ဆဲတတ္တဲ့အက်င့္ ရိွတဲ့သူေတြ… ဒီပို႔စ္ေလးကို ဖတ္ၾကည့္ေနာ္

ဆဲတတ္တဲ့အက်င့္ ရိွတဲ့သူေတြ... ဒီပို႔စ္ေလးကို ဖတ္ၾကည့္ေနာ္
ဆဲတတ္တဲ့အက်င့္ ရိွတဲ့သူေတြ... ဒီပို႔စ္ေလးကို ဖတ္ၾကည့္ေနာ္

ဆဲတတ္တဲ့အက်င့္ ရွိတဲ့သူေတြ… ဒီပို႔စ္ေလးကို ဖတ္ၾကည့္ေနာ္

” ပါးစပ္က ထြက္ေသာ ထို စကားေၾကာင့္ ” တဲ့ တစ္ခါက ရဟႏၲာေထရီမႀကီးႏွစ္ပါး ထိုင္ေနတဲ့ အခ်ိန္မွာ တစ္ပါးက ေမးတယ္။

အသက္ကလည္း ငယ္တယ္၊ အ႐ြယ္လည္းရွိပါရဲ႕နဲ႔ ဘာ့ေၾကာင့္ အိမ္ေထာင္ မျပဳတာလည္းဆိုေတာ့ တစ္ပါးက သူ႔ ဇာတ္ေၾကာင္းကို ေျပာျပတယ္။

သူဟာ ဘဝတစ္ခုမွာ ကုန္သည္ တစ္ေယာက္နဲ႔ လက္ထပ္ခဲ့တယ္။ ေပါင္းသင္းၿပီး မၾကာခင္မွာဘဲ ေယာက်ၤားက ကုန္ကူးသြားေတာ့ သူ႔မွာ ကိုယ္ဝန္နဲ႔ က်န္ခဲ့တယ္။ ေယာကၡမေတြက သူ႔သားနဲ႔ ရတဲ့ ကိုယ္ဝန္ မဟုတ္ဘူး ဆိုၿပီး ႏွင္ခ် လိုက္တယ္။

ဗိုက္တစ္လုံးနဲ႔ ထြက္သြား ခဲ့ရတယ္။ ဇရပ္တစ္ခု ေရာက္ေတာ့ ဗိုက္နာၿပီး ကေလးေမြးတယ္။ ကေလးကို ဇရပ္မွာ ခဏထားၿပီး ေရသြားရွာေနတုန္း ခရီးသြား တစ္ေယာက္ကစြန႔္ပစ္ထားတဲ့ ကေလး ဆိုၿပီး ယူသြားတယ္။

ဒီလိုနဲ႔ စိတ္ေလၿပီး ေလ်ာက္သြား ေနတုန္းဓါးျပဗိုလ္ႀကီးနဲ႔ ေတြ႕ၿပီး ေပါင္းသင္းခဲ့ ျပန္တယ္။ မိန္းခေလး တစ္ေယာက္ေမြးတယ္။ တစ္ေန႔ ကေလးပုခက္ထဲ က ျပဳတ္က်ၿပီး ေခါင္းမွာ ဒဏ္ရာ ရလို႔ ေယာက်ၤားကို ေၾကာက္ၿပီး ထြက္ေျပးခဲ့ျပန္တယ္။

အဲဒီလိုနဲ႔ တစ္ေယာက္ထဲ ႏွစ္ေပါင္းမ်ားစြာ ေလွ်ာက္သြားေနတုန္း ကုန္သည္ေလး တစ္ေယာက္နဲ႔ ေတြ႕ၿပီး အိမ္ေထာင္ ျပဳလိုက္ျပန္တယ္။

အဲဒီ ကုန္သည္ေပါက္စေလး နဲ႔ ေပါင္းသင္း ေနတုန္းမွာဘဲ… တစ္ေန႔ ကုန္သည္ေလးက မိန္းမငယ္ငယ္ေလးတစ္ေယာက္ကို ေခၚလာ ျပန္လို႔… ႏွစ္ေယာက္ ေပါင္းရျပန္တယ္။

