ေအာင္ျမင္တဲ့သူေတြရဲ႕ ေပးဆပ္မႈ နဲ႕ “တန္ဖိုး”

ေအာင္ျမင္တဲ့သူေတြရဲ႕ ေပးဆပ္မႈ နဲ႕ "တန္ဖိုး"
ေအာင္ျမင္တဲ့သူေတြရဲ႕ ေပးဆပ္မႈ နဲ႕ "တန္ဖိုး"

ေအာင္ျမင္တဲ့သူေတြရဲ႕ ေပးဆပ္မႈ နဲ႕ “တန္ဖိုး”

တစ္ေန႔ ပန္းခ်ီဆရာႀကီး ပီကာဆို လမ္းေလွ်ာက္ေနစဥ္ မိန္းမႀကီးတစ္ေယာက္ ေနာက္က အေျပးေလး လိုက္လာတယ္။

“ဆရာႀကီး ေနပါဦးရွင့္ … ေနပါဦး … ကြၽန္မဟာ ဆရာႀကီးရဲ႕ ပန္းခ်ီကားေတြကို အသည္းစြဲႀကိဳက္သူ တစ္ေယာက္ပါ။ ႀကဳံတုန္းေလး ကြၽန္မကို ပန္းခ်ီဆြဲေပးပါရွင္ ေမတၱာရပ္ခံပါတယ္”

ပီကာဆိုက ၿပဳံးလိုက္ၿပီး – “အစ္မႀကီးခင္ဗ်ား … ကြၽန္ေတာ့္မွာ ပန္းခ်ီဆြဲဖို႔ ဘာမွလည္း ပါမလာဘူးခင္ဗ် … ဒါေၾကာင့္ ေနာက္ႀကဳံေတာ့မွပဲ”

“မဟုတ္ပါဘူး ဆရာႀကီးရယ္ … ဆရာႀကီးနဲ႔ ေနာက္ ဘယ္ေတာ့မွ ျပန္ဆုံရမယ္ဆိုတာ မေသခ်ာပါဘူး … ဒါေၾကာင့္ ေက်းဇူးျပဳၿပီး ခုပဲ ဆြဲေပးပါရွင္”

ပီကာဆိုလည္း သူ႔အိတ္ထဲက မွတ္စုစာအုပ္ကို ဆြဲထုတ္လိုက္ၿပီးေတာ့ ပါလာတဲ့ ေဖာင္တိန္နဲ႔ပဲ အမ်ိဳးသမီးႀကီးကို ေကာက္ေၾကာင္းေတြ ပုံေဖာ္ၿပီး ေရးဆြဲေပးလိုက္တယ္။

ပီကာဆို ပန္းခ်ီဆြဲခ်ိန္ (၁၀) စကၠန္႔ပဲၾကာတယ္။ ၿပီးေတာ့ မွတ္စုစာ႐ြက္ကို ၿဖဲၿပီး အမ်ိဳးသမီးႀကီးကို လွမ္းေပးလိုက္တယ္။

“ေရာ့ အစ္မႀကီး … ေဒၚလာသန္းခ်ီတန္မယ့္ပုံ” ဆိုၿပီးေတာ့လည္း ရယ္ရယ္ေမာေမာနဲ႔ ေျပာလိုက္ေသးတယ္။

ပုံတစ္ပုံကို (၁၀) စကၠန္႔ေလာက္နဲ႔ ေကာက္ေရးၿပီး ေဒၚလာသန္းခ်ီတန္မယ္လို႔ပါ ေျပာလိုက္ေတာ့ အမ်ိဳးသမီးႀကီးလည္း အံ့အားသင့္သြားတာေပါ့။

ဟုတ္ မဟုတ္စမ္းၾကည့္ရေသးတာေပါ့ဆိုၿပီး ပီကာဆို ပုံေရးေပးတဲ့ စာ႐ြက္ကို ပန္းခ်ီျပခန္းတစ္ခန္းယူသြားၿပီး စုံစမ္းတယ္။

တကယ္ပါပဲ ပန္းခ်ီျပခန္းက ပီကာဆိုလက္ရာ အစစ္အမွန္ျဖစ္ေၾကာင္း အတည္ျပဳၿပီးေတာ့ ေဒၚလာ တစ္သန္း ေပးတယ္။

သူ႔လက္ထဲက (၁၀) စကၠန္႔နဲ႔ ေရးေပးလိုက္တဲ့ စကၠဴေပၚက ပန္းခ်ီကားဟာ တကယ္ပဲ ေဒၚလာ တစ္သန္း တန္ေနပါေပါ့လားဆိုၿပီး အမ်ိဳးသမီးႀကီးက ေနာက္တစ္ႀကိမ္ ပီကာဆိုကို မေတြ႕ ေတြ႕ေအာင္ ရွာခဲ့တယ္။

