ေပ်ာ္ရႊင္စရာေကာင္းတဲ့ ” မိသားစု “ျဖစ္ဖို႕ဆိုတာ…
တကယ္လို႔ မိသားစုဝင္တိုင္းသာ ဒီလိုလုပ္ႏိုင္ခဲ့ရင္ ဒီမိသားစုဟာ အေပ်ာ္႐ႊင္ဆုံး မိသားစုတစ္စု ျဖစ္သြားပါလိမ့္မယ္။
(၁) ေျပာဆိုဆက္ဆံျခင္း
ျခေသၤ့တစ္ေကာင္နဲ႔ က်ားတစ္ေကာင္ဟာ တစ္ေကာင္နဲ႔တစ္ေကာင္ ျပင္းျပင္းထန္ထန္ သတ္ျဖတ္ၾကတယ္။ ေနာက္ဆုံးမွာ ႏွစ္ေကာင္စလုံး ဒဏ္ရာအနာတရ ရခဲ့ၾကတယ္။
ျခေသၤ့က ေသလုေျမာေျမာ ျဖစ္ေနခ်ိန္မွာ က်ားကိုေမးတယ္။
“ငါ့ေနရာကိုသာ မင္းဝင္မလုရင္ ငါတို႔ႏွစ္ေကာင္လုံး ဒီလိုထိခိုက္ဒဏ္ရာ ရၾကမွာ
မဟုတ္ဘူး”
“မင္းေနရာကိုလုဖို႔ ငါတစ္ခါမွ မေတြးခဲ့မိဘူး။ မင္းသာ ငါ့ေနရာကို က်ဴးေက်ာ္မယ္လို႔ ငါထင္ခဲ့တာ” က်ားက အသက္ငင္ရာကေန တအံ့တၾသ ျပန္ေျပာတယ္။
အခ်င္းခ်င္း ေျပာဆိုဆက္ဆံျခင္းက မိသားစု ေပ်ာ္႐ႊင္မႈရဲ႕ အဓိကေသာ့ခ်က္ျဖစ္တယ္။ ေျပာခ်င္တဲ့စကား၊ ေျပာသင့္တဲ့စကားကို ရင္ထဲသိမ္းဆည္း မထားပါနဲ႔။ မိသားစုနဲ႔ ပိုဆက္ဆံ ေျပာဆိုျခင္းအားျဖင့္ ကိုယ့္ကိုသူတို႔ နားလည္ႏိုင္ပါေစ။
အခ်င္းခ်င္း ဆက္ဆံေျပာဆိုျခင္းက အထင္မွား အျမင္မွားျခင္း၊ သေဘာထားကြဲလြဲျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္။
(၂) ယုံၾကည္မႈ
ငွက္ႏွစ္ေကာင္ အတူေနၾကတယ္။ ငွက္ဖိုက သစ္ေစ့ေတြ ငွက္သိုက္တစ္သိုက္စာေလာက္ ရွာၿပီး ငွက္မကို ေစာင့္ေရွာက္ခိုင္းတယ္။ ရာသီဥတုပူေတာ့ သစ္ေစ့ေတြေျခာက္ၿပီး က်ဳံ႕ကုန္လို႔ နဂိုထက္ တစ္ဝက္ေလာက္ ေလ်ာ့သြားတယ္။
ဒါကို ငွက္မ ခိုးစားလိုက္တယ္လို႔ ငွက္ဖိုကထင္ၿပီး ငွက္မကို ထိုးစိုက္ေမာင္းထုတ္ ပစ္လိုက္တယ္။ ရက္အနည္းငယ္အၾကာ မိုးေတြ႐ြာၿပီးတဲ့ေနာက္ ရာသီဥတု စိုထိုင္းလာေတာ့ သစ္ေစ့ေတြက ေရဓာတ္ေတြျပည့္ၿပီး ငွက္သိုက္တစ္ခုလုံး ျပည့္သြားခဲ့တယ္။
ဒီအခ်ိန္က်မွ ငွက္ဖိုက ေနာင္တရၿပီး “ငွက္မကို ငါအထင္မွားခဲ့ၿပီ”လို႔ ဆိုတယ္။ မိသားစုအခ်င္းခ်င္းၾကားမွာ ယုံၾကည္မႈဆိုတာ ရွိရတယ္။
ေပ်ာ္႐ႊင္တဲ့ မိသားစုေတြ အိမ္ေထာင္ပ်က္ရတာက သံသယနဲ႔ မသကၤာမႈေတြေၾကာင့္ပါ။ မိသားစုအေပၚ ယုံၾကည္မႈ ရွိပါေစ။ သံသယေၾကာင့္ မိသားစုေပ်ာ္႐ႊင္ခ်မ္းေျမ့ျခင္းေတြ မပ်က္စီးပါေစနဲ႔။
