ကေလးေတြကို စိတ္ဒဏ္ရာရေအာင္ မလုပ္ပါနဲ႕လား
ကေလးေလးေတြဟာ ေပ်ာ႔ေပ်ာင္းႏူးညံ့တဲ့ ဖေယာင္းေလးေတြလိုပါပဲ။ ေမြးရာပါ ပင္ကိုယ္ဗီဇအျပင္ မိဘနဲ႔ပတ္၀န္းက်င္ရဲ႕ ထိန္းေက်ာင္းပဲ့ျပင္ပံုသြင္းမႈေတြက သူတို႔ေလးေတြရဲ႕
ကိုယ္ရည္ကိုယ္ေသြး၊ စိတ္ေနသေဘာထား၊ အျပဳအမူနဲ႔ စရိုက္လကၡဏာေတြအေပၚ အမ်ားၾကီး သက္ေရာက္မႈရွိပါတယ္။
ပန္းေလးတစ္ပြင့္လို ထိလြယ္ရွလြယ္တဲ့ ကေလးဘ၀မွာ အေၾကာင္းတစ္ခုခုေၾကာင့္ စိတ္ဒဏ္ရာရသြားခဲ့ရင္ ႏွစ္ေပါင္းမ်ားစြာၾကာျပီးလို႔ အခ်ိန္တန္အရြယ္ေရာက္တဲ့အထိ ေဖ်ာက္ဖ်က္မရတဲ့ အမာရြတ္ေတြ ပါသြားတတ္ပါတယ္။
ကေလးတစ္ေယာက္ကို စိတ္ဒဏ္ရာရေစတဲ့ အေၾကာင္းအရင္း မ်ားစြာရွိေပမယ့္ တစ္ခ်ိဳ႕ေသာအေျခအေနေတြမွာ ကေလးနဲ႔ နီးနီးကပ္ကပ္ ထိေတြ႕ဆက္ဆံရတဲ့
မိဘေဆြမ်ိဳး ေမာင္ႏွမသားခ်င္းေတြ၊ ဆရာဆရာမေတြက စိတ္ဒဏ္ရာေပးသူ ျဖစ္မွန္းမသိျဖစ္ေနတတ္ပါတယ္။ ဘယ္လိုအျပဳအမူေတြက ကေလးကို စိတ္ဒဏ္ရာရေစသလဲ…
၁။ ေႏြးေထြးလံုျခံဳမႈမေပးျခင္း
ကေလးအသက္ငယ္ငယ္ကတည္းက ကိုယ္ျဖစ္ကိုယ္ခံသေဘာနဲ႔ လႊတ္ေပးထားလိုက္ရင္ သူအရြယ္ေရာက္လာတဲ့အခါ ကိုယ့္ေျခေထာက္ေပၚကိုယ္ ရပ္တည္ႏိုင္လိမ့္မယ္ဆိုတဲ့ အယူအဆဟာ မွန္ကန္တဲ့အယူအဆ မဟုတ္ပါဘူး။
ဘာေၾကာင့္လဲဆိုေတာ့ မိဘရင္ခြင္ကရတဲ့ ေႏြးေထြးလံုျခံဳမႈဟာ ကေလးတစ္ေယာက္ရဲ႕ အေျခခံလိုအပ္ခ်က္ ျဖစ္ေနလို႔ပါပဲ။
ကိုယ့္ရင္ေသြးကို အသက္အရြယ္အလိုက္ ကိုယ့္အားကိုယ္ကိုးတတ္ေအာင္ သင္ေပးတာေကာင္းေပမယ့္ သူရသင့္ရထိုက္တဲ့ ေႏြးေထြးလံုျခံဳမႈ အျပည့္အ၀မေပးႏိုင္ရင္ ကေလး စိတ္ဒဏ္ရာရသြားတတ္ပါတယ္။
၂။ ေ၀ဖန္ကဲ့ရဲ႕လြန္းျခင္း
ကေလးေတြကို ဆံုးမသြန္သင္တဲ့ေနရမွာ အျပဳသေဘာဆန္ဆန္ ေ၀ဖန္ေထာက္ျပတတ္ဖို႔၊ အေျခအေနအခ်ိန္အခါကိုလိုက္ျပီး မွားခြင့္ေပးဖို႔၊ အမွားကေနတစ္ဆင့္ သင္ခန္းစာယူတတ္ေအာင္ လမ္းဖြင့္ေပးဖို႔ အရမ္းအေရးၾကီးပါတယ္။
