အတန္းပညာေက်ာင္း လုံးဝမေနခဲ့ဘူးဘဲ ဘုန္းႀကီးလူထြက္ ဆိုက္ကားဆရာဘဝကေန ဘာသာစကား (၄) မ်ိဳး တတ္ကြၽမ္းသူ ျဖစ္လာတဲ့ ဦးေသာင္းစိန္ရဲ႕ ဘဝဇာတ္ေၾကာင္း

အတန္းပညာေက်ာင္း လုံးဝမေနခဲ့ဘူးဘဲ ဘုန္းႀကီးလူထြက္ ဆိုက္ကားဆရာဘဝကေန ဘာသာစကား (၄) မ်ိဳး တတ္ကြၽမ္းသူ ျဖစ္လာတဲ့ ဦးေသာင္းစိန္ရဲ႕ ဘဝဇာတ္ေၾကာင္း
အတန္းပညာေက်ာင္း လုံးဝမေနခဲ့ဘူးဘဲ ဘုန္းႀကီးလူထြက္ ဆိုက္ကားဆရာဘဝကေန ဘာသာစကား (၄) မ်ိဳး တတ္ကြၽမ္းသူ ျဖစ္လာတဲ့ ဦးေသာင္းစိန္ရဲ႕ ဘဝဇာတ္ေၾကာင္း

အတန္းပညာေက်ာင္း လုံးဝမေနခဲ့ဘူးဘဲ ဘုန္းႀကီးလူထြက္ ဆိုက္ကားဆရာဘဝကေန ဘာသာစကား (၄) မ်ိဳး တတ္ကြၽမ္းသူ ျဖစ္လာတဲ့ ဦးေသာင္းစိန္ရဲ႕ ဘဝဇာတ္ေၾကာင္း

“က်ဳပ္ဘဝအေၾကာင္း by tourist guide U Thaung Sein” က်ဳပ္ေလ အီတလီလိုလည္း ထမင္းစားေရေသာက္ ေျပာတတ္တယ္။ ဂ်ာမန္လိုလည္း အဲေလာက္ေတာ့ျဖစ္တာပါပဲ။ ျပင္သစ္လိုက်ေတာ့ လိမ့္ပတ္လည္ေအာင္ေျပာႏိုင္တယ္။ ဖတ္ႏိုင္တယ္။ အေရးက်ေတာ့ အားန ည္းခ်က္နည္းနည္းရွိတယ္။

၂၀၀၀ – ခုႏွစ္ကစၿပီး exotissimo နဲ႔ station ေရာ throughoutအျဖစ္နဲ႔ပါ ျပင္သစ္ဂိုက္လိုက္ခဲ့တယ္။ ခုေတာ့ adorable myanmar မွာအမ်ားဆုံးပါ။တျခားAgencyေတြကလည္း ျပင္သစ္ဂိုက္အျဖစ္ က်ဳပ္ကိုယုံၾကည္စြာသုံးခဲ့တာ ၁၅ – ႏွစ္ရွိပါၿပီ။…

မင္းကို ျပင္သစ္သင္ေပးတဲ့ ဆရာ ဘယ္သူလဲလို႔ ေမးရင္ က်ဳပ္မွာ သင္ဆရာမရွိပါ။စာအုပ္ေတြနဲ႔ ျပင္သစ္တိုးေတြဟာ က်ဳပ္ဆရာေတြပါပဲဗ်။ အဂၤလိပ္ဂိုက္အျဖစ္နဲ႔ကေတာ့ ၁၉၉၈ – ခုကတည္းက diethelm နဲ႔လိုက္ခဲ့တာဗ်။

အဲဒီတုန္းက မန္းေလး station manager က ဆရာဦးတင္ေအာင္ျမင့္ေပါ့။ တိုးသြားေတာင္းတယ္။ ဆရာက မရွိဘူးဗ်တဲ့။က်ဳပ္ျပင္သစ္လည္းေျပာႏိုင္ပါတယ္လို႔ ေျပာလိုက္ေတာ့မင္းကြန္းအေၾကာင္းျပင္သစ္လိုဗ်ဴးေတာ့တာဘဲဗ်ိဳ႕။

