လခစား အလုပ်မှ ကိုယ်ပိုင်လုပ်ငန်းသို့ကူးပြောင်းမယ်ဆိုရင်…

လခစား အလုပ်မှ ကိုယ်ပိုင်လုပ်ငန်းသို့ကူးပြောင်းမယ်ဆိုရင်...
လခစား အလုပ်မှ ကိုယ်ပိုင်လုပ်ငန်းသို့ကူးပြောင်းမယ်ဆိုရင်...

လခစား အလုပ်မှ ကိုယ်ပိုင်လုပ်ငန်းသို့ကူးပြောင်းမယ်ဆိုရင်…

၁၀တန်းပြီးတော့ အမှတ်အလိုက် ကျောင်းတွေ ကွဲသွားကြတယ်။ တက္ကသိုလ် ၄နှစ်ပြီးသွားတယ်၊ ဘဝက အဲ့အချိန်မှ စတာပါ။ အဲ့ချိန်ကျ ခင်ဗျား ဘယ်ကျောင်းကပြီးတယ်? ဘာဘွဲ့ရတဲ့ရတယ်? ဆိုတာက အရေးမကြီးတော့ပါဘူး။

ခင်ဗျား ငွေဘယ်လောက်ရှာနိုင်ပြီလဲ? ခင်ဗျား ဘယ်လို လုပ်ငန်းတွေ ပိုင်ဆိုင်ထားပြီလဲ? ဆိုတာက စကားပြောလာပါတယ်။

ဥပမာကြည့်ကြရအောင်

လူ ၂ ယောက်ရှိသည်။ အသက်အရွယ်တူသည်။ ဘွဲ့ယူချိန်တူသည်။ လုပ်ငန်းခွင်ထဲ စဝင်သည့်ချိန်လဲ တူသည်။ သို့သော် ၅ နှစ်ကြာပြီးနောက် ဒီလူ ၂ ယောက်ဟာ ကွာခြားမှုတွေ ရှိသွားသည်။

ကွာခြားသွားသည့်အရာဟာငွေကြေးရေးကိစ္စဖြစ်သည်။ ပထမ တစ်ယောက်က ငွေကြေးရေးအမြဲ အခက်အခဲရှိပြီး။ ဒုတိယတစ်ယောက်က ငွေကြေးရေးအဆင်ပြေနေခြင်းဖြစ်သည်။

ဘယ်အရာတွေက သူတို့ကို ကွာခြားသွားစေပါသလဲ။

ပထမတစ်ယောက် အလုပ်လုပ်သည်။ ငွေရလာသည်။ ငွေရပြီးရင် ဘာဆက်လုပ်မှာလဲ? ငွေရပြီးရင် ငွေသုံးရမယ်လေ။ ဘာအတွက်သုံးတာလဲ (၁)လလုံး အလုပ်ကြောင့်
စိတ်ပင်ပန်း၊ လူပင်ပန်းခဲ့သမျှအတွက် ကိုယ့်ကို လက်ဆောင်ပြန်ပေးရမယ်။ ကိုယ့်ဘဝကို အကျိုးရှိအောင်လုပ်ရမယ်။ လူကြားထဲ တန်ဖိုးရှိအောင်လုပ်ရမယ်။

ဝယ်မယ်လေ။ ကြော်ညာထဲက တွေ့ထားတဲ့ဖုန်း။ ခေတ်စားနေတဲ့ အသုံးအဆောင်။ ခေတ်စားနေတဲ့ အစားအစာ။

သွားမယ်လေ။ facebook ထဲက လူအများ သွားလည်ပြီး တင်ထားတဲ့နေရာတွေက လှနေတာပဲ။ ကိုယ်ဒေလဲ အဲ့လိုအမိုက်စား အလန်းစားဝတ်ဖူးရမှ။ အဲ့ဒီနေရာကို သွားဖူးရမှ။ ဓာတ်ပုံသွားရိုက်လိုက်ရမှ။