ဘာလုပ္လုပ္အမွားမခံဘဲ ျပစ္တင္ၾကိမ္းေမာင္းေနမယ္၊ ခ်ီးက်ဴးစကား တစ္ခြန္းထြက္ဖို႔ ၀န္ေလးသေလာက္ ကဲ့ရဲ႕ရႈံ႕ခ်ဖို႔ေလာက္ပဲ ေရွ႕တန္းတင္ေနမယ္ဆိုရင္ ကေလးကိုိ စိတ္ဒဏ္ရာေပးတာနဲ႔ အတူတူပါပဲ။
၃။ ေလွာင္ေျပာင္ျခင္း
လူၾကီးမိဘ၊ ဆရာဆရာမေတြ မၾကာခဏလုပ္မိတတ္တဲ့၊ အထူးသတိထားသင့္တဲ့ အျပဳအမူတစ္ခုကေတာ့ ကေလးရဲ႕ ရုပ္ပိုင္း/စိတ္ပိုင္းဆိုင္ရာ အားနည္းခ်က္ကို ထုတ္ေဖာ္ေလွာင္ေျပာင္ျခင္းပါပဲ။
ေပ်ာ္ေစျပက္ေစ ခ်စ္လို႔စလိုက္တဲ့ စကားတစ္ခြန္းက ၾကားရဖန္မ်ားလာတဲ့အခါ ကာယကံရွင္ကေလးအတြက္ တစ္ဘ၀စာစိတ္ဒဏ္ရာ ျဖစ္သြားႏိုင္တယ္ဆိုတာ လံုး၀မေမ့သင့္ပါဘူး။
၄။ စိတ္ထြက္ေပါက္မေပးျခင္း
မိဘမွန္ရင္ ကိုယ့္ကေလးေပ်ာ္ရႊင္ေနတာကိုပဲ ျမင္ခ်င္ၾကတာ သဘာ၀က်ပါတယ္။ ဒါေပမယ့္ ကေလးဆိုတာဟာလည္း လူၾကီးေတြလိုပဲ ၀မ္းနည္းတတ္၊ စိတ္ဆိုးတတ္၊ အလိုမက်ျဖစ္တတ္ၾကပါတယ္။
အဲဒီ့ခံစားခ်က္ေတြကို သူတို႔နည္းသူတို႔ဟန္နဲ႔ ေဖာ္ျပၾကတဲ့အခါ လူၾကီးမိဘေတြက ဒီကေလးရိုင္းတယ္၊ ဆိုးတယ္ဆိုျပီး ဆူပူေမာင္းမဲတာ၊ ရိုက္ႏွက္ဆံုးမတာေတြအထိ လုပ္တတ္ၾကပါတယ္။
တကယ္ေတာ့ ဒီနည္းလမ္းက ကေလးကို ကူညီရာမေရာက္တဲ့အျပင္ သူအရြယ္ေရာက္တဲ့အခါ စိတ္က်ေ၀ဒနာနဲ႔ တစ္ျခား စိတ္ပိုင္း/လူမႈေရးပိုင္းဆိုင္ရာ ျပႆနာေတြ ျဖစ္ေစႏိုင္ပါတယ္။
၅။ အေၾကာက္တရားနဲ႔အုပ္ခ်ဳပ္ျခင္း
စည္းကမ္းနဲ႔ေလးစားမႈဆိုတာ အေၾကာက္တရားရဲ႕ အဓိပါယ္ဖြင့္ဆိုခ်က္ေတြ မဟုတ္ပါဘူး။ အေၾကာက္တရားနဲ႔ ၾကီးျပင္းလာရတဲ့ ကေလးတစ္ေယာက္ဟာ လူေတာ္ကေလးျဖစ္လာရင္ေတာင္မွ လူေၾကာက္ကေလး ျဖစ္ေနမွာပါပဲ။
အေၾကာက္တရားလို႔ဆိုရာမွာ လူၾကီးမိဘေတြကိုေၾကာက္ေအာင္ သြန္သင္တာေရာ၊ တစ္ျခားသူတစ္ေယာက္ေယာက္ ဒါမွမဟုတ္ တစ္ျခားအရာတစ္ခုခုနဲ႔ ေၾကာက္ေအာင္ေျခာက္တာေရာ ႏွစ္မ်ိဳးလံုးပါပါတယ္။ (ဥပမာ “စကားနားမေထာင္ရင္ သရဲၾကီးက ဗိုက္ေဖာက္စားလိမ့္မယ္” လို႔ ေျပာတာမ်ိဳး)
