ဆန္ေတြ ပိုးတက္ရတဲ့ အေၾကာင္းရင္းႏွင့္ ကာကြယ္ႏိုင္မယ့္နည္းလမ္းမ်ား (အိမ္ရွင္မတိုင္း သိသင့္တဲ့ အေၾကာင္းအရာေတြပါ)

ဆန္ေတြ ပိုးတက္ရတဲ့ အေၾကာင္းရင္းႏွင့္ ကာကြယ္ႏိုင္မယ့္နည္းလမ္းမ်ား
ဆန္ေတြ ပိုးတက္ရတဲ့ အေၾကာင္းရင္းႏွင့္ ကာကြယ္ႏိုင္မယ့္နည္းလမ္းမ်ား

ဆန္ေတြ ပိုးတက္ရတဲ့ အေၾကာင္းရင္းႏွင့္ ကာကြယ္ႏိုင္မယ့္နည္းလမ္းမ်ား (အိမ္ရွင္မတိုင္း သိသင့္တဲ့ အေၾကာင္းအရာေတြပါ)

အိမ္ရွင္မေတြ ႀကဳံေတြ႕ရေလ့ရွိတဲ့ စိတ္ရႈပ္စရာတစ္ခုကေတာ့ ဆန္ပိုးတက္တဲ့ ကိစၥပါပဲ။ ထမင္းတစ္ခါခ်က္ဖို႔အေရး ထမင္းခ်က္တဲ့ေနရာ မေရာက္လိုက္ဘဲ ဆန္ပိုးဖယ္ေနရတာနဲ႔တင္ အခ်ိန္ကုန္သြားတတ္တာမ်ိဳးေပါ့။

ဒါေၾကာင့္ ဒီေန႔ေတာ့ ဆန္ပိုးနဲ႔ပတ္သက္တဲ့ ဗဟုသုတရဖြယ္ အေၾကာင္းအရာေလးေတြကို အိမ္ရွင္မေတြအတြက္ အသုံးဝင္ေအာင္ ေျပာျပေပးလိုက္ပါတယ္ေနာ္။…..

ဆန္ပိုးဘယ္ကစ…. ဆန္ရဲ႕ သဘာဝအရ ၾကာရွည္သိုေလွာင္ထားရင္ ပိုးတက္ေလ့ရွိပါတယ္။ ႀကိတ္သားေပၚမွာလည္း မူတည္ၿပီးေတာ့လည္း စက္႐ုံကထြက္လာတဲ့ ႀကိတ္သားေကာင္းရင္ေကာင္းသလို

(၃) လအထိ အထားခံတာမ်ိဳးလည္းရွိပါတယ္၊ ႀကိတ္သား သိပ္မေကာင္းတဲ့ဆန္မ်ိဳးက်ေတာ့ (၁) လေလာက္အထိပဲ အထားခံတာမ်ိဳးလည္း ရွိတတ္ပါတယ္။…

ဆန္ပိုးတက္ၿပီဆိုရင္ ပထမအဆင့္မွာ ဆန္ပိုးအမေတြက ဆန္ေစ့ေတြကိုေဖာက္ၿပီး ဥဥပါတယ္။

ဆန္ပိုးတစ္ေကာင္ရဲ႕ သက္တမ္းက ပ်မ္းမွ် ၂၇ ရက္မို႔ ဆန္ပိုးအမတစ္ေကာင္ဟာ သူ႔သက္တမ္းအတြင္း အၾကမ္းဖ်ဥ္းအားျဖင့္ ဥေပါင္း ၃၀၀ ေက်ာ္ ဥပါတယ္။ ဥကတစ္ဆင့္ ဆန္ပိုးေတြ ေပါက္ဖြားလာပါတယ္။

ဒုတိယအဆင့္မွာ ဆန္ပိုးအေကာင္ေတြ ပိုႀကီးလာၿပီး ေပါက္ပြားႏႈန္းလည္း ပိုျမန္လာပါတယ္။ ဒီအဆင့္အထိ ဆန္ပိုးေတြကို ဖယ္ရွားၿပီး ဆန္အေကာင္းကို ျပန္ေ႐ြးလို႔ရႏိုင္ပါေသးတယ္။

