လႊင့္ျပစ္လိုက္တဲ့ ငွက္ေပ်ာခြံေတြကို ခႏၶာကိုယ္အလွအပ အတြက္ ျပန္လည္အသုံးခ်နည္းမ်ား

လႊင့္ျပစ္လိုက္တဲ့ ငွက္ေပ်ာခြံေတြကို ခႏၶာကိုယ္အလွအပ အတြက္ ျပန္လည္အသုံးခ်နည္းမ်ား
လႊင့္ျပစ္လိုက္တဲ့ ငွက္ေပ်ာခြံေတြကို ခႏၶာကိုယ္အလွအပ အတြက္ ျပန္လည္အသုံးခ်နည္းမ်ား

လႊင့္ျပစ္လိုက္တဲ့ ငွက္ေပ်ာခြံေတြကို ခႏၶာကိုယ္အလွအပ အတြက္ ျပန္လည္အသုံးခ်နည္းမ်ား

ငွက္ေပ်ာသီးရဲ႕ အက်ိဳးေက်းဇူးမ်ားကို ေကာင္းစြာသိေပမယ့္ သူတို႔အခြံ၏ အစြမ္းထက္တဲ့ ဂုဏ္သတိၱမ်ားရဲ႕ အေရးပါပံုကို သိတဲ့သူနည္းပါတယ္။

ငွက္ေပ်ာသီးကိုစားၿပီးလွ်င္ အခြံေတြကို မပစ္လိုက္ပါနဲ႔ ။ ငွက္ေပ်ာသီးအခြံရဲ႕ အာဟာရ အက်ိဳးေက်းဇူးမ်ားကို အိႏိၵယကဲ့သို႔ေသာ တခ်ိဳ႕တိုင္းျပည္ကလူမ်ားက အသံုးျပဳၾကပါတယ္။

၁။ ဝက္ၿခံေတြကို ေလ်ာ့က်ဖို႔ ကူညီေပးပါတယ္

ငွက္ေပ်ာခြံမွာ ဗီတာမင္စီႏွင့္ ဗီတာမင္အီးတို႔ပါဝင္ၿပီး ပိုတတ္စီယမ္၊ ဇင့္၊ သံဓါတ္နွင့္ မဂၢနိစ္တို႔လည္း ပါဝင္ပါတယ္။ ဒီအာဟာရဓါတ္မ်ားက အေရျပားေရာင္ရမ္းျခင္းႏွင့္ ဝက္ၿခံထြက္ျခင္းကို ေလ်ာ့ခ်ေပးႏိုင္ပါတယ္။

ဒါ့အျပင္ ငွက္ေပ်ာခြံမွာ ဝက္ၿခံထြက္ျခင္းႏွင့္ ေရာင္ရမ္းျခင္းကို တိုက္ဖ်က္ကူညီေပးတဲ့ အဆီေပ်ာ္ဝင္ျဒပ္ေပါင္းေတြျဖစ္တဲ့ lutein နဲ႔ carotenoids တို႔ပါဝင္ပါတယ္။

သင့္အေရျပားေပၚကို ငွက္ေပ်ာခြံနွင့္ ပြတ္သပ္ေပးၿပီး ၅မိနစ္ ၁၀မိနစ္ေလာက္ထားပါ။ ၿပီးမွ ေရႏွင့္ ေဆးေပးပါ။ တစ္ေန႔ ၂ႀကိမ္ေလာက္ ျပဳလုပ္္္ေပးပါ။

၂။ အေရးအေၾကာင္းေတြကို ေလွ်ာ့ခ်ကူညီေပးပါတယ္

အေရျပားဟာ ၎ရဲ႕ဆန္႔က်ံဳႏိုင္တဲ့ ဂုဏ္သတိၱေတြ ဆံုးရံႈးလာတဲ့အခါ မ်က္ႏွာအေရးအေၾကာင္းေတြ ျဖစ္ေပၚလာပါတယ္။