တစ္ခ်ိဳ႕ကေလးေတြဆိုရင္ အခ်ိန္တန္အရြယ္ေရာက္လို႔ တစ္အိုးတစ္အိမ္ ထူေထာင္ျပီးတာေတာင္မွ မလိုအပ္ဘဲ ေၾကာက္တတ္လြန္းတဲ့စိတ္က သူတို႔အေပၚ အႏိုင္ယူေနဆဲပါပဲ။
၆။ အရွက္ရေစျခင္း
ကိုယ္ထိလက္ေရာက္ ဆံုးမသည္ျဖစ္ေစ၊ စကားနဲ႔ဆံုးမသည္ျဖစ္ေစ ကေလးကို လူေရွ႕သူေရွ႕ အရွက္ခြဲတာမ်ိဳး လံုး၀လံုး၀ မလုပ္သင့္ပါဘူး။
တစ္ျခားသူတစ္ေယာက္က လုပ္ခဲ့ရင္လည္း အဲဒီ့အျပဳအမူမ်ိဳးကို လံုး၀အားမေပးသင့္ပါဘူး။ ဥပမာျပရရင္ ဆံုးမလို႔ရတဲ့နည္းလမ္းေတြ အမ်ားၾကီးရွိလ်က္နဲ႔
ကေလးတစ္ေယာက္ကို စာသင္ခန္းထဲ ေဘာင္းဘီခၽြတ္ရိုက္တာဟာ ဘယ္လိုအေၾကာင္းမ်ိဳးနဲ႔မွ လက္သင့္မခံထိုက္တဲ့ အျပဳအမူျဖစ္ပါတယ္။
မိဘျဖစ္ေနလို႔၊ ဆရာျဖစ္ေနလို႔ဆိုတဲ့ အေၾကာင္းျပခ်က္တစ္ခုထဲနဲ႔ ကေလးစိတ္ဒဏ္ရာရေအာင္ လုပ္ခြင့္မရွိပါဘူး။
၇။ မရမကပံုသြင္းျခင္း
သင္ျဖစ္ခ်င္တိုင္းမျဖစ္ခဲ့ရတဲ့ အိပ္မက္ေတြကို ျဖည့္ဆည္းေပးဖို႔ သင့္ကေလးမွာ တာ၀န္မရွိပါဘူး။
သင္ကိုယ္တိုင္က ေအာင္ျမင္ေက်ာ္ၾကားတဲ့ အထူးကုဆရာ၀န္ၾကီး ျဖစ္ခ်င္ခဲ့ေပမယ့္ သင့္ကေလးက ကြန္ပ်ဴတာေတြနဲ႔ အလုပ္လုပ္ခ်င္တဲ့သူ ဒါမွမဟုတ္ အႏုပညာအားသန္တဲ့သူ ျဖစ္ေနႏိုင္ပါတယ္။
ကေလးရဲ႕၀ါသနာ၊ စိတ္အားထက္သန္မႈနဲ႔ ပင္ကိုယ္အစြမ္းအစေတြကို ရုပ္လံုးေဖာ္ခြင့္မေပးတဲ့အျပင္ ကိုယ္လိုခ်င္တဲ့လမ္းေၾကာင္းေပၚ မရမကတြန္းတင္ပစ္တာဟာ ေစတနာကေန ေ၀ဒနာျဖစ္သြားႏိုင္တဲ့ အျပဳအမူတစ္မ်ိဳးပါပဲ။
ကေလးဘ၀မွာ စိတ္ဒဏ္ရာရခဲ့ရင္ ဘယ္လိုဆိုးက်ိဳးေတြ ျဖစ္လာႏိုင္သလဲ…
(၁) စိတ္ဒဏ္ရာေပးခဲ့တဲ့ အတိတ္အျဖစ္အပ်က္ေတြကို မၾကာခဏ ျပန္ျမင္ေယာင္ျခင္း။
(၂) စိတ္မလံုျခံဳျခင္း။
(၃) အယံုအၾကည္မဲ့ျခင္း၊ အထီးက်န္ျခင္း။
(၄) ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးမထားတတ္ျခင္း/ ကိုယ့္ကိုယ္ကိုယ္ အထင္ၾကီးလြန္းျခင္း။
