“ဘိလပ္ေျမ ႏွင့္ သံေခ်ာင္းတြက္နည္း”

“ဘိလပ္ေျမ ႏွင့္ သံေခ်ာင္းတြက္နည္း”
“ဘိလပ္ေျမ ႏွင့္ သံေခ်ာင္းတြက္နည္း”

“ဘိလပ္ေျမ ႏွင့္ သံေခ်ာင္းတြက္နည္း”

ဘိလပ္ေျမ အုတ္သဲေက်ာက္ ဘယ္ေလာက္ကုန္မလဲ ေမးတတ္လို႔ အၾကမ္းတြက္လို႔ရေအာင္ပါ။

ျမန္မာျပည္ ေဆာက္လုပ္ေရးမွာ က်င္းနဲ႔ ေျပာၾကပါတယ္။ ကုဗက်င္းနဲ စကြဲယားက်င္း ဆိုၿပီးရွိပါတယ္။

“ကုဗက်င္း”… ကုဗက်င္းက အလ်ား အနံ အျမင့္ ၃ ခု ေျမႇာက္တာပါ။ ၃ ခုေျမႇာက္လို႔ ၁၀၀ ရရင္ ၁ က်င္းပါ။ ၅၀ ဆို က်င္းဝက္၊ ၂၅ ဆို က်င္းတစ္မတ္ စသျဖင့္ပါ။

ကုဗက်င္းကို ၉ လက္မနဲ႔အထက္ အုတ္စီျခင္းတို႔ ကြန္ကရစ္ေလာင္းျခင္းတို႔ ေျမႀကီးတူးျခင္းတို႔မွာ အမ်ားဆုံးသုံးပါတယ္။ ရွိသမွ် အလ်ားအနံအျမင့္ေတြ လိုက္ေျမႇာက္ ေပါင္းလိုက္ရင္ ကုဗက်င္းထြက္လာပါၿပီ။ ေျမႀကီး၁ က်င္းဆို ၁၀ေပပတ္လည္ ၁ ေပ အနက္ ရွိရပါမယ္။

1:3:6 အခ်ိဳး… ကြန္ကရစ္ ဘိလပ္ေျမ ၁၃ အိတ္ခန႔္၊ သဲက်င္းဝက္ ေက်ာက္ ၁ က်င္း။

1:2:4 အခ်ိဳး… ကြန္ကရစ္ ဘိလပ္ေျမ ၁၈ အိတ္ေက်ာ္ခန႔္၊ သဲက်င္းဝက္ ေက်ာက္ ၁ က်င္း

1: 1-1/2 အခ်ိဳး… ကြန္ကရစ္ ဘိလပ္ေျမ ၂၅ အိတ္ခန႔္၊ သဲက်င္းဝက္ ေက်ာက္၁ က်င္း

အုတ္ဖိနပ္ေတြမွာ အသုံးမ်ားတဲ့ ၉ လက္မအထက္ အုတ္စီျခင္း… ကုဗတစ္က်င္းဆို ၁၃၅၀ လုံး၊ ဘိလပ္ေျမကေတာ့ သုံးတဲ့အခ်ိဳးမွာမူတည္ပါတယ္။ အမ်ားသုံးတဲ့ 1:4 အခ်ိဳးဆို ဘိလပ္ေျမ ၆ အိတ္နီးပါး၊ သဲ .၂၈ က်င္းတစ္မတ္ သာသာေလာက္။

“စကြဲယားက်င္း”… စကြဲယားက်င္း အလ်ားနဲ႔ အနံ ပဲေျမႇာက္ၿပီး ၁၀၀ ဆို ၁ က်င္း။ ၄လက္မခြဲ အုတ္စီျခင္း၊ ေဆးသုတ္ျခင္းတို႔၊ အမိုးမိုးျခင္းတို႔၊ ေႂကြျပားကပ္ျခင္းတို႔မွာ သုံးပါတယ္။

နံရံေတြမွာ အသုံးမ်ားတဲ့ ၄.၅ လက္မ အုတ္စီျခင္း မွာ အုတ္ ၅၅၀ လုံး၊ 1:4 အခ်ိဳး ဘိလပ္ေျမ 2.7 အိတ္ သဲ .11 က်င္း။

