အိမ္ ၿခံေျမ အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ဆိုရာတြင္ မပါမျဖစ္ ပါရမယ့္ အခ်က္မ်ား

အိမ္ ၿခံေျမ အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ဆိုရာတြင္ မပါမျဖစ္ ပါရမယ့္ အခ်က္မ်ား
အိမ္ ၿခံေျမ အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ဆိုရာတြင္ မပါမျဖစ္ ပါရမယ့္ အခ်က္မ်ား

အိမ္ ၿခံေျမ အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ဆိုရာတြင္ မပါမျဖစ္ ပါရမယ့္ အခ်က္မ်ား

အိမ္ ႏွင့္ေျမ သို႔မဟုတ္ ေျမကြက္ လႊဲေျပာင္းေရာင္းခ်ရာတြင္ ေရးသားခ်ဳပ္ဆိုေသာ မွတ္ပုံတင္ အေရာင္းအဝယ္ စာခ်ဳပ္တြင္ အဓိက ပါဝင္ရမည့္ အခ်က္မ်ားကို ေဖာ္ျပလိုက္ပါတယ္…။

၁။ ေရာင္းသူႏွင့္ဝယ္သူတို႔သည္ ႏိုင္ငံသားမ်ား ျဖစ္ၾကရပါမည္။

၂။ ေရာင္းသူႏွင့္ ဝယ္သူတို႔၏ ႏိုင္ငံသားစိစစ္ေရးေရးကဒ္ျပားအမွတ္ သို႔မဟုတ္ ႏိုင္ငံသားလက္မွတ္အမွတ္ႏွင့္ ေနရပ္လိပ္စာတို႔ကို ျပည့္ျပည့္စုံစုံ ေဖာ္ျပရပါမည္။

၃။ ေရာင္းခ်သည့္တန္ဖိုးကို မွန္မွန္ကန္ကန္ေဖာ္ျပရပါမည္။အကယ္၍တန္ဖိုးေလ်ာ့ျပပါက အခြန္လိမ္လည္မႈအရ အေရးယူျခင္း ခံရပါမည္။ေလ်ာ့ျပသည့္အခြန္တန္ဖိုး၏ ( ၁၀ )ဆကို ဒဏ္ေငြအျဖစ္ ခံရႏိုင္ဖြယ္ရာ ရွိပါသည္။

၄။ ေရာင္းခ်သည့္ ေျမကြက္၏ ဦးပိုင္အမွတ္ႏွင့္ အလားေလးရပ္၊ ေျမဧရိယာအတိုင္းအတာတို႔ကို ေဖာ္ျပၾကရပါမည္။ ဂရန္၌ ေဖာ္ျပပါရွိသည့္အတိုင္း ျဖစ္ရပါမည္။

၅။ ေရာင္းသူက ေငြအေျပအေက် ရရွိၿပီးေၾကာင္းႏွင့္ ဝယ္သူကလည္း အိမ္ႏွင့္ေျမသို႔မဟုတ္ ေျမကို လက္ဝယ္ရရွိၿပီးေၾကာင္း ေဖာ္ျပပါရွိရပါသည္။

၆။ မွတ္ပုံတင္ အေရာင္းအဝယ္စာခ်ဳပ္အတြက္ က်သင့္ေသာ တံဆိပ္ေခါင္းခြန္ကို ဝယ္သူက ထမ္းေဆာင္ ထားရပါမည္။

၇။ ကိုယ္စားလွယ္အျဖင့္ ေရာင္းခ်ျခင္း၊ ဝယ္ယူျခင္းျဖစ္ပါက စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံး၌ ျပဳလုပ္ထားေသာ ကိုယ္စားလွယ္ျဖစ္ရမည့္အျပင္ ကိုယ္စားလွယ္စာေပးသူ အသက္ထင္ရွား ရွိေၾကာင္း

