







(၂) အိုစာ ရယူခြင်း





လူတစ်ယောက်ဖြစ်လာလျှင် ထိုလူ၏ မျိုးဆက်သည် အမှန်ပင် ရှိရပါမည်။ မျိုးဆက်မရှိလျှင် မိမိအတွက်သာမက လူမျိုးအတွက်ပါ တန်ဖိုး ကင်းမဲ့လွန်းပါသည်။







Unicode

အိမ်ထောင် ပြုရခြင်း အကြောင်းအရင်း(၄)ချက် (လူမျိုးတိုင်း သိသင့်ဖတ်သင့်သော ရသစာတမ်းတို)

အိမ်ထောင် ပြုရခြင်း အကြောင်းအရင်း(၄)ချက်ကို လူမျိုးတိုင်းသိသင့် ဖတ်သင့်တယ် ထင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

(၁) လူ့အသိုင်းအဝိုင်း ထူထောင်ခြင်း

လူတိုင်းသည် ဘဝတစ်ခုဖြစ်လာလျှင် တစ်ဦးတစ်ယောက်တည်း နေထိုင်၍ မရပေ။ မိဘများနှင့်လည်း အမြဲတစေ အတူနေချင်၍လည်း မရနိုင်ပေ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မိဘများက ကွယ်လွန်နိစ္စရောက်မည်မှာ လူတိုင်းကြုံဖူး ကြရမည် ဖြစ်သည်။

လူလားမြောက်ချိန် မိဘများ မျက်ကွယ်ပြုချိန်တို့မှာ ပတ်ဝန်းကျင် လူ့ အသိုင်းအဝိုင်းသည်မရှိမဖြစ် လိုအပ် လာပါသည်။

လူ့အသိုင်းဝိုင်းသည် မိမိ၏ သား သမီးများသာ ဖြစ်ပေသည်။ ထိုကြောင့် လူ့အသိုင်းအဝိုင်း ထူကြရန် အတွက် အိမ်ထောင်ပြု ကြရမည် ဖြစ်သည်။

(၂) အိုစာ ရယူခြင်း

လူတစ်ဘဝတွင် အရွယ်သုံးရွယ် ရှိသည့်အနက် နောက်ဆုံးအရွယ်ဖြစ်သော အိုမင်းရင့်ရော်အရွယ်သည် အဓိက အရေးကြီးဆုံးပင် ဖြစ်ပါသည်။

လူတိုင်းအိုမင်းလာကြလျှင်အစွမ်းအစများကုန်ဆုံးလာသည်နှင့်အမျှပကိကလေးဘဝကိုပင ်ရောက်ရှိသွားကြရပေသည်။

ထိုအခါမှာ ပြုစုစောင့်ရှောက်ရန် အတွက်သားသမီးများ အဓိကလိုအပ်ပါသည်။ထိုကြောင့်အိမ်ထောင်ပြုကြရမည်ဖြစ်သည်။

(၃) မျိုးဆက်သစ်များ မွေးဖွားခြင်း

လူတစ်ယောက်ဖြစ်လာလျှင် ထိုလူ၏ မျုးိဆက်သည် အမှန်ပင် ရှိရပါမည်။ မျိုးဆက်မရှိလျှင် မိမိအတွက်သာမက လူမျိုးအတွက်ပါ တန်ဖိုး ကင်းမဲ့ဲ့လွန်းပါသည်။

ထို့အတွက် လူမျိုးပျောက်သည့် အဖြစ်ဆိုးများလည်း ကြုံရမည်မှာ မှန်ကန်နေပါသည။် ထိုကြောင့် အိမ်ထောင် ပြုကြရမည် ဖြစ်ပါသည်။

(၄) နိုင်ငံ့ သားကောင်းများ မွေးဖွားခြင်း

ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘာသာ သာသနာ အဒွန့်ရှည ်ခိုင်မာတည့်တံ့ လာစေရန် နိုင်ငံ့သားကောင်း သမီးကောင်းများ လိုအပ်ကြပါသည်။

နိုင်ငံ့အကျိုး လူမျိုး ဘာသာသာသနာကျိုး သယ်ပိုးဆောင်ရွက်စေရန် အတွက် နိုင်ငံ့သား
သမီးကောင်းများ မွေးဖွားပေးရမည်မှာ လူတိုင်းအတွက် တာဝန်သာဖြစ်ပါသည်။ ထိုကြောင့် အိမ်ထောင် ပြုကြရမည် ဖြစ်သည်။

(အမျိုးသားတိုင်း အမျိုးသမီးတိုင်း မိမိအတွက် ကိုယ့်တိုင်းပြည် ကိုယ်လူမျိုး ကိုယ့်ဘာသာနာသနာအတွက် အိမ်ထောင် ပြုရမည့်အကြောင်း တိုက်တွန်းရင်း) ပြန်လည်မျှဝေပါသည်။

မူရင်းရေးသားသူ Nay Thawe Nyoအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*