“သံေခ်ာင္း”… သံေခ်ာင္းတစ္ေခ်ာင္းဟာ ဆိုက္မွန္ပါက ေပ ၄၀/ ၁၂ မီတာရွိရပါတယ္။ သို႔ေပမယ့္ ၃၉ေပ ၆ လက္မေလာက္ဆို မွန္တယ္ေျပာရပါမယ္။ ဘာမားျဖစ္ကေတာ့ အတိအက်ေျပာလို႔ မရပါဘူး။

တစ္တန္မွာရွိရမယ့္ အေခ်ာင္းေရက

10 မီလီ ၃မူး ( ၃/၈) မွာ ေပ၄၀ အရွည္ ၁၃၅ ေခ်ာင္း၊ ၁၂ မီလီ ၅မူး ( 1/2) မွာ ၈၈ ေခ်ာင္း၊ ၁၆ မီလီ ၆မူး ( 5/8) မွာ ၅၃ ေခ်ာင္း၊ ၂၀ မီလီ ၃မတ္ (3/4) မွာ ၃၃ ေခ်ာင္း၊ ၂၅ မီလီ က်ပ္လုံးမွာ (1) မွာ ၂၁ ေခ်ာင္း ရွိပါတယ္။

“ဘိလပ္ေျမ”… ဘိလပ္ေျမ ၁ အိတ္ဟာ ၅၀ ကီလိုေလးၿပီး အိတ္၂၀ ဟာ ၁ တန္ပါ။

သံေခ်ာင္းေတြဆက္ဖို႔လိုရင္ တိုင္ေတြမွာ အနည္းဆုံး အဆ ၄၀ ထပ္မိေနေစ ရပါမယ္။ ထုပ္ေတြ ယက္မေတြမွာေတာ့ အဆ ၆၂ ေလာက္ထိ သုံးတတ္ပါတယ္။ ခိုခ်င္ရင္ေတာ့ ၅၀ဆေလာက္ ဆို ရေလာက္ပါတယ္။

အခုေနာက္ပိုင္း မီတာနဲ႔သုံးလာပါတယ္။ ဆက္သြယ္ခ်က္က

၁မီတာ 1M မွာ ၃ ေပ ၃ လက္မ ၃ မူးရွိပါတယ္။ လက္သမားနဲ႔ ယွဥ္ေျပာလို႔ရတဲ့အေခၚပါ။

1 M မီတာ= 3.281 ေပ၊ 1 လက္မ= 25.4 mm မီလီမီတာ၊ 1 ( 1m X 1m) မီတာ စကြဲယား= 10.78 ေပစကြဲယား၊ ကြန္ကရစ္ 1 (1mX 1mX 1m) မီတာက်ဳ = 35.32 ကုဗေပ Cuft။

credit -မူရင္းေရးသားသူ

Unicode

“ဘိလပ်မြေ နှင့် သံချောင်းတွက်နည်း”

ဘိလပ်မြေ အုတ်သဲကျောက် ဘယ်လောက်ကုန်မလဲ မေးတတ်လို့ အကြမ်းတွက်လို့ရအောင်ပါ။

မြန်မာပြည် ဆောက်လုပ်ရေးမှာ ကျင်းနဲ့ ပြောကြပါတယ်။ ကုဗကျင်းနဲ စကွဲယားကျင်း ဆိုပြီးရှိပါတယ်။

“ကုဗကျင်း”… ကုဗကျင်းက အလျား အနံ အမြင့် ၃ ခု မြှောက်တာပါ။ ၃ ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းပါ။ ၅၀ ဆို ကျင်းဝက်၊ ၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။

ကုဗကျင်းကို ၉ လက်မနဲ့အထက် အုတ်စီခြင်းတို့ ကွန်ကရစ်လောင်းခြင်းတို့ မြေကြီးတူးခြင်းတို့မှာ အများဆုံးသုံးပါတယ်။ ရှိသမျှ အလျားအနံအမြင့်တွေ လိုက်မြှောက် ပေါင်းလိုက်ရင် ကုဗကျင်းထွက်လာပါပြီ။ မြေကြီး၁ ကျင်းဆို ၁၀ပေပတ်လည် ၁ ပေ အနက် ရှိရပါမယ်။

1:3:6 အချိုး… ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့်၊ သဲကျင်းဝက် ကျောက် ၁ ကျင်း။