ငွက္ေပ်ာသီးထဲမွာ အင္တီေအာက္ဆီဒင့္ႏွင့္ ဗီတာမင္စီတို႔က အေရးအေၾကာင္းရဲ႕အသြင္အျပင္ကို ေလ်ာ့ခ်ဖို႔ ကူညီေပးႏိုင္ပါတယ္။

ငွက္ေပ်ာခြံႏွင့္ သင့္အသားအေရေပၚမွာ ပြတ္တိုက္ေပးၿပီး မိနစ္ 30 သို႔မဟုတ္ တစ္ညထားပါ။ သင့္မ်က္နွာကို သန္႔စင္ၿပီး moisturize လုပ္ေပးပါ။ တစ္ပတ္ကို ၃ႀကိမ္ ျပဳလုပ္ေပးရပါမယ္။

၃။ ေငြထည္ေတြကို အေရာင္တင္ႏိုင္ပါတယ္

သင့္ေငြထည္ေတြ အေရာင္ေတာက္ပမႈ ေလ်ာ့နည္းသြားတဲ့အခါ ငွက္ေပ်ာခြံတစ္ခုကို အသံုးျပဳၿပီး ႀကိဳးစားၾကည့္ပါ။

ငွက္ေပ်ာခြံအတြင္းမွာ သတၱဳအရာဝတၱဳေတြကို သန္႔ရွင္းဖို႔ ကူညီေပးတဲ့ ပိုတတ္စီယမ္ကဲ့သို႔ ဓါတ္ပစၥည္းမ်ား ပါဝင္ပါတယ္။

ငွက္ေပ်ာခြံကိုယူၿပီး blender ထဲမွာ ထည့္ေမြပါ။ေရကို ခြက္တစ္ဝက္စာေလာက္ထည့္ၿပီး ခပ္ပ်စ္ပ်စ္ရတဲ့အထိေမႊပါ။ ၿပီးမွ သင့္ေငြထည္လက္ဝတ္ရတနာကို မိနစ္အနည္းငယ္ေလာက္ ပြတ္တိုက္ေပးပါ။

၄။ အလြယ္တကူ ေျမေဆြးေရာစပ္မယ္

သင့္ရဲ႕ေျမေဆြးပံုထဲကို ငွက္ေပ်ာခြံထည့္ျခင္းက အပင္ေတြကို က်န္းမာစြာ ရွင္သန္ေစဖို႔ အေရးပါတဲ့ ဆိုဒီယမ္၊ ပိုတတ္ဆီယမ္၊ေဖာ့စဖိတ္၊ ဆာလဖာ၊ မဂၢနီစီယမ္ႏွင့္ ကယ္စီယမ္အမ်ားႀကီး ပါဝင္ပါလိမ့္မယ္။

ငွက္ေပ်ာခြံေတြကို အပိုငး္ေသးေသးေလးေတြျဖတ္ၿပီး ထြက္ရွိလာမယ့္အျမစ္ေတြကို ေျမၾသဇာရရွိေစဖို႔ အပင္ေအာက္မွာ ငွက္ေပ်ာခြံေတြကို ျမဳပ္ပါ။အေပၚကေန ေျမဆီလႊာ ဖို႔ေပးပါ။ အပင္ေတြကို ခ်က္ခ်င္းပဲ ေရေလာင္းေပးပါ။

၅။ သင့္သြားကို ျဖဴဝင္းေစပါတယ္

ငွက္ေပ်ာသီးမွည့္အခြံေတြမွာ ပိုတက္ဆီယမ္ေတြ ၾကြယ္ဝတာေၾကာင့္ ေကာ္ဖီ၊ လက္ဖက္ရည္ စတာေတြ ေသာက္သံုးျခင္းေၾကာင့္ ျဖစ္ေပၚလာတဲ့ သြားဝါတာေတြကို ေလ်ာ့က်ေပးနိုင္ပါတယ္။ သင့္သြားကိုတိုက္ၿပီး ေကာင္းစြာ သန္႔စင္ေပးပါ။