တတိယအဆင့္ေရာက္သြားရင္ေတာ့ ဆန္ေတြက လက္နဲ႔ျဖစ္လိုက္ရင္ကို ေၾကမြသြားတာမ်ိဳး၊ ဘယ္လိုမွကို ခ်က္လို႔မရေတာ့တာမ်ိဳး ျဖစ္သြားၿပီး လႊင့္ပစ္လိုက္ရေတာ့တာပါပဲ။…

အဲဒီေတာ့ ဆန္ပိုးမတက္ေအာင္..ဆန္ကို ဆန္အိတ္ထဲမွာပဲ သိုေလွာင္ထားမယ္ဆိုရင္ ဆန္ပိုးမတက္ခင္ အိတ္သားအရင္တက္ေလ့ရွိပါတယ္။

အိတ္သားတက္တယ္ဆိုတာ ဆန္က မေဖြးေတာ့ဘဲ ညိဳညစ္ညစ္ျဖစ္လာတာမ်ိဳးေပါ့။ ဒါေၾကာင့္ ဆန္ကို အိတ္အစား ေလလုံတဲ့ ဆန္အိုး၊ ဆန္ပုံးတို႔နဲ႔ သိုေလွာင္သင့္ပါတယ္။

ၾကက္သြန္နီ၊ ျငဳပ္သီးေျခာက္၊ မီးေသြးတို႔ကို ဆန္အိုးထဲေရာထည့္ထားရင္လည္း ဆန္ပိုးတက္ျခင္းကို သက္သာေစႏိုင္ပါတယ္။

“ဆန္ပိုးဖယ္ရွားနည္း”

ဆန္ပိုးမတက္ေအာင္ နည္းမ်ိဳးစုံနဲ႔ ကာကြယ္ေနတဲ့ၾကားက ဆန္ပိုးတက္လာၿပီဆိုရင္ေတာ့ ေအာက္ပါ နည္း (၅) နည္းနဲ႔လည္း ေျဖရွင္းႏိုင္ပါေသးတယ္။

(၁) ဆန္ကိုေနပူပူထဲမွာ ၁၅ မိနစ္ေလာက္ ျပထားလိုက္ပါ။ ၿပီးရင္ စေကာဝိုင္းထဲထည့္ၿပီး ဆန္ျပာလိုက္ရင္ အလယ္မွာ ဆန္ပိုးေတြ စုလာပါလိမ့္မယ္။…

(၂) ဆန္ထည့္ထားတဲ့ အိတ္၊ အိုး၊ ပုံးတို႔ကို ဖြင့္ၿပီးေတာ့ ဆန္ေပၚမွာ အဝတ္စအျဖဴေလး အုပ္ေပးထားလိုက္ပါ။ ခဏၾကာရင္ အဝတ္စေပၚကို ဆန္ပိုးေတြ တက္လာပါလိ့မ္မယ္။ အဝတ္ကို ေရမစိုေအာင္ေတာ့ သတိျပဳဖို႔လိုပါတယ္။…

(၃) ဆန္ကို ေရခဲေသတၱာထဲ သုံးရက္ထည့္ထားလိုက္မယ္ဆိုရင္လည္း ဆန္ပိုးေတြကို ႏွိမ္နင္းၿပီးသား ျဖစ္ပါလိမ့္မယ္။…

(၄) အၾကာႀကီး သိမ္းဆည္းမထားပါနဲ႔။ ဆန္ေတြကို ႏွစ္ရွည္လမ်ားစြာ သိမ္းဆည္းစားသုံးျခင္းကလည္း ပိုးထိုးတတ္ပါတယ္။…

(၅) သစ္သားပုံးေတြထဲမွာ ဆန္မ်ားကို ထည့္သြင္း မသိုေလွာင္ထားပါနဲ႔။ သစ္သားပုံးေတြထဲမွာ ဆန္မ်ား ထည့္သြင္းထားပါက ပိုးထိုးျမန္ေစပါတယ္။