ကိုယ္စားလွယ္စာရရွိသူက တရား႐ုံးေတာ္တြင္ သက္ေသ( ၂ ) ဦး ပါဝင္၍ ျပဳလုပ္ေသာ က်မ္းက်ိန္ဆိုခ်က္ႏွင့္အတူ ကိုယ္စားလွယ္စာ မူရင္းကို တင္ျပရပါမည္။

၈။ ေရာင္းခ်သူ သို႔မဟုတ္ ဝယ္ယူသူသည္ ႏိုင္ငံျခားသို႔ ေရာက္ရွိေနသူျဖစ္ပါက ႏိုင္ငံျခားရွိ ျမန္မာသံ႐ုံးတြင္ တရားဝင္ျပဳလုပ္ထားေသာ ကိုယ္စားလွယ္လႊဲစာမူရင္းကို ပူးတြဲတင္ျပရပါမည္။

၉။ အမည္ေပါက္ပိုင္ဆိုင္သူ သို႔မဟုတ္ အမည္ေပါက္ပိုင္ဆိုင္သူ ကြယ္လြန္သြားပါက အေမြဆိုင္မ်ားက စာခ်ဳပ္ စာတမ္းမွတ္ပုံတင္႐ုံး၌ ျပဳလုပ္ထားေသာ ပိုင္ဆိုင္ေၾကာင္း ႁမြက္ဟေၾကညာစာတမ္း သို႔မဟုတ္

စီရင္ပိုင္ခြင့္ ရွိေသာ တရား႐ုံးက ထုတ္ေပးထားေသာ အေမြထိန္း လက္မွတ္စာအျပင္ တရား႐ုံးက အေမြထိန္းစာပါ မေ႐ႊ႕ မေျပာင္းႏိုင္သည့္ အိမ္၊ေျမ သို႔ဟုတ္ ေျမကို ေရာင္းခ်ခြင့္ျပဳသည့္ အမိန္တို႔ကို တင္ျပႏိုင္ရပါမည္။

အိမ္ ၿခံေျမ အေရာင္းအဝယ္ စာခ်ဳပ္တြင္ မပါမျဖစ္ ပါရမယ့္ အခ်က္မ်ား

၁၀။ ပိုင္ဆိုင္ေၾကာင္း ႁမြက္ဟေၾကညာစာတမ္းအရ ေရာင္းခ်ျခင္းျဖစ္ပါက အေမြဆိုင္အားလုံးက ေရာင္းသူ အေနျဖင့္ ပါဝင္လက္မွတ္ေရးထိုးၾကရပါမည္။

၁၁။ အေမြထိန္းစာအရ ေရာင္းခ်ျခင္းျဖစ္ပါက အေမြထိန္းစာလက္မွတ္ရရွိသူက ေရာင္းခ်သူအေနျဖင့္ လက္ မွတ္ေရးထိုးရပါမည္။ ထိုသို႔ ေရာင္းခ်ျခင္းအတြက္ တရား႐ုံး၏ ခြင့္ျပဳခ်က္ပါရွိရပါမည္။

၁၂။ အ႐ြယ္မေရာက္သူကိုယ္စား တရား႐ုံးကခန႔္ထားသည့္ အုပ္ထိန္းသူက မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းကို ေရာင္းခ်ရန္ တရား႐ုံး၏ ခြင့္ျပဳမိန႔္ရရွိပါက အ႐ြယ္မေရာက္သူပိုင္ ေ႐ႊ႕ေျပာင္း ႏိုင္သည့္ပစၥည္းႏွင့္ မ႐ႊ႕မေျပာင္း ႏိုင္သည့္ ပစၥည္းကို ေရာင္းခ်ႏိုင္ပါသည္။

၁၃။ စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးတြင္ ပိုင္ဆိုင္ေၾကာင္း ႁမြက္ဟေၾကညာစာတမ္း ေလွ်ာက္ထားရာ၌ အေမြ ပိုင္ဆိုင္ေၾကာင္း၊ အေမြဆိုင္အားလုံးပါဝင္ေၾကာင္းႏွင့္ စပ္လ်ဥ္း၍ အေမြပိုင္ဆိုင္ေၾကာင္း၊

