လယ္ယာေျမကို ၀ယ္၍ ေနထိုင္ၾကမည္ဆိုလွ်င္ သိထားသင့္ေသာ အခ်က္မ်ား (ပုံစံ (၇) / ပုံစံ (၁၀၅) / (၁၀၆) / ပုံစံ ၁၅ (က)/(ခ) တို႔အေၾကာင္း)
လယ္ယာေျမကို ၀ယ္၍ ေနထိုင္ၾကမည္ဆိုလွ်င္ သိထားသင့္ေသာ အခ်က္မ်ား
”အကြက္႐ိုက္ထားတဲ့ လယ္ယာေျမကို ဝယ္ရင္ တရားဝင္ ပိုင္ဆိုင္ခြင့္ရပါသလား”
မိတ္ေဆြတစ္ဦးက စာေရးသူထံ လာေရာက္ ေဆြးေႏြးျခင္း ျဖစ္သည္။
”အေရာင္းအဝယ္ကေတာ့ လုပ္ေနၾကတာပဲ။ အခ်ိဳ႕ေငြေၾကးရွိသူေတြက ရင္းႏွီးျမႇဳပ္ႏွံထားၾကတာေတြလည္း ရွိတယ္။ သြားၾကည့္ရင္ လယ္ကြင္းျပင္ ေျမကြက္အျဖစ္ပဲ ေတြ႕ၾကရတယ္။ အခ်ိဳ႕ေျမကြက္ေတြဆိုရင္ ေရေတြဝပ္ေနတာေတြလည္း ရွိတယ္”
”အခု ေျမကြက္ေတြကေတာ့ ၿခံစည္း႐ိုး ကာထားတာေတြ႕ရတယ္”
”သူငယ္ခ်င္းက ဝယ္မယ္စိတ္ကူးလို႔လား”
”ေနာက္ပိုင္း လူေနထိုင္ခြင့္အတြက္ ေလွ်ာက္ထားရင္ ရတယ္လို႔ေျပာတယ္။ လူေနရပ္ကြက္ ျဖစ္လာရင္ေတာ့ အဆင္ေျပမလားလို႔”
”လူေနထိုင္ခြင့္ရဖို႔အတြက္ အဆင့္ဆင့္ရွိတယ္။ အခ်ိန္ေတာ့ ေစာင့္ရမယ္”
”အဲဒီ အဆင့္ဆင့္ ေဆာင္႐ြက္ပုံကို နားလည္ထားခ်င္လို႔ သူငယ္ခ်င္းဆီ ေရာက္လာတာ”
”လယ္ယာေျမ ဥပေဒက ၂ဝ၁၂ ခုႏွစ္မွာ ျပ႒ာန္းခဲ့တယ္။ လယ္ယာေျမဆိုတာ လယ္ေျမ၊ ယာေျမ၊ ကိုင္း ကြၽန္းေျမ၊ ဥယ်ာဥ္ၿခံေျမ၊ ေျမႏုကြၽန္း ေျမမ်ား ပါဝင္တယ္လို႔ ဥပေဒမွာ အဓိပၸာယ္ ဖြင့္ဆိုထားတယ္။
အဲဒီမွာ လယ္ေျမဆိုတာက စိုက္ပ်ိဳးေရးယူၿပီး စပါးသီးႏွံ အဓိက စိုက္ပ်ိဳးေျမလို႔ သီျခားအဓိပၸာယ္ ဖြင့္ဆိုထားတယ္”
”လယ္ယာေျမ ဥပေဒအရ လႊဲေျပာင္းေရာင္းခ်ခြင့္ရွိတယ္ မဟုတ္လား”
”လယ္ယာေျမ ဥပေဒပုဒ္မ ၉ မွာ လယ္ယာေျမလုပ္ပိုင္ခြင့္ ရသူသည္ လယ္ယာေျမလုပ္ပိုင္ခြင့္ကို လယ္ယာေျမအားလုံးကို ျဖစ္ေစ၊ တစ္စိတ္တစ္ပိုင္းျဖစ္ေစ၊ လႊဲေျပာင္းေရာင္းခ်၊ ေပါင္ႏွံ၊ ငွားရမ္းခြင့္ရွိတယ္လို႔ ျပ႒ာန္းထားတယ္။
အဓိကအခ်က္ ကေတာ့ လယ္ယာေျမ လုပ္ပိုင္ခြင့္ကို လႊဲေျပာင္းေရာင္းခ်တာပဲ ျဖစ္တယ္”
”လယ္ယာေျမ လုပ္ပိုင္ခြင့္ကို လႊဲေျပာင္း၊ ေရာင္းခ်တယ္ဆိုေတာ့ ဘယ္လို စာ႐ြက္စာတမ္း အေထာက္အထားကို ရယူဖို႔ လိုပါသလဲ”