ငွက္ေပ်ာခြံအတြင္းသားကိုယူၿပီး ၂မိနစ္ေလာက္ သြားေတြကို ပြတ္ေပးပါ။ ၿပီးမွ ပလုပ္ျပန္က်င္းေပးပါ။ ဒါကို ေန႔တုိင္းလုပ္ေပးႏိုင္ပါတယ္။

၆။ အမာရြတ္မ်ား၏အသြင္အျပင္ကို ေလ်ာ့က်ဖို႔ ကူညီေပးပါတယ္

ငွက္ေပ်ာခြံမ်ားမွာ အမာရြတ္မ်ား၊ နီျမန္းျခင္း၊ ေရာင္ရမ္းျခင္းကဲ့သို႔ အသားအေရက်ိန္းစပ္ျခင္းတို႔ကို ေလွ်ာ့ခ်ႏိုင္စြမ္း ရွိိပါတယ္။

သူတို႔မွာ အမာရြတ္ေတြရဲ႕ ျမင္သာမႈကို ေလ်ာ့ပါးသြားေစတာေၾကာင့္ လိုးရွင္းအမ်ိဳးမ်ိဳးထဲမွာ ထည့္သြင္းေဖာ္စပ္ေလ့ရွိတဲ့ esterified fatty acids တို႔လည္း ပါဝင္ပါတယ္။

ငွက္ေပ်ာခြံကို ယူၿပီး အမာရြတ္ရွိတဲ့ ေနရာကို လိမ္းပါ။ တစ္ည သို႔မဟုတ္ တစ္နာရီေလာက္ထားေပးပါ။ ေန႔တုိင္းလုပ္ေပးပါက အမာရြတ္ေလ်ာ့ပါးသြားတာကို ျမင္ရမွာပါ။

၇။ ေခါင္းတစ္ျခမ္းကိုက္ျခင္းႏွင့္ ေခါင္းကိုက္ျခင္းကို ကူညီေပးပါတယ္

ေခါင္းတစ္ျခမ္းကိုက္ေနလို႔ ကုသဖို႔ သဘာဝနည္းလမ္းရွာေနတယ္ဆိုရင္ နည္းလမ္းေကာင္းေလးရွိပါတယ္။ ငွက္ေပ်ာခြံတစ္ခုကို နဖူးႏွင့္ လည္ပင္းေနာက္ေက်ာေပၚမွာ ကန္႔လန္႔ျဖတ္တင္ပါ။

ေခါင္းကိုက္တာေတြကို သက္သာေအာင္ ကူညီႏိုင္ပါတယ္။ ဒါက အခြံထဲမွာပါတဲ့ ပိုတတ္ဆီယမ္ေၾကာင့္ ျဖစ္ပါတယ္။

ေရခဲေသတၱာထဲမွာ ၁နာရီေလာက္ ငွက္ေပ်ာခြံကို ထားပါ။ သင့္နဖူးႏွင့္ လည္ပင္းအေနာက္မွာ ငွက္ေပ်ာခြံတစ္ခုစီကို ေႏြးလာတဲ့အထိ ကန္႔လန္႔ျဖတ္တင္ထားပါ။ ေခါင္းကိုက္ေနဆဲပဲဆိုရင္ အေအးခံထားတဲ့ ငွက္ေပ်ာခြံႏွင့္ ျပန္ၿပီး လုပ္ေပးပါ။

၈။ အသားေတြကို ႏူးညံ့ေစပါတယ္

သင့္ရဲ႕အမဲသားတံုးေတြကို စြတ္စိုၿပီး ႏူးညံ့ေစဖို႔ အကင္ဒယ္ထဲမွာ ငွက္ေပ်ာသီးအမွည့္အခြံတစ္ခ်ိဳ႕ကို ထည့္ပါ။ ဒီနည္းလမ္းက သင့္အသားကင္ကို အရသာအျပည့္အဝ ရရွိေစမွာပါ။