တကယ္လို႔ ဆန္ထဲက ပိုးေကာင္ေတြကို ရွင္းထုတ္ခ်င္ပါက ဆန္ထဲသို႔ ျငဳပ္သီ အေျခာက္ေတာင့္မ်ား ထည့္သြင္းထားလိုက္ ပါက ဆန္ပိုးမ်ား ကင္းရွင္းသြားပါလိမ့္မည္။

တကယ္ လို႔ ေရရွည္သိမ္းဆည္းၿပီးစားသုံးခ်င္ပါက ကရေဝး႐ြက္ “Bay leaves” မ်ားကို ဆန္အတြင္းသို႔ ေရာေႏွာ ၍ထည့္ထားလိုက္ပါက ပိုးထိုးျခင္းရန္မွ ကင္းေဝးေစပါတယ္။

Unicode

ဆန်တွေ ပိုးတက်ရတဲ့ အကြောင်းရင်းနှင့် ကာကွယ်နိုင်မယ့်နည်းလမ်းများ (အိမ်ရှင်မတိုင်း သိသင့်တဲ့ အကြောင်းအရာတွေပါ)

အိမ်ရှင်မတွေ ကြုံတွေ့ရလေ့ရှိတဲ့ စိတ်ရှုပ်စရာတစ်ခုကတော့ ဆန်ပိုးတက်တဲ့ ကိစ္စပါပဲ။ ထမင်းတစ်ခါချက်ဖို့အရေး ထမင်းချက်တဲ့နေရာ မရောက်လိုက်ဘဲ ဆန်ပိုးဖယ်နေရတာနဲ့တင် အချိန်ကုန်သွားတတ်တာမျိုးပေါ့။

ဒါကြောင့် ဒီနေ့တော့ ဆန်ပိုးနဲ့ပတ်သက်တဲ့ ဗဟုသုတရဖွယ် အကြောင်းအရာလေးတွေကို အိမ်ရှင်မတွေအတွက် အသုံးဝင်အောင် ပြောပြပေးလိုက်ပါတယ်နော်။…..

ဆန်ပိုးဘယ်ကစ…. ဆန်ရဲ့ သဘာဝအရ ကြာရှည်သိုလှောင်ထားရင် ပိုးတက်လေ့ရှိပါတယ်။ ကြိတ်သားပေါ်မှာလည်း မူတည်ပြီးတော့လည်း စက်ရုံကထွက်လာတဲ့ ကြိတ်သားကောင်းရင်ကောင်းသလို

(၃) လအထိ အထားခံတာမျိုးလည်းရှိပါတယ်၊ ကြိတ်သား သိပ်မကောင်းတဲ့ဆန်မျိုးကျတော့ (၁) လလောက်အထိပဲ အထားခံတာမျိုးလည်း ရှိတတ်ပါတယ်။…

ဆန်ပိုးတက်ပြီဆိုရင် ပထမအဆင့်မှာ ဆန်ပိုးအမတွေက ဆန်စေ့တွေကိုဖောက်ပြီး ဥဥပါတယ်။

ဆန်ပိုးတစ်ကောင်ရဲ့ သက်တမ်းက ပျမ်းမျှ ၂၇ ရက်မို့ ဆန်ပိုးအမတစ်ကောင်ဟာ သူ့သက်တမ်းအတွင်း အကြမ်းဖျဉ်းအားဖြင့် ဥပေါင်း ၃၀၀ ကျော် ဥပါတယ်။ ဥကတစ်ဆင့် ဆန်ပိုးတွေ ပေါက်ဖွားလာပါတယ်။

ဒုတိယအဆင့်မှာ ဆန်ပိုးအကောင်တွေ ပိုကြီးလာပြီး ပေါက်ပွားနှုန်းလည်း ပိုမြန်လာပါတယ်။ ဒီအဆင့်အထိ ဆန်ပိုးတွေကို ဖယ်ရှားပြီး ဆန်အကောင်းကို ပြန်ရွေးလို့ရနိုင်ပါသေးတယ်။

တတိယအဆင့်ရောက်သွားရင်တော့ ဆန်တွေက လက်နဲ့ဖြစ်လိုက်ရင်ကို ကြေမွသွားတာမျိုး၊ ဘယ်လိုမှကို ချက်လို့မရတော့တာမျိုး ဖြစ်သွားပြီး လွှင့်ပစ်လိုက်ရတော့တာပါပဲ။…