တစ္ေန႔ေတာ့ မယားအငယ္ေလးကို သန္းရွာ ေပးေနတုန္း ေခါင္းက ဒဏ္ရာကိုေတြ႕ေတာ့ သူ႔သမီးဒဏ္ရာနဲ႔ တူလိုက္တာလို႔ ေတြးၿပီး ဇာတိကို ေမးၾကည့္ေတာ့ တကယ္ဘဲ ဓါးျပဗိုလ္ႀကီးနဲ႔ ရခဲ့တဲ့ သူ႔သမီး ျဖစ္ေန ပါေတာ့တယ္။

သားအမိႏွစ္ေယာက္ ယူႀကဳံးမရ ျဖစ္ေနၿပီး သူတို႔လင္ကို ေျပာျပေတာ့ သူ႔လင္ကလည္းတစ္ခ်ိန္က ဇရပ္မွာ ေပ်ာက္သြားတဲ့ သူ႔သားေလး ျဖစ္ေနျပန္တယ္။

ဆိုးလိုက္တဲ့ အျဖစ္ရယ္ေနာ္။ ရဟႏၲာေထရီမႀကီးက သူ႔ဘဝဇာတ္ေၾကာင္းကို ေျပာျပၿပီး သူေလာကီမွာ မေနဝံ့ေတာ့လို႔ တရားထူးရေအာင္ အားထုတ္ရတာပါလို႔ ေျပာျပ ခဲ့ပါတယ္။

အဲဒါဟာ သူ ” မေအ ” နဲ႔တပ္ၿပီး ဆဲခဲ့မိလို႔ ျပန္လည္ ေပးဆပ္ရတာပါတဲ့။ ဘယ္ေလာက္ထိေၾကာက္စရာ ေကာင္းလိုက္ပါသလဲ…? ညီမေလးတို႔ ဘာေၾကာင္းနဲ႔ပဲ ျဖစ္ျဖစ္ဘယ္ေလာက္ဘဲ ေဒါသ ထြက္ေနပါေစ။ သူတစ္ပါးကို ” မေအ” နဲ႔ တပ္ၿပီး မဆဲျဖစ္ေအာင္ ဂ႐ုစိုက္ၾကပါလို႔ သတိ ေပးခ်င္ပါတယ္။

ဘုရားစာ႐ြတ္လို႔ ကုသိုလ္ရတာလည္း ဒီ ပါး စပ္ က ထြက္တာပါဘဲ။ ဆဲလို႔ သံသရာမွာ ေပးဆပ္ရမွာလည္း ဒီပါးစပ္က ထြက္တာပါဘဲ။

ဘုရားရွင္က ” ပါး စပ္ ”က ထြက္တဲ့ စ ကားလုံးေတြဟာ အက်ိဳးမခံစားရဘဲ ေပ်ာက္ပ်က္ မသြားပါဘူး တဲ့။ ပါးစပ္ စည္းကမ္း ရွိႏိုင္ၾက ပါေစ။#Credit to ……(ဦးတိေလာက)

Unicode

ဆဲတတ်တဲ့အကျင့် ရှိတဲ့သူတွေ… ဒီပို့စ်လေးကို ဖတ်ကြည့်နော်

” ပါးစပ်က ထွက်သော ထို စကားကြောင့် ” တဲ့ တစ်ခါက ရဟန္တာထေရီမကြီးနှစ်ပါး ထိုင်နေတဲ့ အချိန်မှာ တစ်ပါးက မေးတယ်။

အသက်ကလည်း ငယ်တယ်၊ အရွယ်လည်းရှိပါရဲ့နဲ့ ဘာ့ကြောင့် အိမ်ထောင် မပြုတာလည်းဆိုတော့ တစ်ပါးက သူ့ ဇာတ်ကြောင်းကို ပြောပြတယ်။

သူဟာ ဘဝတစ်ခုမှာ ကုန်သည် တစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။ ပေါင်းသင်းပြီး မကြာခင်မှာဘဲ ယောင်္ကျားက ကုန်ကူးသွားတော့ သူ့မှာ ကိုယ်ဝန်နဲ့ ကျန်ခဲ့တယ်။ ယောက္ခမတွေက သူ့သားနဲ့ ရတဲ့ ကိုယ်ဝန် မဟုတ်ဘူး ဆိုပြီး နှင်ချ လိုက်တယ်။

ဗိုက်တစ်လုံးနဲ့ ထွက်သွား ခဲ့ရတယ်။ ဇရပ်တစ်ခု ရောက်တော့ ဗိုက်နာပြီး ကလေးမွေးတယ်။ ကလေးကို ဇရပ်မှာ ခဏထားပြီး ရေသွားရှာနေတုန်း ခရီးသွား တစ်ယောက်ကစွန့်ပစ်ထားတဲ့ ကလေး ဆိုပြီး ယူသွားတယ်။

