ေငြေၾကးနဲ႔ ပတ္သက္လာရင္ လူအမ်ားစု ျပဳလုပ္တတ္တဲ့ အမွား (၅) ခု

ေငြေၾကးနဲ႔ ပတ္သက္လာရင္ လူအမ်ားစု ျပဳလုပ္တတ္တဲ့ အမွား (၅) ခု
ေငြေၾကးနဲ႔ ပတ္သက္လာရင္ လူအမ်ားစု ျပဳလုပ္တတ္တဲ့ အမွား (၅) ခု

ေငြေၾကးနဲ႔ ပတ္သက္လာရင္ လူအမ်ားစု ျပဳလုပ္တတ္တဲ့ အမွား (၅) ခု

ကိုယ္ပိုင္ေငြေၾကးကို ကိုင္တြယ္စီမံရတဲ့ အခါ ဘယ္ေလာက္ပဲ ပိုက္ဆံရွာႏိုင္ေနပါေစ မထင္မွတ္ထားတဲ့ အေျခအေနေတြ၊ လူအမ်ားစုရဲ႕ခ်ိဳ႕ယြင္းခ်က္ေတြေၾကာင့္ ပိုက္ဆံ စုေဆာင္းဖို႔က ေနာက္ဆုတ္ေနာက္ဆုတ္ သြားတတ္ပါတယ္။

အခုလို အေျခအေနဟာ ပင္စင္ယူဖို႔ အခ်ိန္ နီးလာေလေလ ပိုၿပီး ဆိုးက်ိဳးေတြ သက္ေရာက္လာေစႏိုင္ေလေလပါပဲ။

အိုဇာတာ ေကာင္းဖို႔အတြက္ ဘယ္လိုပုံစံမ်ိဳးေတြနဲ႔ ေငြေရးေၾကးေရးကို ကိုင္တြယ္ရမလဲဆိုတာကို အခုပဲ ေျပာျပေပးခ်င္ပါတယ္။

၁။ အကူအညီ ေတာင္းခံဖို႔ကို ဝန္မေလးပါနဲ႔

မာနေတြႀကီးၿပီးေတာ့ အရာရာကို ကိုယ့္ဘာသာ လုပ္မယ္ဆိုၿပီး ႀကိဳးစားျခင္းက ဆုံးျဖတ္ခ်က္ အမွားေတြကို မဆင္မျခင္ ခ်မွတ္လိုက္ႏိုင္ပါတယ္။

ဝန္မႏိုင္ဘဲနဲ႔ ကိုယ့္ဘာသာပဲ အရာရာ လုပ္လိုက္ရာကေန မႏိုင္မနင္းေတြ ျဖစ္လာႏိုင္လို႔ ေစာေစာစီးစီးကတည္းက သိနားလည္ တတ္ကြၽမ္းသူေတြကို အကူအညီ ေတာင္းခံပါ။

၂။ သူမ်ားဆီမွာရွိတာကို မနာလို မျဖစ္ပါနဲ႔

မနာလိုမႈကေနတဆင့္ သူမ်ားေတြနဲ႔ ယွဥ္ၿပိဳင္မႈ ျဖစ္လာေစပါတယ္။ သူမ်ားေတြက ကားအသစ္ေတြစီးတာ၊ အိမ္အသစ္ ဝယ္တာ၊ ကေလးေတြကို ပိုၿပီးေကာင္းတဲ့ ေက်ာင္းေတြပို႔တာ ဒီလိုအေျခအေနမ်ိဳးေတြကို အားက်ၿပီးေတာ့

အတင္း လိုက္ၿပိဳင္ရာကေန အခန႔္မသင့္ပါက ေငြေရးေၾကးေရးယိုင္နဲ႔မႈေတြ ျဖစ္လာေစႏိုင္လို႔ ကိုယ့္စီးပြားေရး တိုးတက္ေစဖို႔ ေငြေၾကးျမဳပ္ႏွံမႈေတြသာ ျပဳလုပ္ပါ။

