ငွေစုမယ်ဆိုရင်… ဘာ ကောင်းကျိုးတွေ ရမလဲ? ဘယ်လိုစုမလဲ? (ကောင်းလွန်းလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…)

ငွေစုမယ်ဆိုရင်... ဘာ ကောင်းကျိုးတွေ ရမလဲ? ဘယ်လိုစုမလဲ? (ကောင်းလွန်းလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...)
ငွေစုမယ်ဆိုရင်... ဘာ ကောင်းကျိုးတွေ ရမလဲ? ဘယ်လိုစုမလဲ? (ကောင်းလွန်းလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...)

ငွေစုမယ်ဆိုရင်… ဘာ ကောင်းကျိုးတွေ ရမလဲ? ဘယ်လိုစုမလဲ? (ကောင်းလွန်းလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…)

ရင်းနှီးမြုပ်နှံမှု အကြောင်းတွေ ပြောရင်းနဲ့ ရင်းနှီးမြုပ်နှံမှု လုပ်နိုင်ဖို့အတွက် အစ ပထမ က တော့ ငွေစု ခြင်းကနေ ပဲစတင်ရမှာပါ ဆိုတဲ့အကြောင်းကို ယခင် မျှဝေမှုမှာ ပြောခဲ့ပြီး ဖြစ်ပါတယ်။

ဒီတစ်ခါတော့ တစ်လက်စထဲ ငွေစုခြင်းကနေ နောက်ထပ် ဘယ်လိုကောင်းကျိုးတွေရမလဲ ဘယ်လိုစုမလဲ ဆိုတဲ့အကြောင်းလေးကို ကြုံကြိုက်တာနဲ့ ထပ်ပြီး ပြောလိုပါသေး တယ်။

ငွေစု တယ်ဆိုတာ အလေ့အကျင့်ကောင်းပါ

Savers are losers ဆိုတဲ့ ဆိုရိုးရှိပေမယ့် ဒါက ငွေစု ရုံ စုပြီး ဘာမှ ဆက်မလုပ်ဖြစ်ပဲ ဒီငွေတွေကို ဖြစ်သင့်သလောက်အကျိုးမရှိစေတဲ့ သူတွေကို ဆိုလိုတာဖြစ်ပါတယ်။ ဒါပေမယ့် ငွေစု နိုင်တယ်ဆိုတာဟာ အလေ့အကျင့်ကောင်း တစ်ခုဖြစ်တယ်ဆိုတာက တော့ အသေအချာပါပဲ။

(၁) Budgeting Skill ကောင်းလာတယ်

လုပ်ငန်းတစ်ခုမှာ ဆိုရင် အရေးအကြီးဆုံးတွေထဲမှာက Finance ပိုင်း လဲ ပါဝင်ပါတယ်။ အသုံးစရိတ်တွေ ဘယ်လိုသုံးမယ်၊ ဘာက ဘယ်လောက်ကျမယ်၊

ဘာကိုဘယ်လောက်ပဲ သုံးသင့်တယ်၊ ဘယ်စရိတ်တွေ လျော့ချရင် အမြတ် ပိုတိုးလာမယ် စတာတွေ ကို ကောင်းကောင်း ဆောင်ရွက်ဖို့လိုပါတယ်။

ဒီအတွက်ကတော့ ရသုံးမှန်းခြေ ခန့်မှန်းပြီး အဲဒီအတိုင်းဆောင်ရွက် အကောင် အထည်ဖော်နိုင်ခြင်းဆိုတဲ့ Budgeting Skillပါပဲ။ Personal life မှာလဲ ငွေစု နိုင်တဲ့

အလေ့အကျင့် ရှိတယ်ဆိုတာ ကိုယ့်ရဲ့ ဝင်ငွေ ထွက်ငွေကို စီမံခန့်ခွဲနိုင်ပြီး Budgeting skill, Money Management Skill တွေကောင်းတယ်ဆိုတဲ့ အဓိပ္ဗာယ်ပါပဲ။

တကယ်တော့ ရင်းနှီးမြုပ်နှံမှု ကြီးတွေ လုပ်ဆောင်လိုတဲ့ သူတစ်ဦးဟာ တစ်လ ကိုယ့်ရဲ့ အသုံးစရိတ် လေးကိုတောင်မှ လောက်င အောင် မစီမံနိုင်ဘူးဆိုရင် အဆင်မပြေနိုင်ပါဘူး။