ပျော်ရွင်မှု စိတ်ချမ်းသာမှုတွေဟာ တန်ဖိုးကြီးပစ္စည်းတွေရှိမှ သူများရှိသလို ရှိနိုင်မှ သူများလုပ်သလို လိုက်လုပ်နိုင်မှ ပျော်ရွင်မှုရှိမယ်လို့ သူထင်ခဲ့သည်။ ဒီအရာတွေက စိတ်ချမ်းသာမှုတွေ ပေးနေတယ်လို့ သူထင်ခဲ့မိသည်။

လစာထုတ်တိုင်း သူလိုချင်တဲ့ ပစ္စည်းတွေကိုသူ ဝယ်သည်။ သူဝယ်လိုက်သည့်အရာက။ သူ့အတွက် တကယ်ရော အသုံးဝင်ရဲ့လား။ တကယ်ရော အသုံးလိုရဲ့လားဆိုတာ သူမတွေးတော။ ဥပမာ …(သူ့မှာလဲ အတန်အသင့် ဖုန်း ၁ လုံးရှိပြီးသား။

အသစ်ထွက်တဲ့ အလန်းစား ဖုန်းကိုတွေ့တော့ ငွေစုပြီး ဝယ်လိုက်တယ်။ အလန်းစားဖုန်း တန်ဖိုးကြီးဖုန်းက သူ့အတွက် ဘာအကြိုးပြုစေသလဲ ဘာကို ပြောင်းလဲစေသလဲဆိုတာ သူမစဉ်း နားမလည်။

လူကြားသူကြားထဲ အထင်ကြီးခံမယ်လို့တာ သိတယ်။ အလန်းစားဖုန်းကို ကိုင်ပြီး ကိုယ့်ကို ဂုဏ်ယူမဆုံး။ ဒီလိုသာ ဘဝကိုအူလည်လည်နဲ့တာ ဖြတ်သန်း။) သုံးတာနှင့် ဖြုန်းတာကို သူမခွဲခြားတတ်။

၅ နှစ်ကြာပြီးနောက်ပိုင်း အရင်လို လခစားအလုပ်သမားဖြစ်နေဆဲ။ လစာက တိုးလာပေမဲ့လည်း လတိုင်းမှာ ငွေသုံးလို့မလောက်။

(ဒုတိယတစ်ယောက်)

အလုပ်လုပ်သည်။ ငွေရလာသည်။ ငွေရပြီးရင် ဘာဆက်လုပ်မှာလဲ? ငွေရပြီးရင် ငွေသုံးရမယ်လေ။ ဘာအတွက်သုံးတာလဲ သူကတော့ သုံးတာနှင့်ဖြုန်းတာကို ခွဲခြားတတ်သည်။

မရှိမဖြစ်သည့်အရာ တကယ်လိုအပ်သည့်အရာတွေကို ဝယ်သည်။ ငွေအနည်းစုသာ သုံးစွဲပြီး ငွေအများစုကို စုဆောင်းသည်။ မီးခ၊ ရေခ တစ်လစာ စားစရိတ်တွေ တကယ်လိုအပ်သည့် အသုံးအဆောင်တွေ ဝယ်ပြီး ကျန်သည့်ငွေတွေ စုထားသည်။

သူလိုချင်တဲ့ တန်ဖိုးကြီး ၆ သိန်းတန် ဖုန်းအတွက်လဲငွေတွေစုနေသည်။ (၁)လကို (၆)သောင်းစုသည်။ (၁၀)လပြည့်ရင် ဝယ်လို့ရမည်။ (၁၀)လကြာတော့ ဖုန်းဝယ်ဖို့ ငွေပြည့်သွားသော် ဖုန်းကိုမဝယ်ရက်သေး၊ ငွေစုရတာကို သူပျော်လာသည်။

ငွေဆက်စုဖို့ သူဆုံးဖြတ်လိုက်သည်။ လစာတိုးလာသည်နှင့်အမျှ (၁)လကို (၆)သောင်းစုရာကနေ (၁)သိန်းရအောင် စုလာလေသည်။ စုထားသည့်ငွေ အနည်းငယ်များလာသော် သူဌေးအတွေးလဲ ပေါ်လာသည်။