သ ေဘာက်သြားေတာ့ ခင္ဗ်ားတျခားလက္မခံနဲ႔၊ က်ေနာ့္ဆီပဲလိုက္ေတာ့ဆိုၿပီး မနားတမ္းေပးေတာ့တာပဲဗ်။

ဒီေတာ့ မင္းအဂၤလိပ္စာ ဘယ္မွာသင္သလဲလို႔ေမးလာရင္လည္း စာအုပ္ေတြကလြဲရင္က်ဳပ္မွာဆရာမရွိဘူးဗ်ာ။ က်ဳပ္က တန္းေက်ာင္းမွ မေနခဲ့ဖူးတာကိုးဗ်။က်ဳပ္ကို ၁၉၅၃ – ခုမွာ အဘ ဦးဘလုံ၊ အမိ ေဒၚသိန္း တို႔ကေမြးဖြားခဲ့တယ္။

ေတာစြန္ဇနပုဒ္မွာေပါ့ဗ်။ ပခုကၠဴခ႐ိုင္၊ ၿမိဳင္ၿမိဳ႕နယ္၊ မႀကီးကန္ေက်း႐ြာအုပ္စု၊ ေျမာက္ဆည္ဆိုတဲ့႐ြာငယ္ေလးမွာပါ။မူလတန္းေက်ာင္း မရွိတဲ့႐ြာဆိုေတာ့ ဘုန္းႀကီးေက်ာင္းေပါ့ဗ်ာ။ ဆရာေတာ္ဦးသံဝရက က်ဴပ္ကိုသင္ပုံးႀကီး၊ အျပင္ေအာင္ျခင္း၊ အတြ င္းေအာင္ျခင္း၊ ပရိတ္ႀကီးသင္ေပးခဲ့တာေပါ့။

၁၉၆၆ – ခုမွာ ကိုရင္ဝတ္ခဲ့တယ္။ ၁၉၆၇ – စလင္းၿမိဳ႕၊ ကိုးေဆာင္တိုက္ေက်ာင္းမွာ စာသင္ခဲ့တယ္။ အဘိဓမၼာေအာင္ခဲ့တယ္။ ၁၉၆၈ – ခု သာယာဝတီ၊ ႀကိဳ႕ပင္ေကာက္ၿမိဳ႕၊ အေရွဘုရားႀကီးတိုက္မွာ စာသင္ခဲ့တယ္။

အဲဒီမွာ ပထမငယ္တန္းေအာင္ခဲ့တယ္။၁၉၆၉ – ခုမွာမေပ်ာ္လို႔ ၁၆ – ႏွစ္သားမွာကိုရင္လူထြက္လိုက္တယ္ေပါ့ဗ်ာ။ ႐ြာျပန္ မိဘေတြနဲ႔ ပဲစိုက္၊ ႏွမ္းစိုက္၊ လယ္လု ပ္၊ သစ္ငုတ္တူး၊ ထင္းခုတ္ေပါ့ဗ်ာ။ ၁၉၇၃ – အသက္ ၂၀ မွာ တစ္႐ြာတည္းသူနဲ႔ အိမ္ေထာင္က်ခဲ့တယ္။

႐ြာကေတာင္းဆိုလို႔ အဲဒီႏွစ္မွာ သမဝါယမတာဝန္ခံလုပ္ခဲ့ရတယ္။ တာဝန္ခံအျဖစ္ၿမိဳ႕နယ္ကလူေတြနဲ႔ဆက္ဆံရေတာ့ ပညာမတတ္တာ ရွက္လာတယ္။ အဂၤလိပ္စာ တတ္ခ်င္လာတယ္။

ဒီအ႐ြယ္ေရာက္မွ မလြယ္ေတာ့ပါဘူးေလလို႔ ေတြးၿပီး အားေလ်ာ့မိခဲ့တယ္။တစ္ေန႔ၿမိဳ႕က ျပန္လာတဲ့ ဦးဇင္းေလးနဲ႔ စကားေျပာျဖစ္ၾကတယ္။ လူေသလူျဖစ္ဆိုၿပီး နာမည္ႀကီးေနတဲ့ ေတာင္တြင္းႀကီးၿမိဳ႕က ဆရာေတာ္အရွင္ဥကၠဌအေၾကာင္းေပါ့။

