သီရိလကၤာတြင္ ၃၁၀ ကီလိုဂရမ္ရွိ ကမာၻ႔အႀကီးဆုံး အျပာေရာင္ နီလာအ႐ိုင္းတုံးႀကီး ေတြ႕ရွိ

သီရိလကၤာတြင္ ၃၁၀ ကီလိုဂရမ္ရွိ ကမာၻ႔အႀကီးဆုံး အျပာေရာင္ နီလာအ႐ိုင္းတုံးႀကီး ေတြ႕ရွိ
သီရိလကၤာတြင္ ၃၁၀ ကီလိုဂရမ္ရွိ ကမာၻ႔အႀကီးဆုံး အျပာေရာင္ နီလာအ႐ိုင္းတုံးႀကီး ေတြ႕ရွိ

သီရိလကၤာတြင္ ၃၁၀ ကီလိုဂရမ္ရွိ ကမာၻ႔အႀကီးဆုံး အျပာေရာင္ နီလာအ႐ိုင္းတုံးႀကီး ေတြ႕ရွိ

သီရိလကၤာႏိုင္ငံမွာ လြန္ခဲ့တဲ့ သုံးလခန႔္က ေက်ာက္မ်က္တြင္း တစ္ခုမွာ ေတြ႕ရွိခဲ့တဲ့ အေလးခ်ိန္ ၃၁၀ ကီလိုဂရမ္ အေလးခ်ိန္ရွိသည့္ ကမာၻ႔အႀကီးဆုံး

သဘာဝ အျပာေရာင္ နီလာအ႐ိုင္းတုံးႀကီး တစ္တုံးကို ဒီဇင္ဘာ ၁၂ ရက္ေန႔က သီရိလကၤာ အာဏာပိုင္မ်ားက ထုတ္ေဖာ္ ျပသခဲ့ပါတယ္။

အဆိုပါ နီလာကို ဆန္းစစ္ ေလ့လာခဲ့ၾကတဲ့ ေဒသခံ ေက်ာက္မ်က္ရတနာ ပညာရွင္မ်ားက ၎ဟာ အေလးခ်ိန္ ၃၀၀ ကီလိုဂရမ္ေက်ာ္ရွိတဲ့ ကမာၻ႔ အရွားပါးဆုံး ေက်ာက္မ်က္ရတနာမ်ားထဲမွ

တစ္ခုျဖစ္ေၾကာင္း ေျပာၾကား ခဲ့ပါတယ္။ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားကလည္း အဖိုးတန္ ေက်ာက္မ်က္မ်ားကို အသိအမွတ္ ျပဳျခင္း မရွိေသးေပမယ့္

ကိုလံဘိုၿမိဳ႕ ေတာင္ဘက္ ၆၅ ကီလိုမီတာအကြာ Horana ရွိ ေက်ာက္မ်က္တြင္းပိုင္ရွင္တစ္ဦးရဲ႕ ေနအိမ္ မွာ အဆိုပါ နီလာ ကို ျပသ ထားခဲ့ပါတယ္။

ေက်ာက္မ်က္ရတနာကို ထုတ္ေဖာ္ ျပသျခင္း မျပဳမီ ဗုဒၶဘာသာဘုန္းႀကီး တစ္စုက ေကာင္းခ်ီးမဂၤလာမ်ား ႐ြတ္ဆို ခဲ့ၾကတယ္လို႔ လည္း ဆိုပါတယ္။ ေက်ာက္မ်က္ရတနာ အမ်ားအျပား

ထြက္ရွိတဲ့ Ratnapura ၿမိဳ႕ရွိ ေဒသခံမ်ားက ယခင္ ၿခံေနာက္ေဖး တစ္ေနရာမွာ ကမာၻ႔အႀကီးဆုံး ရွားပါးေက်ာက္ကို မေတာ္တဆ ေတြ႕ရွိ ခဲ့တာ ျဖစ္ပါတယ္။

Ratnapura ၿမိဳ႕ေတာ္ ဟာ နီလာႏွင့္ အျခား အဖိုးတန္ ေက်ာက္မ်က္ရတနာမ်ား အထူးသျဖင့္ ထိပ္တန္းစာရင္းဝင္ ျဖစ္ၿပီး ေတာင္အာရွႏိုင္ငံရဲ႕ ေက်ာက္မ်က္ၿမိဳ႕ေတာ္အျဖစ္