(၃) သတိရွိျခင္း
က်ီးကန္းႏွစ္ေကာင္ဟာ တစ္ေကာင္ကိုတစ္ေကာင္ ဆဲဆိုေနၾကတယ္။ ဆဲေလ
ရန္ပြဲကႀကီးေလ၊ စိတ္ပိုလႈပ္ရွားေလ ေဒါသပိုထြက္ေလ ျဖစ္ေနတယ္။
ေနာက္ဆုံးမွာ က်ီးတစ္ေကာင္က အရာတစ္ခုကို ေကာက္ၿပီး ေနာက္က်ီးတစ္ေကာက္ကို ေပါက္ထည့္လိုက္တယ္။ သူပစ္လိုက္တဲ့အရာက က်ီးကိုထိၿပီး ကြဲသြားခဲ့တယ္။
အဲဒီအခ်ိန္က်မွ သူပစ္လိုက္တဲ့ အရာဟာ သူ႔အသိုက္ထဲက ေပါက္ခါနီး ဥတစ္လုံးျဖစ္ေနတယ္ ဆိုတာကို သူသတိ ထားလိုက္မိတယ္။
မိသားစု အခ်င္းခ်င္းၾကားမွာ မေက်နပ္မႈ၊ ျပႆနာဆိုတာ ရွိတတ္ၾကတယ္။ မေက်နပ္မႈနဲ႔ ႀကဳံတဲ့အခါ စိတ္ေအးေအးထားၿပီး ဆက္ဆံပါ။ အထူးသျဖင့္ သေဘာထားကြဲလြဲမႈနဲ႔ ႀကဳံတဲ့အခါ ပိုၿပီးေတာ့ေတာင္ အသိဉာဏ္ ရွိရပါတယ္။
တဇြတ္ထိုးလုပ္လို႔ မရပါဘူး။ တဇြတ္ထိုး လုပ္တာဟာ ျပႆ နာကို မေျဖရွင္းႏိုင္တဲ့အျပင္ ပိုလို႔ေတာင္ ဆိုးဝါးသြားေစပါတယ္။ ၿပီးေတာ့ မိသားစုေ ေပ်ာ္႐ႊင္ျခင္းကိုပါ ထိခိုက္သြားေစ ႏိုင္ပါတယ္။
(၄) ေနရာေျပာင္း ၾကည့္ျခင္း
ဆိတ္တစ္ေကာင္က ေခြးတစ္ေကာင္ကို ထမင္းစား ဖိတ္တယ္။ သူ႔အတြက္ စားေကာင္းေသာက္ဖြယ္ျဖစ္တဲ့ ျမက္ႏုကို ဆိတ္က တစ္စားပြဲလုံး ေကာင္းေကာင္းျပင္ဆင္ၿပီး ေခြးကိုေကြၽးခဲ့တယ္။ ေခြးက ျမက္ေတြကို တစ္လုတ္ႏွစ္လုတ္ပဲ စားၿပီး မစားႏိုင္ခဲ့ေတာ့ဘူး။
ရက္အတန္ၾကာေတာ့ ေခြးက ဆိတ္ကို ထမင္း ဖိတ္ေကြၽးတယ္။ စိတ္ထဲမွာလည္း “ဆိတ္လို ငါကပ္စီး မနည္းသင့္ဘူး။ သူ႔ကို အစားေကာင္း အေသာက္ေကာင္းနဲ႔ ငါဧည့္ခံမယ္”ဆိုၿပီး အသားတစ္ပြဲကို ေကာင္းေကာင္းျပင္ဆင္ၿပီး ဆိတ္ကိုေကြၽးခဲ့တယ္။
ေနာက္ဆုံးမွာ ဆိတ္ စားေတာင္မစားဘဲ ထြက္သြားခဲ့တယ္။ တစ္ခါတေလမွာ ကိုယ့္ဆႏၵအတိုင္း တျခားသူကို အက်ပ္မကိုင္ သင့္ဘူး။ ကိုယ့္အေတြးကို မိသားစုေပၚ အတင္းအၾကပ္ ျဖည့္မေပးသင့္ဘူး။
ျပႆနာနဲ႔ ႀကဳံတဲ့အခါ ေနရာလဲ ရႈေထာင့္ေျပာင္းၿပီး ေတြးေတာၾကည့္ပါ။ တစ္ဘက္လူရဲ႕ေနရာကေန ဝင္စဥ္းစားေပးၾကည့္ပါ။ ဒီလိုဆိုရင္ မိသားစုဝင္ေတြအေပၚ သင္ပိုနားလည္လာပါလိမ့္မယ္။
(၅) ေပ်ာ္႐ႊင္ျခင္း