အဲဒီဆရာေတာ္ကကြာ ၃၅ – ႏွစ္ရွိမွ အဂၤလိပ္စာ စေလ့လာတာတဲ့ကြ။ တေန႔ စကားလုံး ၅၀ အရက်က္ထာ ၂ – ႏွစ္ေလာက္ၾကာေတာ့ သူမသိတဲ့အဂၤလိပ္စာလုံး မရွိသေလာက္ပဲတဲ့ကြ။ ေနာက္ေတာ့ အဂၤလိပ္စာလို စာအုပ္ထုတ္ခဲ့တယ္ကြ။

အဲဒါၾကားလိုက္ေတာ့ အားတက္သြားတယ္။ အဲဒီတိုင္းပဲ လုပ္ခဲ့တာပဲဗ်။ ပင္ပန္းခဲ့ပါတယ္။စကားလုံး မေ႐ြးတတ္၊ နည္းစနစ္ နားမလည္ေပါ့ဗ်ာ။သဒၵါက်ေတာ့ ဦးသုမန BA ရဲ႕ New method grammar ဆိုတဲ့နည္းသစ္သဒၵါကို အေျချပဳခဲ့ပါတယ္။

dictionary ေဘးမွာထားၿပီး စာတစ္မ်က္ႏွာတစ္ေနကုန္ၾကာေအာင္ဖတ္နဲ႔ေပါ့ဗ်ာ။ ေရဒီယိုလည္း နားေထာင္တယ္။ အစကေတာ့ ဘာမွနားမလည္သေလာက္ပါပဲဗ်ာ။ အဲသလို႐ူးခဲ့တာ ၂ – ႏွစ္ေလာက္ၾကာေတာ့ အထိုက္အေလ်ာက္ဖတ္ႏိုင္၊ နားေထာင္ႏိုင္လာတယ္။

၁၉၇၅ – မွာ သမီးဦးေလးေမြးတယ္။ ေနာက္ေတာ့ သားေလးေယာက္ထပ္ရျပန္တယ္။ က်ဳပ္ပညာမတတ္ခဲ့သလို သားေတြပညာမတတ္မွာ သိပ္ရင္ပူခဲ့တယ္ဗ်ာ။႐ြာမွာေနရင္ သူတို႔ကို ၿမိဳ႕ေက်ာင္းမပို႔နိင္မွာ ေသခ်ာသိတယ္။

ၿမိဳ႕မွာေနၿပီးျဖစ္သလို ႀကိဳးစားထားမယ္ ဆိုတဲ့အေတြးနဲ႔ မန္းေလးကို ကေလးငါးေယာက္နဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သေပါ့ဗ်ာ။ ပိုင္ဆိုင္တာဆိုလို႔ ေငြငါးေထာင္ပဲရွိခဲ့၊ ပါခဲ့တယ္ဗ်။

က်ဳပ္နယ္ကသနပ္ခါးေပါေတာ့ အလုပ္ကေတာ့ သနပ္ ခါးဝယ္ေရာင္းေပါ့ဗ်ာ။ မိန္းမကို တ႐ုတ္တန္းေဈး သနပ္ခါးေရာင္းခိုင္း၊ က်ဳပ္ကေတာ့ ေဒၚသီတို႔၊ ဝင္းဝင္းတို႔၊ နတ္မိမယ္တို႔မွာ သနပ္ခါးသြားစပ္၊ သူတို႔လိုခ်င္တယ္ဆို နယ္ျပန္ဝယ္ေရာင္းေပါ့ဗ်ာ။

ေငြေလးစုမိေတာ့ တ႐ုတ္ပစၥည္းကုန္ကူးေပါ့။ ေမွာင္ခိုေခတ္မွာ တ႐ုတ္ပစၥည္းကိုစက္ဘီးနဲ႔သယ္ရင္ မဖမ္းဘူးဗ်။ က်ဳပ္မူဆယ္ကေန မန္းေလးကို စက္ဘီးနဲ႔ကုန္အျပည့္တင္ၿပီး ငါးေခါက္ထိစီးခဲ့ဘူးတယ္။