ဒီအတွက် ငွေစု တဲ့ အလေ့အကျင့် မွေးဖို့လိုပါတယ်။ ဒီကနေ သတ်မှတ်ထားတဲ့ ငွေပမာဏကိုပဲ လောက်ငအောင် သုံးစွဲ နိုင်တဲ့ အကျင့်ကို ရလာမှာ ဖြစ်ပါတယ်။

(၂) Emotion တွေ ထိန်းတတ်လာမယ်

ငွေစ စု တဲ့ သူတွေ အတွက် အခက်ဆုံးကတော့ Emotion ဆိုတဲ့ စိတ်ခံစားချက်တွေ နောက်ကို မလိုက်ပါသွားအောင် ထိန်းသိမ်းရတာပါပဲ။

ကျွန်တော် ပထမဆုံး အတွေ့အကြုံဆိုရင် တစ်ရက် မှ မုန့်ဖိုး နှစ်ထောင် ရတဲ့ ကျောင်းသား ဘဝမှာ ကျောင်းအသွားအပြန် ကားခ မနက်စာ နေ့လည်စာ ဖိုးတွေ အကုန် ကို ထောင့်ငါးရာ နဲ့ လောက် အောင် သုံးပြီး ငါးရာ ကိုဖျစ်ဖျစ်မြည်အောင် စုခဲ့ ရပါတယ်။

အဲဒီလို စု ရာကနေ ငွေလေး ငါးသောင်း လောက်ရလာပါရော။ တစ်ရက်မှာ သူငယ်ချင်းတစ်ယောက် နဲ့ ယုဇန ပလာဇာကို လျှောက်ကြည့်ဖြစ်ပါတယ်။

အဲဒီခေတ်တုန်းက ခေတ်စား တာက. MP 4 လို့ခေါ်တဲ့ ဗီဒီယိုလဲ ကြည့်လို့ရ သီချင်းလဲနားထောင်လို့ရတဲ့ စက်ကလေးတွေ ဖြစ်ပါတယ်။ စမတ် ဖုန်းတွေ မပေါ် သေးတော့ အဲဒီ MP 4 လေးတွေက လူငယ်တွေကြားမှာ သိပ်ကိုခေတ်စား ပါတယ်။

အစကထဲက လိုချင်နေရတဲ့အထဲ ပလာဇာမှာ ဒီဇိုင်းမျိုးစုံ တောက်ပ ပြောင်လက်နေတဲ့ MP 4 ပေါင်းများစွာကို မီးထိန်ထိန် မှန်ကောင်တာ ကြီးတွေ ထဲမှာလဲ မြင်လိုက်ရော

ဘယ်လိုမှ စိတ်မထိန်းနိုင်တော့ပဲ လပေါင်း များစွာ စု ထားတဲ့ ငွေလေးငါးသောင်း ကို အကုန် ပုံအောပြီး နောက်ဆုံး ပေါ် MP 4 လေး ဝယ် လိုက် တော့တာပါပဲ။

ဒီလို Emotion တွေကို မထိန်းသိမ်းနိုင် ခြင်းက ငွေတော့ စုဖြစ်ပြီး ရင်းနှီးမြုပ်နှံမှု ဖက်ကို မသွားဖြစ်ကြတဲ့ လူအတော်များများ ရဲ့ ပြသနာပါပဲ။

ဒါပေမယ့် ငွေ စု တဲ့ အလေ့အကျင့်လေး အတော်ရလာပြီ ဆိုရင်တော့ အထက်ကလို ဖြစ်ရပ် လေးတွေ ဖြစ်တာ နည်းလာပြီး ကိုယ့်ကိုကိုယ်လဲ ထိန်းနိုင်လာလေ့ရှိပါတယ်။ ဒါဟာ ငွေစု ခြင်းအလေ့ ကနေ အပိုဆုရတဲ့ Emotion တွေကို ထိန်းနိုင်ခြင်းပါပဲ။