၃။ အမ်က္ေဒါသေၾကာင့္ ဆုံးျဖတ္ခ်က္ေတြ မမွားမိ ပါေစနဲ႔

အလုပ္ထြက္တယ္ဆိုတဲ့ ကိစၥနဲ႔ ပတ္သက္လာရင္ ကိုယ့္ရဲ႕ေဒါသက ဆုံးျဖတ္ခ်က္ေတြကို ဖုံးလႊမ္းမသြားပါေစနဲ႔။ ႀကိဳတင္ျပင္ဆင္မႈေတြ၊ စီစဥ္မႈေတြ ဘာတစ္ခုမွ မလုပ္ထားဘဲ

အလုပ္ထြက္ဖို႔ ၾကိဳးစားျခင္းက အသက္ႀကီးတဲ့အခါ စုေဆာင္းထားမႈ မရွိတာမ်ိဳးေတြ ျဖစ္သြားေစႏိုင္ပါတယ္။

၄။ ေလာဘ မႀကီးပါနဲ႔

ပိုက္ဆံရွိေလေလ ေလာဘ ပိုၿပီးႀကီးေလေလ ဆိုတာဟာ လူသားတိုင္းရဲ႕ ဗီဇ တစ္ခုလိုျဖစ္ေနပါတယ္။

ပိုက္ဆံေနာက္ကို ေလာဘႀကီးၿပီး အရမ္းလိုက္ရာကေန အမွားနဲ ႔ေတြ႕ၿပီး ဘဝပ်က္သြားႏိုင္တာေၾကာင့္ ေတာ္သင့္႐ုံေလာက္သာ ရွာေဖြစုေဆာင္းပါ။

၅။ အပ်င္းမႀကီးပါနဲ႔

ဘာမွမလုပ္ဘဲ ငုတ္တုပ္ထိုင္ေန႐ုံနဲ႔ ဘာပိုက္ဆံမွ လက္ထဲ ေရာက္လာမွာမဟုတ္ပါဘူး။ လူအမ်ားစုက ေနာင္ေရးထက္ လက္ရွိအေျခအေနကိုပဲ

အာ႐ုံစိုက္ၿပီး သုံးစြဲတတ္ၾကတဲ့ အတြက္ေၾကာင့္ အိုဇာတာေကာင္းဖို႔အတြက္ ငယ္တုန္း႐ြယ္တုန္းမွာ ႀကိဳးစားရွာေဖြၿပီး လက္မဖြာမိေအာင္ အတတ္ႏိုင္ဆုံး ၾကိဳးစားပါ။crd-မူရင္း

Unicode

ငွေကြေးနဲ့ ပတ်သက်လာရင် လူအများစု ပြုလုပ်တတ်တဲ့ အမှား (၅) ခု

ကိုယ်ပိုင်ငွေကြေးကို ကိုင်တွယ်စီမံရတဲ့ အခါ ဘယ်လောက်ပဲ ပိုက်ဆံရှာနိုင်နေပါစေ မထင်မှတ်ထားတဲ့ အခြေအနေတွေ၊ လူအများစုရဲ့ချို့ယွင်းချက်တွေကြောင့် ပိုက်ဆံ စုဆောင်းဖို့က နောက်ဆုတ်နောက်ဆုတ် သွားတတ်ပါတယ်။

အခုလို အခြေအနေဟာ ပင်စင်ယူဖို့ အချိန် နီးလာလေလေ ပိုပြီး ဆိုးကျိုးတွေ သက်ရောက်လာစေနိုင်လေလေပါပဲ။

အိုဇာတာ ကောင်းဖို့အတွက် ဘယ်လိုပုံစံမျိုးတွေနဲ့ ငွေရေးကြေးရေးကို ကိုင်တွယ်ရမလဲဆိုတာကို အခုပဲ ပြောပြပေးချင်ပါတယ်။

