ငါးႀကီးအန္ဖက္ဟာ ဘာလို႔ေ႐ႊထက္တန္ဖိုးႀကီးသလဲ… ဘာေတြအသုံးဝင္လို႔လဲ…

ငါးႀကီးအန္ဖက္ဟာ ဘာလို႔ေ႐ႊထက္တန္ဖိုးႀကီးသလဲ... ဘာေတြအသုံးဝင္လို႔လဲ...
ငါးႀကီးအန္ဖက္ဟာ ဘာလို႔ေ႐ႊထက္တန္ဖိုးႀကီးသလဲ... ဘာေတြအသုံးဝင္လို႔လဲ...

ငါးႀကီးအန္ဖက္ဟာ ဘာလို႔ေ႐ႊထက္တန္ဖိုးႀကီးသလဲ… ဘာေတြအသုံးဝင္လို႔လဲ…

တခ်ိဳ႕က ငါးႀကီးအန္ဖက္ ကို ငါးႀကီးက အန္ထုတ္တာလို႔ ထင္ေနၾကပါတယ္။ တကယ္က အစာေျခတဲ့ စနစ္ကေန စြန႔္ထုတ္လိုက္တဲ့ ေပ်ာ့ခြၽဲခြၽဲအရာသာ ျဖစ္ပါတယ္။ ဒါကို အလြယ္အားျဖင့္ ငါးႀကီးအန္ဖက္ လို႔ ေခၚၾကတာပါ။

တကယ္က ေခ်းအဆင့္ မေရာက္ေသးတဲ့ ေခ်းခါးအဆင့္ ျဖစ္ပါတယ္။ သိပၸံပညာရွင္ေတြကေတာ့ ေဝလငါးေခ်း (Whale poo) လို႔ ေခၚၾကပါတယ္။ Ambergris လို႔ ေနာက္တိုင္း က ပိုသိပါတယ္။

တခ်ိဳ႕က ငါးႀကီးအန္ဖက္ကို ငါးသုတ္ပိုးက ျဖစ္လာတာလို႔ ေျပာေနၾကတာရွိေပမယ့္ အဲဒါ မွားပါတယ္။ ဒီလို အမွတ္မွားရျခင္းရဲ႕ ျဖစ္ႏိုင္ဖြယ္အခ်က္ကေတာ့

ဒီငါးႀကီးအန္ဖက္ကို ထုတ္လုပ္ႏိုင္တဲ့ ငါးဟာ Sperm Whale လို႔ေခၚတဲ့ ေဝလငါးမ်ိဳးရင္းတစ္ခု ကပဲ ထုတ္လုပ္ႏိုင္တာပါ။

ဒီမွာပါတဲ့ Sperm ဆိုတဲ့ စကားလုံးဟာ ကြၽန္ေတာ္တို႔ သုံးေနတဲ့ သုတ္ပိုးရဲ႕ အဂၤလိပ္စာလုံးေပါင္းနဲ႔ အတူတူျဖစ္လို႔ ငါႀကီးအန္ဖက္ကို ငါးႀကီးရဲ႕သုတ္လို႔ မွားယြင္းတာ ျဖစ္ႏိုင္ပါတယ္။

Sperm Whale ေတြကို Cachalot ေတြလို႔လည္း ေခၚၾက ပါတယ္။ ပင္လယ္သမုဒၵရာထဲမွာ အႀကီးမားဆုံး အသားစား သတၱဝါျဖစ္ပါတယ္။

သူတို႔ဟာ ကင္းမြန္တို႔ ေရဘဝဲ တို႔ကို အလြယ္တ ကူဖမ္းစားေလ့ရွိၿပီး အစာအိမ္ထဲမွာ အဲဒီအစားအစာတစ္ခ်ိဳ႕ဟာ ေျခဖ်က္ဖို႔ ခက္ခဲရာကေန သည္းေျခအရည္အႏွစ္ေတြနဲ႔ေပါင္းၿပီး အစာမေၾကျဖစ္ရာမွ အျပင္ကို မစင္အဆင့္ မေရာက္ဘဲ စြန႔္ထုတ္လိုက္ရတာပါ။