အဲဒီတော့ ဆန်ပိုးမတက်အောင်..ဆန်ကို ဆန်အိတ်ထဲမှာပဲ သိုလှောင်ထားမယ်ဆိုရင် ဆန်ပိုးမတက်ခင် အိတ်သားအရင်တက်လေ့ရှိပါတယ်။

အိတ်သားတက်တယ်ဆိုတာ ဆန်က မဖွေးတော့ဘဲ ညိုညစ်ညစ်ဖြစ်လာတာမျိုးပေါ့။ ဒါကြောင့် ဆန်ကို အိတ်အစား လေလုံတဲ့ ဆန်အိုး၊ ဆန်ပုံးတို့နဲ့ သိုလှောင်သင့်ပါတယ်။

ကြက်သွန်နီ၊ ငြုပ်သီးခြောက်၊ မီးသွေးတို့ကို ဆန်အိုးထဲရောထည့်ထားရင်လည်း ဆန်ပိုးတက်ခြင်းကို သက်သာစေနိုင်ပါတယ်။

“ဆန်ပိုးဖယ်ရှားနည်း”

ဆန်ပိုးမတက်အောင် နည်းမျိုးစုံနဲ့ ကာကွယ်နေတဲ့ကြားက ဆန်ပိုးတက်လာပြီဆိုရင်တော့ အောက်ပါ နည်း (၅) နည်းနဲ့လည်း ဖြေရှင်းနိုင်ပါသေးတယ်။

(၁) ဆန်ကိုနေပူပူထဲမှာ ၁၅ မိနစ်လောက် ပြထားလိုက်ပါ။ ပြီးရင် စကောဝိုင်းထဲထည့်ပြီး ဆန်ပြာလိုက်ရင် အလယ်မှာ ဆန်ပိုးတွေ စုလာပါလိမ့်မယ်။…

(၂) ဆန်ထည့်ထားတဲ့ အိတ်၊ အိုး၊ ပုံးတို့ကို ဖွင့်ပြီးတော့ ဆန်ပေါ်မှာ အဝတ်စအဖြူလေး အုပ်ပေးထားလိုက်ပါ။ ခဏကြာရင် အဝတ်စပေါ်ကို ဆန်ပိုးတွေ တက်လာပါလိ့မ်မယ်။ အဝတ်ကို ရေမစိုအောင်တော့ သတိပြုဖို့လိုပါတယ်။…

(၃) ဆန်ကို ရေခဲသေတ္တာထဲ သုံးရက်ထည့်ထားလိုက်မယ်ဆိုရင်လည်း ဆန်ပိုးတွေကို နှိမ်နင်းပြီးသား ဖြစ်ပါလိမ့်မယ်။…

(၄) အကြာကြီး သိမ်းဆည်းမထားပါနဲ့။ ဆန်တွေကို နှစ်ရှည်လများစွာ သိမ်းဆည်းစားသုံးခြင်းကလည်း ပိုးထိုးတတ်ပါတယ်။…

(၅) သစ်သားပုံးတွေထဲမှာ ဆန်များကို ထည့်သွင်း မသိုလှောင်ထားပါနဲ့။ သစ်သားပုံးတွေထဲမှာ ဆန်များ ထည့်သွင်းထားပါက ပိုးထိုးမြန်စေပါတယ်။

တကယ်လို့ ဆန်ထဲက ပိုးကောင်တွေကို ရှင်းထုတ်ချင်ပါက ဆန်ထဲသို့ ငြုပ်သီ အခြောက်တောင့်များ ထည့်သွင်းထားလိုက် ပါက ဆန်ပိုးများ ကင်းရှင်းသွားပါလိမ့်မည်။

တကယ် လို့ ရေရှည်သိမ်းဆည်းပြီးစားသုံးချင်ပါက ကရဝေးရွက် “Bay leaves” များကို ဆန်အတွင်းသို့ ရောနှော ၍ထည့်ထားလိုက်ပါက ပိုးထိုးခြင်းရန်မှ ကင်းဝေးစေပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*