ငွေစုရုံတင်မကပဲ ရှိပြီးသား ငွေကို ထက်တိုးအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သူစဉ်းစားသည်။ မနက် ၈ နာရီအလုပ်သွားသည်။ ညနေ ၄ နာရီ အိမ်ပြန်သည်။ ညနေပိုင်းကနေ ညအချိန်အထိ အချိန်အနည်းငယ် သူအားနေသည်။

အနည်းငယ်အားနေသည့် အချိန်ကိုငွေထက်ရှာဖို့ ဆုံးဖြတ်လိုက်သည်။ သူအသားကင်နည်းကို သေသေချာချာလေ့လာပြီးမှ။ ဆိုင်ဖွင့်လိုက်သည်။ ရပ်ကွက်ထဲက လူငယ် ၂ ယောက် အကူခေါ်လိုက်သည်။

ညနေပိုင်းကနေ ၅ နာရီကနေ ညပိုင်း ၉ ၃၀ အထိ။ ဆိုင်ဖွင့်သည်။ အစပိုင်းမှ ထင်သလောက် ရောင်းမကောင်း။ အခြားဆိုင်ကို သူလိုက်လေ့လာသည်။ သူ့ဆိုင်ရဲ့ လိုအပ်ချက်တွေကို တစ်ခုပြီးတစ်ခု ပြင်သွားသည်။ သူပန်ပင်းသည်။ သို့သော် သူကြိုးစားသည်။

၃ နှစ်ကြာသော် သူငွေ သိန်း ၅၀ စုနိုင်နေပြီ။ သူ့လုပ်ငန်းတွေ အောင်မြင်လာသည်နှင့်အမျှ လမ်းဘေးဆိုင်ကနေ ဆိုင်ခန်းဖြစ်လာသည်။ အလုပ်သမား ၂ ယောက်ကနေ ၄ ယောက်အထိဖြစ်လာသည်။

၂ နှစ်ထက်ကြာသော် စုထားသည့်ငွေ သိန်း ၁၀၀ ပြည့်သွားသည်။ သိန်း ၁၀၀ ကို အိမ်ခြံကလေးဝယ်ထားပြီးပြန်ဌားရမ်းလိုက်သည်။ ဌားရမ်းခ (၁) လကို (၁)သိန်းခွဲရသည်။ ယခု သူရဲ့ဝင်ငွေက ၃ လိုင်းလောက်ရှိနေပြီ။ လခစားအလုပ် ဆက်မလုပ်ချင်လဲ သူ ဘာမှမဖြစ်။

ငွေကြေးရေးအဆင်ပြေသော် အပူအပြင်ကင်းသည်။ စိတ်ချမ်းသာသည်။ ဘဝမှာ ရွေးချယ်စရာလမ်းပိုများလာသည်။ ဒီလူ ၂ ယောက်ဇာလမ်းကို ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါတော့မယ်။

သုံးနှင့်ဖြုန်းကို ခွဲခြားတတ်ပါစေ။ ငွေစုခြင်းဟာ ကပ်စေးနဲခြင်းမဟုတ်။ ငွေစုထားခြင်း။ ငွေရှိထားခြင်းသည် အနာဂတ် ကိုယ့်ဘဝလမ်းကြောင်းမှာပြသာနာကြုံတွေ့ရသော် ရွေးချယ်စရာလမ်း ပိုများမည်ဖြစ်သည်။

ကိုယ်ဝယ်လိုက်တဲ့အရာက ကိုယ့်အတွက် ဘာအကျိုး ပြန်ပြုစေတာလဲ ဆိုတာကိုသေသေချာချာ တွေးစေချင်တယ်။ သူများရှိလို့ ကိုယ်လဲ ရှိသင့်တယ်ဆိုတာမျိုးတော့ မဖြစ်စေချင်။

