



(၁) မြေ အမျိုးအစား။


(၃) မြေကွက် တန်ဖိုး။














Unicode

မြေဝယ်မယ်ဆိုရင်တော့ ဒါလေးတွေကို သေချာစစ်ဆေးပြီးမှ ဝယ်ပါ…

မြေဝယ်မယ်ဆို ဒါတွေကို သေချာစွာ စစ်ဆေးပြီးမှ ဝယ်သင့်ပါတယ်။

(၁) မြေ အမျိုးအစား။

(၂) ပတ်ဝန်းကျင် တည်နေရာနှင့် အလားအလာ။

(၃) မြေကွက် တန်ဖိုး။

(၄) အမည်ပေါက် ပိုင်ဆိုင်ခြင်း ဟုတ်မဟုတ် လိုအပ်တဲ့ စာရွက်စာတန်းများ စစ်ဆေးရန်။

(၅) ပိုင်ဆိုင်မှု နဲ့ ဆိုင်တဲ့ စာရွက်စာတန်းတွေ အားလုံး အပြည့်အစုံ ရှိ မရှိ။ ရောင်းသူသည် အမှန်တကယ် ပိုင်ဆိုင်ပြီး ရောင်းချခွင့် ရှိသူ ဟုတ်မဟုတ်။

(၆) လင်မယား၂ဦး ပိုင်ဆိုင်သည် ဆိုပါက လင်မယား ၂ ဦးစလုံး လက်မှတ် ထိုးပေးနိုင်ခြင်း ရှိမရှိ။

(၇) ဝယ်ယူမည့်အကြောင်း သတင်းစာထဲ ကြော်ငြာမည် ကို လက်ခံရန် ရှိမရှိ။

(၈) လွှဲပြောင်းခြင်း၊ ရောင်းချ ထားခြင်း၊ ပေါင်နှံ ထားခြင်း၊ လှူဒါန်း ထားခြင်း၊ တင်သွင်း ထားခြင်း မရှိပဲ အရှုပ်အရှင်း ကင်းကင်းနဲ့ ရောင်းချခြင်း ဟုတ်မဟုတ်။

(၉) မြေကွက် အမှတ်၊ အိမ် အမှတ်၊မြေကွက် မျက်နှာမူရာ အရပ်၊ မြေပြင် အနေအထား… ရေဝပ်မဝပ် / ရေဆင်း ကောင်းမကောင်း။

(၁၀) သဘာဝဘေးကြောင့် ဆုံးရှုံးမှုနှင့် ဖြစ်လာနိုင်ချေ (ရေကြီးခြင်း၊ ဆည်များ/ တာများ ကျိုးခြင်း၊ ရေတိုက်စားခြင်း၊ မီးဘေး အန္တရာယ်)။

(၁၁) လျှပ်စစ်မီးနှင့် ရေ ရရှိမှု အခြေအနေ။

(၁၂) သစ်ပင်နှင့် သီးပင်စားပင်များ ပါဝင်မှု ရှိ မရှိ။

(၁၃) အနီးပတ်ဝန်းကျင် လမ်းမကြီးနဲ့ လမ်းပန်းဆက်သွယ်ရေး အခြေအနေ။

(၁၄) အနီးအနားမှ အချက်အချာ နေရာများ (ကျောင်း၊ ရုံး၊ ဈေး၊ ကားမှတ်တိုင် စသည်ဖြင့်)

(၁၅) မိမိ လုပ်ကိုင်မယ့် လုပ်ငန်းနဲ့ နေရာ အပ်စပ်မှု ရှိ မရှိ။ ပြန်ရောင်းလိုပါက အလွယ်တကူ ပြန်ရောင်းလို့ ရမရ။

Credit : Original Writer

Be the first to comment

Leave a Reply

Your email address will not be published.


*