ေတြ႕ေတာ့…. “ဆရာႀကီးရွင္ … ဆရာႀကီး (၁၀) စကၠန္႔နဲ႔ အၿပီးဆြဲေပးလိုက္တဲ့ ပန္းခ်ီကားဟာ တကယ္ပဲ ေဒၚလာ တစ္သန္း တန္ေနပါတယ္။ အံ့ၾသစရာ ေကာင္းလိုက္တာရွင္”

” (၁၀) စကၠန္႔နဲ႔ ေဒၚလာတစ္သန္း ရွာႏိုင္တယ္ဆိုတာ အံ့ၾသစရာေကာင္းလွပါတယ္။ ကြၽန္မကို ဆရာႀကီးဆီမွာ တပည့္အျဖစ္ အသိအမွတ္ျပဳပါ။ ကြၽန္မကို ပန္းခ်ီပညာေတြ သင္ေပးပါရွင့္”

ပီကာဆိုက ၿပဳံးလိုက္တယ္။

“အစ္မႀကီး … ကြၽန္ေတာ္ (၁၀) စကၠန္႔နဲ႔ ဆြဲေပးလိုက္တဲ့ ပန္းခ်ီေလးဟာ ေဒၚလာ တစ္သန္းတန္ဖို႔ ကြၽန္ေတာ့္ ဘဝကိုႏွစ္ေပါင္း (၃၀) ေလာက္ အဲဒီအထဲမွာ ဆင္းရဲဒုကၡ အပင္ပန္းေတြခံၿပီး ရင္းႏွီးျမႇဳပ္ႏွံခဲ့ရတယ္”

” အခက္အခဲေတြ အမ်ားႀကီး ႀကဳံေတြ႕ရင္ဆိုင္ခဲ့ရတယ္။ ႏွစ္ (၃၀) ေလာက္ရင္းၿပီးမွ (၁၀) စကၠန္႔ကို ေဒၚလာသန္းခ်ီေအာင္ တန္သြားတာ … အလကား ရခဲ့တာ မဟုတ္ပါဘူး” လို႔ ေျပာလိုက္တယ္။

သူက ဆက္ၿပီး…. “အစ္မႀကီး ကြၽန္ေတာ့္လိုျဖစ္ေအာင္ ဘယ္ႏွစ္ႏွစ္ေလာက္ ေပးဆပ္ဖို႔ ေမွ်ာ္လင့္ထားသလဲ” အမ်ိဳးသမီးႀကီး စကားတစ္ခြန္းမွ မေျပာႏိုင္ေတာ့ေပ။

ေအာင္ျမင္သူေတြကိုၾကည့္ၿပီး လြယ္လိုက္တာဟု အဆုံးအျဖတ္မေစာသင့္ေပ။Credit – Thi Ha

Unicode

အောင်မြင်တဲ့သူတွေရဲ့ ပေးဆပ်မှု နဲ့ “တန်ဖိုး”

တစ်နေ့ ပန်းချီဆရာကြီး ပီကာဆို လမ်းလျှောက်နေစဉ် မိန်းမကြီးတစ်ယောက် နောက်က အပြေးလေး လိုက်လာတယ်။

“ဆရာကြီး နေပါဦးရှင့် … နေပါဦး … ကျွန်မဟာ ဆရာကြီးရဲ့ ပန်းချီကားတွေကို အသည်းစွဲကြိုက်သူ တစ်ယောက်ပါ။ ကြုံတုန်းလေး ကျွန်မကို ပန်းချီဆွဲပေးပါရှင် မေတ္တာရပ်ခံပါတယ်”

ပီကာဆိုက ပြုံးလိုက်ပြီး – “အစ်မကြီးခင်ဗျား … ကျွန်တော့်မှာ ပန်းချီဆွဲဖို့ ဘာမှလည်း ပါမလာဘူးခင်ဗျ … ဒါကြောင့် နောက်ကြုံတော့မှပဲ”

“မဟုတ်ပါဘူး ဆရာကြီးရယ် … ဆရာကြီးနဲ့ နောက် ဘယ်တော့မှ ပြန်ဆုံရမယ်ဆိုတာ မသေချာပါဘူး … ဒါကြောင့် ကျေးဇူးပြုပြီး ခုပဲ ဆွဲပေးပါရှင်”