လူငယ်ချင်းယှဉ်ရင် ကိုယ့်ဘက်က သာနေဖို့ ဘာလုပ်ရမလဲ? ခနခန မေးကြတဲ့ မေးခွန်းတခုပါ။ လူငယ်တွေရဲ့ အိမ်မက်တွေက ဘာတွေလဲဆိုတော့ ကောင်းမွန်တဲ့ ဘဝတခုကို ပိုင်ဆိုင်ချင်တယ်၊ ငွေကြေးနဲ့ ပတ်သတ်လာရင် မပူမပင်ရတဲ့ ဘဝတခုကို ပိုင်ဆိုင်ချင်ကြတယ်၊ မိသားစုကို အကောင်းဆုံးထောက်ပံ့ချင်ကြတယ်။

ကျောင်းပြီးပြီဆိုတာနဲ့ အလုပ်ကိုယ်စီ ဝင်ကြရပြီ။ ဘယ်အရာတွေက တယောက်နဲ့ တယောက် ကွာသွားမလဲ? ဆိုရင် အားလပ်ချိန်မှာ လုပ်သလဲ? ဆိုတာက အဆုံးအဖြတ်ပေးသွားမှာပါ။ အားလပ်ချိန်မှာ ကိုယ်လုပ်တဲ့အရာက သင့်အနာဂတ်ကို အကောင်းဆုံး ပုံဖော်သွားမှာပါဘဲ။

ကိုယ့်ကိုကိုယ် အနားမပေးပါနဲ့

တပတ်ကို ၇လုံး ကိုယ့်ကိုကိုယ် ခိုင်းပါ။ ခုလုပ်ရင် ခုချက်ချင်းဖြစ်လာမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် ၅နှစ်အတွင်းမှာတော့ သေချာပေါက် ဖြစ်လာပါလိမ့်မယ်။ မသိတာတွေကို အမြဲ လေ့လာနေရမယ်၊ သင်ယူနေရမယ်။ အကုန်သိ အကုန်တတ် ဆရာကြီးလိုနေပြီး ဘုဂလန့်တိုက်နေရင် သေချာပေါက် ကျန်ပါခဲ့ပါလိမ့်မယ်။

ဒီခေတ်က လခစားအလုပ်သမားဖြစ်ဖို့ အရမ်းလွယ်တဲ့ခေတ် အလုပ်တစ်ခုသွား လျှောက်လိုက်ပါ။ ကိုယ့်အရည်အချင်းနဲ့ထိုက်တဲ့ တာဝန်နေရာမှာ အလုပ်ခန့်ခံရမယ်။

လူအများပိုင်း လခစားအလုပ်သမား ဖြစ်နေကြတယ်။ ကိုယ်ပိုင်လုပ်ငန်းက လခစားလုပ်ငန်းထက် ပိုလွတ်လပ်မှုရှိကြောင်း၊ ပိုကောင်းကြောင်းကို လူတိုင်းလဲ သိနေကြတယ်။

ကိုယ်ပိုင်လုပ်ငန်းရှိချင်တဲ့ (စိတ်ကူးကလေး)တော့ ရှိနေပါရဲ့ ဒါပေမဲ့ စိတ်ကူးလေးကို (စိတ်ကူးထဲမှာပဲ) ထားခဲ့ကြတယ်။ ကိုယ်ပိုင်လုပ်ငန်း လုပ်ဖို့က အရင်းနှီးရှိမှ အရင်းနှီးရှိဖို့က ငွေစုရအုံးမည်။

ငွေစုဖို့မပြောနဲ့ လကုန်ပီဆို အကြွေးဆပ်စရာရှိ ဆပ် အိမ်ကိုပေးစရာရှိ ပေး ကိုယ်လိုချင်တဲ့ပစ္စည်းကို ဝယ် သောက်စားစရာရှိ သောက်စား။ နောက်ဆုံးလက်ထဲမှာ ငွေအနည်းငယ်သာကျန် (လူအများပိုင်းအဖြစ်) ဒီလိုနဲ့ သံသာယာလည်နေတယ်။