ဆိုတော့ ဒီလို ကောင်းကျိုး ဖြစ်စေတဲ့ ငွေစုခြင်း အလေ့ကို စတင်ဖို့ အတွက် အရင်ဆုံးကတော့ ကိုယ့်ဝင်ငွေပမာဏ ရဲ့ 10% ကိုတော့ အနည်းဆုံး ပုံမှန် စုနိုင် ဖို့ လိုပါတယ်။

ဥပမာ တစ်သိန်း ဝင်ရင် တစ်သောင်း၊ နှစ်သိန်း ဆိုရင်နှစ်သောင်း ပါ၊ နောက်တစ်ချက် ကတော့ သုံးလို့ ပိုတာကိုမှ စုရမှာ မဟုတ်ပဲ၊ စုငွေကို အရင်ဖယ်ပြီးတော့မှကျန်ငွေနဲ့ လောက်င အောင် သုံးရမှာပါ။

ဒါမှ အထက်ကပြောတဲ့ Budgeting skill ကတက်လာမှာပါပဲ။ ဒါဆိုရင် စစချင်း ငွေစု ချိန်မှာ ငွေစုတဲ့ အကျင့်လေး ရေရှည် ရလာအောင် ဘယ်လို နည်းလေးတွေ သုံး ရသလဲ ဆိုတာ ဆက်ပြီး ပြောချင်ပါတယ်။

(၁) ပိုပြီး သုံးစွဲမှုကို သတိပြုစေမယ့် နည်းလေးတွေ ကိုသုံးပါ

ကျွန်တော် ငွေစ ပြီး စု ချိန်တုန်းကတော့ ကိုယ်ဘယ်လောက် သုံးစွဲနေပြီ ၊ သတ်မှတ်ထားတဲ့ Budget target ကို ဘယ်လောက်ပဲ လိုတော့တယ် စသဖြင့် ကိုယ်ကို သတိပေး. Remind လုပ်နေစေမယ့် Mobile Application တစ်ခုကို သုံးပါတယ်။

ဒါကတော့ Expenses Manager ဆိုတဲ့ app လေးဖြစ်ပါတယ်။ ဒီapp ထဲမှာ တစ်လ ကိုယ်ဘယ်လောက်သုံးမယ် ဆိုပြီး အသုံစရိတ်ကို Budget သတ်မှတ်ထားလို့ ရပြီး ဒါကို နီးလာပြီဆိုရင် သတိပေးတာ ဘယ်လောက်ရာခိုင်နှုန်းသုံးပြီးနေပြီဆိုတာ remind လုပ်ပေးလေ့ရှိပါတယ်။

အရင်တုန်းကတော့ အသုံးစရိတ် စာအုပ်လေး တစ်အုပ်လုပ်ပြီး တစ်နေ့တာ ပြီးဆုံးတိုင်းမှာ ဘာတွေ သုံးခဲ့တဲ့ ဘယ်လောက် သုံးခဲ့တယ်၊ စတာတွေကို စာရင်းမှတ် ရလေ့ရှိပါတယ်။

ဒါဟာ လဲ တစ်နေ့လုံးသုံးစွဲ မှုတွေ နဲ့ ကုန်ကျမှုတွေ ကို ကိုယ်ကိုကိုယ်ပြန်သတိပေးသလို ပါပဲ။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ အထက်ကလို software တွေ app တွေကို အလွယ်တကူ သုံးစွဲနေလို့ရပါ ပြီ။

(၂) နှမြောတဲ့ စိတ်လေး လဲ ဝင်အောင်

နိုင်ငံတကာ ငွေပေးချေတဲ့အခါမှာ ငွေသားကိုင်ဆောင်အသုံးပြုတာထက် Cashless system တွေဖြစ်တဲ့ card တွေ Application တွေနဲ့သာပေးချေလာကြတာ ခေတ်စားလာပါတယ်။

လေ့လာသုံးသပ် သူတွေကတော့ လူတွေဟာ ငွေကို ကိုင်ပြီး သုံးစွဲရတာထက် ကတ် တွေ digital payment တွေ သုံးရတာက ပိုပြီး သုံးစွဲ မိစေတယ်လို့ ဆိုပါတယ်။