”သက္ဆိုင္ရာက လယ္ယာေျမ လုပ္ပိုင္ခြင့္ လက္မွတ္ ပုံစံ (၇) ကို ထုတ္ေပးထားတယ္။ ပုံစံ (၇) လယ္ ယာေျမ လုပ္ပိုင္ခြင့္ လက္မွတ္နဲ႔အတူ တြဲၿပီး ေျမစာရင္းပုံစံ (၁ဝ၅) လို႔ ေခၚ တဲ့ ေျမပုံေျမရာဇဝင္ စာ႐ြက္လည္း ပါရွိရမွာျဖစ္ပါတယ္”
”ဒါဆိုရင္ လယ္ယာေျမလုပ္ပိုင္ခြင့္ လက္မွတ္ပုံစံ (၇) နဲ႔ ေျမကြက္ ေျမပုံပါရွိတဲ့ ပုံစံ (၁ဝ၅) ရွိမရွိ စုံစမ္းရမွာေပါ့”
”မွန္ပါတယ္။ ေျမစာရင္းပုံစံ (၁ဝ၅) မွာလည္း ႏွစ္မ်ိဳးထုတ္ေပးထားတာ ရွိတယ္။ အျဖဴေရာင္ စာ႐ြက္ေပၚမွာ ေျမပုံဆြဲထားတဲ့ စာ႐ြက္စာတမ္းနဲ႔ အျပာေရာင္စာ႐ြက္ဆိုဒ္ အရွည္နဲ႔ ထုတ္ေပးထားတဲ့ စာ႐ြက္စာတမ္း ျဖစ္တယ္။
ပုံစံ ၁ဝ၅ အျပာ ေရာင္ေျမပုံ စာ႐ြက္စာတမ္းကေတာ့ ဘဏ္ေခ်းေငြ ထုတ္ယူရန္အတြက္ ေလွ်ာက္ထားရယူထားတဲ့ စာ႐ြက္ စာတမ္း ျဖစ္တယ္”
”ပုံစံ (၇) နဲ႔ ပုံစံ ၁ဝ၅ ရွိရင္ တရားဝင္ လႊဲေျပာင္း ေရာင္းခ်ႏိုင္ၿပီေပါ့”
”လယ္ယာေျမ ဥပေဒအရေတာ့ လယ္ယာေျမ လုပ္ပိုင္ခြင့္ရရွိသူသည္ လယ္ယာေျမ လုပ္ပိုင္ခြင့္ကို လႊဲေျပာင္း ေရာင္းခ်မယ္ဆိုရင္ သက္ဆိုင္ရာ ၿမိဳ႕နယ္ဦးစီးဌာန႐ုံးမွာ မွတ္ပုံတင္ စာခ်ဳပ္စာတမ္း ခ်ဳပ္ဆိုေဆာင္႐ြက္ရမယ္လို႔ ျပ႒ာန္းထားပါတယ္”
”ဒါဆိုရင္ သက္ဆိုင္ရာ ေျမ စာရင္းဦးစီးဌာနမွာ စုံစမ္းရယူႏိုင္တယ္ေပါ့”
”ဟုတ္ပါတယ္။ လုပ္ပိုင္ခြင့္ပုံစံ (၇) ထုတ္ေပးထားျခင္း ရွိမရွိ၊ ပုံစံ ၁ဝ၅ ေျမပုံေျမရာဇဝင္ ပါမပါတို႔ကို စိစစ္ၾကည့္ရႈၿပီးမွ ဝယ္သင့္ပါတယ္”
”အခ်ိဳ႕က ေျပာေတာ့ လယ္ယာ ေျမေတြကို လူေနခြင့္ရဖို႔ ေလွ်ာက္ထားရယူႏိုင္တယ္လို႔ ေျပာတယ္။ အဲဒါက ဘာဆိုလိုတာလဲ”
”အေစာက ေျပာသလို လယ္ယာေျမကို လႊဲေျပာင္းေရာင္းခ်တယ္ဆိုတာ လယ္ယာေျမေပၚမွာ စိုက္ပ်ိဳး လုပ္ကိုင္ခြင့္၊ လႊဲေျပာင္းေရာင္းခ်တာ ျဖစ္တယ္။ ဒါေၾကာင့္ အဲဒီ လယ္ယာေျမေပၚမွာ လူေနထိုင္ခြင့္မရေသးဘူး။ စိုက္ပ်ိဳးလုပ္ကိုင္ခြင့္သာရရွိတာ ျဖစ္တယ္”
”ဒါဆို လူေနရပ္ကြက္ျဖစ္ဖို႔ ခက္ခဲမွာေပါ့”
”အခ်ိဳ႕ကလည္း ေရာင္းခ်လႊဲေျပာင္းတဲ့ လယ္ယာေျမေတြဟာ လူေနရပ္ကြက္နဲ႔ နီးစပ္တဲ့ ေနရာျဖစ္ရင္ေတာ့ အေႏွးနဲ႔အျမန္ လူေနရပ္ကြက္ ျဖစ္လာမွာပဲဆိုတဲ့ စိတ္ကူးနဲ႔ ဝယ္ၾကတာရွိတယ္”
”လူေနရပ္ကြက္ျဖစ္ဖို႔ ဘယ္လို ေဆာင္႐ြက္ရပါသလဲ”
