ခုလို ေဆာင္းတြင္းကာလမွာ အျဖစ္မ်ားျပီး ဂ႐ုစိုက္သင့္တဲ့ ေရာဂါမ်ား

ခုလို ေဆာင္းတြင္းကာလမွာ အျဖစ္မ်ားျပီး ဂ႐ုစိုက္သင့္တဲ့ ေရာဂါမ်ား
ခုလို ေဆာင္းတြင္းကာလမွာ အျဖစ္မ်ားျပီး ဂ႐ုစိုက္သင့္တဲ့ ေရာဂါမ်ား

ခုလို ေဆာင္းတြင္းကာလမွာ အျဖစ္မ်ားျပီး ဂ႐ုစိုက္သင့္တဲ့ ေရာဂါမ်ား

ခုလို ရာသီဥတုေအးတဲ့ ေဆာင္းတြင္းကာလမွာ ဂရုစိုက္သင့္တဲ့ ေရာဂါေတြနဲ႕ ကာကြယ္ကုသနည္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္…။

၁။ ႏွလုံး ေရာဂါ

ႏွလုံးေရာဂါဟာ ေဆာင္းတြင္းမွာ ပိုအျဖစ္မ်ားတယ္ဆိုတာကို လူအမ်ားစုက မသိၾကပါဘူး။ ေအးတဲ့အခ်ိန္မွာ ေသြးလႊတ္ေၾကာေတြဟာ က်ဳံ႕သြားၿပီး ႏွလုံးကေန ေသြးေတြ စုပ္ထုတ္ရာမွာ အခက္အခဲ ျဖစ္ေစပါတယ္။

ကိုယ့္မွာ နဂိုတည္းက ႏွလုံးေရာဂါအခံလည္း ရွိတယ္ဆိုရင္ ေဆာင္းတြင္းမနက္ေစာေစာ လမ္းထေလွ်ာက္မယ္ဆိုရင္ ေနစထြက္ခ်ိန္မွ ေလွ်ာက္တာ ပိုမို သင့္ေလ်ာ္ၿပီး မနက္စာကိုလည္း တနင့္တပိုး မစားသင့္ပါဘူး။

ေနာက္ၿပီး ေဆာင္းတြင္းမွာ ညစာကိုလည္း ေလွ်ာ့စားတာက ႏွလုံးေရာဂါအႏၲရာယ္ကို အတိုင္းအတာ တစ္ခုထိ ကာကြယ္ ႏိုင္ပါတယ္။

၂။ ရင္ၾကပ္ ေရာဂါ

တစ္ကယ္လို႔ သင္ဟာ ပန္းနာရင္ၾကပ္သမားတစ္ဦးဆိုရင္ ေဆာင္းတြင္းမွာ ပိုဂ႐ုစိုက္သင့္ပါတယ္။

ေအးျမၿပီး ေျခာက္ေသြ႕တဲ့ ေလဟာ အသက္ရႈလမ္းေၾကာင္း ကို ပိုမို တင္းၾကပ္ေစၿပီး အသက္ရႈရ ခက္ခဲ ေစပါတယ္။

အိမ္မွာ မီးခိုးေငြ႕လို ရင္ၾကပ္ေစတဲ့ အရာေတြကို ဂ႐ုတစိုက္ ေရွာင္ရွားသင့္ၿပီး၊ အိပ္ယာခင္းမ်ား တစ္ပတ္တစ္ခါ လဲျခင္းျဖင့္ ရင္ၾကပ္ေရာဂါကို ကာကြယ္ ႏိုင္ပါတယ္။

၃။ အေရျပား ယားယံျခင္း

စိုထိုင္းမႈနည္းၿပီး အပူခ်ိန္ နည္းျခင္းဟာ အေရျပားကို ယားယံ ေစပါတယ္။ ဆီမ်ားတဲ့ လမ္းေဘးစာေတြ စားျခင္းကို ေရွာင္ရွားျခင္းျဖင့္ အေရျပားယားယံျခင္း ကို ကာကြယ္ႏိုင္ပါတယ္။