အဲ ၁၉၈၈ – မွာ ဘဝပ်က္ျပန္တာပါဘဲ

ေငြစကၠဴ ၇၅ – က်ပ္တန္ေတြမသုံးရလို႔ေၾကျငာလိုက္ေတာ့ ေငြ – ၇၀၀၀၀ ေလာက္ထိသြားတာေပါ့။ ဆန္တစ္ျပည္ ၂ – က်ပ္၊ ၅၀ – ျပား ေခတ္မွာေပါ့။

၈၈ – အေရးအခင္းနဲ႔ ကေလးငါးေယာက္ရယ္၊ သုံးျဖစ္တဲ့ေငြ ၃၀၀၀ နဲ႔ ဘဝတစ္ကျပန္စရတယ္။တေန႔ ၂၀ နဲ႔ အုန္နာယူၿပီး နင္းရတဲ့ဆိုကၠားဆရာျဖစ္ခဲ့ရတယ္။ သားေတြကိုေတာ့ ျဖစ္သလို ေက်ာင္းဆက္ထားခဲ့တယ္။

တစ္ေန႔ ႏိုင္ငံျခားသားတစ္ေယာက္ ညရွစ္နာရီေလာက္ဆိုကၠား လာငွားတယ္။ ထြန္းလွဟိုတယ္သြားမယ္တဲ့။ စာဖတ္ဖို႔သာ ရည္႐ြယ္ၿပီးေလ့လာခဲ့တဲ့အဂၤလိပ္စာ ေငြရွာဖို႔ျဖစ္သြားေအာင္အစပ်ိဳးျခင္းပါပဲ။

ေနာက္ေန႔တစ္ေနကုန္ ၂၀၀ နဲ႔ငွားတယ္။ ၿပီးသြားေတာ့ ၅၀၀ ေပးသြားတယ္။ ေနာက္ေတာ့ တိုးေတြကိုပဲ အဓိကထားလုပ္ေတာ့တယ္။ ပုဂံ၊ အင္းေလးထိလည္း လိုက္တဲ့အခါလိုက္ရတယ္။

၁၉၉၅ – ခုမွာ မီးရထားက ဗိုလ္ ႀကီးထြန္းေအာင္ေက်ာ္ ဒု႐ုံပိုင္ဦးၾကည္စိန္တို႔နဲ႔ေတြ႕ၿပီး မီးရထားစီးတိုးမ်ားႀကိဳပို႔လုပ္ငန္းမွာေခါင္းေဆာင္ဂိုက္အျဖစ္ လုပ္ခဲ့တယ္။ မီးရထားဝန္ထမ္းမိသားစုမ်ားကို သုံးလစကားေျပာသင္တန္းပို႔ခ်ခဲ့ရပါတယ္။

တိုးေတြနဲ႔လုပ္ရင္း ျပင္သစ္လိုတတ္ခ်င္လာတယ္။ အဲဒီတုန္းက ျမန္မာဘာသာျပန္ပါတဲ့ ျပင္သစ္စာအုပ္မဆိုထားနဲ႔ အဂၤလိပ္စာဘာသာျပန္ပါတဲ့ ျပင္သစ္စာအုပ္ရဖို႔ရန္ မလြယ္ပါ။

ရွိတယ္ၾကားရင္ ေရာင္းေပးပါခင္ဗ်၊ မေရာင္းရင္လည္း ေကာ္ပီကူးပါရေစခင္ဗ်လို႔ စာအုပ္ေတာင္ ေအာက္ႀကိဳ႕ၿပီးရွာရတာပါ။ ကက္ဆက္ေခြရဖို႔မလြယ္ေရးခ်မလြယ္ေပါ့။ ေနာက္ေတာ့ ျပင္သစ္တစ္ေယာက္က ပါရီကေနပို႔ေပးလို႔ အဆင္ေျပခဲ့ပါတယ္။

ခုေတာ့ …မန္းေလးမွာ အိမ္နဲ႔ဝိုင္းေလးလည္းရွိပါၿပီ။ သားအႀကီးဆုံးက ကြန္ပ်ဴတာနဲ႔ ဘြဲ႕ရၿပီ။ ဒုတိယသားက သြားဆရာဝန္ မန္းေလေဆး႐ုံႀကီးမ်က္နာေမး႐ိုးဌာန။ တတိယသားလည္း ဆရာဝန္ပါပဲ။