ဝက္ကေလးတစ္ေကာင္က ကိတ္မုန႔္ဖုတ္ သင္တယ္။ ဒါေပမယ့္ သူလုပ္လိုက္တဲ့ ကိတ္မုန႔္တိုင္းက စားမေကာင္း ျဖစ္ေနတယ္။ သူ႔ဆရာၾကက္ဖကို ဝက္ကေလးက ဘာေၾကာင့္လဲလို႔ ေမးတယ္။
ၾကက္ဖက စဥ္းစားၿပီး ကိတ္မုန႔္ဖုတ္ဖို႔ ဘာေတြထည့္သလဲလို႔ ေမးတယ္။ ဝက္ကေလးက မျဖဳန္းတီးခ်င္၊ ႏွေျမာလို႔ ဒိတ္လြန္တဲ့ ၾကက္ဥေတြကို သုံးပါတယ္လို႔ ေျဖတယ္။
ဝက္ကေလးရဲ႕အေျဖကို ၾကက္ဖက “ေသခ်ာမွတ္ထား.. ေကာင္းတဲ့ အစာပလာေတြကိုသုံးမွ ကိတ္မုန႔္ေကာင္းကို ရလိမ့္မယ္”လို႔ ေျပာတယ္။
ဟုတ္ပါတယ္.. ေကာင္းတဲ့အစာပလာေတြကို သုံးမွ ေကာင္းတဲ့ကိတ္မုန႔္ကို ရမွာျဖစ္တယ္။ ထိုနည္းတူ ေကာင္းမြန္ေပ်ာ္႐ႊင္တဲ့စိတ္ထားနဲ႔မွ သာယာခ်မ္းေျမ့တဲ့ မိသားစုဘဝကို တည္ေဆာက္ႏိုင္မွာ ျဖစ္တယ္။
ဒါေၾကာင့္ အျပင္ကျပန္လာခ်ိန္ အိမ္ထဲမဝင္ခင္ စိတ္ညစ္စိတ္ရႈပ္စရာေတြကို အိမ္အျပင္ဖက္မွာ ပစ္ထားခဲ့လိုက္ပါ။ အၿပဳံးတစ္ခုကိုပဲ အိမ္ျပန္ယူခဲ့ပါ။
တကယ္လို႔ မိသားစုဝင္တိုင္းသာ ဒီလိုလုပ္ႏိုင္ခဲ့ရင္ ဒီမိသားစုဟာ အေပ်ာ္႐ႊင္ဆုံး မိသားစုတစ္စု ျဖစ္သြားပါလိမ့္မယ္။Crd
Unicode
ပျော်ရွှင်စရာကောင်းတဲ့ ” မိသားစု “ဖြစ်ဖို့ဆိုတာ…
တကယ်လို့ မိသားစုဝင်တိုင်းသာ ဒီလိုလုပ်နိုင်ခဲ့ရင် ဒီမိသားစုဟာ အပျော်ရွှင်ဆုံး မိသားစုတစ်စု ဖြစ်သွားပါလိမ့်မယ်။
(၁) ပြောဆိုဆက်ဆံခြင်း
ခြင်္သေ့တစ်ကောင်နဲ့ ကျားတစ်ကောင်ဟာ တစ်ကောင်နဲ့တစ်ကောင် ပြင်းပြင်းထန်ထန် သတ်ဖြတ်ကြတယ်။ နောက်ဆုံးမှာ နှစ်ကောင်စလုံး ဒဏ်ရာအနာတရ ရခဲ့ကြတယ်။
ခြင်္သေ့က သေလုမြောမြော ဖြစ်နေချိန်မှာ ကျားကိုမေးတယ်။
“ငါ့နေရာကိုသာ မင်းဝင်မလုရင် ငါတို့နှစ်ကောင်လုံး ဒီလိုထိခိုက်ဒဏ်ရာ ရကြမှာ
မဟုတ်ဘူး”
“မင်းနေရာကိုလုဖို့ ငါတစ်ခါမှ မတွေးခဲ့မိဘူး။ မင်းသာ ငါ့နေရာကို ကျူးကျော်မယ်လို့ ငါထင်ခဲ့တာ” ကျားက အသက်ငင်ရာကနေ တအံ့တသြ ပြန်ပြောတယ်။
အချင်းချင်း ပြောဆိုဆက်ဆံခြင်းက မိသားစု ပျော်ရွှင်မှုရဲ့ အဓိကသော့ချက်ဖြစ်တယ်။ ပြောချင်တဲ့စကား၊ ပြောသင့်တဲ့စကားကို ရင်ထဲသိမ်းဆည်း မထားပါနဲ့။ မိသားစုနဲ့ ပိုဆက်ဆံ ပြောဆိုခြင်းအားဖြင့် ကိုယ့်ကိုသူတို့ နားလည်နိုင်ပါစေ။