(၅) စိတ္ဖိစီးမႈၾကံဳလာတိုင္း နည္းမွန္လမ္းမွန္ မေျဖရွင္းတတ္ျခင္း။
(၆) အရက္၊ မူးယစ္ေဆး၊ ဂိမ္း၊ ေလာင္းကစား စတာေတြကို အလြယ္တကူ စြဲလမ္းတတ္ျခင္း။
(၇) စိတ္လိုက္မာန္ပါ ျပဳမူတတ္ျခင္း၊ ေပါက္ကြဲတတ္ျခင္း။
(၈) စိတ္က်ေ၀ဒနာ၊ စိုးရိမ္စိတ္လြန္ကဲျခင္းနဲ႔ အျခား စိတ္ပိုင္း/ လူမႈေရးပိုင္းဆိုင္ရာျပႆနာမ်ား ရင္ဆိုင္ခံစားရျခင္း။
မိဘဆရာသမားေနရာ ေရာက္ႏွင့္ျပီးသား စာဖိတ္ပရိသတ္ေတြ၊ ေနာင္တစ္ခ်ိန္မွာ မိဘ သို႔မဟုတ္ ဆရာျဖစ္လာၾကမယ့္ စာဖတ္ပရိသတ္ေတြအေနနဲ႔
အခုေျပာခဲ့တဲ့အခ်က္ေတြကို သတိျပဳဆင္ျခင္ျပီး ငယ္ရြယ္ႏုနယ္တဲ့ တက္သစ္စ အညြန္႔အဖူးေလးေတြကို နည္းမွန္လမ္းမွန္ ျပဳစုပ်ိဳးေထာင္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းလိုက္ပါတယ္။credit-မူရင္းေရးသားသူ
Unicode
ကလေးတွေကို စိတ်ဒဏ်ရာရအောင် မလုပ်ပါနဲ့လား
ကလေးလေးတွေဟာ ပျော့ပျောင်းနူးညံ့တဲ့ ဖယောင်းလေးတွေလိုပါပဲ။ မွေးရာပါ ပင်ကိုယ်ဗီဇအပြင် မိဘနဲ့ပတ်ဝန်းကျင်ရဲ့ ထိန်းကျောင်းပဲ့ပြင်ပုံသွင်းမှုတွေက သူတို့လေးတွေရဲ့
ကိုယ်ရည်ကိုယ်သွေး၊ စိတ်နေသဘောထား၊ အပြုအမူနဲ့ စရိုက်လက္ခဏာတွေအပေါ် အများကြီး သက်ရောက်မှုရှိပါတယ်။
ပန်းလေးတစ်ပွင့်လို ထိလွယ်ရှလွယ်တဲ့ ကလေးဘဝမှာ အကြောင်းတစ်ခုခုကြောင့် စိတ်ဒဏ်ရာရသွားခဲ့ရင် နှစ်ပေါင်းများစွာကြာပြီးလို့ အချိန်တန်အရွယ်ရောက်တဲ့အထိ ဖျောက်ဖျက်မရတဲ့ အမာရွတ်တွေ ပါသွားတတ်ပါတယ်။
ကလေးတစ်ယောက်ကို စိတ်ဒဏ်ရာရစေတဲ့ အကြောင်းအရင်း များစွာရှိပေမယ့် တစ်ချို့သောအခြေအနေတွေမှာ ကလေးနဲ့ နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံရတဲ့
မိဘဆွေမျိုး မောင်နှမသားချင်းတွေ၊ ဆရာဆရာမတွေက စိတ်ဒဏ်ရာပေးသူ ဖြစ်မှန်းမသိဖြစ်နေတတ်ပါတယ်။ ဘယ်လိုအပြုအမူတွေက ကလေးကို စိတ်ဒဏ်ရာရစေသလဲ…
၁။ နွေးထွေးလုံခြုံမှုမပေးခြင်း