၉။ အေရျပားယားယံျခင္းကို သက္သာေစပါတယ္

ငွက္ေပ်ာခြံေတြဟာ အေရျပားယားယံမႈအတြက္ အေကာင္းဆံုးအိမ္တြင္းေဆးတစ္လက္ျဖစ္ပါတယ္။ ငွက္ေပ်ာခြံမ်ားမွာ မဂၢနီစီယမ္ ၊ဗီတာမင္ စီႏွင့္ ဗီတာမင္အီးကဲ့သို႔ အာဟာရဓါတ္မ်ား histamine ပါဝင္ပါတယ္။

ငွက္ေပ်ာခြံေတြကို ျခင္ကိုက္ျခင္း၊ အိုင္ဗီပန္းအဆိပ္ေတြကေန ယားယံျခင္းကို သက္သာဖို႔ အသံုးျပဳႏိုင္ပါတယ္။ ငွက္ေပ်ာခြံအတြင္းပိုင္းကို ယားယံတဲ ေနရာေတြမွာ လိမ္းေပးပါ။ ၁၀မိနစ္ မိနစ္ ၂၀ေလာက္ထားၿပီးမွ ဖယ္ရွားေပးပါ။Crd မူရင္းေရးသားသူ

Unicode

လွှင့်ပြစ်လိုက်တဲ့ ငှက်ပျောခွံတွေကို ခန္ဓာကိုယ်အလှအပ အတွက် ပြန်လည်အသုံးချနည်းများ

ငှက်ပျောသီးရဲ့ အကျိုးကျေးဇူးများကို ကောင်းစွာသိပေမယ့် သူတို့အခွံ၏ အစွမ်းထက်တဲ့ ဂုဏ်သတ္တိများရဲ့ အရေးပါပုံကို သိတဲ့သူနည်းပါတယ်။

ငှက်ပျောသီးကိုစားပြီးလျှင် အခွံတွေကို မပစ်လိုက်ပါနဲ့ ။ ငှက်ပျောသီးအခွံရဲ့ အာဟာရ အကျိုးကျေးဇူးများကို အိန္ဒိယကဲ့သို့သော တချို့တိုင်းပြည်ကလူများက အသုံးပြုကြပါတယ်။

၁။ ဝက်ခြံတွေကို လျော့ကျဖို့ ကူညီပေးပါတယ်

ငှက်ပျောခွံမှာ ဗီတာမင်စီနှင့် ဗီတာမင်အီးတို့ပါဝင်ပြီး ပိုတတ်စီယမ်၊ ဇင့်၊ သံဓါတ်နှင့် မဂ္ဂနိစ်တို့လည်း ပါဝင်ပါတယ်။ ဒီအာဟာရဓါတ်များက အရေပြားရောင်ရမ်းခြင်းနှင့် ဝက်ခြံထွက်ခြင်းကို လျော့ချပေးနိုင်ပါတယ်။

ဒါ့အပြင် ငှက်ပျောခွံမှာ ဝက်ခြံထွက်ခြင်းနှင့် ရောင်ရမ်းခြင်းကို တိုက်ဖျက်ကူညီပေးတဲ့ အဆီပျော်ဝင်ဒြပ်ပေါင်းတွေဖြစ်တဲ့ lutein နဲ့ carotenoids တို့ပါဝင်ပါတယ်။

သင့်အရေပြားပေါ်ကို ငှက်ပျောခွံနှင့် ပွတ်သပ်ပေးပြီး ၅မိနစ် ၁၀မိနစ်လောက်ထားပါ။ ပြီးမှ ရေနှင့် ဆေးပေးပါ။ တစ်နေ့ ၂ကြိမ်လောက် ပြုလုပ်ပေးပါ။

၂။ အရေးအကြောင်းတွေကို လျှော့ချကူညီပေးပါတယ်

အရေပြားဟာ ၎င်းရဲ့ဆန့်ကျုံနိုင်တဲ့ ဂုဏ်သတ္တိတွေ ဆုံးရှုံးလာတဲ့အခါ မျက်နှာအရေးအကြောင်းတွေ ဖြစ်ပေါ်လာပါတယ်။

ငှက်ပျောသီးထဲမှာ အင်တီအောက်ဆီဒင့်နှင့် ဗီတာမင်စီတို့က အရေးအကြောင်းရဲ့အသွင်အပြင်ကို လျော့ချဖို့ ကူညီပေးနိုင်ပါတယ်။