1:2:4 အချိုး… ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့်၊ သဲကျင်းဝက် ကျောက် ၁ ကျင်း

1: 1-1/2 အချိုး… ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့်၊ သဲကျင်းဝက် ကျောက်၁ ကျင်း

အုတ်ဖိနပ်တွေမှာ အသုံးများတဲ့ ၉ လက်မအထက် အုတ်စီခြင်း… ကုဗတစ်ကျင်းဆို ၁၃၅၀ လုံး၊ ဘိလပ်မြေကတော့ သုံးတဲ့အချိုးမှာမူတည်ပါတယ်။ အများသုံးတဲ့ 1:4 အချိုးဆို ဘိလပ်မြေ ၆ အိတ်နီးပါး၊ သဲ .၂၈ ကျင်းတစ်မတ် သာသာလောက်။

“စကွဲယားကျင်း”… စကွဲယားကျင်း အလျားနဲ့ အနံ ပဲမြှောက်ပြီး ၁၀၀ ဆို ၁ ကျင်း။ ၄လက်မခွဲ အုတ်စီခြင်း၊ ဆေးသုတ်ခြင်းတို့၊ အမိုးမိုးခြင်းတို့၊ ကြွေပြားကပ်ခြင်းတို့မှာ သုံးပါတယ်။

နံရံတွေမှာ အသုံးများတဲ့ ၄.၅ လက်မ အုတ်စီခြင်း မှာ အုတ် ၅၅၀ လုံး၊ 1:4 အချိုး ဘိလပ်မြေ 2.7 အိတ် သဲ .11 ကျင်း။

“သံချောင်း”… သံချောင်းတစ်ချောင်းဟာ ဆိုက်မှန်ပါက ပေ ၄၀/ ၁၂ မီတာရှိရပါတယ်။ သို့ပေမယ့် ၃၉ပေ ၆ လက်မလောက်ဆို မှန်တယ်ပြောရပါမယ်။ ဘာမားဖြစ်ကတော့ အတိအကျပြောလို့ မရပါဘူး။

တစ်တန်မှာရှိရမယ့် အချောင်းရေက

10 မီလီ ၃မူး ( ၃/၈) မှာ ပေ၄၀ အရှည် ၁၃၅ ချောင်း၊ ၁၂ မီလီ ၅မူး ( 1/2) မှာ ၈၈ ချောင်း၊ ၁၆ မီလီ ၆မူး ( 5/8) မှာ ၅၃ ချောင်း၊ ၂၀ မီလီ ၃မတ် (3/4) မှာ ၃၃ ချောင်း၊ ၂၅ မီလီ ကျပ်လုံးမှာ (1) မှာ ၂၁ ချောင်း ရှိပါတယ်။

“ဘိလပ်မြေ”… ဘိလပ်မြေ ၁ အိတ်ဟာ ၅၀ ကီလိုလေးပြီး အိတ်၂၀ ဟာ ၁ တန်ပါ။

သံချောင်းတွေဆက်ဖို့လိုရင် တိုင်တွေမှာ အနည်းဆုံး အဆ ၄၀ ထပ်မိနေစေ ရပါမယ်။ ထုပ်တွေ ယက်မတွေမှာတော့ အဆ ၆၂ လောက်ထိ သုံးတတ်ပါတယ်။ ခိုချင်ရင်တော့ ၅၀ဆလောက် ဆို ရလောက်ပါတယ်။

အခုနောက်ပိုင်း မီတာနဲ့သုံးလာပါတယ်။ ဆက်သွယ်ချက်က

၁မီတာ 1M မှာ ၃ ပေ ၃ လက်မ ၃ မူးရှိပါတယ်။ လက်သမားနဲ့ ယှဉ်ပြောလို့ရတဲ့အခေါ်ပါ။

1 M မီတာ= 3.281 ပေ၊ 1 လက်မ= 25.4 mm မီလီမီတာ၊ 1 ( 1m X 1m) မီတာ စကွဲယား= 10.78 ပေစကွဲယား၊ ကွန်ကရစ် 1 (1mX 1mX 1m) မီတာကျု = 35.32 ကုဗပေ Cuft။

credit -မူရင်းရေးသားသူ

Be the first to comment

Leave a Reply

Your email address will not be published.


*