိပါဘူး၊ ဒါပေမဲ့ သေချာပြောနိုင်တာကတော့ နာကျင်မှုဟာ၊ ကြင်နာမှုကြောင့်တော့ ပျက်သွားတတ်ပါတယ်။

ဒါကြောင့် စိတ်ထဲမှာဝမ်းနည်းနာကျင်နေတဲ့ ဇနီးသည်ကို ခင်ပွန်းဖြစ်သူရဲ့ ဂရုတစိုက်အကြင်နာနဲ့ ကုသပေးရင် ကြည်နှူးမှုကိုခံစားရတဲ့ ဇနီးသည်ဟာ စိတ်ရော လူပါ ပြန်လည် လန်းဆန်းလာလိမ့်မယ်ဆိုတာကိုတော့ သေချာပြောနိုင်ပါတယ်ရှင်။

ကျေးဇူးတင်ပါတယ်။ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။မေသြင်္ကန်ဟိန်(မြစ်မခ)

Be the first to comment

Leave a Reply

Your email address will not be published.


*