အေမြဆိုင္အားလုံး ပါဝင္ေၾကာင္းႏွင့္စပ္လ်ဥ္း၍အေမြပိုင္ဆိုင္သူအခ်ိဳ႕ကို ခ်န္လွပ္၍ က်မ္းက်ိန္ဆိုျခင္းျပဳပါက မမွန္မကန္ က်မ္းက်ိန္ ဆိုမႈအတြက္ တာဝန္ရွိသည့္အျပင္

ထိုသို႔ အေမြဆိုင္အခ်ိဳ႕ကို ခ်န္လွန္၍ ေလွ်ာက္ထားရရွိေသာ ပိုင္ဆိုင္ ေၾကာင္း ႁမြက္ဟေၾကညာစာတမ္းမွာလည္း သက္ဆိုင္ရာက သိရွိလွ်င္ ေသာ္လည္းေကာင္း၊ တစ္ဦးတစ္ ေယာက္က ကန႔္ကြက္လာလွ်င္ ေသာ္လည္းေကာင္း၊ မွတ္ပုံတင္ထားၿပီးေသာ စာခ်ဳပ္ပယ္ဖ်က္ျခင္း ခံရမည္ျဖစ္ ပါသည္။

၁၄။ အလားတူ ေျမပုံေျမရာဇဝင္ ကူးယူရာ၌လည္း ေဖာ္ျပသည့္ ကတိသစၥာျပဳလႊာမွာ မွန္ကန္မႈ မရွိပါက လိမ္ လည္၍က်မ္းက်ိန္ဆိုမႈအတြက္ အေရးယူျခင္းခံရႏိုင္ေၾကာင္း သိရွိထားသင့္ပါသည္။

၁၅။ ကြယ္လြန္သူ၏ အေမြဆိုင္သူ သားသမီးမ်ား သို႔မဟုတ္ ကြယ္လြန္သူ၏ ညီအစ္ကိုေမာင္ ႏွမ အရင္းမ်ားက ကြယ္လြန္သူပိုင္ အိမ္ႏွင့္ေျမ သို႔မဟုတ္ ေျမကြက္ကို စာခ်ဳပ္စာတမ္း မွတ္ပုံတင္႐ုံးတြင္

ပိုင္ဆိုင္ေၾကာင္း ႁမြက္ဟ ေၾကညာစာတမ္းေလွ်ာက္ထား၍ ခြင့္ျပဳပါက စာခ်ဳပ္စာတမ္း မွတ္ပုံတင္႐ုံးက သတ္မွတ္သည့္ တံဆိပ္ေခါင္းခြန္ ( ပုံေသ ) ေပးေဆာင္ရပါမည္။

၁၆။ ကြယ္လြန္သူ၏ အေမြဆိုင္မ်ားအနက္မွ တစ္ဦးဦးက ကြယ္လြန္သူ၏ ေ႐ႊ႕ေျပာင္းႏိုင္ေသာ ပစၥည္းႏွင့္ မေ႐ႊ႕ မေျပာင္းႏိုင္ေသာပစၥည္းတို႔ကို စီမံခန႔္ခြဲႏိုင္ရန္ အေမြထိန္းစာ ေလွ်ာက္ထား ႏိုင္ၾကပါသည္။

တစ္ခါတစ္ရံ အေမြဆိုင္မ်ား အၿပိဳင္ေလွ်ာက္ထားလာပါက တရား႐ုံးက သင့္ေတာ္မည့္အေမြဆိုင္ကို အေမြထိန္းလက္မွတ္စာ ထုတ္ေပးႏိုင္ခြင့္ရွိပါသည္။ အေမြထိန္းစာ အၿပိဳင္ေလွ်ာက္ထားလာပါက တရားမႀကီးမႈအျဖစ္ေျပာင္းလဲ၍ တရား ႐ုံးက စစ္ေဆးသြားမည္ ျဖစ္ပါသည္။