ကလေးအသက်ငယ်ငယ်ကတည်းက ကိုယ်ဖြစ်ကိုယ်ခံသဘောနဲ့ လွှတ်ပေးထားလိုက်ရင် သူအရွယ်ရောက်လာတဲ့အခါ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်လိမ့်မယ်ဆိုတဲ့ အယူအဆဟာ မှန်ကန်တဲ့အယူအဆ မဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ မိဘရင်ခွင်ကရတဲ့ နွေးထွေးလုံခြုံမှုဟာ ကလေးတစ်ယောက်ရဲ့ အခြေခံလိုအပ်ချက် ဖြစ်နေလို့ပါပဲ။
ကိုယ့်ရင်သွေးကို အသက်အရွယ်အလိုက် ကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ပေးတာကောင်းပေမယ့် သူရသင့်ရထိုက်တဲ့ နွေးထွေးလုံခြုံမှု အပြည့်အဝမပေးနိုင်ရင် ကလေး စိတ်ဒဏ်ရာရသွားတတ်ပါတယ်။
၂။ ဝေဖန်ကဲ့ရဲ့လွန်းခြင်း
ကလေးတွေကို ဆုံးမသွန်သင်တဲ့နေရမှာ အပြုသဘောဆန်ဆန် ဝေဖန်ထောက်ပြတတ်ဖို့၊ အခြေအနေအချိန်အခါကိုလိုက်ပြီး မှားခွင့်ပေးဖို့၊ အမှားကနေတစ်ဆင့် သင်ခန်းစာယူတတ်အောင် လမ်းဖွင့်ပေးဖို့ အရမ်းအရေးကြီးပါတယ်။
ဘာလုပ်လုပ်အမှားမခံဘဲ ပြစ်တင်ကြိမ်းမောင်းနေမယ်၊ ချီးကျူးစကား တစ်ခွန်းထွက်ဖို့ ဝန်လေးသလောက် ကဲ့ရဲ့ရှုံ့ချဖို့လောက်ပဲ ရှေ့တန်းတင်နေမယ်ဆိုရင် ကလေးကို စိတ်ဒဏ်ရာပေးတာနဲ့ အတူတူပါပဲ။
၃။ လှောင်ပြောင်ခြင်း
လူကြီးမိဘ၊ ဆရာဆရာမတွေ မကြာခဏလုပ်မိတတ်တဲ့၊ အထူးသတိထားသင့်တဲ့ အပြုအမူတစ်ခုကတော့ ကလေးရဲ့ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ကို ထုတ်ဖော်လှောင်ပြောင်ခြင်းပါပဲ။
ပျော်စေပြက်စေ ချစ်လို့စလိုက်တဲ့ စကားတစ်ခွန်းက ကြားရဖန်များလာတဲ့အခါ ကာယကံရှင်ကလေးအတွက် တစ်ဘဝစာစိတ်ဒဏ်ရာ ဖြစ်သွားနိုင်တယ်ဆိုတာ လုံးဝမမေ့သင့်ပါဘူး။
၄။ စိတ်ထွက်ပေါက်မပေးခြင်း
မိဘမှန်ရင် ကိုယ့်ကလေးပျော်ရွှင်နေတာကိုပဲ မြင်ချင်ကြတာ သဘာဝကျပါတယ်။ ဒါပေမယ့် ကလေးဆိုတာဟာလည်း လူကြီးတွေလိုပဲ ဝမ်းနည်းတတ်၊ စိတ်ဆိုးတတ်၊ အလိုမကျဖြစ်တတ်ကြပါတယ်။