ေရေႏြးၾကမ္း ပူပူေလးကို ထန္းလ်က္ခဲနဲ႔ စားျခင္း၊ အေရျပားမွာ သံလြင္ဆီ လိမ္းထားျခင္းတို႔နဲ႔လည္း အေရျပားယားယံျခင္းကို ကာကြယ္ တားဆီးႏိုင္ပါတယ္။

၄။ အ႐ိုးအဆစ္ ကိုက္ခဲျခင္း

အ႐ိုးအဆစ္ ကိုက္ခဲျခင္းဟာလည္း ေဆာင္းတြင္းမွာ ျဖစ္ပြားတတ္တဲ့ ေရာဂါတစ္မ်ိဳးပါပဲ။ အဝတ္အထည္ ႏွစ္ထပ္ဝတ္ၿပီး ေႏြးေႏြးေထြးေထြးေနျခင္း၊ ေသြးပူေအာင္ ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္း လုပ္ျခင္းတို႔နဲ႔ အ႐ိုးအဆစ္ ကိုက္ခဲျခင္းကို ကာကြယ္ႏိုင္ပါတယ္။

ေနေရာင္ျခည္ ေႏြးေႏြးေအာက္မွာ ေနပူစာ လႈံျခင္းဟာလည္း အေကာင္းဆုံး နည္းလမ္းတစ္ခုပါပဲ။

၅။ ႏွာပိတ္ျခင္း

ေခ်ာင္းဆိုးျခင္း၊ ေခါင္းကိုက္ျခင္း၊ ႏွာပိတ္ျခင္းတို႔ဟာလည္း ေဆာင္းတြင္းမွာ အျဖစ္မ်ားတာမို႔ သတိထား သင့္ပါတယ္။

ေလဝင္ေလထြက္ မေကာင္းရင္လည္း ႏွာပိတ္တတ္ပါတယ္။ ႏွာပိတ္ျခင္းကို လုံေလာက္စြာ အနားယူျခင္း၊ က်န္းမာေရးနဲ႔ ကိုက္ညီတဲ့ အစားအေသာက္ေတြကို စားသုံးေပးျခင္း၊ အရည္မ်ားမ်ားေသာက္ျခင္း၊ အေအးမမိေအာင္ ေနျခင္းတို႔ျဖင့္ ကာကြယ္ ႏိုင္ပါတယ္။

ကုသမႈအပိုင္း ကေတာ့ ဂ်င္းျပဳတ္ရည္ ေသာက္ေပးတာတို႔၊ သစ္ႀကံပိုးေခါက္မႈန႔္ ထည့္ထားတဲ့ လက္ဖက္ရည္ ေသာက္ေပးတာတို႔နဲ႔ ကုသ ေပးႏိုင္ပါတယ္။

ေမတၱာျဖင့္ မွ်ေဝပါသည္။ Credit မူရင္းေရးသားသူ

Unicode

ခုလို ဆောင်းတွင်းကာလမှာ အဖြစ်များပြီး ဂရုစိုက်သင့်တဲ့ ရောဂါများ

ခုလို ရာသီဥတုအေးတဲ့ ဆောင်းတွင်းကာလမှာ ဂရုစိုက်သင့်တဲ့ ရောဂါတွေနဲ့ ကာကွယ်ကုသနည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်…။

၁။ နှလုံး ရောဂါ

နှလုံးရောဂါဟာ ဆောင်းတွင်းမှာ ပိုအဖြစ်များတယ်ဆိုတာကို လူအများစုက မသိကြပါဘူး။ အေးတဲ့အချိန်မှာ သွေးလွှတ်ကြောတွေဟာ ကျုံ့သွားပြီး နှလုံးကနေ သွေးတွေ စုပ်ထုတ်ရာမှာ အခက်အခဲ ဖြစ်စေပါတယ်။

ကိုယ့်မှာ နဂိုတည်းက နှလုံးရောဂါအခံလည်း ရှိတယ်ဆိုရင် ဆောင်းတွင်းမနက်စောစော လမ်းထလျှောက်မယ်ဆိုရင် နေစထွက်ချိန်မှ လျှောက်တာ ပိုမို သင့်လျော်ပြီး မနက်စာကိုလည်း တနင့်တပိုး မစားသင့်ပါဘူး။