ဟိုလကုန်လဲ ဘာမှမပြောင်းလဲ နောက်လကုန်ရင်လဲ ပြောင်းလဲမည်မဟုတ်။ လကုန်တဲ့ရက်ကို မျော်နေကျတယ်။ လကုန်တဲ့ရက်ဆို ပျော်တယ်။ ဝင်ငွေ တစ်ပေါက်ထဲရှိတဲ့လှိုင်းကို မျော်လင့်ချက်ကြီးကြီးနဲ့ မျှော်နေကြတယ်။

(အကယ်၍ ဒီလိုဘဝမျိုးမှာ မင်းကျေနပ်နေတယ်ဆိုရင် ငါအပြစ်မပြောပါဘူး။) ကိုယ်ပိုင်လုပ်ငန်းဆိုတာ အလုပ်သမား များများငှားရမှ အကုပ္မဏီအကြီးကြီးရှိမှ ကိုယ်ပိုင်လုပ်ငန်းခေါ်တာ မဟုတ်ဘူး။

ကိုယ်ပိုင်လုပ်ငန်းဆိုတာ ဝက်သားတုတ်ထိုးရောင်းလဲ ကိုယ်ပိုင်လုပ်ငန်းပဲ။ ဝက်သားတုတ်ထိုးရောင်းတဲ့လူကို အထင်သွား မသေးလိုက်နဲ့အုံး။ လက်ရှိမင်းလုပ်နေတဲ့ လစာစား ၁ ရက်စာထက် သူက ဝင်ငွေပိုများတယ်။(မယုံရင် လမ်းကြုံမေးကြည့်)

မင်းပြောင်းလဲရမယ် လက်ရှိမင်းလုပ်နေတဲ့ အလုပ်ကို ဘယ်အတိုင်းအတာထိလုပ်မယ် ဘယ်အချိန်ထိလုပ်မယ် ဘယ်အရာကို ရရှိလာတဲ့ထိလုပ်မယ် စတဲ့ အချက်တွေကို တိတိကျကျ သိထားပါ။

ငွေအရင်းနှီးမရှိခင် အနာဂတ်မှာ ကိုယ်ပိုင်လုပ်ငန်းပိုင်ဆိုင်နိုင်ဖို့အတွက်နှင့် ကိုယ်ပိုင်လုပ်ငန်းအောင်မြင်ဖို့အတွက်။ ကိုယ့်ကိုအရင် ရင်းနှီးထားရတယ်။

ကိုယ့်ကိုဘာကြောင့် ရင်းနှီးရတာလဲ ကိုယ့်ကိုရင်းနှီးမှုဆိုတာ ဘာလဲ??? အနာဂတ် မင်းပိုင်ဆိုင်ချင်တဲ့လုပ်ငန်း ဥပမာ ကော်ဖီဆိုင်၊ ထမင်းဆိုင်၊ စတိုးဆိုင်၊ အင်္ကျီဆိုင် ……

မင်း အင်္ကျီဆိုင် ဖွင့်မယ်ဆိုပါတော့ အခုပဲ ချက်ချင်းရင်းနှီးနိုင်ဖို့ မင်းကို သိန်း(၅၀)ပေးလိုက်မယ်။ အခုပဲ မင်းကို လုပ်ငန်းစခိုင်းမယ်။ ကဲ…….. ဆိုင်ရှာရမယ် ကုန်ပစ္စည်းအမျိုးအစား ရှာရမယ် ဘယ်လိုဟာ ရာင်းရမလဲ ဘယ်လောက်အမြတ်ယူရမလဲ ရောင်းအားကောင်းအောင် ဘယ်လိုလုပ်ရမလဲ

အခြားဆိုင်နဲ့ ဘယ်လိုပြိုင်ဆိုင်ရမလဲ စတဲ့အချက်တွေနဲ့တင် မင်းခေါင်းရူပ့်သွားလိမ့်မယ်။ ကြိုတင်ပြင်ဆင်မှု ဘာမျှမရှိတော့ အရင်းနှီ့းပြုတ်ဖို့က များနေတယ်။ မြန်မလား၊ နှေးမလားပဲကွာတယ်။