စတုတၳသားက အင္ဂ်င္နီယာပါ။ေတာႀကိဳၿခဳံၾကားက ပညာမဲ့ေတာသားတစ္ေယာက္ရဲ႕စိတ္ကူးအိပ္မက္တစ္ဝက္ေက်ာ္နင္းခဲ့ၿပီ။ ဒီပို႔စ္ကိုတင္တာ က်ဳပ္ႂကြားခ်င္လို႔မဟုတ္ပါ။

ဘာပညာလိုလို …စာအုပ္စာတန္း၊ကက္ဆက္၊ စီဒီ၊ ကြန္ျပဴတာ၊ သင္ေထာက္ကူပစၥည္းေပါမ်ားလြယ္ကူေနတဲ့ေခတ္မွာ ဇြဲသတၱိခိုင္ခိုင္ႀကိဳးစားရင္ မေအာင္ျမင္စရာမရွိပါ။

ကိုယ့္အတြက္ခိုင္မာေအာင္ ကိုယ္ဝါသနာပါတဲ့၊ စိတ္ဝ င္စားတဲ့ ပညာတစ္ခုခုကို ဇြဲသတၱိ အခ်ိန္ေပး၍ႀကိဳးစားၾကပါလို႔။(Thaung Sein)

Unicode

အတန်းပညာကျောင်း လုံးဝမနေခဲ့ဘူးဘဲ ဘုန်းကြီးလူထွက် ဆိုက်ကားဆရာဘဝကနေ ဘာသာစကား (၄) မျိုး တတ်ကျွမ်းသူ ဖြစ်လာတဲ့ ဦးသောင်းစိန်ရဲ့ ဘဝဇာတ်ကြောင်း

“ကျုပ်ဘဝအကြောင်း by tourist guide U Thaung Sein” ကျုပ်လေ အီတလီလိုလည်း ထမင်းစားရေသောက် ပြောတတ်တယ်။ ဂျာမန်လိုလည်း အဲလောက်တော့ဖြစ်တာပါပဲ။ ပြင်သစ်လိုကျတော့ လိမ့်ပတ်လည်အောင်ပြောနိုင်တယ်။ ဖတ်နိုင်တယ်။ အရေးကျတော့ အားန ည်းချက်နည်းနည်းရှိတယ်။

၂၀၀၀ – ခုနှစ်ကစပြီး exotissimo နဲ့ station ရော throughoutအဖြစ်နဲ့ပါ ပြင်သစ်ဂိုက်လိုက်ခဲ့တယ်။ ခုတော့ adorable myanmar မှာအများဆုံးပါ။တခြားAgencyတွေကလည်း ပြင်သစ်ဂိုက်အဖြစ် ကျုပ်ကိုယုံကြည်စွာသုံးခဲ့တာ ၁၅ – နှစ်ရှိပါပြီ။…

မင်းကို ပြင်သစ်သင်ပေးတဲ့ ဆရာ ဘယ်သူလဲလို့ မေးရင် ကျုပ်မှာ သင်ဆရာမရှိပါ။စာအုပ်တွေနဲ့ ပြင်သစ်တိုးတွေဟာ ကျုပ်ဆရာတွေပါပဲဗျ။ အင်္ဂလိပ်ဂိုက်အဖြစ်နဲ့ကတော့ ၁၉၉၈ – ခုကတည်းက diethelm နဲ့လိုက်ခဲ့တာဗျ။

အဲဒီတုန်းက မန်းလေး station manager က ဆရာဦးတင်အောင်မြင့်ပေါ့။ တိုးသွားတောင်းတယ်။ ဆရာက မရှိဘူးဗျတဲ့။ကျုပ်ပြင်သစ်လည်းပြောနိုင်ပါတယ်လို့ ပြောလိုက်တော့မင်းကွန်းအကြောင်းပြင်သစ်လိုဗျူးတော့တာဘဲဗျို့။

သ ဘောကျသွားတော့ ခင်ဗျားတခြားလက်မခံနဲ့၊ ကျနော့်ဆီပဲလိုက်တော့ဆိုပြီး မနားတမ်းပေးတော့တာပဲဗျ။