အဲဒီ့ခံစားချက်တွေကို သူတို့နည်းသူတို့ဟန်နဲ့ ဖော်ပြကြတဲ့အခါ လူကြီးမိဘတွေက ဒီကလေးရိုင်းတယ်၊ ဆိုးတယ်ဆိုပြီး ဆူပူမောင်းမဲတာ၊ ရိုက်နှက်ဆုံးမတာတွေအထိ လုပ်တတ်ကြပါတယ်။
တကယ်တော့ ဒီနည်းလမ်းက ကလေးကို ကူညီရာမရောက်တဲ့အပြင် သူအရွယ်ရောက်တဲ့အခါ စိတ်ကျဝေဒနာနဲ့ တစ်ခြား စိတ်ပိုင်း/လူမှုရေးပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။
၅။ အကြောက်တရားနဲ့အုပ်ချုပ်ခြင်း
စည်းကမ်းနဲ့လေးစားမှုဆိုတာ အကြောက်တရားရဲ့ အဓိပါယ်ဖွင့်ဆိုချက်တွေ မဟုတ်ပါဘူး။ အကြောက်တရားနဲ့ ကြီးပြင်းလာရတဲ့ ကလေးတစ်ယောက်ဟာ လူတော်ကလေးဖြစ်လာရင်တောင်မှ လူကြောက်ကလေး ဖြစ်နေမှာပါပဲ။
အကြောက်တရားလို့ဆိုရာမှာ လူကြီးမိဘတွေကိုကြောက်အောင် သွန်သင်တာရော၊ တစ်ခြားသူတစ်ယောက်ယောက် ဒါမှမဟုတ် တစ်ခြားအရာတစ်ခုခုနဲ့ ကြောက်အောင်ခြောက်တာရော နှစ်မျိုးလုံးပါပါတယ်။ (ဥပမာ “စကားနားမထောင်ရင် သရဲကြီးက ဗိုက်ဖောက်စားလိမ့်မယ်” လို့ ပြောတာမျိုး)
တစ်ချို့ကလေးတွေဆိုရင် အချိန်တန်အရွယ်ရောက်လို့ တစ်အိုးတစ်အိမ် ထူထောင်ပြီးတာတောင်မှ မလိုအပ်ဘဲ ကြောက်တတ်လွန်းတဲ့စိတ်က သူတို့အပေါ် အနိုင်ယူနေဆဲပါပဲ။
၆။ အရှက်ရစေခြင်း
ကိုယ်ထိလက်ရောက် ဆုံးမသည်ဖြစ်စေ၊ စကားနဲ့ဆုံးမသည်ဖြစ်စေ ကလေးကို လူရှေ့သူရှေ့ အရှက်ခွဲတာမျိုး လုံးဝလုံး၀ မလုပ်သင့်ပါဘူး။
တစ်ခြားသူတစ်ယောက်က လုပ်ခဲ့ရင်လည်း အဲဒီ့အပြုအမူမျိုးကို လုံးဝအားမပေးသင့်ပါဘူး။ ဥပမာပြရရင် ဆုံးမလို့ရတဲ့နည်းလမ်းတွေ အများကြီးရှိလျက်နဲ့
ကလေးတစ်ယောက်ကို စာသင်ခန်းထဲ ဘောင်းဘီချွတ်ရိုက်တာဟာ ဘယ်လိုအကြောင်းမျိုးနဲ့မှ လက်သင့်မခံထိုက်တဲ့ အပြုအမူဖြစ်ပါတယ်။
မိဘဖြစ်နေလို့၊ ဆရာဖြစ်နေလို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုထဲနဲ့ ကလေးစိတ်ဒဏ်ရာရအောင် လုပ်ခွင့်မရှိပါဘူး။
၇။ မရမကပုံသွင်းခြင်း