ပီကာဆိုလည်း သူ့အိတ်ထဲက မှတ်စုစာအုပ်ကို ဆွဲထုတ်လိုက်ပြီးတော့ ပါလာတဲ့ ဖောင်တိန်နဲ့ပဲ အမျိုးသမီးကြီးကို ကောက်ကြောင်းတွေ ပုံဖော်ပြီး ရေးဆွဲပေးလိုက်တယ်။

ပီကာဆို ပန်းချီဆွဲချိန် (၁၀) စက္ကန့်ပဲကြာတယ်။ ပြီးတော့ မှတ်စုစာရွက်ကို ဖြဲပြီး အမျိုးသမီးကြီးကို လှမ်းပေးလိုက်တယ်။

“ရော့ အစ်မကြီး … ဒေါ်လာသန်းချီတန်မယ့်ပုံ” ဆိုပြီးတော့လည်း ရယ်ရယ်မောမောနဲ့ ပြောလိုက်သေးတယ်။

ပုံတစ်ပုံကို (၁၀) စက္ကန့်လောက်နဲ့ ကောက်ရေးပြီး ဒေါ်လာသန်းချီတန်မယ်လို့ပါ ပြောလိုက်တော့ အမျိုးသမီးကြီးလည်း အံ့အားသင့်သွားတာပေါ့။

ဟုတ် မဟုတ်စမ်းကြည့်ရသေးတာပေါ့ဆိုပြီး ပီကာဆို ပုံရေးပေးတဲ့ စာရွက်ကို ပန်းချီပြခန်းတစ်ခန်းယူသွားပြီး စုံစမ်းတယ်။

တကယ်ပါပဲ ပန်းချီပြခန်းက ပီကာဆိုလက်ရာ အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုပြီးတော့ ဒေါ်လာ တစ်သန်း ပေးတယ်။

သူ့လက်ထဲက (၁၀) စက္ကန့်နဲ့ ရေးပေးလိုက်တဲ့ စက္ကူပေါ်က ပန်းချီကားဟာ တကယ်ပဲ ဒေါ်လာ တစ်သန်း တန်နေပါပေါ့လားဆိုပြီး အမျိုးသမီးကြီးက နောက်တစ်ကြိမ် ပီကာဆိုကို မတွေ့ တွေ့အောင် ရှာခဲ့တယ်။

တွေ့တော့…. “ဆရာကြီးရှင် … ဆရာကြီး (၁၀) စက္ကန့်နဲ့ အပြီးဆွဲပေးလိုက်တဲ့ ပန်းချီကားဟာ တကယ်ပဲ ဒေါ်လာ တစ်သန်း တန်နေပါတယ်။ အံ့သြစရာ ကောင်းလိုက်တာရှင်”

” (၁၀) စက္ကန့်နဲ့ ဒေါ်လာတစ်သန်း ရှာနိုင်တယ်ဆိုတာ အံ့သြစရာကောင်းလှပါတယ်။ ကျွန်မကို ဆရာကြီးဆီမှာ တပည့်အဖြစ် အသိအမှတ်ပြုပါ။ ကျွန်မကို ပန်းချီပညာတွေ သင်ပေးပါရှင့်”

ပီကာဆိုက ပြုံးလိုက်တယ်။

“အစ်မကြီး … ကျွန်တော် (၁၀) စက္ကန့်နဲ့ ဆွဲပေးလိုက်တဲ့ ပန်းချီလေးဟာ ဒေါ်လာ တစ်သန်းတန်ဖို့ ကျွန်တော့် ဘဝကိုနှစ်ပေါင်း (၃၀) လောက် အဲဒီအထဲမှာ ဆင်းရဲဒုက္ခ အပင်ပန်းတွေခံပြီး ရင်းနှီးမြှုပ်နှံခဲ့ရတယ်”

” အခက်အခဲတွေ အများကြီး ကြုံတွေ့ရင်ဆိုင်ခဲ့ရတယ်။ နှစ် (၃၀) လောက်ရင်းပြီးမှ (၁၀) စက္ကန့်ကို ဒေါ်လာသန်းချီအောင် တန်သွားတာ … အလကား ရခဲ့တာ မဟုတ်ပါဘူး” လို့ ပြောလိုက်တယ်။

သူက ဆက်ပြီး…. “အစ်မကြီး ကျွန်တော့်လိုဖြစ်အောင် ဘယ်နှစ်နှစ်လောက် ပေးဆပ်ဖို့ မျှော်လင့်ထားသလဲ” အမျိုးသမီးကြီး စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။

အောင်မြင်သူတွေကိုကြည့်ပြီး လွယ်လိုက်တာဟု အဆုံးအဖြတ်မစောသင့်ပေ။Credit – Thi Ha

Be the first to comment

Leave a Reply

Your email address will not be published.


*