အေမြထိန္းစာရရွိသူသည္ ေလွ်ာက္ထားသည့္ ပစၥည္းတန္ဖိုး စုစုေပါင္း အေပၚ က်ပ္တစ္ရာႏွင့္( ရ ) က်ပ္ႏႈန္း ႐ုံးခြန္ေတာ္ထမ္းေဆာင္ရပါသည္။

ကြယ္လြန္သူပိုင္ မေ႐ႊ႕မေျပာင္းႏိုင္ သည့္ အိမ္ႏွင့္ေျမ သို႔မဟုတ္ ေျမကြက္ကို ထုခြဲေရာင္းခ်လိုပါက အေမြထိန္းစာ ထုတ္ေပးသည့္ တရား႐ုံး ၏ခြင့္ျပဳခ်က္ရရွိမွသာလွ်င္ ေရာင္းခ်ႏိုင္မည္ျဖစ္ပါသည္။

အေမြထိန္းစာရရွိသူသည္ ကြယ္လြန္သူမွ ရရန္ရွိေသာ ေႂကြးၿမီမ်ားကို ရွင္းလင္းၿပီးေနာက္ က်န္ေငြသားမ်ားႏွင့္ ပစၥည္းမ်ားကို အေမြဆိုင္ တို႔အား မွ်မွ်တတ ခြဲေဝေပး ရန္ တာဝန္ရွိပါသည္။

၁၇။ အပိုဒ္ ၁၆ အရ အေမြထိန္းလက္မွတ္စာ အၿပိဳင္အဆိုင္ေလွ်ာက္ထားမႈတြင္ အေမြပုံ စီမံခန႔္ခြဲမႈ စြဲဆိုရန္ ေပၚေပါက္ပါက တရား႐ုံးအေနျဖင့္ မည္သူ႔ကိုမွ် အေမြထိန္းလက္မွတ္စာ ထုတ္ေပးမည္ မဟုတ္ေၾကာင္း သတိ ျပဳသင့္ ပါသည္။

အေမြဆိုင္တို႔အေနျဖင့္ ကြယ္လြန္သူ အေမြရွင္၏ က်န္ရစ္ေသာ အေမြကို မိမိတို႔ရသင့္ရထိုက္ ေသာ အေမြေဝစုကို စီရင္ပိုင္ခြင့္ရွိေသာ တရား႐ုံးတြင္ တရားတစ္ထုံး စြဲဆိုရန္ ျဖစ္ပါသည္။

ဗဟုသုတ အျဖစ္ ျပန္လည္ မ်ွေ၀လိုက္ပါသည္။

Credit – ( ဦးဗႀကိဳင္ ( ဘီေအ၊ ဘီအယ္လ္ ) ၊ မေ႐ႊ႕မေျပာင္းႏိုင္သည္ အိမ္၊ၿခံ၊ေျမ၊ တိုက္ခန္း စသည္မ်ား ေရာင္းခ်ျခင္း၊ ဝယ္ယူျခင္း၊ ငွားရမ္းျခင္းဆိုင္ရာ ဥပေဒသိမွတ္ဖြယ္ရာ ၊ စာ ၉ မွ ၁၁ ထိ)

Unicode

အိမ် ခြံမြေ အရောင်းအဝယ်စာချုပ် ချုပ်ဆိုရာတွင် မပါမဖြစ် ပါရမယ့် အချက်များ

အိမ် နှင့်မြေ သို့မဟုတ် မြေကွက် လွှဲပြောင်းရောင်းချရာတွင် ရေးသားချုပ်ဆိုသော မှတ်ပုံတင် အရောင်းအဝယ် စာချုပ်တွင် အဓိက ပါဝင်ရမည့် အချက်များကို ဖော်ပြလိုက်ပါတယ်…။

