ႏိုင္ငံသားမွတ္ပုံတင္ ေပ်ာက္ဆုံးသြားခဲ့လွ်င္ ေငြအကုန္အက် မရွိဘဲ ျပန္လည္ ေလွ်ာက္ယူနည္း…

ႏိုင္ငံသားမွတ္ပုံတင္ ေပ်ာက္ဆုံးသြားခဲ့လွ်င္ ေငြအကုန္အက် မရွိဘဲ ျပန္လည္ ေလွ်ာက္ယူနည္း
ႏိုင္ငံသားမွတ္ပုံတင္ ေပ်ာက္ဆုံးသြားခဲ့လွ်င္ ေငြအကုန္အက် မရွိဘဲ ျပန္လည္ ေလွ်ာက္ယူနည္း

ႏိုင္ငံသားမွတ္ပုံတင္ ေပ်ာက္ဆုံးသြားခဲ့လွ်င္ ေငြအကုန္အက် မရွိဘဲ ျပန္လည္ ေလွ်ာက္ယူနည္း…

ႏိုင္ငံသားမွတ္ပုံတင္ ေပ်ာက္ဆုံးပ်က္စီးသြားရင္ ဒီနည္းအတိုင္း ျပန္လည္ ေလွ်ာက္ထား ရယူႏိုင္ပါတယ္ေနာ္…။

(၁) မွတ္ပုံတင္ေပ်ာက္ၿပီး ျပန္ မရႏိုင္ဘူးဆိုတာနဲ႔ ဘာမွ ဆက္လုပ္မေနပါနဲ႔။ တစ္ေနရာကိုပဲသြားပါ။

အဲဒါက ကိုယ္ေနထိုင္ရာၿမိဳ႕နယ္ရဲ႕ လဝက႐ုံး ျဖစ္ပါတယ္။ ညေနေစာင္းေနလည္ ႐ုံးမပိတ္ေသးဘူး ဆိုရင္ အျမန္ဆုံးနည္းနဲ႔သာ သြားပါေလ။

(၂) လဝက ႐ုံးကိုေရာက္တာနဲ႔ မွတ္ပုံတင္ ေပ်ာက္တဲ့အေၾကာင္း အက်ိဳးအေၾကာင္းေျပာၿပီး သူတို႔ေပးတဲ့ ေဖာင္ႏွစ္ေစာင္ (ေထြ ၄ ေဖာင္ လို႔ ေခၚပါတယ္) ကို ၅၀၀ ေပးၿပီးဝယ္ခဲ့ပါ။

ကိုယ္ေနထိုင္ရာၿမိဳ႕နယ္နဲ႔ သက္ဆိုင္တဲ့ဝန္ထမ္းက ကိုယ့္ကို အေသးစိတ္လုပ္ေပးပါတယ္။

(၃) လဝက႐ုံးက ေပးလိုက္တဲ့ ေဖာင္ႏွစ္ေစာင္မွာ တစ္ေစာင္က ေဆြစဥ္မ်ိဳးဆက္ ဇယား (အဘိုး၊ အဘြား အထိ ပဲ ပါပါတယ္) ျဖစ္ ၿပီး

ေနာက္တစ္ ေစာင္က ကိုယ္ေရး အခ်က္အလက္ ျဖည့္စြက္ရတာျဖစ္ ပါ တယ္။ ႏွစ္ ေစာင္ တည္းမို႔ အရမ္း မမ်ား ပါဘူး။

အဲဒါ ျဖည့္ ၿပီး ရင္ေတာ့ သန္း ေခါင္ စာရင္းနဲ႔ အတူ ရပ္ကြက္႐ုံးကို သြားၿပီး ေထာက္ခံခ်က္ ယူရပါ တယ္။ ရပ္ကြက္ေထာက္ခံစာ ယူ သ လိုပါပဲ။

(၄) ေနာက္တစ္ေန႔မွာေတာ့ အလုပ္ကေန ခြင့္ယူ လိုက္ပါ။ မနက္ကတည္းကေန မွတ္ပုံတင္ ကိစၥ စ လုပ္ပါေလေတာ့။

အရင္ဆုံး ရဲစခန္းေထာက္ ခံစာ သြား ယူပါ။ မနက္ ၈ နာရီဆို ဖြင့္ပါၿပီ။ ေထာက္ခံစာ ရၿပီးတာနဲ႔ လဝက႐ုံးကို သြားၿပီး စ လုပ္ ႏိုင္ပါၿပီ။