လူသိ မ်ားခဲ့ပါတယ္။ သီရိလကၤာႏိုင္ငံဟာ စိန္နဲ႔ အျခား ေက်ာက္မ်က္ရတာနာေတြ တင္ပို႔မႈ ကေန ၿပီးခဲ့တဲ့ ႏွစ္မွာ ဝင္ေငြ ကန္ေဒၚလာ တစ္ဘီလီယံခန႔္ ဝန္းက်င္ ရရွိခဲ့တယ္လို႔ ေဒသဆိုင္ရာ ေက်ာက္မ်က္နဲ႔ လက္ဝတ္ရတနာ လုပ္ငန္းဌာနက သတင္း ထုတ္ျပန္ခဲ့ပါတယ္။Photo and Source – CNA

Unicode

သီရိလင်္ကာတွင် ၃၁၀ ကီလိုဂရမ်ရှိ ကမ္ဘာ့အကြီးဆုံး အပြာရောင် နီလာအရိုင်းတုံးကြီး တွေ့ရှိ

သီရိလင်္ကာနိုင်ငံမှာ လွန်ခဲ့တဲ့ သုံးလခန့်က ကျောက်မျက်တွင်း တစ်ခုမှာ တွေ့ရှိခဲ့တဲ့ အလေးချိန် ၃၁၀ ကီလိုဂရမ် အလေးချိန်ရှိသည့် ကမ္ဘာ့အကြီးဆုံး

သဘာဝ အပြာရောင် နီလာအရိုင်းတုံးကြီး တစ်တုံးကို ဒီဇင်ဘာ ၁၂ ရက်နေ့က သီရိလင်္ကာ အာဏာပိုင်များက ထုတ်ဖော် ပြသခဲ့ပါတယ်။

အဆိုပါ နီလာကို ဆန်းစစ် လေ့လာခဲ့ကြတဲ့ ဒေသခံ ကျောက်မျက်ရတနာ ပညာရှင်များက ၎င်းဟာ အလေးချိန် ၃၀၀ ကီလိုဂရမ်ကျော်ရှိတဲ့ ကမ္ဘာ့ အရှားပါးဆုံး ကျောက်မျက်ရတနာများထဲမှ

တစ်ခုဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းများကလည်း အဖိုးတန် ကျောက်မျက်များကို အသိအမှတ် ပြုခြင်း မရှိသေးပေမယ့်

ကိုလံဘိုမြို့ တောင်ဘက် ၆၅ ကီလိုမီတာအကွာ Horana ရှိ ကျောက်မျက်တွင်းပိုင်ရှင်တစ်ဦးရဲ့ နေအိမ် မှာ အဆိုပါ နီလာ ကို ပြသ ထားခဲ့ပါတယ်။

ကျောက်မျက်ရတနာကို ထုတ်ဖော် ပြသခြင်း မပြုမီ ဗုဒ္ဓဘာသာဘုန်းကြီး တစ်စုက ကောင်းချီးမင်္ဂလာများ ရွတ်ဆို ခဲ့ကြတယ်လို့ လည်း ဆိုပါတယ်။ ကျောက်မျက်ရတနာ အများအပြား

ထွက်ရှိတဲ့ Ratnapura မြို့ရှိ ဒေသခံများက ယခင် ခြံနောက်ဖေး တစ်နေရာမှာ ကမ္ဘာ့အကြီးဆုံး ရှားပါးကျောက်ကို မတော်တဆ တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။

Ratnapura မြို့တော် ဟာ နီလာနှင့် အခြား အဖိုးတန် ကျောက်မျက်ရတနာများ အထူးသဖြင့် ထိပ်တန်းစာရင်းဝင် ဖြစ်ပြီး တောင်အာရှနိုင်ငံရဲ့ ကျောက်မျက်မြို့တော်အဖြစ်

လူသိ များခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံဟာ စိန်နဲ့ အခြား ကျောက်မျက်ရတာနာတွေ တင်ပို့မှု ကနေ ပြီးခဲ့တဲ့ နှစ်မှာ ဝင်ငွေ ကန်ဒေါ်လာ တစ်ဘီလီယံခန့် ဝန်းကျင် ရရှိခဲ့တယ်လို့ ဒေသဆိုင်ရာ ကျောက်မျက်နဲ့ လက်ဝတ်ရတနာ လုပ်ငန်းဌာနက သတင်း ထုတ်ပြန်ခဲ့ပါတယ်။Photo and Source – CNA

Be the first to comment

Leave a Reply

Your email address will not be published.


*