၁။ ရောင်းသူနှင့်ဝယ်သူတို့သည် နိုင်ငံသားများ ဖြစ်ကြရပါမည်။

၂။ ရောင်းသူနှင့် ဝယ်သူတို့၏ နိုင်ငံသားစိစစ်ရေးရေးကဒ်ပြားအမှတ် သို့မဟုတ် နိုင်ငံသားလက်မှတ်အမှတ်နှင့် နေရပ်လိပ်စာတို့ကို ပြည့်ပြည့်စုံစုံ ဖော်ပြရပါမည်။

၃။ ရောင်းချသည့်တန်ဖိုးကို မှန်မှန်ကန်ကန်ဖော်ပြရပါမည်။အကယ်၍တန်ဖိုးလျော့ပြပါက အခွန်လိမ်လည်မှုအရ အရေးယူခြင်း ခံရပါမည်။လျော့ပြသည့်အခွန်တန်ဖိုး၏ ( ၁၀ )ဆကို ဒဏ်ငွေအဖြစ် ခံရနိုင်ဖွယ်ရာ ရှိပါသည်။

၄။ ရောင်းချသည့် မြေကွက်၏ ဦးပိုင်အမှတ်နှင့် အလားလေးရပ်၊ မြေဧရိယာအတိုင်းအတာတို့ကို ဖော်ပြကြရပါမည်။ ဂရန်၌ ဖော်ပြပါရှိသည့်အတိုင်း ဖြစ်ရပါမည်။

၅။ ရောင်းသူက ငွေအပြေအကျေ ရရှိပြီးကြောင်းနှင့် ဝယ်သူကလည်း အိမ်နှင့်မြေသို့မဟုတ် မြေကို လက်ဝယ်ရရှိပြီးကြောင်း ဖော်ပြပါရှိရပါသည်။

၆။ မှတ်ပုံတင် အရောင်းအဝယ်စာချုပ်အတွက် ကျသင့်သော တံဆိပ်ခေါင်းခွန်ကို ဝယ်သူက ထမ်းဆောင် ထားရပါမည်။

၇။ ကိုယ်စားလှယ်အဖြင့် ရောင်းချခြင်း၊ ဝယ်ယူခြင်းဖြစ်ပါက စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌ ပြုလုပ်ထားသော ကိုယ်စားလှယ်ဖြစ်ရမည့်အပြင် ကိုယ်စားလှယ်စာပေးသူ အသက်ထင်ရှား ရှိကြောင်း

ကိုယ်စားလှယ်စာရရှိသူက တရားရုံးတော်တွင် သက်သေ( ၂ ) ဦး ပါဝင်၍ ပြုလုပ်သော ကျမ်းကျိန်ဆိုချက်နှင့်အတူ ကိုယ်စားလှယ်စာ မူရင်းကို တင်ပြရပါမည်။

၈။ ရောင်းချသူ သို့မဟုတ် ဝယ်ယူသူသည် နိုင်ငံခြားသို့ ရောက်ရှိနေသူဖြစ်ပါက နိုင်ငံခြားရှိ မြန်မာသံရုံးတွင် တရားဝင်ပြုလုပ်ထားသော ကိုယ်စားလှယ်လွှဲစာမူရင်းကို ပူးတွဲတင်ပြရပါမည်။

၉။ အမည်ပေါက်ပိုင်ဆိုင်သူ သို့မဟုတ် အမည်ပေါက်ပိုင်ဆိုင်သူ ကွယ်လွန်သွားပါက အမွေဆိုင်များက စာချုပ် စာတမ်းမှတ်ပုံတင်ရုံး၌ ပြုလုပ်ထားသော ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်း သို့မဟုတ်

စီရင်ပိုင်ခွင့် ရှိသော တရားရုံးက ထုတ်ပေးထားသော အမွေထိန်း လက်မှတ်စာအပြင် တရားရုံးက အမွေထိန်းစာပါ မရွှေ့ မပြောင်းနိုင်သည့် အိမ်၊မြေ သို့ဟုတ် မြေကို ရောင်းချခွင့်ပြုသည့် အမိန်တို့ကို တင်ပြနိုင်ရပါမည်။