မေန႔က ျဖည့္တဲ့ ေဖာင္ ႏွစ္ေစာင္၊ ရက္ကြက္႐ုံးက ေထာက္ခံခ်က္တုံး ထု ေပး လိုက္တာ၊ ဆိုင္မွာ မွတ္ပုံတင္ အတြက္ ဆိုၿပီး

႐ိုက္ထားတဲ့ ဓါတ္ ပုံ (၅) ပုံ၊ သန္းေခါင္ စာရင္း မူရင္း မိတၱဴ တို႔ ယူသြား ရပါမယ္။

(၅) မေန႔က ေတြ႕ခဲ့တဲ့ လဝကဝန္ထမ္းမမ သို႔မဟုတ္ ညီမေလး ဆီကို သြားပါ။ကြၽန္ေတာ္၊ ကြၽန္မေတာ့ အခ်က္အလက္ ေတာ့ စုံလာၿပီဘယ္က ေန စလုပ္ရမလဲခင္ဗ်ာလို႔ ေျပာၿပီး သူ႔လမ္းၫႊန္ခ်က္ အတိုင္းသာ သြားပါေလ။ မေန႔ကေဖာင္ေတြ အျပင္

အျခားေဖာင္ ေတြလည္း ဝယ္ရျဖည့္ရ မိတၱဴကူးရ နဲ႔ အလုပ္ေတာ့ နည္းနည္း ရႈပ္ပါတယ္။ အဆင့္ ေလးငါးဆင့္ေလာက္ ရွိမွာပါ။

ဦးစီး နဲ႔ ေတြ႕ၿပီး လက္မွတ္ လည္း ယူရ ပါတယ္။ ႐ုံးထဲ တင္ ဆို ေတာ့ ျပသနာ မရွိပါဘူး။

(၆) ေန႔ တစ္ဝက္ေလာက္ (ေန႔လယ္ ထမင္းစားခ်ိ န္ခန႔္) မွာေတာ့ အဆင့္ေတြ အားလုံးၿပီးသြားၿပီး

မွတ္ပုံတင္ လက္ေဗြႏွိပ္ တာတို႔ ဘာတို႔ လုပ္ၿပီး မွတ္ ပုံတင္ အသစ္ေလး နဲ႔ အိမ္ကိုျပန္လာ ႏိုင္ပါၿပီ။

(၇) ပိုက္ဆံ ေပးရလားဆိုေတာ့ မေပးရဘူး ခင္ဗ်။ ေဖာင္ဖိုး ရာဂဏန္းေလာက္ပဲ ေပးရတယ္။

ကိုယ့္ အခက္ အခဲ ကိုအဆင္ေျပ ေခ်ာေမြ႕ ေအာင္ လုပ္ ေပးတဲ့ ေက်းဇူးရွင္ ကိုေတာ့

ဂါရဝ တရားေလး နည္းနည္းထားလိုက္ ရင္အဆင္ ေျပပါၿပီ။ အရမ္းအဆင္ေျပလို႔ မွ်ေဝ လိုက္တာပါ။Crd

Unicode

နိုင်ငံသားမှတ်ပုံတင် ပျောက်ဆုံးသွားခဲ့လျှင် ငွေအကုန်အကျ မရှိဘဲ ပြန်လည် လျှောက်ယူနည်း…

နိုင်ငံသားမှတ်ပုံတင် ပျောက်ဆုံးပျက်စီးသွားရင် ဒီနည်းအတိုင်း ပြန်လည် လျှောက်ထား ရယူနိုင်ပါတယ်နော်…။

(၁) မှတ်ပုံတင်ပျောက်ပြီး ပြန် မရနိုင်ဘူးဆိုတာနဲ့ ဘာမှ ဆက်လုပ်မနေပါနဲ့။ တစ်နေရာကိုပဲသွားပါ။

အဲဒါက ကိုယ်နေထိုင်ရာမြို့နယ်ရဲ့ လဝကရုံး ဖြစ်ပါတယ်။ ညနေစောင်းနေလည် ရုံးမပိတ်သေးဘူး ဆိုရင် အမြန်ဆုံးနည်းနဲ့သာ သွားပါလေ။

(၂) လဝက ရုံးကိုရောက်တာနဲ့ မှတ်ပုံတင် ပျောက်တဲ့အကြောင်း အကျိုးအကြောင်းပြောပြီး သူတို့ပေးတဲ့ ဖောင်နှစ်စောင် (ထွေ ၄ ဖောင် လို့ ခေါ်ပါတယ်) ကို ၅၀၀ ပေးပြီးဝယ်ခဲ့ပါ။