အချင်းချင်း ဆက်ဆံပြောဆိုခြင်းက အထင်မှား အမြင်မှားခြင်း၊ သဘောထားကွဲလွဲခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
(၂) ယုံကြည်မှု
ငှက်နှစ်ကောင် အတူနေကြတယ်။ ငှက်ဖိုက သစ်စေ့တွေ ငှက်သိုက်တစ်သိုက်စာလောက် ရှာပြီး ငှက်မကို စောင့်ရှောက်ခိုင်းတယ်။ ရာသီဥတုပူတော့ သစ်စေ့တွေခြောက်ပြီး ကျုံ့ကုန်လို့ နဂိုထက် တစ်ဝက်လောက် လျော့သွားတယ်။
ဒါကို ငှက်မ ခိုးစားလိုက်တယ်လို့ ငှက်ဖိုကထင်ပြီး ငှက်မကို ထိုးစိုက်မောင်းထုတ် ပစ်လိုက်တယ်။ ရက်အနည်းငယ်အကြာ မိုးတွေရွာပြီးတဲ့နောက် ရာသီဥတု စိုထိုင်းလာတော့ သစ်စေ့တွေက ရေဓာတ်တွေပြည့်ပြီး ငှက်သိုက်တစ်ခုလုံး ပြည့်သွားခဲ့တယ်။
ဒီအချိန်ကျမှ ငှက်ဖိုက နောင်တရပြီး “ငှက်မကို ငါအထင်မှားခဲ့ပြီ”လို့ ဆိုတယ်။ မိသားစုအချင်းချင်းကြားမှာ ယုံကြည်မှုဆိုတာ ရှိရတယ်။
ပျော်ရွှင်တဲ့ မိသားစုတွေ အိမ်ထောင်ပျက်ရတာက သံသယနဲ့ မသင်္ကာမှုတွေကြောင့်ပါ။ မိသားစုအပေါ် ယုံကြည်မှု ရှိပါစေ။ သံသယကြောင့် မိသားစုပျော်ရွှင်ချမ်းမြေ့ခြင်းတွေ မပျက်စီးပါစေနဲ့။
(၃) သတိရှိခြင်း
ကျီးကန်းနှစ်ကောင်ဟာ တစ်ကောင်ကိုတစ်ကောင် ဆဲဆိုနေကြတယ်။ ဆဲလေ
ရန်ပွဲကကြီးလေ၊ စိတ်ပိုလှုပ်ရှားလေ ဒေါသပိုထွက်လေ ဖြစ်နေတယ်။
နောက်ဆုံးမှာ ကျီးတစ်ကောင်က အရာတစ်ခုကို ကောက်ပြီး နောက်ကျီးတစ်ကောက်ကို ပေါက်ထည့်လိုက်တယ်။ သူပစ်လိုက်တဲ့အရာက ကျီးကိုထိပြီး ကွဲသွားခဲ့တယ်။
အဲဒီအချိန်ကျမှ သူပစ်လိုက်တဲ့ အရာဟာ သူ့အသိုက်ထဲက ပေါက်ခါနီး ဥတစ်လုံးဖြစ်နေတယ် ဆိုတာကို သူသတိ ထားလိုက်မိတယ်။
မိသားစု အချင်းချင်းကြားမှာ မကျေနပ်မှု၊ ပြဿနာဆိုတာ ရှိတတ်ကြတယ်။ မကျေနပ်မှုနဲ့ ကြုံတဲ့အခါ စိတ်အေးအေးထားပြီး ဆက်ဆံပါ။ အထူးသဖြင့် သဘောထားကွဲလွဲမှုနဲ့ ကြုံတဲ့အခါ ပိုပြီးတော့တောင် အသိဉာဏ် ရှိရပါတယ်။
တဇွတ်ထိုးလုပ်လို့ မရပါဘူး။ တဇွတ်ထိုး လုပ်တာဟာ ပြဿ နာကို မဖြေရှင်းနိုင်တဲ့အပြင် ပိုလို့တောင် ဆိုးဝါးသွားစေပါတယ်။ ပြီးတော့ မိသားစုေ ပျော်ရွှင်ခြင်းကိုပါ ထိခိုက်သွားစေ နိုင်ပါတယ်။
(၄) နေရာပြောင်း ကြည့်ခြင်း