အိမ် ခြံမြေ အရောင်းအဝယ် စာချုပ်တွင် မပါမဖြစ် ပါရမယ့် အချက်များ

၁၀။ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်းအရ ရောင်းချခြင်းဖြစ်ပါက အမွေဆိုင်အားလုံးက ရောင်းသူ အနေဖြင့် ပါဝင်လက်မှတ်ရေးထိုးကြရပါမည်။

၁၁။ အမွေထိန်းစာအရ ရောင်းချခြင်းဖြစ်ပါက အမွေထိန်းစာလက်မှတ်ရရှိသူက ရောင်းချသူအနေဖြင့် လက် မှတ်ရေးထိုးရပါမည်။ ထိုသို့ ရောင်းချခြင်းအတွက် တရားရုံး၏ ခွင့်ပြုချက်ပါရှိရပါမည်။

၁၂။ အရွယ်မရောက်သူကိုယ်စား တရားရုံးကခန့်ထားသည့် အုပ်ထိန်းသူက မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ရောင်းချရန် တရားရုံး၏ ခွင့်ပြုမိန့်ရရှိပါက အရွယ်မရောက်သူပိုင် ရွှေ့ပြောင်း နိုင်သည့်ပစ္စည်းနှင့် မရွှ့မပြောင်း နိုင်သည့် ပစ္စည်းကို ရောင်းချနိုင်ပါသည်။

၁၃။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်း လျှောက်ထားရာ၌ အမွေ ပိုင်ဆိုင်ကြောင်း၊ အမွေဆိုင်အားလုံးပါဝင်ကြောင်းနှင့် စပ်လျဉ်း၍ အမွေပိုင်ဆိုင်ကြောင်း၊

အမွေဆိုင်အားလုံး ပါဝင်ကြောင်းနှင့်စပ်လျဉ်း၍အမွေပိုင်ဆိုင်သူအချို့ကို ချန်လှပ်၍ ကျမ်းကျိန်ဆိုခြင်းပြုပါက မမှန်မကန် ကျမ်းကျိန် ဆိုမှုအတွက် တာဝန်ရှိသည့်အပြင်

ထိုသို့ အမွေဆိုင်အချို့ကို ချန်လှန်၍ လျှောက်ထားရရှိသော ပိုင်ဆိုင် ကြောင်း မြွက်ဟကြေညာစာတမ်းမှာလည်း သက်ဆိုင်ရာက သိရှိလျှင် သော်လည်းကောင်း၊ တစ်ဦးတစ် ယောက်က ကန့်ကွက်လာလျှင် သော်လည်းကောင်း၊ မှတ်ပုံတင်ထားပြီးသော စာချုပ်ပယ်ဖျက်ခြင်း ခံရမည်ဖြစ် ပါသည်။

၁၄။ အလားတူ မြေပုံမြေရာဇဝင် ကူးယူရာ၌လည်း ဖော်ပြသည့် ကတိသစ္စာပြုလွှာမှာ မှန်ကန်မှု မရှိပါက လိမ် လည်၍ကျမ်းကျိန်ဆိုမှုအတွက် အရေးယူခြင်းခံရနိုင်ကြောင်း သိရှိထားသင့်ပါသည်။

၁၅။ ကွယ်လွန်သူ၏ အမွေဆိုင်သူ သားသမီးများ သို့မဟုတ် ကွယ်လွန်သူ၏ ညီအစ်ကိုမောင် နှမ အရင်းများက ကွယ်လွန်သူပိုင် အိမ်နှင့်မြေ သို့မဟုတ် မြေကွက်ကို စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင်

ပိုင်ဆိုင်ကြောင်း မြွက်ဟ ကြေညာစာတမ်းလျှောက်ထား၍ ခွင့်ပြုပါက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးက သတ်မှတ်သည့် တံဆိပ်ခေါင်းခွန် ( ပုံသေ ) ပေးဆောင်ရပါမည်။