ဒီတော့ မင်းအင်္ဂလိပ်စာ ဘယ်မှာသင်သလဲလို့မေးလာရင်လည်း စာအုပ်တွေကလွဲရင်ကျုပ်မှာဆရာမရှိဘူးဗျာ။ ကျုပ်က တန်းကျောင်းမှ မနေခဲ့ဖူးတာကိုးဗျ။ကျုပ်ကို ၁၉၅၃ – ခုမှာ အဘ ဦးဘလုံ၊ အမိ ဒေါ်သိန်း တို့ကမွေးဖွားခဲ့တယ်။

တောစွန်ဇနပုဒ်မှာပေါ့ဗျ။ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ မကြီးကန်ကျေးရွာအုပ်စု၊ မြောက်ဆည်ဆိုတဲ့ရွာငယ်လေးမှာပါ။မူလတန်းကျောင်း မရှိတဲ့ရွာဆိုတော့ ဘုန်းကြီးကျောင်းပေါ့ဗျာ။ ဆရာတော်ဦးသံဝရက ကျူပ်ကိုသင်ပုံးကြီး၊ အပြင်အောင်ခြင်း၊ အတွ င်းအောင်ခြင်း၊ ပရိတ်ကြီးသင်ပေးခဲ့တာပေါ့။

၁၉၆၆ – ခုမှာ ကိုရင်ဝတ်ခဲ့တယ်။ ၁၉၆၇ – စလင်းမြို့၊ ကိုးဆောင်တိုက်ကျောင်းမှာ စာသင်ခဲ့တယ်။ အဘိဓမ္မာအောင်ခဲ့တယ်။ ၁၉၆၈ – ခု သာယာဝတီ၊ ကြို့ပင်ကောက်မြို့၊ အရှေဘုရားကြီးတိုက်မှာ စာသင်ခဲ့တယ်။

အဲဒီမှာ ပထမငယ်တန်းအောင်ခဲ့တယ်။၁၉၆၉ – ခုမှာမပျော်လို့ ၁၆ – နှစ်သားမှာကိုရင်လူထွက်လိုက်တယ်ပေါ့ဗျာ။ ရွာပြန် မိဘတွေနဲ့ ပဲစိုက်၊ နှမ်းစိုက်၊ လယ်လု ပ်၊ သစ်ငုတ်တူး၊ ထင်းခုတ်ပေါ့ဗျာ။ ၁၉၇၃ – အသက် ၂၀ မှာ တစ်ရွာတည်းသူနဲ့ အိမ်ထောင်ကျခဲ့တယ်။

ရွာကတောင်းဆိုလို့ အဲဒီနှစ်မှာ သမဝါယမတာဝန်ခံလုပ်ခဲ့ရတယ်။ တာဝန်ခံအဖြစ်မြို့နယ်ကလူတွေနဲ့ဆက်ဆံရတော့ ပညာမတတ်တာ ရှက်လာတယ်။ အင်္ဂလိပ်စာ တတ်ချင်လာတယ်။

ဒီအရွယ်ရောက်မှ မလွယ်တော့ပါဘူးလေလို့ တွေးပြီး အားလျော့မိခဲ့တယ်။တစ်နေ့မြို့က ပြန်လာတဲ့ ဦးဇင်းလေးနဲ့ စကားပြောဖြစ်ကြတယ်။ လူသေလူဖြစ်ဆိုပြီး နာမည်ကြီးနေတဲ့ တောင်တွင်းကြီးမြို့က ဆရာတော်အရှင်ဥက္ကဌအကြောင်းပေါ့။

အဲဒီဆရာတော်ကကွာ ၃၅ – နှစ်ရှိမှ အင်္ဂလိပ်စာ စလေ့လာတာတဲ့ကွ။ တနေ့ စကားလုံး ၅၀ အရကျက်ထာ ၂ – နှစ်လောက်ကြာတော့ သူမသိတဲ့အင်္ဂလိပ်စာလုံး မရှိသလောက်ပဲတဲ့ကွ။ နောက်တော့ အင်္ဂလိပ်စာလို စာအုပ်ထုတ်ခဲ့တယ်ကွ။