”စပါးသီးႏွံကိုသာ စိုက္ပ်ိဳးတဲ့ ‘လယ္ေျမ’ဆိုရင္ေတာ့ လယ္ယာေျမ ဥပေဒပုဒ္မ ၃ဝ (က) အရ၊ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္လယ္ ယာ ေျမစီမံခန္႔ခြဲမႈအဖြဲ႕ရဲ႕ စိစစ္ ေထာက္ခံခ်က္နဲ႔ ဗဟိုလယ္ယာေျမ စီမံခန္႔ခြဲမႈအဖြဲ႕ထံ တင္ျပခြင့္ျပဳခ်က္ ရယူရမွာ ျဖစ္ပါတယ္။
အဲဒီလို ေလွ်ာက္ထားခ်က္ပုံစံကို ပုံစံ ၃ဝ (က) လို႔ အလြယ္တကူ ေျပာေနၾကတာ ျဖစ္တယ္”
”ပုံစံ ၃ဝ(ခ) ဆိုတာလည္း ေျပာတယ္။ အဲဒါက ဘယ္လို အမ်ိဳးအစားလဲ”
‘‘ပုံစံ ၃ဝ(ခ) ဆိုတာက စပါးသီးႏွံ တစ္မ်ိဳးကိုသာ စိုက္ပ်ိဳးတဲ့ လယ္ေျမ မဟုတ္ဘဲ က်န္လယ္ယာေျမေတြကို အျခားနည္း အသုံးျပဳဖို႔ ေလွ်ာက္ထားရာမွာ ပုံစံ ၃ဝ (ခ) အရ ေလွ်ာက္ထားရတယ္။
တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ လယ္ယာေျမ စီမံခန္႔ခြဲမႈ အဖြဲ႕ရဲ႕ စိစစ္ေထာက္ခံခ်က္နဲ႔ သက္ဆိုင္ရာတိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ အစိုးရအဖြဲ႕ထံ တင္ျပခြင့္ျပဳခ်က္ ရယူရမွာ ျဖစ္တယ္”
”သက္ဆိုင္ရာ အဖြဲ႕အစည္းက ထုတ္ေပးတဲ့ အျခားနည္း အသုံးျပဳခြင့္ လက္မွတ္ကို ပုံစံဘယ္ေလာက္လို႔ ေခၚပါသလဲ”
”ပုံစံ ၃ဝ (က) အရ စပါးသီးႏွံ စိုက္ပ်ိဳးတဲ့ လယ္ေျမေပၚမွာ အျခားနည္းအသုံးျပဳခြင့္ လက္မွတ္ကို ပုံစံ ၁၅ (က)လို႔ ေခၚၾကၿပီး က်န္လယ္ ေျမေပၚမွာ အျခားနည္း အသုံးျပဳခြင့္ လက္မွတ္ကို ပုံစံ ၁၅ (ခ) လို႔ ေခၚၾက တယ္”
”အဲဒီ ပုံစံ ၁၅(က)၊ ပုံစံ ၁၅(ခ) ျဖစ္တဲ့ အျခားနည္းအသုံးျပဳခြင့္ လက္မွတ္ရရင္ လယ္ေျမေပၚမွာ အိမ္ေဆာက္ေနထိုင္ႏိုင္ၿပီေပါ့”
”မွန္ပါတယ္။ ဒါေၾကာင့္ လယ္ယာေျမကို ဝယ္တဲ့အခါ ေသခ်ာစိစစ္ ဝယ္ယူဖို႔ လိုပါတယ္”
”အကြက္႐ိုက္ ၿခံစည္း႐ိုးခတ္ထား႐ုံနဲ႔ လယ္ယာေျမ ခြဲစိတ္ထားၿပီးလို႔ ယူဆမရဘူးေပါ့”
”ဟုတ္ပါတယ္။ ဝယ္ေရာင္း အက်ိဳးေဆာင္ ပြဲစားမ်ားနဲ႔ ေဆာင္႐ြက္တဲ့အခါ လယ္ယာေျမပုံစံ (၇)နဲ႔ အတူ ပုံစံ (၁ဝ၅) ေျမပုံေျမရာဇဝင္ ပါရွိျခင္း ရွိမရွိ စိစစ္ဝယ္ယူသင့္တယ္ သူငယ္ခ်င္း” ဟု အႀကံျပဳေဆြးေႏြးလိုက္ပါသည္။
Credit: ထီယု (ဥပေဒအတိုင္ပင္ခံ)
Unicode
လယ်ယာမြေကို ဝယ်၍ နေထိုင်ကြမည်ဆိုလျှင် သိထားသင့်သော အချက်များ (ပုံစံ (၇) / ပုံစံ (၁၀၅) / (၁၀၆) / ပုံစံ ၁၅ (က)/(ခ) တို့အကြောင်း)
လယ်ယာမြေကို ဝယ်၍ နေထိုင်ကြမည်ဆိုလျှင် သိထားသင့်သော အချက်များ