နောက်ပြီး ဆောင်းတွင်းမှာ ညစာကိုလည်း လျှော့စားတာက နှလုံးရောဂါအန္တရာယ်ကို အတိုင်းအတာ တစ်ခုထိ ကာကွယ် နိုင်ပါတယ်။

၂။ ရင်ကြပ် ရောဂါ

တစ်ကယ်လို့ သင်ဟာ ပန်းနာရင်ကြပ်သမားတစ်ဦးဆိုရင် ဆောင်းတွင်းမှာ ပိုဂရုစိုက်သင့်ပါတယ်။

အေးမြပြီး ခြောက်သွေ့တဲ့ လေဟာ အသက်ရှုလမ်းကြောင်း ကို ပိုမို တင်းကြပ်စေပြီး အသက်ရှုရ ခက်ခဲ စေပါတယ်။

အိမ်မှာ မီးခိုးငွေ့လို ရင်ကြပ်စေတဲ့ အရာတွေကို ဂရုတစိုက် ရှောင်ရှားသင့်ပြီး၊ အိပ်ယာခင်းများ တစ်ပတ်တစ်ခါ လဲခြင်းဖြင့် ရင်ကြပ်ရောဂါကို ကာကွယ် နိုင်ပါတယ်။

၃။ အရေပြား ယားယံခြင်း

စိုထိုင်းမှုနည်းပြီး အပူချိန် နည်းခြင်းဟာ အရေပြားကို ယားယံ စေပါတယ်။ ဆီများတဲ့ လမ်းဘေးစာတွေ စားခြင်းကို ရှောင်ရှားခြင်းဖြင့် အရေပြားယားယံခြင်း ကို ကာကွယ်နိုင်ပါတယ်။

ရေနွေးကြမ်း ပူပူလေးကို ထန်းလျက်ခဲနဲ့ စားခြင်း၊ အရေပြားမှာ သံလွင်ဆီ လိမ်းထားခြင်းတို့နဲ့လည်း အရေပြားယားယံခြင်းကို ကာကွယ် တားဆီးနိုင်ပါတယ်။

၄။ အရိုးအဆစ် ကိုက်ခဲခြင်း

အရိုးအဆစ် ကိုက်ခဲခြင်းဟာလည်း ဆောင်းတွင်းမှာ ဖြစ်ပွားတတ်တဲ့ ရောဂါတစ်မျိုးပါပဲ။ အဝတ်အထည် နှစ်ထပ်ဝတ်ပြီး နွေးနွေးထွေးထွေးနေခြင်း၊ သွေးပူအောင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ခြင်းတို့နဲ့ အရိုးအဆစ် ကိုက်ခဲခြင်းကို ကာကွယ်နိုင်ပါတယ်။

နေရောင်ခြည် နွေးနွေးအောက်မှာ နေပူစာ လှုံခြင်းဟာလည်း အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။

၅။ နှာပိတ်ခြင်း

ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာပိတ်ခြင်းတို့ဟာလည်း ဆောင်းတွင်းမှာ အဖြစ်များတာမို့ သတိထား သင့်ပါတယ်။

လေဝင်လေထွက် မကောင်းရင်လည်း နှာပိတ်တတ်ပါတယ်။ နှာပိတ်ခြင်းကို လုံလောက်စွာ အနားယူခြင်း၊ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအသောက်တွေကို စားသုံးပေးခြင်း၊ အရည်များများသောက်ခြင်း၊ အအေးမမိအောင် နေခြင်းတို့ဖြင့် ကာကွယ် နိုင်ပါတယ်။

ကုသမှုအပိုင်း ကတော့ ဂျင်းပြုတ်ရည် သောက်ပေးတာတို့၊ သစ်ကြံပိုးခေါက်မှုန့် ထည့်ထားတဲ့ လက်ဖက်ရည် သောက်ပေးတာတို့နဲ့ ကုသ ပေးနိုင်ပါတယ်။

မေတ္တာဖြင့် မျှဝေပါသည်။ Credit မူရင်းရေးသားသူ

Be the first to comment

Leave a Reply

Your email address will not be published.


*