ငါးႀကီးအန္ဖက္ကို ေစာေစာကေျပာတဲ့ Sperm Whale ကပဲ ထုတ္လုပ္ ႏိုင္တာပါ။ သိပၸံပညာရွင္မ်ားရဲ႕အဆိုအရ ငါးႀကီးအန္ဖက္ကို Sperm Whale အေကာင္တစ္ရာမွာ တစ္ေကာင္ေလာက္ခန႔္ ကသာ ထုတ္လုပ္ႏိုင္ၿပီး

ႏွစ္ကာလရွည္ၾကာစြာ သမုဒၵရာထဲ ေမ်ာေနရင္းကေန အစက ေစးျပစ္တဲ့ က်ိခြၽဲခြၽဲ အလုံးအခဲႀကီးကေန ေနာက္ေတာ့ ရာသီဥတုေၾကာင့္ ဖေယာင္းကဲ့သို႔ အတုံးႀကီး ျဖစ္သြားပါတယ္။

အဲဒီကေန ေရေမ်ာကမ္းတင္ျဖစ္လာရတာပါ။ တစ္ခါတေလ ေဝလငါးေသေတြရဲ႕ ဝမ္းဗိုက္ထဲကေန ရႏိုင္တာမ်ိဳးလည္း ရွိတတ္ ပါတယ္။

ငါးႀကီးအန္ဖက္က ဘယ္ေနရာေတြမွာ အသုံးဝင္ သလဲဆိုေတာ့ ကမာၻေက်ာ္ အဆင့္ျမင့္ ေရေမႊးထုတ္လုပ္ေရးေတြမွာ သုံးပါတယ္။ ငါးႀကီးအန္ဖက္ဆီက အနံ႔အသက္ ကို ယူတာ မဟုတ္ပါဘူး။

ငါးႀကီးအန္ဖက္ဆီကပါတဲ့ ဓာတ္ေပါင္းပစၥည္းေတြက ေရေမြးရဲ႕အနံ႔အသက္ ကို ႏွစ္ေပါင္းမ်ားစြာ ထိန္းထားႏိုင္တဲ့ ဂုဏ္သတၱိ ရွိတာေၾကာင့္ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ေထာင္ခ်ီကတည္းက ငါးႀကီးအန္ဖက္ဟာ ေဈးအႀကီးဆုံးအရာ ျဖစ္ခဲ့ တာပါ။

ငါးႀကီးအန္ဖက္နဲ႔ ထုတ္လုပ္ထားတဲ့ ေရေမႊးတစ္ပုလင္းဟာ ေဒၚလာ (၅၀၀) ကေန ေဒၚလာ ေသာင္းနဲ႔ခ်ီ ေဈးေကာင္း ရတာမ်ိဳး ရွိပါတယ္။ ငါးႀကီးအန္ဖက္ရဲ႕အတြင္းမွာ ဓာတ္အမ်ိဳးေပါင္း (၂၀)ေလာက္ အထိ ပါဝင္ၿပီး

တစ္ခုနဲ႔ တစ္ခု က်စ္လစ္သိပ္သည္းပုံ မတူသလို ေဈးလည္း မတူညီ ပါဘူး။ သာမန္အားျဖင့္ ငါးႀကီးအန္ဖက္ တစ္ကီလိုဂရမ္ ဟာ ပ်မ္းမွ် ေဒၚလာ (၆) ေသာင္းဝန္းက်င္ေလာက္ ေဈးရ ႏိုင္ပါတယ္။

ပုံမွာ ေဖာ္ျပခဲ့တဲ့ အသက္(၂၀)သာ ရွိေသးတဲ့ ထိုင္းတံငါသည္ တစ္ဦးဟာ ပင္လယ္ျပင္ငါးဖမ္းတဲ့သက္တမ္း ဝါႏုေသးေသာ္လည္း အေလးခ်ိန္ (၇) ကီလိုဂရမ္ရွိ

ငါးႀကီးအန္ဖက္ကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ အဆိုပါ ငါးႀကီးအန္ဖက္ေၾကာင့္ တံငါသည္ေလးအဖို႔ မိသားစုကို မပူမပင္ မေၾကာင့္မက် ထားႏိုင္ေတာ့မွာပါ။