အဲဒါကြားလိုက်တော့ အားတက်သွားတယ်။ အဲဒီတိုင်းပဲ လုပ်ခဲ့တာပဲဗျ။ ပင်ပန်းခဲ့ပါတယ်။စကားလုံး မရွေးတတ်၊ နည်းစနစ် နားမလည်ပေါ့ဗျာ။သဒ္ဒါကျတော့ ဦးသုမန BA ရဲ့ New method grammar ဆိုတဲ့နည်းသစ်သဒ္ဒါကို အခြေပြုခဲ့ပါတယ်။

dictionary ဘေးမှာထားပြီး စာတစ်မျက်နှာတစ်နေကုန်ကြာအောင်ဖတ်နဲ့ပေါ့ဗျာ။ ရေဒီယိုလည်း နားထောင်တယ်။ အစကတော့ ဘာမှနားမလည်သလောက်ပါပဲဗျာ။ အဲသလိုရူးခဲ့တာ ၂ – နှစ်လောက်ကြာတော့ အထိုက်အလျောက်ဖတ်နိုင်၊ နားထောင်နိုင်လာတယ်။

၁၉၇၅ – မှာ သမီးဦးလေးမွေးတယ်။ နောက်တော့ သားလေးယောက်ထပ်ရပြန်တယ်။ ကျုပ်ပညာမတတ်ခဲ့သလို သားတွေပညာမတတ်မှာ သိပ်ရင်ပူခဲ့တယ်ဗျာ။ရွာမှာနေရင် သူတို့ကို မြို့ကျောင်းမပို့နိင်မှာ သေချာသိတယ်။

မြို့မှာနေပြီးဖြစ်သလို ကြိုးစားထားမယ် ဆိုတဲ့အတွေးနဲ့ မန်းလေးကို ကလေးငါးယောက်နဲ့ ပြောင်းရွှေ့လာခဲ့သပေါ့ဗျာ။ ပိုင်ဆိုင်တာဆိုလို့ ငွေငါးထောင်ပဲရှိခဲ့၊ ပါခဲ့တယ်ဗျ။

ကျုပ်နယ်ကသနပ်ခါးပေါတော့ အလုပ်ကတော့ သနပ် ခါးဝယ်ရောင်းပေါ့ဗျာ။ မိန်းမကို တရုတ်တန်းဈေး သနပ်ခါးရောင်းခိုင်း၊ ကျုပ်ကတော့ ဒေါ်သီတို့၊ ဝင်းဝင်းတို့၊ နတ်မိမယ်တို့မှာ သနပ်ခါးသွားစပ်၊ သူတို့လိုချင်တယ်ဆို နယ်ပြန်ဝယ်ရောင်းပေါ့ဗျာ။

ငွေလေးစုမိတော့ တရုတ်ပစ္စည်းကုန်ကူးပေါ့။ မှောင်ခိုခေတ်မှာ တရုတ်ပစ္စည်းကိုစက်ဘီးနဲ့သယ်ရင် မဖမ်းဘူးဗျ။ ကျုပ်မူဆယ်ကနေ မန်းလေးကို စက်ဘီးနဲ့ကုန်အပြည့်တင်ပြီး ငါးခေါက်ထိစီးခဲ့ဘူးတယ်။

အဲ ၁၉၈၈ – မှာ ဘဝပျက်ပြန်တာပါဘဲ

ငွေစက္ကူ ၇၅ – ကျပ်တန်တွေမသုံးရလို့ကြေငြာလိုက်တော့ ငွေ – ၇၀၀၀၀ လောက်ထိသွားတာပေါ့။ ဆန်တစ်ပြည် ၂ – ကျပ်၊ ၅၀ – ပြား ခေတ်မှာပေါ့။

၈၈ – အရေးအခင်းနဲ့ ကလေးငါးယောက်ရယ်၊ သုံးဖြစ်တဲ့ငွေ ၃၀၀၀ နဲ့ ဘဝတစ်ကပြန်စရတယ်။တနေ့ ၂၀ နဲ့ အုန်နာယူပြီး နင်းရတဲ့ဆိုက္ကားဆရာဖြစ်ခဲ့ရတယ်။ သားတွေကိုတော့ ဖြစ်သလို ကျောင်းဆက်ထားခဲ့တယ်။