၁။ အကူအညီ တောင်းခံဖို့ကို ဝန်မလေးပါနဲ့

မာနတွေကြီးပြီးတော့ အရာရာကို ကိုယ့်ဘာသာ လုပ်မယ်ဆိုပြီး ကြိုးစားခြင်းက ဆုံးဖြတ်ချက် အမှားတွေကို မဆင်မခြင် ချမှတ်လိုက်နိုင်ပါတယ်။

ဝန်မနိုင်ဘဲနဲ့ ကိုယ့်ဘာသာပဲ အရာရာ လုပ်လိုက်ရာကနေ မနိုင်မနင်းတွေ ဖြစ်လာနိုင်လို့ စောစောစီးစီးကတည်းက သိနားလည် တတ်ကျွမ်းသူတွေကို အကူအညီ တောင်းခံပါ။

၂။ သူများဆီမှာရှိတာကို မနာလို မဖြစ်ပါနဲ့

မနာလိုမှုကနေတဆင့် သူများတွေနဲ့ ယှဉ်ပြိုင်မှု ဖြစ်လာစေပါတယ်။ သူများတွေက ကားအသစ်တွေစီးတာ၊ အိမ်အသစ် ဝယ်တာ၊ ကလေးတွေကို ပိုပြီးကောင်းတဲ့ ကျောင်းတွေပို့တာ ဒီလိုအခြေအနေမျိုးတွေကို အားကျပြီးတော့

အတင်း လိုက်ပြိုင်ရာကနေ အခန့်မသင့်ပါက ငွေရေးကြေးရေးယိုင်နဲ့မှုတွေ ဖြစ်လာစေနိုင်လို့ ကိုယ့်စီးပွားရေး တိုးတက်စေဖို့ ငွေကြေးမြုပ်နှံမှုတွေသာ ပြုလုပ်ပါ။

၃။ အမျက်ဒေါသကြောင့် ဆုံးဖြတ်ချက်တွေ မမှားမိ ပါစေနဲ့

အလုပ်ထွက်တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လာရင် ကိုယ့်ရဲ့ဒေါသက ဆုံးဖြတ်ချက်တွေကို ဖုံးလွှမ်းမသွားပါစေနဲ့။ ကြိုတင်ပြင်ဆင်မှုတွေ၊ စီစဉ်မှုတွေ ဘာတစ်ခုမှ မလုပ်ထားဘဲ

အလုပ်ထွက်ဖို့ ကြိုးစားခြင်းက အသက်ကြီးတဲ့အခါ စုဆောင်းထားမှု မရှိတာမျိုးတွေ ဖြစ်သွားစေနိုင်ပါတယ်။

၄။ လောဘ မကြီးပါနဲ့

ပိုက်ဆံရှိလေလေ လောဘ ပိုပြီးကြီးလေလေ ဆိုတာဟာ လူသားတိုင်းရဲ့ ဗီဇ တစ်ခုလိုဖြစ်နေပါတယ်။

ပိုက်ဆံနောက်ကို လောဘကြီးပြီး အရမ်းလိုက်ရာကနေ အမှားနဲ့တွေ့ပြီး ဘဝပျက်သွားနိုင်တာကြောင့် တော်သင့်ရုံလောက်သာ ရှာဖွေစုဆောင်းပါ။

၅။ အပျင်းမကြီးပါနဲ့

ဘာမှမလုပ်ဘဲ ငုတ်တုပ်ထိုင်နေရုံနဲ့ ဘာပိုက်ဆံမှ လက်ထဲ ရောက်လာမှာမဟုတ်ပါဘူး။ လူအများစုက နောင်ရေးထက် လက်ရှိအခြေအနေကိုပဲ

အာရုံစိုက်ပြီး သုံးစွဲတတ်ကြတဲ့ အတွက်ကြောင့် အိုဇာတာကောင်းဖို့အတွက် ငယ်တုန်းရွယ်တုန်းမှာ ကြိုးစားရှာဖွေပြီး လက်မဖွာမိအောင် အတတ်နိုင်ဆုံး ကြိုးစားပါ။crd-မူရင်း

Be the first to comment

Leave a Reply

Your email address will not be published.


*