ဒီလိုနဲ့ စိတ်လေပြီး လျောက်သွား နေတုန်းဓါးပြဗိုလ်ကြီးနဲ့ တွေ့ပြီး ပေါင်းသင်းခဲ့ ပြန်တယ်။ မိန်းခလေး တစ်ယောက်မွေးတယ်။ တစ်နေ့ ကလေးပုခက်ထဲ က ပြုတ်ကျပြီး ခေါင်းမှာ ဒဏ်ရာ ရလို့ ယောင်္ကျားကို ကြောက်ပြီး ထွက်ပြေးခဲ့ပြန်တယ်။

အဲဒီလိုနဲ့ တစ်ယောက်ထဲ နှစ်ပေါင်းများစွာ လျှောက်သွားနေတုန်း ကုန်သည်လေး တစ်ယောက်နဲ့ တွေ့ပြီး အိမ်ထောင် ပြုလိုက်ပြန်တယ်။

အဲဒီ ကုန်သည်ပေါက်စလေး နဲ့ ပေါင်းသင်း နေတုန်းမှာဘဲ… တစ်နေ့ ကုန်သည်လေးက မိန်းမငယ်ငယ်လေးတစ်ယောက်ကို ခေါ်လာ ပြန်လို့… နှစ်ယောက် ပေါင်းရပြန်တယ်။

တစ်နေ့တော့ မယားအငယ်လေးကို သန်းရှာ ပေးနေတုန်း ခေါင်းက ဒဏ်ရာကိုတွေ့တော့ သူ့သမီးဒဏ်ရာနဲ့ တူလိုက်တာလို့ တွေးပြီး ဇာတိကို မေးကြည့်တော့ တကယ်ဘဲ ဓါးပြဗိုလ်ကြီးနဲ့ ရခဲ့တဲ့ သူ့သမီး ဖြစ်နေ ပါတော့တယ်။

သားအမိနှစ်ယောက် ယူကြုံးမရ ဖြစ်နေပြီး သူတို့လင်ကို ပြောပြတော့ သူ့လင်ကလည်းတစ်ချိန်က ဇရပ်မှာ ပျောက်သွားတဲ့ သူ့သားလေး ဖြစ်နေပြန်တယ်။

ဆိုးလိုက်တဲ့ အဖြစ်ရယ်နော်။ ရဟန္တာထေရီမကြီးက သူ့ဘဝဇာတ်ကြောင်းကို ပြောပြပြီး သူလောကီမှာ မနေဝံ့တော့လို့ တရားထူးရအောင် အားထုတ်ရတာပါလို့ ပြောပြ ခဲ့ပါတယ်။

အဲဒါဟာ သူ ” မအေ ” နဲ့တပ်ပြီး ဆဲခဲ့မိလို့ ပြန်လည် ပေးဆပ်ရတာပါတဲ့။ ဘယ်လောက်ထိကြောက်စရာ ကောင်းလိုက်ပါသလဲ…? ညီမလေးတို့ ဘာကြောင်းနဲ့ပဲ ဖြစ်ဖြစ်ဘယ်လောက်ဘဲ ဒေါသ ထွက်နေပါစေ။ သူတစ်ပါးကို ” မအေ” နဲ့ တပ်ပြီး မဆဲဖြစ်အောင် ဂရုစိုက်ကြပါလို့ သတိ ပေးချင်ပါတယ်။

ဘုရားစာရွတ်လို့ ကုသိုလ်ရတာလည်း ဒီ ပါး စပ် က ထွက်တာပါဘဲ။ ဆဲလို့ သံသရာမှာ ပေးဆပ်ရမှာလည်း ဒီပါးစပ်က ထွက်တာပါဘဲ။

ဘုရားရှင်က ” ပါး စပ် ”က ထွက်တဲ့ စ ကားလုံးတွေဟာ အကျိုးမခံစားရဘဲ ပျောက်ပျက် မသွားပါဘူး တဲ့။ ပါးစပ် စည်းကမ်း ရှိနိုင်ကြ ပါစေ။#Credit to ……(ဦးတိလောက)

Be the first to comment

Leave a Reply

Your email address will not be published.


*