ကမၻာ့ ပထမဆုံး တကၠသိုလ္ (ေခၚ ) တကၠသီလာ

ကမၻာ့ ပထမဆုံး တကၠသိုလ္ (ေခၚ ) တကၠသီလာ
ကမၻာ့ ပထမဆုံး တကၠသိုလ္ (ေခၚ ) တကၠသီလာ

ကမၻာ့ ပထမဆုံး တကၠသိုလ္ (ေခၚ ) တကၠသီလာ

တကၠသီလာ ေခၚ တကၠသိုလ္ျပည္ ဆိုတဲ့ စကားလုံးကို စာေတြထဲမွာ မၾကာခဏ ေတြ႕ဖူး ၾကားဖူး ၾကမွာပါ။ ေရွးရာဇဝင္ ပုံျပင္ေတြထဲမွာ မင္းညီမင္းသားေတြဟာ တကၠသိုလ္ျပည္မွာ

ပညာသြားသင္ေလ့ ရွိတယ္ဆိုတာ ပါေလ့ ရွိပါတယ္။ အဲဒီ တကၠသီလာ လို႔ေခၚတဲ့ တကၠသိုလ္ဟာ တကယ္ ရွိခဲ့ပါတယ္။ တကၠသီလာကို Taxila ၊ Takṣaśilā ဟု ေခၚေဝၚၾကၿပီး

အဓိပၸါယ္ကေတာ့ ျဖတ္ထားတဲ့ ေက်ာက္တုံးေတြနဲ႔ ေဆာက္တဲ့ၿမိဳ႕လို႔ အဓိပၸါယ္ရပါတယ္။ တကၠသီလာ (Taxila) ၊ တကၠသီလ-ဆိုတာ ပါဠိ စကားေပါ့။

တကၠ= ယုတ္ေလ်ာ့သည္ ကို ျဖည့္ဆည္းျခင္း၊ သီလ= အေလ့။ ဒီေတာ့ ယုတ္ေလ်ာ့ျခင္းကို ျဖည့္ဆည္းေပးေလ့ရွိတဲ့ ေနရာလို႔ အဓိပၸါယ္ ရတယ္။

ပညာျဖည့္ဆည္းေပးေလ့ ရွိတဲ့ ေနရာလို႔ ဆိုလို တာပါ။ တခ်ိဳ႕ကလည္း တကၠ= ႀကံစည္ျခင္းလို႔ အဓိပၸါယ္ဖြင့္ၿပီး ႀကံစည္စဥ္းစားတဲ့ အေလ့ရွိတဲ့ေနရာ လို႔ ဖြင့္ဆိုၾကတယ္။

တကၠသိုလ္ဆိုေပမယ့္ ၿမိဳ႕တစ္ၿမိဳ႕အျဖစ္ တည္ရွိခဲ့တာ ျဖစ္ၿပီး ပါကစၥတန္ ပန္ဂ်ပ္ျပည္(ေရွးအိႏၵိယ) က Rawalpindi မွာ တည္ရွိ ခဲ့ပါတယ္။ ဒီေနရာဟာ ေရွးအေခၚ ဂႏၶာရတိုင္းရဲ႕

ၿမိဳ႕ေတာ္ျဖစ္ခဲ့ၿပီး အလြန္ ထင္ရွားခဲ့ဖူး ပါတယ္။ ခရစ္ေတာ္မေပၚမီ ႏွစ္ေပါင္း ၇၀၀ခန႔္တည္းက ရွိခဲ့တာျဖစ္ၿပီး ကမာၻ႔အေစာဆုံး ပထမဆုံး တကၠသိုလ္ ျဖစ္ပါတယ္။

ကမာၻအႏွံ႔က ေက်ာင္းသားေပါင္း ၁ေသာင္းဝန္းက်င္ခန႔္ လာေရာက္ တက္ၾကပါတယ္။ ေဘဘီလုံ ၊ ဂရိ ၊ ဆီးရီးယား နဲ႔ တ႐ုတ္က ေက်ာင္းသားေတြ အပါအဝင္ပါ။

စတင္ တက္ေရာက္ရမယ့္ ေက်ာင္းသားေတြဟာ အနည္းဆုံး ၁၆ ႏွစ္ ရွိရမယ္လို႔ သတ္မွတ္ ထားပါတယ္။

ကြၽန္ေတာ္တို႔ သိၾကတဲ့ အဌာရသ ၁၈ ရပ္ အပါအဝင္ ဘာသာရပ္ေပါင္း ၆၀ ေက်ာ္ ကို သင္ၾကားေပးခဲ့ပါသတဲ့။ တကၠသိုလ္ေက်ာင္းဝန္းဟာ အလ်ား ၁မိုင္ အနံ မိုင္ဝက္ က်ယ္ပါတယ္။