ကိုယ့်ကိုယ်ကို ရင်းနှီးမှုဆိုတာ

ကိုယ်မသိသေးတဲ့ အရာကို၊ သိအောင်လုပ် ကိုယ်သိဖို့လိုအပ်တဲ့အရာကို ရအောင်ရှာ ကိုယ့်မှာ ဘာတွေလိုအပ်နေလဲ ကိုယ့်လုပ်မယ့် လုပ်ငန်းရဲ့ အားနည်းချက်၊ အားသာချက်ကို သိအောင်လုပ်၊ ဒါပါပဲ။

ကိုယ်ပိုင်လုပ်ငန်း မရင်းနှီးခင်မှာ ကိုယ့်ကိုရင်းနှီးထားမှုက အရေးကြီးတယ်။ အောင်မြင်တဲ့ ချမ်းသာတဲ့သူတယောက် ဖြစ်ချင်တယ်ဆိုရင် မိမိဝါသနာပါတဲ့ တနေရာရာမှာတော့ professional ဖြစ်ဖို့ လို့ပါတယ်။

သင့်အနေနဲ့ နေရာတိုင်းကို နည်းနည်းစီသိထားတာ ကောင်းပေမယ့် နေရာတခုမှာတော့ ကျွမ်းကျင်အောင် လုပ်ဖို့ လိုပါတယ်။ လုပ်တဲ့အခါမှာလည်း ပညာပိုင်း၊ အတွေ့အကြုံ၊ အသိုင်းအဝိုင်းပိုင်းမှာပါ ကျွမ်းကျင်အောင် လုပ်ရပါမယ်။

အချိန်တခုတော့ သေချာပေါက်ယူရပါလိမ့်မယ်။ ခုမှ စပြီးလုပ်မယ် လုပ်ငန်းကြီးကြီး လုပ်ကိုင်ချင်နေလို့ မရပါဘူး။ အောက်ခြေကို ပိုင်နိုင်မှ အခြေခံကို ပိုင်နိုင်မှ တဆင့်ချင်းစီ တတ်သွားရမှာပါ။

အသေးလေးကနေ စပြီး စီးပွားရေးမလုပ်ချင်ဘူး၊ ချက်ချင်းဘဲ အလုပ်ကြီးကြီးတွေ လုပ်ချင်ရင်တော့ စီးပွားရေးဆိုတာ မအေးအေးဝင်းစီစဉ်တာမဟုတ်တဲ့အတွက် သေချာပေါက် ကျရှုံးပါလိမ့်မယ်။ ဝိမရှိဘဲ ဝိမလုပ်ချင်ပါနဲ့။

ဝန်ထမ်းဘဝကနေ လခစားဘဝကနေ ရုန်းထွက်တော့မယ်ဆိုရင် ချက်ချင်းကြီး ကိုယ်ပိုင်လုပ်ငန်းတွေ လုပ်လို့ မသင့်ပါဘူး။ ဘယ်အရာကို မဆို ကျွမ်းကျင်တဲ့ ပညာရပ်တခုရှိထားဖို့ လိုအပ်ပါတယ်။

အသေးစား လုပ်ငန်းတခုကို အောင်မြင်အောင် မလုပ်နိုင်ဘဲနဲ့ လုပ်ငန်းကြီးတွေလုပ်ကိုင်ဖို့ဆိုတာ တော်တော်လေး မဖြစ်နိုင်တဲ့ ကိစ္စပါ။

မြန်မြန် အောင်မြင်ချင်တယ်၊ ဖြတ်လမ်းက လိုက်တယ်ဆိုရင် သေချာပေါက် လမ်းမှားရောက်ပါလိမ့်မယ်။ဘယ်အရာမှ အလွယ်လိုက်လို့ မရပါဘူး။

#crd orginal uploaper

Be the first to comment

Leave a Reply

Your email address will not be published.


*