ေနာက္တစ္ေယာက္ ထိုင္းတံငါသည္ Naris Suwannasang ကေတာ့ ေပါင္ (၂၂၀) ေလာက္ အေလးခ်ိန္ရွိတဲ့ ငါးႀကီးရဲ႕အန္ဖက္ ကို ရခဲ့တာပါ။

အဆိုပါ ငါးႀကီးအန္ဖက္ဟာ ကီလိုအားျဖင့္ (၁၀၀)ကီလိုေလာက္ အေလးခ်ိန္ ရွိတယ္လို႔ သိရ ပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

ငါးကြီးအန်ဖက်ဟာ ဘာလို့ရွှေထက်တန်ဖိုးကြီးသလဲ… ဘာတွေအသုံးဝင်လို့လဲ…

တချို့က ငါးကြီးအန်ဖက် ကို ငါးကြီးက အန်ထုတ်တာလို့ ထင်နေကြပါတယ်။ တကယ်က အစာခြေတဲ့ စနစ်ကနေ စွန့်ထုတ်လိုက်တဲ့ ပျော့ချွဲချွဲအရာသာ ဖြစ်ပါတယ်။ ဒါကို အလွယ်အားဖြင့် ငါးကြီးအန်ဖက် လို့ ခေါ်ကြတာပါ။

တကယ်က ချေးအဆင့် မရောက်သေးတဲ့ ချေးခါးအဆင့် ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဝေလငါးချေး (Whale poo) လို့ ခေါ်ကြပါတယ်။ Ambergris လို့ နောက်တိုင်း က ပိုသိပါတယ်။

တချို့က ငါးကြီးအန်ဖက်ကို ငါးသုတ်ပိုးက ဖြစ်လာတာလို့ ပြောနေကြတာရှိပေမယ့် အဲဒါ မှားပါတယ်။ ဒီလို အမှတ်မှားရခြင်းရဲ့ ဖြစ်နိုင်ဖွယ်အချက်ကတော့

ဒီငါးကြီးအန်ဖက်ကို ထုတ်လုပ်နိုင်တဲ့ ငါးဟာ Sperm Whale လို့ခေါ်တဲ့ ဝေလငါးမျိုးရင်းတစ်ခု ကပဲ ထုတ်လုပ်နိုင်တာပါ။

ဒီမှာပါတဲ့ Sperm ဆိုတဲ့ စကားလုံးဟာ ကျွန်တော်တို့ သုံးနေတဲ့ သုတ်ပိုးရဲ့ အင်္ဂလိပ်စာလုံးပေါင်းနဲ့ အတူတူဖြစ်လို့ ငါကြီးအန်ဖက်ကို ငါးကြီးရဲ့သုတ်လို့ မှားယွင်းတာ ဖြစ်နိုင်ပါတယ်။

Sperm Whale တွေကို Cachalot တွေလို့လည်း ခေါ်ကြ ပါတယ်။ ပင်လယ်သမုဒ္ဒရာထဲမှာ အကြီးမားဆုံး အသားစား သတ္တဝါဖြစ်ပါတယ်။

သူတို့ဟာ ကင်းမွန်တို့ ရေဘဝဲ တို့ကို အလွယ်တ ကူဖမ်းစားလေ့ရှိပြီး အစာအိမ်ထဲမှာ အဲဒီအစားအစာတစ်ချို့ဟာ ခြေဖျက်ဖို့ ခက်ခဲရာကနေ သည်းခြေအရည်အနှစ်တွေနဲ့ပေါင်းပြီး အစာမကြေဖြစ်ရာမှ အပြင်ကို မစင်အဆင့် မရောက်ဘဲ စွန့်ထုတ်လိုက်ရတာပါ။

ငါးကြီးအန်ဖက်ကို စောစောကပြောတဲ့ Sperm Whale ကပဲ ထုတ်လုပ် နိုင်တာပါ။ သိပ္ပံပညာရှင်များရဲ့အဆိုအရ ငါးကြီးအန်ဖက်ကို Sperm Whale အကောင်တစ်ရာမှာ တစ်ကောင်လောက်ခန့် ကသာ ထုတ်လုပ်နိုင်ပြီး

