ရပ္ေဆြ ရပ္မ်ိဳးဆိုတာ…

ရပ္ေဆြ ရပ္မ်ိဳးဆိုတာ...
ရပ္ေဆြ ရပ္မ်ိဳးဆိုတာ...

ရပ္ေဆြ ရပ္မ်ိဳးဆိုတာ…

က်ေနာ္တို႔ ငယ္စဥ္တုံးက ရပ္ကြက္သူ ရပ္ကြက္သား အိမ္နားနီးျခင္းမ်ားဟာ တစ္ဦးနဲ႔ တစ္ေယာက္ ယုံၾကည္ ရင္းႏွီးမႈ နဲ႔ အ တူ တကြ ေနထိုင္ ခဲ့ၾက ပါတယ္။

ၿခံစည္း႐ိုးေလး ေတာင္ ကာ မထားခဲ့ ၾက ပါ။ မသကာ ပုန္နရိပ္ အပင္ ေလးေတြနဲ႔ သာ နယ္နမိတ္ သတ္မွတ္ ခဲ့ ၾက ပါေလတယ္။

တံခါးေတြ က ေဟာင္းေလာင္း… ေသာ့မခတ္ သို႔ေပတည့္ အေပ်ာက္ အရွ မရွိ…

မယ္တင့္ ေရ ခရမ္းခ်င္သီး ႏွစ္လုံး ေလာက္ ခဏ ေခ်းေအ…

ေဈးျပန္ ေမ့ ခဲ့လို႔ ဆီ တစ္ပုလင္း ေလာက္ မွ်ေပး စမ္းပါ့…

မစိန္လုံး ေရ (ဂ႐ိုက္မစ္ခ်ာ ပုလင္းနဲ႔) င႐ုပ္သီးမႈန႔္ တစ္ခပ္ စာေလာက္ ေပးစမ္း ပါ…

ကိုတင္ေအး ေရ ဧည့္သည္ လာလို႔ ေႂကြပုဂံ ႏွစ္ခ်ပ္ ေပးစမ္း ပါဦး

အေမႀကိဳင္ ေရ ဟင္း ဆီသပ္ခါနီး ေအာ္ၾကေသး ” ေညႇာ္ၾကမယ္ ဗ်ိဳ႕ ”

မလြင္ေရ ငါ ျပည့္သူ႔ ဆိုင္ ဆန္သြား ထုတ္မလို႔ အိမ္ဖက္ တစ္ခ်က္ ၾကည့္ေပး စမ္းပါ…

မိတိုး ေရ နင့္သား ဗန္ဒါပင္ေပၚ တက္ေဆာ့ ေနလို႔ ငါ ေငါက္ခဲ့ တယ္…

မိစန္း ညီးသမီး ေဈးပိုင္း က ျပာကလပ္စိန္ေတြနဲ႔ ေရာေနတယ္ ေနာ ေျပာထား လိုက္ဦး

ရပ္ေဆြ ရပ္မ်ိဳး ဆိုတာ ဒါမ်ိဳး ေပါ့ဗ်ာ…အျခင္းျခင္း တစ္အူတုံဆင္း ေတြလို ထိမ္းေၾကာင္း တည့္မတ္ မႈေတြနဲ႔

အခုမ်ားေတာ့ ေဘးအိမ္က လူ ဘယ္သူမွန္း မသိ… အိမ္ေသာ့ေတြ အထပ္ထပ္ ခတ္လို႔ ရယ္…။

စိုးထိတ္ ဗ်ာဘာဒ ေတြနဲ႔ ရွင္သန္ ေနထိုင္ေန ၾကရ… လြမ္းမိပါေသး ငယ္ဘဝေလး။#crd

Unicode

ရပ်ဆွေ ရပ်မျိုးဆိုတာ…

ကျနော်တို့ ငယ်စဉ်တုံးက ရပ်ကွက်သူ ရပ်ကွက်သား အိမ်နားနီးခြင်းများဟာ တစ်ဦးနဲ့ တစ်ယောက် ယုံကြည် ရင်းနှီးမှု နဲ့ အ တူ တကွ နေထိုင် ခဲ့ကြ ပါတယ်။

ခြံစည်းရိုးလေး တောင် ကာ မထားခဲ့ ကြ ပါ။ မသကာ ပုန်နရိပ် အပင် လေးတွေနဲ့ သာ နယ်နမိတ် သတ်မှတ် ခဲ့ ကြ ပါလေတယ်။

တံခါးတွေ က ဟောင်းလောင်း… သော့မခတ် သို့ပေတည့် အပျောက် အရှ မရှိ…

မယ်တင့် ရေ ခရမ်းချင်သီး နှစ်လုံး လောက် ခဏ ချေးအေ…

ဈေးပြန် မေ့ ခဲ့လို့ ဆီ တစ်ပုလင်း လောက် မျှပေး စမ်းပါ့…

မစိန်လုံး ရေ (ဂရိုက်မစ်ချာ ပုလင်းနဲ့) ငရုပ်သီးမှုန့် တစ်ခပ် စာလောက် ပေးစမ်း ပါ…

ကိုတင်အေး ရေ ဧည့်သည် လာလို့ ကြွေပုဂံ နှစ်ချပ် ပေးစမ်း ပါဦး

အမေကြိုင် ရေ ဟင်း ဆီသပ်ခါနီး အော်ကြသေး ” ညှော်ကြမယ် ဗျို့ ”

မလွင်ရေ ငါ ပြည့်သူ့ ဆိုင် ဆန်သွား ထုတ်မလို့ အိမ်ဖက် တစ်ချက် ကြည့်ပေး စမ်းပါ…

မိတိုး ရေ နင့်သား ဗန်ဒါပင်ပေါ် တက်ဆော့ နေလို့ ငါ ငေါက်ခဲ့ တယ်…

မိစန်း ညီးသမီး ဈေးပိုင်း က ပြာကလပ်စိန်တွေနဲ့ ရောနေတယ် နော ပြောထား လိုက်ဦး

ရပ်ဆွေ ရပ်မျိုး ဆိုတာ ဒါမျိုး ပေါ့ဗျာ…အခြင်းခြင်း တစ်အူတုံဆင်း တွေလို ထိမ်းကြောင်း တည့်မတ် မှုတွေနဲ့

အခုများတော့ ဘေးအိမ်က လူ ဘယ်သူမှန်း မသိ… အိမ်သော့တွေ အထပ်ထပ် ခတ်လို့ ရယ်…။

စိုးထိတ် ဗျာဘာဒ တွေနဲ့ ရှင်သန် နေထိုင်နေ ကြရ… လွမ်းမိပါသေး ငယ်ဘဝလေး။#crd

Be the first to comment

Leave a Reply

Your email address will not be published.


*