၁၆။ ကွယ်လွန်သူ၏ အမွေဆိုင်များအနက်မှ တစ်ဦးဦးက ကွယ်လွန်သူ၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မရွှေ့ မပြောင်းနိုင်သောပစ္စည်းတို့ကို စီမံခန့်ခွဲနိုင်ရန် အမွေထိန်းစာ လျှောက်ထား နိုင်ကြပါသည်။

တစ်ခါတစ်ရံ အမွေဆိုင်များ အပြိုင်လျှောက်ထားလာပါက တရားရုံးက သင့်တော်မည့်အမွေဆိုင်ကို အမွေထိန်းလက်မှတ်စာ ထုတ်ပေးနိုင်ခွင့်ရှိပါသည်။ အမွေထိန်းစာ အပြိုင်လျှောက်ထားလာပါက တရားမကြီးမှုအဖြစ်ပြောင်းလဲ၍ တရား ရုံးက စစ်ဆေးသွားမည် ဖြစ်ပါသည်။

အမွေထိန်းစာရရှိသူသည် လျှောက်ထားသည့် ပစ္စည်းတန်ဖိုး စုစုပေါင်း အပေါ် ကျပ်တစ်ရာနှင့်( ရ ) ကျပ်နှုန်း ရုံးခွန်တော်ထမ်းဆောင်ရပါသည်။

ကွယ်လွန်သူပိုင် မရွှေ့မပြောင်းနိုင် သည့် အိမ်နှင့်မြေ သို့မဟုတ် မြေကွက်ကို ထုခွဲရောင်းချလိုပါက အမွေထိန်းစာ ထုတ်ပေးသည့် တရားရုံး ၏ခွင့်ပြုချက်ရရှိမှသာလျှင် ရောင်းချနိုင်မည်ဖြစ်ပါသည်။

အမွေထိန်းစာရရှိသူသည် ကွယ်လွန်သူမှ ရရန်ရှိသော ကြွေးမြီများကို ရှင်းလင်းပြီးနောက် ကျန်ငွေသားများနှင့် ပစ္စည်းများကို အမွေဆိုင် တို့အား မျှမျှတတ ခွဲဝေပေး ရန် တာဝန်ရှိပါသည်။

၁၇။ အပိုဒ် ၁၆ အရ အမွေထိန်းလက်မှတ်စာ အပြိုင်အဆိုင်လျှောက်ထားမှုတွင် အမွေပုံ စီမံခန့်ခွဲမှု စွဲဆိုရန် ပေါ်ပေါက်ပါက တရားရုံးအနေဖြင့် မည်သူ့ကိုမျှ အမွေထိန်းလက်မှတ်စာ ထုတ်ပေးမည် မဟုတ်ကြောင်း သတိ ပြုသင့် ပါသည်။

အမွေဆိုင်တို့အနေဖြင့် ကွယ်လွန်သူ အမွေရှင်၏ ကျန်ရစ်သော အမွေကို မိမိတို့ရသင့်ရထိုက် သော အမွေဝေစုကို စီရင်ပိုင်ခွင့်ရှိသော တရားရုံးတွင် တရားတစ်ထုံး စွဲဆိုရန် ဖြစ်ပါသည်။

ဗဟုသုတ အဖြစ် ပြန်လည် မျှဝေလိုက်ပါသည်။

Credit – ( ဦးဗကြိုင် ( ဘီအေ၊ ဘီအယ်လ် ) ၊ မရွှေ့မပြောင်းနိုင်သည် အိမ်၊ခြံ၊မြေ၊ တိုက်ခန်း စသည်များ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်းဆိုင်ရာ ဥပဒေသိမှတ်ဖွယ်ရာ ၊ စာ ၉ မှ ၁၁ ထိ)

 

Be the first to comment

Leave a Reply

Your email address will not be published.


*