ငွေ စက္ကူလို ပိုက်ဆံအိတ် ပါးသွားတာ မခံစားရပဲ ကိန်းဂဏာန်းတွေသာ ပြောင်းလဲသွားတာကြောင့် နှမြောတဲ့ခံစားချက် လျော့နည်း တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် တစ်ဦးနဲ့ တစ်ဦးတော့ မတူညီတတ်ပြန်ပါဘူး။တစ်ချို့ ကျတော့ လဲ ဒီအတိုင်း စုထားတဲ့ငွေ လေးတွေကို ထုတ်ထုတ်ပြီး ရေ တွက် နေရရင်ကို ပျော်တာ၊ ပိုစု ချင်စိတ်ပေါ်တာမျိုးလဲ ရှိပါတယ်။

တစ်ချို့ကျတော့လဲ ပိုက်ဆံ အသစ်စက်စက် ကလေး တွေဆိုရင် သုံးစွဲဖို့ နှမြော တတ်ကြပါတယ်။ ဒါကြောင့် တစ်ချို့ က ငွေအသစ်စက်စက် ကလေးတွေ လဲလှယ် ထားပြီး မသုံး ပဲ ကျန်နေတတ်လေ့ရှိပါတယ်။

ကျွန်တော်ဆိုရင်လဲ အသစ်စက်စက်ကိုမှ နံပါတ် အစဉ် လိုက်လေးတွေ ဆိုရင် သိမ်းထားတတ် လေ့ရှိပါတယ်။ ဒီလို နည်းလေးတွေကလဲ ငွေစုဖြစ်ဖို့ အထောက်အကူ ပြုပါတယ်။

နောက်တစ်ခါ ပိုက်ဆံအိတ်ထဲမှာ ငွေများများစားစား ထည့်မထား တာမျိုး ကလဲ အတော်အသုံး ဝင်ပါတယ်။ ဥပမာ အရင်က တစ်သိန်းလောက် ထည်းထားနေကျ ကို လေး ငါးသောင်း ဒါမှမဟုတ် လိုသလောက်ပဲထည့် ထားမယ်ဆိုရင် ပိုက်ဆံအိတ်ဖွင့်လိုက်တိုင်းငွေနည်းပါးနေတော့ သုံးစွဲမှုကို တန့် စေတတ်ပါတယ်။

(၃) အလွယ် မသုံးဖြစ်မယ့်နည်းတွေ

ငယ်ငယ်တုန်းက စုဘူး လေးနဲ့ ငွေစု တာကို အတော်များများ လုပ်ဖူးကြပါလိမ့်မယ်။ စုဘူးနဲ့ စု ခြင်းရဲ့ ကောင်းတာ တစ်ချက်ကတော့ အဲဒီအထဲ ထည့်လိုက်တဲ့ ငွေကို အလွယ်တကူ ပြန်ထုတ်သုံးလို့ မရတာ ပါပဲ။

ဇာဂနာ နဲ့ဆွဲထုတ်လို့ ရပါစေဦး ပိုက်ဆံအိတ်ထဲ အလွယ် ထည့်ထားတဲ့ ပိုက်ဆံ ထက်တော့ ထုတ်သုံး ရခက်ပါတယ်။ တစ်ချို့ စုဘူးလေးတွေ ကျတော့ စုဘူးကို ခွဲ လိုက်တော့မှ ငွေ ပြန်ထုတ် လို့ရ တာမျိုးဆိုတော့ စုဘူး ပြည့်မှ ပဲ ခွဲဖြစ်ကြပါတော့တယ်။

စုဘူး လိုပဲ အလွယ်မသုံးဖြစ်စေမယ့် နည်းအများအပြား ရှိပါတယ်။ ဥပမာ ရွှေ တိုရွှေစ လေးတွေ အဖြစ် ပြောင်းထားလိုက်တာ၊ ဒေါ်လာ လိုမျိုး နိုင်ငံခြားငွေကြေးအဖြစ်ပြောင်းလိုက်တာ၊ ယုံကြည်စိတ်ချရသူ တစ်ဦးဦးကို အပ်နှံထားလိုက်တာ၊