သင်ဖြစ်ချင်တိုင်းမဖြစ်ခဲ့ရတဲ့ အိပ်မက်တွေကို ဖြည့်ဆည်းပေးဖို့ သင့်ကလေးမှာ တာဝန်မရှိပါဘူး။
သင်ကိုယ်တိုင်က အောင်မြင်ကျော်ကြားတဲ့ အထူးကုဆရာဝန်ကြီး ဖြစ်ချင်ခဲ့ပေမယ့် သင့်ကလေးက ကွန်ပျူတာတွေနဲ့ အလုပ်လုပ်ချင်တဲ့သူ ဒါမှမဟုတ် အနုပညာအားသန်တဲ့သူ ဖြစ်နေနိုင်ပါတယ်။
ကလေးရဲ့ဝါသနာ၊ စိတ်အားထက်သန်မှုနဲ့ ပင်ကိုယ်အစွမ်းအစတွေကို ရုပ်လုံးဖော်ခွင့်မပေးတဲ့အပြင် ကိုယ်လိုချင်တဲ့လမ်းကြောင်းပေါ် မရမကတွန်းတင်ပစ်တာဟာ စေတနာကနေ ဝေဒနာဖြစ်သွားနိုင်တဲ့ အပြုအမူတစ်မျိုးပါပဲ။
ကလေးဘဝမှာ စိတ်ဒဏ်ရာရခဲ့ရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်သလဲ…
(၁) စိတ်ဒဏ်ရာပေးခဲ့တဲ့ အတိတ်အဖြစ်အပျက်တွေကို မကြာခဏ ပြန်မြင်ယောင်ခြင်း
(၂) စိတ်မလုံခြုံခြင်း။
(၃) အယုံအကြည်မဲ့ခြင်း၊ အထီးကျန်ခြင်း။
(၄) ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားတတ်ခြင်း/ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းခြင်း။
(၅) စိတ်ဖိစီးမှုကြုံလာတိုင်း နည်းမှန်လမ်းမှန် မဖြေရှင်းတတ်ခြင်း။
(၆) အရက်၊ မူးယစ်ဆေး၊ ဂိမ်း၊ လောင်းကစား စတာတွေကို အလွယ်တကူ စွဲလမ်းတတ်ခြင်း။
(၇) စိတ်လိုက်မာန်ပါ ပြုမူတတ်ခြင်း၊ ပေါက်ကွဲတတ်ခြင်း။
(၈) စိတ်ကျဝေဒနာ၊ စိုးရိမ်စိတ်လွန်ကဲခြင်းနဲ့ အခြား စိတ်ပိုင်း/ လူမှုရေးပိုင်းဆိုင်ရာပြဿနာများ ရင်ဆိုင်ခံစားရခြင်း။
မိဘဆရာသမားနေရာ ရောက်နှင့်ပြီးသား စာဖိတ်ပရိသတ်တွေ၊ နောင်တစ်ချိန်မှာ မိဘ သို့မဟုတ် ဆရာဖြစ်လာကြမယ့် စာဖတ်ပရိသတ်တွေအနေနဲ့
အခုပြောခဲ့တဲ့အချက်တွေကို သတိပြုဆင်ခြင်ပြီး ငယ်ရွယ်နုနယ်တဲ့ တက်သစ်စ အညွန့်အဖူးလေးတွေကို နည်းမှန်လမ်းမှန် ပြုစုပျိုးထောင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။credit-မူရင်းရေးသားသူ
Leave a Reply