တစ်နေ့ နိုင်ငံခြားသားတစ်ယောက် ညရှစ်နာရီလောက်ဆိုက္ကား လာငှားတယ်။ ထွန်းလှဟိုတယ်သွားမယ်တဲ့။ စာဖတ်ဖို့သာ ရည်ရွယ်ပြီးလေ့လာခဲ့တဲ့အင်္ဂလိပ်စာ ငွေရှာဖို့ဖြစ်သွားအောင်အစပျိုးခြင်းပါပဲ။

နောက်နေ့တစ်နေကုန် ၂၀၀ နဲ့ငှားတယ်။ ပြီးသွားတော့ ၅၀၀ ပေးသွားတယ်။ နောက်တော့ တိုးတွေကိုပဲ အဓိကထားလုပ်တော့တယ်။ ပုဂံ၊ အင်းလေးထိလည်း လိုက်တဲ့အခါလိုက်ရတယ်။

၁၉၉၅ – ခုမှာ မီးရထားက ဗိုလ် ကြီးထွန်းအောင်ကျော် ဒုရုံပိုင်ဦးကြည်စိန်တို့နဲ့တွေ့ပြီး မီးရထားစီးတိုးများကြိုပို့လုပ်ငန်းမှာခေါင်းဆောင်ဂိုက်အဖြစ် လုပ်ခဲ့တယ်။ မီးရထားဝန်ထမ်းမိသားစုများကို သုံးလစကားပြောသင်တန်းပို့ချခဲ့ရပါတယ်။

တိုးတွေနဲ့လုပ်ရင်း ပြင်သစ်လိုတတ်ချင်လာတယ်။ အဲဒီတုန်းက မြန်မာဘာသာပြန်ပါတဲ့ ပြင်သစ်စာအုပ်မဆိုထားနဲ့ အင်္ဂလိပ်စာဘာသာပြန်ပါတဲ့ ပြင်သစ်စာအုပ်ရဖို့ရန် မလွယ်ပါ။

ရှိတယ်ကြားရင် ရောင်းပေးပါခင်ဗျ၊ မရောင်းရင်လည်း ကော်ပီကူးပါရစေခင်ဗျလို့ စာအုပ်တောင် အောက်ကြို့ပြီးရှာရတာပါ။ ကက်ဆက်ခွေရဖို့မလွယ်ရေးချမလွယ်ပေါ့။ နောက်တော့ ပြင်သစ်တစ်ယောက်က ပါရီကနေပို့ပေးလို့ အဆင်ပြေခဲ့ပါတယ်။

ခုတော့ …မန်းလေးမှာ အိမ်နဲ့ဝိုင်းလေးလည်းရှိပါပြီ။ သားအကြီးဆုံးက ကွန်ပျူတာနဲ့ ဘွဲ့ရပြီ။ ဒုတိယသားက သွားဆရာဝန် မန်းလေဆေးရုံကြီးမျက်နာမေးရိုးဌာန။ တတိယသားလည်း ဆရာဝန်ပါပဲ။

စတုတ္ထသားက အင်ဂျင်နီယာပါ။တောကြိုခြုံကြားက ပညာမဲ့တောသားတစ်ယောက်ရဲ့စိတ်ကူးအိပ်မက်တစ်ဝက်ကျော်နင်းခဲ့ပြီ။ ဒီပို့စ်ကိုတင်တာ ကျုပ်ကြွားချင်လို့မဟုတ်ပါ။

ဘာပညာလိုလို …စာအုပ်စာတန်း၊ကက်ဆက်၊ စီဒီ၊ ကွန်ပြူတာ၊ သင်ထောက်ကူပစ္စည်းပေါများလွယ်ကူနေတဲ့ခေတ်မှာ ဇွဲသတ္တိခိုင်ခိုင်ကြိုးစားရင် မအောင်မြင်စရာမရှိပါ။

ကိုယ့်အတွက်ခိုင်မာအောင် ကိုယ်ဝါသနာပါတဲ့၊ စိတ်ဝ င်စားတဲ့ ပညာတစ်ခုခုကို ဇွဲသတ္တိ အချိန်ပေး၍ကြိုးစားကြပါလို့။(Thaung Sein)

Be the first to comment

Leave a Reply

Your email address will not be published.


*