ဘဏ်ထဲ ထည့်ထားလိုက်တာ၊ စတဲ့ နည်းတွေ သုံးလို့ ရပါသေးတယ်။ ဒီလိုနည်းလေးတွေ ပါ ငွေစုနေရင်းလုပ်ဖြစ်မယ်ဆိုရင် ရင်းနှီးမြုပ်နှံမှု ပြုလုပ်ခြင်းကို လေ့ကျင့်နေပြီးသား ဖြစ်နေစေပါတယ်။

(၄) တွန်းအား တစ်ခုဖြစ်အောင် ပန်းတိုင်ကိုမြင်ယောင်ပါ

ကျွန်တော် ဘဝ ရဲ့ပထမဆုံး မြေကွက်လေး စဝယ် ဖို့ငွေစုတုန်းကဆိုရင် အဲဒီမြေကွက်လေး အကြောင်း ကို အမြဲတွေးပါတယ်။ ငါ့ဘဝ ရဲ့ ပထမဆုံး အနေနဲ့ ကိုယ့်နာမည်နဲ့ ပိုင်ဆိုင်မယ့် မြေကွက် လေးကို ဘယ်လိုနေရာမှာ ဝယ်မယ်

ဘယ်လောက်ရပြီဆိုရင် လိုက်ရှာမယ်၊ ဘာတွေလုပ်မယ် စသဖြင့် တွေး နေလေ့ရှိပါတယ်။ ဒီအတွက် ဒါကို လိုချင် တဲ့ စိတ်က တွန်းအားတစ်ခုဖြစ်လာပြီး ငွေစု ဖို့ နဲ့ စုထား တာတွေကို မသုံးဖြစ်စေဖို့ ဖြစ်စေပါတယ်။

Saving လုပ်ခြင်းရဲ့ ရည်ရွယ်ချက်ဟာ investment တစ်ခုခုလုပ်ဖို့လို့ ရည်ရွယ်တာဖြစ်တဲ့ အတွက် ဘယ်လောက် ငွေပမာဏ နဲ့ ဘာလုပ်မယ်ဆိုတဲ့ ပန်းတိုင်လေးတစ်ခု ရှိနေရင်ပိုကောင်းပါတယ်။

ဒါကို စိတ်က တွေး မိလေလေ ငွေစု ချင်စိတ် ငွေရှာချင်စိတ်တွေ တိုးပွားတတ်လေ့ရှိပါတယ်။ ဒါကြောင့် ပန်းတိုင် ချမှတ်ဆောင်ရွက်တတ်ခြင်းကိုပါ အကျွမ်းဝင်စေနိုင်ပါတယ်။

(၅) စုဖို့ အရင်ဖယ်ပြီး ကျန်တာကို မှ လောက်ငအောင်သုံးပါ

တစ်လလုံးသုံးပြီး ပိုတာကို မှစု ရမှာ မဟုတ်ပါဘူး။ ရလာတဲ့ ငွေကို အရင်စု ပြီး ကျန်တဲ့ ပမာဏ ကိုမှ လောက်င အောင် သုံးစွဲဖို့ အစီအစဉ် budgeting plan ချမှတ် ရမှာ ဖြစ်ပါတယ်။

နောက်တစ်ခါ ငွေကို လဲ အရင်စု ပေမယ့် ကျန်တဲ့ ပမာဏ နဲ့ လောက်င အောင်မသုံး နိုင် ပဲ ချေးငှားရတာ ၊ အကြွေးယူ ရတာ စတာတွေ ကိုလဲ လုပ်လို့မရပါဘူး။

ဒါ့အပြင် တစ်လမှာ ငွေ ပိုစု နောက်လ မှာ မစုဖြစ် လဲ မလုပ်သင့်ပါဘူး ဥပမာ ပထမလ မှာ သုံးစရာ မရှိလို့ လေးသောင်းလောက် စုလိုက်ပြီး နောက်လ ကျ တစ်ပြားမှ မစု ဖြစ်တာထက် နှစ်လလုံး လစဉ် နှစ်သောင်း စီ စု တာကပိုကောင်းပါတယ်။

ဘာကြောင့်လဲ ဆိုတော့ လစဉ် စုဖြစ်တဲ့ ဆိုတဲ့ အလေ့ဖြစ် ဖို့ရယ် လတိုင်းရအောင်စုမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ကတိကို တည်ဖို့ရယ်ပါပဲ။