”အကွက်ရိုက်ထားတဲ့ လယ်ယာမြေကို ဝယ်ရင် တရားဝင် ပိုင်ဆိုင်ခွင့်ရပါသလား”
မိတ်ဆွေတစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးခြင်း ဖြစ်သည်။
”အရောင်းအဝယ်ကတော့ လုပ်နေကြတာပဲ။ အချို့ငွေကြေးရှိသူတွေက ရင်းနှီးမြှုပ်နှံထားကြတာတွေလည်း ရှိတယ်။ သွားကြည့်ရင် လယ်ကွင်းပြင် မြေကွက်အဖြစ်ပဲ တွေ့ကြရတယ်။ အချို့မြေကွက်တွေဆိုရင် ရေတွေဝပ်နေတာတွေလည်း ရှိတယ်”
”အခု မြေကွက်တွေကတော့ ခြံစည်းရိုး ကာထားတာတွေ့ရတယ်”
”သူငယ်ချင်းက ဝယ်မယ်စိတ်ကူးလို့လား”
”နောက်ပိုင်း လူနေထိုင်ခွင့်အတွက် လျှောက်ထားရင် ရတယ်လို့ပြောတယ်။ လူနေရပ်ကွက် ဖြစ်လာရင်တော့ အဆင်ပြေမလားလို့”
”လူနေထိုင်ခွင့်ရဖို့အတွက် အဆင့်ဆင့်ရှိတယ်။ အချိန်တော့ စောင့်ရမယ်”
”အဲဒီ အဆင့်ဆင့် ဆောင်ရွက်ပုံကို နားလည်ထားချင်လို့ သူငယ်ချင်းဆီ ရောက်လာတာ”
”လယ်ယာမြေ ဥပဒေက ၂ဝ၁၂ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တယ်။ လယ်ယာမြေဆိုတာ လယ်မြေ၊ ယာမြေ၊ ကိုင်း ကျွန်းမြေ၊ ဥယျာဉ်ခြံမြေ၊ မြေနုကျွန်း မြေများ ပါဝင်တယ်လို့ ဥပဒေမှာ အဓိပ္ပာယ် ဖွင့်ဆိုထားတယ်။
အဲဒီမှာ လယ်မြေဆိုတာက စိုက်ပျိုးရေးယူပြီး စပါးသီးနှံ အဓိက စိုက်ပျိုးမြေလို့ သီခြားအဓိပ္ပာယ် ဖွင့်ဆိုထားတယ်”
”လယ်ယာမြေ ဥပဒေအရ လွှဲပြောင်းရောင်းချခွင့်ရှိတယ် မဟုတ်လား”
”လယ်ယာမြေ ဥပဒေပုဒ်မ ၉ မှာ လယ်ယာမြေလုပ်ပိုင်ခွင့် ရသူသည် လယ်ယာမြေလုပ်ပိုင်ခွင့်ကို လယ်ယာမြေအားလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ လွှဲပြောင်းရောင်းချ၊ ပေါင်နှံ၊ ငှားရမ်းခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားတယ်။
အဓိကအချက် ကတော့ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို လွှဲပြောင်းရောင်းချတာပဲ ဖြစ်တယ်”
”လယ်ယာမြေ လုပ်ပိုင်ခွင့်ကို လွှဲပြောင်း၊ ရောင်းချတယ်ဆိုတော့ ဘယ်လို စာရွက်စာတမ်း အထောက်အထားကို ရယူဖို့ လိုပါသလဲ”
”သက်ဆိုင်ရာက လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ပုံစံ (၇) ကို ထုတ်ပေးထားတယ်။ ပုံစံ (၇) လယ် ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်နဲ့အတူ တွဲပြီး မြေစာရင်းပုံစံ (၁ဝ၅) လို့ ခေါ် တဲ့ မြေပုံမြေရာဇဝင် စာရွက်လည်း ပါရှိရမှာဖြစ်ပါတယ်”