စာသင္ခန္းေပါင္း ၃၀၀ ခန႔္ ရွိခဲ့ၿပီး စာသင္ခုံေတြအတြက္ ေက်ာက္တုံး ေတြကို သုံးခဲ့ပါတယ္။

ဒီတက္ေရာက္ခဲ့တဲ့ ေက်ာင္းသားေတြထဲမွာ အာေသာကမင္းႀကီးရဲ႕ လက္႐ုံး Kautilya ၊ ေကာသလဘုရင္ Prasenajit ၊ ဗုဒၶရဲ႕ေဆးဆရာ ဇီဝက Jivaka စသူတို႔ ပါဝင္ခဲ့ ပါတယ္။

ႏွစ္ေပါင္း ၁၀၀၀ ေက်ာ္ခန႔္ ခမ္းနားႀကီးက်ယ္စြာ ရပ္တည္ခဲ့တဲ့ ဒီ တကၠသိုလ္ႀကီးဟာ ေအဒီ ၅ ရာစု ဝန္းက်င္မွာေတာ့ ေရွးေဟာင္း ဂရိနယ္ေျမျဖစ္တဲ့

Hindu Kush ကို ေက်ာ္ျဖတ္ကာ ပန္ဂ်ပ္ျပည္ကို ဝင္ေရာက္ခဲ့တဲ့ Huns လူမ်ိဳးေတြ ရဲ႕ အၿပီးတိုင္ ဖ်က္စီးျခင္း ကို ခံခဲ့ ရပါတယ္။

အဲဒီ အခ်ိန္ကစလို႔ ဒီေနရာဟာ တိမ္ျမဳပ္ ေပ်ာက္ကြယ္ခဲ့ၿပီး ၁၉ရာစု အလယ္ပိုင္းေလာက္မွာေတာ့ Taxila ရဲ႕ အပ်က္အစီးေတြက တစ္ဆင့္ သုေတသနပညာရွင္ Sir Alexander Cunningham က ျပန္လည္ ေဖာ္ထုတ္ ႏိုင္ခဲ့ပါတယ္။

၁၉၈၀ မွာ ကမာၻ႔အေမြအႏွစ္ စာရင္းဝင္ ေနရာတစ္ခု ျဖစ္လာခဲ့ၿပီး လက္ရွိအခ်ိန္အထိ ပါကစၥတန္ႏိုင္ငံရဲ႕ လာေရာက္လည္ပတ္သူ အမ်ားဆုံးေနရာ တစ္ခု ျဖစ္ပါတယ္။

ဗဟုသုတရေစရန္ ေမတၱာျဖင့္ ျပန္လည္ မ်ွေ၀ေပးပါသည္။မူရင္ေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

ကမ္ဘာ့ ပထမဆုံး တက္ကသိုလ် (ခေါ် ) တက္ကသီလာ

တက္ကသီလာ ခေါ် တက္ကသိုလ်ပြည် ဆိုတဲ့ စကားလုံးကို စာတွေထဲမှာ မကြာခဏ တွေ့ဖူး ကြားဖူး ကြမှာပါ။ ရှေးရာဇဝင် ပုံပြင်တွေထဲမှာ မင်းညီမင်းသားတွေဟာ တက္ကသိုလ်ပြည်မှာ

ပညာသွားသင်လေ့ ရှိတယ်ဆိုတာ ပါလေ့ ရှိပါတယ်။ အဲဒီ တက္ကသီလာ လို့ခေါ်တဲ့ တက္ကသိုလ်ဟာ တကယ် ရှိခဲ့ပါတယ်။ တက္ကသီလာကို Taxila ၊ Takṣaśilā ဟု ခေါ်ဝေါ်ကြပြီး

အဓိပ္ပါယ်ကတော့ ဖြတ်ထားတဲ့ ကျောက်တုံးတွေနဲ့ ဆောက်တဲ့မြို့လို့ အဓိပ္ပါယ်ရပါတယ်။ တက္ကသီလာ (Taxila) ၊ တက္ကသီလ-ဆိုတာ ပါဠိ စကားပေါ့။

တက္က= ယုတ်လျော့သည် ကို ဖြည့်ဆည်းခြင်း၊ သီလ= အလေ့။ ဒီတော့ ယုတ်လျော့ခြင်းကို ဖြည့်ဆည်းပေးလေ့ရှိတဲ့ နေရာလို့ အဓိပ္ပါယ် ရတယ်။