ကိုယ်နေထိုင်ရာမြို့နယ်နဲ့ သက်ဆိုင်တဲ့ဝန်ထမ်းက ကိုယ့်ကို အသေးစိတ်လုပ်ပေးပါတယ်။

(၃) လဝကရုံးက ပေးလိုက်တဲ့ ဖောင်နှစ်စောင်မှာ တစ်စောင်က ဆွေစဉ်မျိုးဆက် ဇယား (အဘိုး၊ အဘွား အထိ ပဲ ပါပါတယ်) ဖြစ် ပြီး

နောက်တစ် စောင်က ကိုယ်ရေး အချက်အလက် ဖြည့်စွက်ရတာဖြစ် ပါ တယ်။ နှစ် စောင် တည်းမို့ အရမ်း မများ ပါဘူး။

အဲဒါ ဖြည့် ပြီး ရင်တော့ သန်း ခေါင် စာရင်းနဲ့ အတူ ရပ်ကွက်ရုံးကို သွားပြီး ထောက်ခံချက် ယူရပါ တယ်။ ရပ်ကွက်ထောက်ခံစာ ယူ သ လိုပါပဲ။

(၄) နောက်တစ်နေ့မှာတော့ အလုပ်ကနေ ခွင့်ယူ လိုက်ပါ။ မနက်ကတည်းကနေ မှတ်ပုံတင် ကိစ္စ စ လုပ်ပါလေတော့။

အရင်ဆုံး ရဲစခန်းထောက် ခံစာ သွား ယူပါ။ မနက် ၈ နာရီဆို ဖွင့်ပါပြီ။ ထောက်ခံစာ ရပြီးတာနဲ့ လဝကရုံးကို သွားပြီး စ လုပ် နိုင်ပါပြီ။

မနေ့က ဖြည့်တဲ့ ဖောင် နှစ်စောင်၊ ရက်ကွက်ရုံးက ထောက်ခံချက်တုံး ထု ပေး လိုက်တာ၊ ဆိုင်မှာ မှတ်ပုံတင် အတွက် ဆိုပြီး

ရိုက်ထားတဲ့ ဓါတ် ပုံ (၅) ပုံ၊ သန်းခေါင် စာရင်း မူရင်း မိတ္တူ တို့ ယူသွား ရပါမယ်။

(၅) မနေ့က တွေ့ခဲ့တဲ့ လဝကဝန်ထမ်းမမ သို့မဟုတ် ညီမလေး ဆီကို သွားပါ။ကျွန်တော်၊ ကျွန်မတော့ အချက်အလက် တော့ စုံလာပြီဘယ်က နေ စလုပ်ရမလဲခင်ဗျာလို့ ပြောပြီး သူ့လမ်းညွှန်ချက် အတိုင်းသာ သွားပါလေ။ မနေ့ကဖောင်တွေ အပြင်

အခြားဖောင် တွေလည်း ဝယ်ရဖြည့်ရ မိတ္တူကူးရ နဲ့ အလုပ်တော့ နည်းနည်း ရှုပ်ပါတယ်။ အဆင့် လေးငါးဆင့်လောက် ရှိမှာပါ။

ဦးစီး နဲ့ တွေ့ပြီး လက်မှတ် လည်း ယူရ ပါတယ်။ ရုံးထဲ တင် ဆို တော့ ပြသနာ မရှိပါဘူး။

(၆) နေ့ တစ်ဝက်လောက် (နေ့လယ် ထမင်းစားချိ န်ခန့်) မှာတော့ အဆင့်တွေ အားလုံးပြီးသွားပြီး

မှတ်ပုံတင် လက်ဗွေနှိပ် တာတို့ ဘာတို့ လုပ်ပြီး မှတ် ပုံတင် အသစ်လေး နဲ့ အိမ်ကိုပြန်လာ နိုင်ပါပြီ။

(၇) ပိုက်ဆံ ပေးရလားဆိုတော့ မပေးရဘူး ခင်ဗျ။ ဖောင်ဖိုး ရာဂဏန်းလောက်ပဲ ပေးရတယ်။

ကိုယ့် အခက် အခဲ ကိုအဆင်ပြေ ချောမွေ့ အောင် လုပ် ပေးတဲ့ ကျေးဇူးရှင် ကိုတော့

ဂါရဝ တရားလေး နည်းနည်းထားလိုက် ရင်အဆင် ပြေပါပြီ။ အရမ်းအဆင်ပြေလို့ မျှဝေ လိုက်တာပါ။Crd

Be the first to comment

Leave a Reply

Your email address will not be published.


*