ဆိတ်တစ်ကောင်က ခွေးတစ်ကောင်ကို ထမင်းစား ဖိတ်တယ်။ သူ့အတွက် စားကောင်းသောက်ဖွယ်ဖြစ်တဲ့ မြက်နုကို ဆိတ်က တစ်စားပွဲလုံး ကောင်းကောင်းပြင်ဆင်ပြီး ခွေးကိုကျွေးခဲ့တယ်။ ခွေးက မြက်တွေကို တစ်လုတ်နှစ်လုတ်ပဲ စားပြီး မစားနိုင်ခဲ့တော့ဘူး။
ရက်အတန်ကြာတော့ ခွေးက ဆိတ်ကို ထမင်း ဖိတ်ကျွေးတယ်။ စိတ်ထဲမှာလည်း “ဆိတ်လို ငါကပ်စီး မနည်းသင့်ဘူး။ သူ့ကို အစားကောင်း အသောက်ကောင်းနဲ့ ငါဧည့်ခံမယ်”ဆိုပြီး အသားတစ်ပွဲကို ကောင်းကောင်းပြင်ဆင်ပြီး ဆိတ်ကိုကျွေးခဲ့တယ်။
နောက်ဆုံးမှာ ဆိတ် စားတောင်မစားဘဲ ထွက်သွားခဲ့တယ်။ တစ်ခါတလေမှာ ကိုယ့်ဆန္ဒအတိုင်း တခြားသူကို အကျပ်မကိုင် သင့်ဘူး။ ကိုယ့်အတွေးကို မိသားစုပေါ် အတင်းအကြပ် ဖြည့်မပေးသင့်ဘူး။
ပြဿနာနဲ့ ကြုံတဲ့အခါ နေရာလဲ ရှုထောင့်ပြောင်းပြီး တွေးတောကြည့်ပါ။ တစ်ဘက်လူရဲ့နေရာကနေ ဝင်စဉ်းစားပေးကြည့်ပါ။ ဒီလိုဆိုရင် မိသားစုဝင်တွေအပေါ် သင်ပိုနားလည်လာပါလိမ့်မယ်။
(၅) ပျော်ရွှင်ခြင်း
ဝက်ကလေးတစ်ကောင်က ကိတ်မုန့်ဖုတ် သင်တယ်။ ဒါပေမယ့် သူလုပ်လိုက်တဲ့ ကိတ်မုန့်တိုင်းက စားမကောင်း ဖြစ်နေတယ်။ သူ့ဆရာကြက်ဖကို ဝက်ကလေးက ဘာကြောင့်လဲလို့ မေးတယ်။
ကြက်ဖက စဉ်းစားပြီး ကိတ်မုန့်ဖုတ်ဖို့ ဘာတွေထည့်သလဲလို့ မေးတယ်။ ဝက်ကလေးက မဖြုန်းတီးချင်၊ နှမြောလို့ ဒိတ်လွန်တဲ့ ကြက်ဥတွေကို သုံးပါတယ်လို့ ဖြေတယ်။
ဝက်ကလေးရဲ့အဖြေကို ကြက်ဖက “သေချာမှတ်ထား.. ကောင်းတဲ့ အစာပလာတွေကိုသုံးမှ ကိတ်မုန့်ကောင်းကို ရလိမ့်မယ်”လို့ ပြောတယ်။
ဟုတ်ပါတယ်.. ကောင်းတဲ့အစာပလာတွေကို သုံးမှ ကောင်းတဲ့ကိတ်မုန့်ကို ရမှာဖြစ်တယ်။ ထိုနည်းတူ ကောင်းမွန်ပျော်ရွှင်တဲ့စိတ်ထားနဲ့မှ သာယာချမ်းမြေ့တဲ့ မိသားစုဘဝကို တည်ဆောက်နိုင်မှာ ဖြစ်တယ်။
ဒါကြောင့် အပြင်ကပြန်လာချိန် အိမ်ထဲမဝင်ခင် စိတ်ညစ်စိတ်ရှုပ်စရာတွေကို အိမ်အပြင်ဖက်မှာ ပစ်ထားခဲ့လိုက်ပါ။ အပြုံးတစ်ခုကိုပဲ အိမ်ပြန်ယူခဲ့ပါ။
တကယ်လို့ မိသားစုဝင်တိုင်းသာ ဒီလိုလုပ်နိုင်ခဲ့ရင် ဒီမိသားစုဟာ အပျော်ရွှင်ဆုံး မိသားစုတစ်စု ဖြစ်သွားပါလိမ့်မယ်။Crd
Leave a Reply