နှစ်ကာလရှည်ကြာစွာ သမုဒ္ဒရာထဲ မျောနေရင်းကနေ အစက စေးပြစ်တဲ့ ကျိချွဲချွဲ အလုံးအခဲကြီးကနေ နောက်တော့ ရာသီဥတုကြောင့် ဖယောင်းကဲ့သို့ အတုံးကြီး ဖြစ်သွားပါတယ်။

အဲဒီကနေ ရေမျောကမ်းတင်ဖြစ်လာရတာပါ။ တစ်ခါတလေ ဝေလငါးသေတွေရဲ့ ဝမ်းဗိုက်ထဲကနေ ရနိုင်တာမျိုးလည်း ရှိတတ် ပါတယ်။

ငါးကြီးအန်ဖက်က ဘယ်နေရာတွေမှာ အသုံးဝင် သလဲဆိုတော့ ကမ္ဘာကျော် အဆင့်မြင့် ရေမွှေးထုတ်လုပ်ရေးတွေမှာ သုံးပါတယ်။ ငါးကြီးအန်ဖက်ဆီက အနံ့အသက် ကို ယူတာ မဟုတ်ပါဘူး။

ငါးကြီးအန်ဖက်ဆီကပါတဲ့ ဓာတ်ပေါင်းပစ္စည်းတွေက ရေမွေးရဲ့အနံ့အသက် ကို နှစ်ပေါင်းများစွာ ထိန်းထားနိုင်တဲ့ ဂုဏ်သတ္တိ ရှိတာကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီကတည်းက ငါးကြီးအန်ဖက်ဟာ ဈေးအကြီးဆုံးအရာ ဖြစ်ခဲ့ တာပါ။

ငါးကြီးအန်ဖက်နဲ့ ထုတ်လုပ်ထားတဲ့ ရေမွှေးတစ်ပုလင်းဟာ ဒေါ်လာ (၅၀၀) ကနေ ဒေါ်လာ သောင်းနဲ့ချီ ဈေးကောင်း ရတာမျိုး ရှိပါတယ်။ ငါးကြီးအန်ဖက်ရဲ့အတွင်းမှာ ဓာတ်အမျိုးပေါင်း (၂၀)လောက် အထိ ပါဝင်ပြီး

တစ်ခုနဲ့ တစ်ခု ကျစ်လစ်သိပ်သည်းပုံ မတူသလို ဈေးလည်း မတူညီ ပါဘူး။ သာမန်အားဖြင့် ငါးကြီးအန်ဖက် တစ်ကီလိုဂရမ် ဟာ ပျမ်းမျှ ဒေါ်လာ (၆) သောင်းဝန်းကျင်လောက် ဈေးရ နိုင်ပါတယ်။

ပုံမှာ ဖော်ပြခဲ့တဲ့ အသက်(၂၀)သာ ရှိသေးတဲ့ ထိုင်းတံငါသည် တစ်ဦးဟာ ပင်လယ်ပြင်ငါးဖမ်းတဲ့သက်တမ်း ဝါနုသေးသော်လည်း အလေးချိန် (၇) ကီလိုဂရမ်ရှိ

ငါးကြီးအန်ဖက်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဆိုပါ ငါးကြီးအန်ဖက်ကြောင့် တံငါသည်လေးအဖို့ မိသားစုကို မပူမပင် မကြောင့်မကျ ထားနိုင်တော့မှာပါ။

နောက်တစ်ယောက် ထိုင်းတံငါသည် Naris Suwannasang ကတော့ ပေါင် (၂၂၀) လောက် အလေးချိန်ရှိတဲ့ ငါးကြီးရဲ့အန်ဖက် ကို ရခဲ့တာပါ။

အဆိုပါ ငါးကြီးအန်ဖက်ဟာ ကီလိုအားဖြင့် (၁၀၀)ကီလိုလောက် အလေးချိန် ရှိတယ်လို့ သိရ ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*