ငှက်ပျောခွံနှင့် သင့်အသားအရေပေါ်မှာ ပွတ်တိုက်ပေးပြီး မိနစ် 30 သို့မဟုတ် တစ်ညထားပါ။ သင့်မျက်နှာကို သန့်စင်ပြီး moisturize လုပ်ပေးပါ။ တစ်ပတ်ကို ၃ကြိမ် ပြုလုပ်ပေးရပါမယ်။

၃။ ငွေထည်တွေကို အရောင်တင်နိုင်ပါတယ်

သင့်ငွေထည်တွေ အရောင်တောက်ပမှု လျော့နည်းသွားတဲ့အခါ ငှက်ပျောခွံတစ်ခုကို အသုံးပြုပြီး ကြိုးစားကြည့်ပါ။

ငှက်ပျောခွံအတွင်းမှာ သတ္တုအရာဝတ္တုတွေကို သန့်ရှင်းဖို့ ကူညီပေးတဲ့ ပိုတတ်စီယမ်ကဲ့သို့ ဓါတ်ပစ္စည်းများ ပါဝင်ပါတယ်။

ငှက်ပျောခွံကိုယူပြီး blender ထဲမှာ ထည့်မွေပါ။ရေကို ခွက်တစ်ဝက်စာလောက်ထည့်ပြီး ခပ်ပျစ်ပျစ်ရတဲ့အထိမွှေပါ။ ပြီးမှ သင့်ငွေထည်လက်ဝတ်ရတနာကို မိနစ်အနည်းငယ်လောက် ပွတ်တိုက်ပေးပါ။

၄။ အလွယ်တကူ မြေဆွေးရောစပ်မယ်

သင့်ရဲ့မြေဆွေးပုံထဲကို ငှက်ပျောခွံထည့်ခြင်းက အပင်တွေကို ကျန်းမာစွာ ရှင်သန်စေဖို့ အရေးပါတဲ့ ဆိုဒီယမ်၊ ပိုတတ်ဆီယမ်၊ဖော့စဖိတ်၊ ဆာလဖာ၊ မဂ္ဂနီစီယမ်နှင့် ကယ်စီယမ်အများကြီး ပါဝင်ပါလိမ့်မယ်။

ငှက်ပျောခွံတွေကို အပိုင်းသေးသေးလေးတွေဖြတ်ပြီး ထွက်ရှိလာမယ့်အမြစ်တွေကို မြေသြဇာရရှိစေဖို့ အပင်အောက်မှာ ငှက်ပျောခွံတွေကို မြုပ်ပါ။အပေါ်ကနေ မြေဆီလွှာ ဖို့ပေးပါ။ အပင်တွေကို ချက်ချင်းပဲ ရေလောင်းပေးပါ။

၅။ သင့်သွားကို ဖြူဝင်းစေပါတယ်

ငှက်ပျောသီးမှည့်အခွံတွေမှာ ပိုတက်ဆီယမ်တွေ ကြွယ်ဝတာကြောင့် ကော်ဖီ၊ လက်ဖက်ရည် စတာတွေ သောက်သုံးခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ သွားဝါတာတွေကို လျော့ကျပေးနိုင်ပါတယ်။ သင့်သွားကိုတိုက်ပြီး ကောင်းစွာ သန့်စင်ပေးပါ။

ငှက်ပျောခွံအတွင်းသားကိုယူပြီး ၂မိနစ်လောက် သွားတွေကို ပွတ်ပေးပါ။ ပြီးမှ ပလုပ်ပြန်ကျင်းပေးပါ။ ဒါကို နေ့တိုင်းလုပ်ပေးနိုင်ပါတယ်။

၆။ အမာရွတ်များ၏အသွင်အပြင်ကို လျော့ကျဖို့ ကူညီပေးပါတယ်

ငှက်ပျောခွံများမှာ အမာရွတ်များ၊ နီမြန်းခြင်း၊ ရောင်ရမ်းခြင်းကဲ့သို့ အသားအရေကျိန်းစပ်ခြင်းတို့ကို လျှော့ချနိုင်စွမ်း ရှိပါတယ်။