”ဒါဆိုရင် လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ပုံစံ (၇) နဲ့ မြေကွက် မြေပုံပါရှိတဲ့ ပုံစံ (၁ဝ၅) ရှိမရှိ စုံစမ်းရမှာပေါ့”
”မှန်ပါတယ်။ မြေစာရင်းပုံစံ (၁ဝ၅) မှာလည်း နှစ်မျိုးထုတ်ပေးထားတာ ရှိတယ်။ အဖြူရောင် စာရွက်ပေါ်မှာ မြေပုံဆွဲထားတဲ့ စာရွက်စာတမ်းနဲ့ အပြာရောင်စာရွက်ဆိုဒ် အရှည်နဲ့ ထုတ်ပေးထားတဲ့ စာရွက်စာတမ်း ဖြစ်တယ်။
ပုံစံ ၁ဝ၅ အပြာ ရောင်မြေပုံ စာရွက်စာတမ်းကတော့ ဘဏ်ချေးငွေ ထုတ်ယူရန်အတွက် လျှောက်ထားရယူထားတဲ့ စာရွက် စာတမ်း ဖြစ်တယ်”
”ပုံစံ (၇) နဲ့ ပုံစံ ၁ဝ၅ ရှိရင် တရားဝင် လွှဲပြောင်း ရောင်းချနိုင်ပြီပေါ့”
”လယ်ယာမြေ ဥပဒေအရတော့ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူသည် လယ်ယာမြေ လုပ်ပိုင်ခွင့်ကို လွှဲပြောင်း ရောင်းချမယ်ဆိုရင် သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံးမှာ မှတ်ပုံတင် စာချုပ်စာတမ်း ချုပ်ဆိုဆောင်ရွက်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်”
”ဒါဆိုရင် သက်ဆိုင်ရာ မြေ စာရင်းဦးစီးဌာနမှာ စုံစမ်းရယူနိုင်တယ်ပေါ့”
”ဟုတ်ပါတယ်။ လုပ်ပိုင်ခွင့်ပုံစံ (၇) ထုတ်ပေးထားခြင်း ရှိမရှိ၊ ပုံစံ ၁ဝ၅ မြေပုံမြေရာဇဝင် ပါမပါတို့ကို စိစစ်ကြည့်ရှုပြီးမှ ဝယ်သင့်ပါတယ်”
”အချို့က ပြောတော့ လယ်ယာ မြေတွေကို လူနေခွင့်ရဖို့ လျှောက်ထားရယူနိုင်တယ်လို့ ပြောတယ်။ အဲဒါက ဘာဆိုလိုတာလဲ”
”အစောက ပြောသလို လယ်ယာမြေကို လွှဲပြောင်းရောင်းချတယ်ဆိုတာ လယ်ယာမြေပေါ်မှာ စိုက်ပျိုး လုပ်ကိုင်ခွင့်၊ လွှဲပြောင်းရောင်းချတာ ဖြစ်တယ်။ ဒါကြောင့် အဲဒီ လယ်ယာမြေပေါ်မှာ လူနေထိုင်ခွင့်မရသေးဘူး။ စိုက်ပျိုးလုပ်ကိုင်ခွင့်သာရရှိတာ ဖြစ်တယ်”
”ဒါဆို လူနေရပ်ကွက်ဖြစ်ဖို့ ခက်ခဲမှာပေါ့”
”အချို့ကလည်း ရောင်းချလွှဲပြောင်းတဲ့ လယ်ယာမြေတွေဟာ လူနေရပ်ကွက်နဲ့ နီးစပ်တဲ့ နေရာဖြစ်ရင်တော့ အနှေးနဲ့အမြန် လူနေရပ်ကွက် ဖြစ်လာမှာပဲဆိုတဲ့ စိတ်ကူးနဲ့ ဝယ်ကြတာရှိတယ်”