ပညာဖြည့်ဆည်းပေးလေ့ ရှိတဲ့ နေရာလို့ ဆိုလို တာပါ။ တချို့ကလည်း တက္က= ကြံစည်ခြင်းလို့ အဓိပ္ပါယ်ဖွင့်ပြီး ကြံစည်စဉ်းစားတဲ့ အလေ့ရှိတဲ့နေရာ လို့ ဖွင့်ဆိုကြတယ်။

တက္ကသိုလ်ဆိုပေမယ့် မြို့တစ်မြို့အဖြစ် တည်ရှိခဲ့တာ ဖြစ်ပြီး ပါကစ္စတန် ပန်ဂျပ်ပြည်(ရှေးအိန္ဒိယ) က Rawalpindi မှာ တည်ရှိ ခဲ့ပါတယ်။ ဒီနေရာဟာ ရှေးအခေါ် ဂန္ဓာရတိုင်းရဲ့

မြို့တော်ဖြစ်ခဲ့ပြီး အလွန် ထင်ရှားခဲ့ဖူး ပါတယ်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၇၀၀ခန့်တည်းက ရှိခဲ့တာဖြစ်ပြီး ကမ္ဘာ့အစောဆုံး ပထမဆုံး တက္ကသိုလ် ဖြစ်ပါတယ်။

ကမ္ဘာအနှံ့က ကျောင်းသားပေါင်း ၁သောင်းဝန်းကျင်ခန့် လာရောက် တက်ကြပါတယ်။ ဘေဘီလုံ ၊ ဂရိ ၊ ဆီးရီးယား နဲ့ တရုတ်က ကျောင်းသားတွေ အပါအဝင်ပါ။

စတင် တက်ရောက်ရမယ့် ကျောင်းသားတွေဟာ အနည်းဆုံး ၁၆ နှစ် ရှိရမယ်လို့ သတ်မှတ် ထားပါတယ်။

ကျွန်တော်တို့ သိကြတဲ့ အဌာရသ ၁၈ ရပ် အပါအဝင် ဘာသာရပ်ပေါင်း ၆၀ ကျော် ကို သင်ကြားပေးခဲ့ပါသတဲ့။ တက္ကသိုလ်ကျောင်းဝန်းဟာ အလျား ၁မိုင် အနံ မိုင်ဝက် ကျယ်ပါတယ်။

စာသင်ခန်းပေါင်း ၃၀၀ ခန့် ရှိခဲ့ပြီး စာသင်ခုံတွေအတွက် ကျောက်တုံး တွေကို သုံးခဲ့ပါတယ်။

ဒီတက်ရောက်ခဲ့တဲ့ ကျောင်းသားတွေထဲမှာ အာသောကမင်းကြီးရဲ့ လက်ရုံး Kautilya ၊ ကောသလဘုရင် Prasenajit ၊ ဗုဒ္ဓရဲ့ဆေးဆရာ ဇီဝက Jivaka စသူတို့ ပါဝင်ခဲ့ ပါတယ်။

နှစ်ပေါင်း ၁၀၀၀ ကျော်ခန့် ခမ်းနားကြီးကျယ်စွာ ရပ်တည်ခဲ့တဲ့ ဒီ တက္ကသိုလ်ကြီးဟာ အေဒီ ၅ ရာစု ဝန်းကျင်မှာတော့ ရှေးဟောင်း ဂရိနယ်မြေဖြစ်တဲ့

Hindu Kush ကို ကျော်ဖြတ်ကာ ပန်ဂျပ်ပြည်ကို ဝင်ရောက်ခဲ့တဲ့ Huns လူမျိုးတွေ ရဲ့ အပြီးတိုင် ဖျက်စီးခြင်း ကို ခံခဲ့ ရပါတယ်။

အဲဒီ အချိန်ကစလို့ ဒီနေရာဟာ တိမ်မြုပ် ပျောက်ကွယ်ခဲ့ပြီး ၁၉ရာစု အလယ်ပိုင်းလောက်မှာတော့ Taxila ရဲ့ အပျက်အစီးတွေက တစ်ဆင့် သုတေသနပညာရှင် Sir Alexander Cunningham က ပြန်လည် ဖော်ထုတ် နိုင်ခဲ့ပါတယ်။

၁၉၈၀ မှာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် နေရာတစ်ခု ဖြစ်လာခဲ့ပြီး လက်ရှိအချိန်အထိ ပါကစ္စတန်နိုင်ငံရဲ့ လာရောက်လည်ပတ်သူ အများဆုံးနေရာ တစ်ခု ဖြစ်ပါတယ်။

ဗဟုသုတရစေရန် မေတ္တာဖြင့် ပြန်လည် မျှဝေပေးပါသည်။မူရင်ရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*