သူတို့မှာ အမာရွတ်တွေရဲ့ မြင်သာမှုကို လျော့ပါးသွားစေတာကြောင့် လိုးရှင်းအမျိုးမျိုးထဲမှာ ထည့်သွင်းဖော်စပ်လေ့ရှိတဲ့ esterified fatty acids တို့လည်း ပါဝင်ပါတယ်။

ငှက်ပျောခွံကို ယူပြီး အမာရွတ်ရှိတဲ့ နေရာကို လိမ်းပါ။ တစ်ည သို့မဟုတ် တစ်နာရီလောက်ထားပေးပါ။ နေ့တိုင်းလုပ်ပေးပါက အမာရွတ်လျော့ပါးသွားတာကို မြင်ရမှာပါ။

၇။ ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် ခေါင်းကိုက်ခြင်းကို ကူညီပေးပါတယ်

ခေါင်းတစ်ခြမ်းကိုက်နေလို့ ကုသဖို့ သဘာဝနည်းလမ်းရှာနေတယ်ဆိုရင် နည်းလမ်းကောင်းလေးရှိပါတယ်။ ငှက်ပျောခွံတစ်ခုကို နဖူးနှင့် လည်ပင်းနောက်ကျောပေါ်မှာ ကန့်လန့်ဖြတ်တင်ပါ။

ခေါင်းကိုက်တာတွေကို သက်သာအောင် ကူညီနိုင်ပါတယ်။ ဒါက အခွံထဲမှာပါတဲ့ ပိုတတ်ဆီယမ်ကြောင့် ဖြစ်ပါတယ်။

ရေခဲသေတ္တာထဲမှာ ၁နာရီလောက် ငှက်ပျောခွံကို ထားပါ။ သင့်နဖူးနှင့် လည်ပင်းအနောက်မှာ ငှက်ပျောခွံတစ်ခုစီကို နွေးလာတဲ့အထိ ကန့်လန့်ဖြတ်တင်ထားပါ။ ခေါင်းကိုက်နေဆဲပဲဆိုရင် အအေးခံထားတဲ့ ငှက်ပျောခွံနှင့် ပြန်ပြီး လုပ်ပေးပါ။

၈။ အသားတွေကို နူးညံ့စေပါတယ်

သင့်ရဲ့အမဲသားတုံးတွေကို စွတ်စိုပြီး နူးညံ့စေဖို့ အကင်ဒယ်ထဲမှာ ငှက်ပျောသီးအမှည့်အခွံတစ်ချို့ကို ထည့်ပါ။ ဒီနည်းလမ်းက သင့်အသားကင်ကို အရသာအပြည့်အဝ ရရှိစေမှာပါ။

၉။ အရေပြားယားယံခြင်းကို သက်သာစေပါတယ်

ငှက်ပျောခွံတွေဟာ အရေပြားယားယံမှုအတွက် အကောင်းဆုံးအိမ်တွင်းဆေးတစ်လက်ဖြစ်ပါတယ်။ ငှက်ပျောခွံများမှာ မဂ္ဂနီစီယမ် ၊ဗီတာမင် စီနှင့် ဗီတာမင်အီးကဲ့သို့ အာဟာရဓါတ်များ histamine ပါဝင်ပါတယ်။

ငှက်ပျောခွံတွေကို ခြင်ကိုက်ခြင်း၊ အိုင်ဗီပန်းအဆိပ်တွေကနေ ယားယံခြင်းကို သက်သာဖို့ အသုံးပြုနိုင်ပါတယ်။ ငှက်ပျောခွံအတွင်းပိုင်းကို ယားယံတဲ နေရာတွေမှာ လိမ်းပေးပါ။ ၁၀မိနစ် မိနစ် ၂၀လောက်ထားပြီးမှ ဖယ်ရှားပေးပါ။Crd မူရင်းရေးသားသူ

Be the first to comment

Leave a Reply

Your email address will not be published.


*