ေျခေထာက္ေတြကေန သတိေပးေနေသာ အသက္အႏၲရာယ္ ျဖစ္ေစႏိုင္တဲ့ လကၡဏာရပ္မ်ား

ေျခေထာက္ေတြကေန သတိေပးေနေသာ အသက္အႏၲရာယ္ ျဖစ္ေစႏိုင္တဲ့ လကၡဏာရပ္မ်ား
ေျခေထာက္ေတြကေန သတိေပးေနေသာ အသက္အႏၲရာယ္ ျဖစ္ေစႏိုင္တဲ့ လကၡဏာရပ္မ်ား

ေျခေထာက္ေတြကေန သတိေပးေနေသာ အသက္အႏၲရာယ္ ျဖစ္ေစႏိုင္တဲ့ လကၡဏာရပ္မ်ား

ကြၽန္မတို႔ရဲ႕ ေျခေထာက္တစ္စုံဟာ ကြၽန္မတို႔ခႏၶာကိုယ္တစ္ခုလုံးရဲ႕ အေလးခ်ိန္ ကို သယ္ပိုးထားရတဲ့ အဂၤါအစိတ္အပိုင္းတစ္ခုျဖစ္ပါတယ္။

ေျခေထာက္တစ္စုံမွာ ခႏၶာကိုယ္က အ႐ိုးစုစုေပါင္းရဲ႕ ၂၅%ပါဝင္ေနၿပီး အဆစ္ေပါင္း ၃၃ခု၊ အ႐ြတ္ေပါင္း ၁ဝဝ၊ မေရမတြက္ႏိုင္တဲ့ ေသြးေၾကာမွ်င္ေလးေတြနဲ႔ ႂကြက္သားေတြပါဝင္ပါတယ္။

ေျခေထာက္မွာပါဝင္တဲ့ ေသြးေၾကာမွ်င္ေလးေတြဟာ ႏွလုံး၊ ေက်ာ႐ိုးမ၊ ဦးေႏွာက္စတဲ့ အေရးႀကီး အဂၤါေတြနဲ႔ ဆက္ႏႊယ္ေနပါတယ္။

ဒါ့ေၾကာင့္ ေျခေထာက္ေတြရဲ႕ မူမ မွန္တဲ့ အေျခအေနေတြကေနတဆင့္ ကြၽန္မတို႔ခႏၶာကိုယ္မွာ ျဖစ္ေနတဲ့က်န္းမာေရး ခ်ိဳ႕ယြင္းမႈေတြကို သိရွိႏိုင္ပါတယ္။

၁။ ေျခေထာက္အေၾကာဆြဲျခင္းႏွင့္ ႂကြက္တက္ျခင္း။

လမ္းေလွ်ာက္ေနရင္း ေျခေထာက္အေၾကာဆြဲျခင္း၊ ႂကြက္တက္ျခင္းျဖစ္ပါက ေသြးလည္ပတ္မႈစနစ္မွာ ျပႆနာျဖစ္ေနတယ္လို႔ ယူဆႏိုင္ပါတယ္။ ေလ့က်င့္ခန္း လုပ္ၿပီး အေၾကာမေလွ်ာ့ျခင္းႏွင့္ ေဒါက္ျမင့္ဖိနပ္စီးျခင္းတို႔ေၾကာင့္လည္း ေျခေထာက္ အေၾကာဆြဲျခင္းျဖစ္တတ္ပါတယ္။

၂။ ေျခမအ႐ြယ္အစားႀကီးလာျခင္း။

ေဂါက္ (Gout) လို႔ေခၚတဲ့ အဆစ္အျမစ္ေရာင္ရမ္းတဲ့ေရာဂါရဲ႕ လကၡဏာတစ္ခုပါ။ အဝလြန္သူ၊ ေသြးလည္ပတ္မႈစနစ္မေကာင္းသူ၊ အရက္ေသာက္တတ္သူနဲ႔ အသားစား မ်ားသူေတြမွာ အမ်ားဆုံးေတြ႕ရတတ္ပါတယ္။ ေဂါက္ေရာဂါက ဆီးေက်ာက္တည္ႏိုင္ ေျခကိုလည္း ျမင့္မားေစပါတယ္။ ဤေဆာင္းပါးကို ဂႏၴဝင္မဂၢဇင္းမွ ေရးသားတင္ဆက္သည္။

၃။ ေျခဖ်ားေအးစက္ျခင္း။

ေသြးလည္ပတ္မႈမေကာင္းျခင္း၊ ဆီးခ်ိဳေသြးခ်ိဳေရာဂါနဲ႔ ေသြးအားနည္းျခင္းကို ေဖာ္ျပတဲ့ လကၡဏာတစ္ရပ္ျဖစ္ပါတယ္။ ေျခဖဝါးက အနီေရာင္ကေန ျဖဴေဖ်ာ့သြား တာက ေျခေထာက္ေသြးေၾကာက်ဥ္းၿပီး ေျခဖ်ားေတြေအးစက္ေစတဲ့ ေရွ႕ေျပးလကၡဏာ လည္း ျဖစ္ပါတယ္။