”လူနေရပ်ကွက်ဖြစ်ဖို့ ဘယ်လို ဆောင်ရွက်ရပါသလဲ”
”စပါးသီးနှံကိုသာ စိုက်ပျိုးတဲ့ ‘လယ်မြေ’ဆိုရင်တော့ လယ်ယာမြေ ဥပဒေပုဒ်မ ၃ဝ (က) အရ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ် ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ရဲ့ စိစစ် ထောက်ခံချက်နဲ့ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ထံ တင်ပြခွင့်ပြုချက် ရယူရမှာ ဖြစ်ပါတယ်။
အဲဒီလို လျှောက်ထားချက်ပုံစံကို ပုံစံ ၃ဝ (က) လို့ အလွယ်တကူ ပြောနေကြတာ ဖြစ်တယ်”
”ပုံစံ ၃ဝ(ခ) ဆိုတာလည်း ပြောတယ်။ အဲဒါက ဘယ်လို အမျိုးအစားလဲ”
‘‘ပုံစံ ၃ဝ(ခ) ဆိုတာက စပါးသီးနှံ တစ်မျိုးကိုသာ စိုက်ပျိုးတဲ့ လယ်မြေ မဟုတ်ဘဲ ကျန်လယ်ယာမြေတွေကို အခြားနည်း အသုံးပြုဖို့ လျှောက်ထားရာမှာ ပုံစံ ၃ဝ (ခ) အရ လျှောက်ထားရတယ်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ရဲ့ စိစစ်ထောက်ခံချက်နဲ့ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ထံ တင်ပြခွင့်ပြုချက် ရယူရမှာ ဖြစ်တယ်”
”သက်ဆိုင်ရာ အဖွဲ့အစည်းက ထုတ်ပေးတဲ့ အခြားနည်း အသုံးပြုခွင့် လက်မှတ်ကို ပုံစံဘယ်လောက်လို့ ခေါ်ပါသလဲ”
”ပုံစံ ၃ဝ (က) အရ စပါးသီးနှံ စိုက်ပျိုးတဲ့ လယ်မြေပေါ်မှာ အခြားနည်းအသုံးပြုခွင့် လက်မှတ်ကို ပုံစံ ၁၅ (က)လို့ ခေါ်ကြပြီး ကျန်လယ် မြေပေါ်မှာ အခြားနည်း အသုံးပြုခွင့် လက်မှတ်ကို ပုံစံ ၁၅ (ခ) လို့ ခေါ်ကြ တယ်”
”အဲဒီ ပုံစံ ၁၅(က)၊ ပုံစံ ၁၅(ခ) ဖြစ်တဲ့ အခြားနည်းအသုံးပြုခွင့် လက်မှတ်ရရင် လယ်မြေပေါ်မှာ အိမ်ဆောက်နေထိုင်နိုင်ပြီပေါ့”
”မှန်ပါတယ်။ ဒါကြောင့် လယ်ယာမြေကို ဝယ်တဲ့အခါ သေချာစိစစ် ဝယ်ယူဖို့ လိုပါတယ်”
”အကွက်ရိုက် ခြံစည်းရိုးခတ်ထားရုံနဲ့ လယ်ယာမြေ ခွဲစိတ်ထားပြီးလို့ ယူဆမရဘူးပေါ့”
”ဟုတ်ပါတယ်။ ဝယ်ရောင်း အကျိုးဆောင် ပွဲစားများနဲ့ ဆောင်ရွက်တဲ့အခါ လယ်ယာမြေပုံစံ (၇)နဲ့ အတူ ပုံစံ (၁ဝ၅) မြေပုံမြေရာဇဝင် ပါရှိခြင်း ရှိမရှိ စိစစ်ဝယ်ယူသင့်တယ် သူငယ်ချင်း” ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။
Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)
Leave a Reply