(၆) တစ်ရက် စဉ်းစားပါ

ရေရှည် ငွေစု တဲ့ အလေ့ရဲ့ အဓိက ရန်သူက တော့ လိုချင်တာ တစ်ခုခု ရုတ်တရက်ပေါ်လာပြီး ဘာဖြစ်ဖြစ် ဒီတစ်ခါတော့ ဝယ်လိုက်မယ်ဆိုတဲ့ Emotion ပါပဲ။ ကျွန်တော်လဲ အတော်များများ ကိုကြုံ ရခဲ့ဖူးပါတယ်။

ဒီနေ့ခတ်လို နည်းပညာ ပစ္စည်း လူနေမှုပစ္စည်း လိုချင်စရာတွေ ပေါတဲ့ အချိန်မှာ စိတ်ကို ထိန်းနိုင်ဖို့ဟာ အတော်လေး ခက်တတ်လေ့ရှိပါတယ်

ဒါကို ကျွန်တော် ရဲ့ အကောင်းဆုံး ဖြေရှင်း မှု ကတော့ တစ်ရက် လောက် မရရ အောင် စောင့် ပြီး စဉ်းစားတာပါပဲ။ ပထမနေ့ မှာ သိပ်ကို လိုချင်နေပေမယ့် တစ်ရက်လောက် အချိန်ယူ ပြီး ဒါဟာ တကယ်လိုအပ်ရဲ့ လား ရမှဖြစ်မှာလား

ဘာကြောင့်လိုချင်တာလဲကို တွေးလိုက်တဲ့အခါ စောစော ကလို လုပ်လိုက်မယ်ဟ ဆိုတဲ့ အတွေးတွေ ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် အချိန်ယူ ရတဲ့ ပမာဏ ကတော့ တစ်ဦးနဲ့ တစ်ဦး တူချင်မှ တူပါလိမ့်မယ်။

(၇) အားမနာပါနဲ့

ငွေလေး နည်းနည်းလက်ထဲစုမိလာ ရင်လိုချင်တာတွေ ပေါ်လာတတ်သလို၊ ငွေကုန်စေမယ့် အရေး ကိစ္စတွေ ကလည်း တစ်ခုမဟုတ်တစ်ခု ပေါ်လာတတ်ပါတယ်။ ဥပမာ ငွေချေးတဲ့ သူတွေ ပေါ်လာတာ၊

ဘယ်လောက် အတိုးပေးပါမယ် မကြာပါဘူးဆိုပြီး ချေးယူသူတွေ၊ မျက်နှာ နာရမယ့်သူတွေ ဆီက အကူအညီတောင်းခံ မှုတွေ ကြုံလာရလေ့ရှိပါတယ်။ ဒီအတွက် အကြံပေးလိုတာကတော့ လူမှု ရေး အရ

သင့်တော်သလို ကူညီ မှုတွေ လုပ်ဆောင်ပေးရမှာ ဖြစ်ပေမယ့် မိမိ လ ပေါင်းများစွာ စုဆောင်းထား တဲ့ စုငွေ အားလုံး ကုန် သည် အထိ ကူညီဖို့ကိုတော့ စဉ်းစားသင့်ပါတယ်။ တကယ် ကူညီသင့်တာ မဟုတ်ပဲ မိမိရဲ့ အားနာ တဲ့ စိတ် သက်သက်ကြောင့် ဆိုရင်တော့ ပိုပြီး စဉ်းစားရမှာပါပဲ

ဒါလေးတွေကတော့ investment တစ်ခု စမလုပ်ခင် မှာ ပမာဏ တစ်ပြည့်အောင် ရေရှည် ငွေစု တဲ့ အလေ့အကျင့်လေး ဖြစ်ပေါ်လာစေဖို့အတွက် ကျွန်တော့်ရဲ့ အကြံပြုချက်လေးတွေ ပါပဲဗျား။

ငွေစု တဲ့ အလေ့အကျင့်ကနေ ရင်းနှီးမြုပ်နှံတဲ့အလေ့အကျင့်ကို ကူးပြောင်းနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်ဗျား

လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့အခက်အခဲတွေကို လွယ်ကူစွာကျော် ဖြတ်စေနိုင်ပါတယ်။

မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်။ မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*