၄။ ေျခေထာက္ဖူးေရာင္ျခင္း။

ႏွလုံး၊ ေက်ာက္ကပ္၊ အသည္းစတဲ့ အဂၤါေတြမေကာင္းမြန္ျခင္း၊ ေသြးခဲျခင္းနဲ႔ ေသြးလည္ပတ္မႈစနစ္မေကာင္းျခင္းတို႔ေၾကာင့္ ျဖစ္တတ္ပါတယ္။ နာက်င္မႈမရွိဘဲ ဖူးေယာင္ေနတယ္ဆိုရင္ေတာ့ ခႏၶာကိုယ္တြင္းမွာ အရည္ေတြမ်ားၿပီး ေျခေထာက္မွာ လာစုရျခင္းေၾကာင့္ ဖူးေရာင္တာျဖစ္ပါတယ္။

၅။ ဇြန္းပုံစံေျခသည္း (သို႔) ခြက္ေနတဲ့ေျခသည္း။

အာဟာရဓာတ္ခ်ိဳ႕တဲ့ျခင္း၊ ေသြးအားနည္းျခင္း၊ ခႏၶာကိုယ္တြင္းေသြးယိုစီးျခင္းႏွင့္ အူလမ္းေၾကာင္းဆိုင္ရာေရာဂါတို႔ေၾကာင့္ ျဖစ္တတ္ပါတယ္။ ေျခသည္းေတြ အျဖဴေရာင္ ေျပာင္းၿပီး ေျခသည္းတစ္ဝိုက္ အေရခြံကြာသလို ဒဏ္ရာေလးေတြရွိေနၿပီဆိုရင္ ေဆးဝါး ကုသဖို႔လိုအပ္တဲ့ ေရာဂါတစ္ခုခုျဖစ္ေနၿပီလို႔ ယူဆႏိုင္ပါတယ္။

၆။ ေျခသည္းအေရာင္ေျပာင္းျခင္း။

ေျခသည္းနီမၾကာခဏဆိုးတတ္သူေတြမွာ ေျခသည္းဝါေလ့ရွိေပမယ့္ အသည္း ေရာဂါ၊ တီဘီေရာဂါနဲ႔ သိုင္း႐ြိဳက္ဂလင္းေရာင္ရမ္းျခင္းတို႔ေၾကာင့္လည္း ေျခသည္းက အဝါေရာင္ေျပာင္းတတ္ပါတယ္။ အသက္ရႈလမ္းေၾကာင္းဆိုင္ရာျပႆနာျဖစ္ေစတဲ့ ေလႁပြန္ဆိုင္ရာေရာဂါျဖစ္ျခင္းကို ၫႊန္ျပေနတဲ့လကၡဏာတစ္ရပ္လည္းျဖစ္ပါတယ္။

၇။ ေျခေထာက္ တဆစ္ဆစ္ကိုက္ျခင္းႏွင့္ ထုံက်င္ျခင္း။

ဆီးခ်ိဳေသြးခ်ိဳသမားေတြရဲ႕ ေသြးေၾကာထဲမွာ ဂလူးကို႔စ္ပါဝင္မႈႏႈန္းမ်ားျပားၿပီး ေသြးေၾကာမွ်င္ေလးေတြကို ပ်က္စီးေစပါတယ္။ ေသြးေၾကာမွ်င္ေလးေတြ ပ်က္စီးျခင္းက ေျခေထာက္မွာ တဆစ္ဆစ္ကိုက္ျခင္း၊ ယားယံျခင္းတို႔ ျဖစ္ေစႏိုင္ပါတယ္။ မၾကာခဏ ဆိုသလို တဆစ္ဆစ္ကိုက္ျခင္း၊ ထုံက်င္ျခင္းတို႔က ဦးေႏွာက္ေသြးခဲျခင္းႏွင့္ ေလျဖတ္ ျခင္းတို႔ျဖစ္ေပၚႏိုင္ေၾကာင္း သတိေပးေနတဲ့လကၡဏာျဖစ္ပါတယ္။

၈။ ေျခဆစ္နာက်င္ျခင္း

~ အဆစ္ေရာင္ေရာဂါေၾကာင့္ အ႐ိုးေတြဆက္သြယ္တဲ့ေနရာက အ႐ြတ္ေလးေတြ စုတ္ၿပဲတတ္ပါတယ္။ အ႐ြတ္စုတ္ၿပဲတဲ့ဒဏ္က ေျခဆစ္ေလးေတြကို ဖူးေရာင္ၿပီး နာက်င္ ေစပါတယ္။ မိမိနဲ႔ေသးလြန္းတဲ့ဖိနပ္၊ ျမင့္လြန္းတဲ့ေဒါက္ဖိနပ္ေတြစီးျခင္းကလည္း ေျခဆစ္ေတြကို ေရာင္ရမ္းနာက်င္ေစပါတယ္။

၉။ ကာလၾကာရွည္စြာ အနာျဖစ္ျခင္း

ေျခေထာက္မွာ ကာလၾကာရွည္စြာ အနာျဖစ္တာက ဆီးခ်ိဳေရာဂါရဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳးစ္ခုျဖစ္ပါတယ္။ ဆီးခ်ိဳေၾကာင့္ ေျခေထာက္ရဲ႕ ေသြးေၾကာမွ်င္ ေလးေတြ ပ်က္စီးၿပီး ေျခေထာက္မွာ နာတာရွည္ေရာဂါျဖစ္ကာ တစ္ခါတေလမွာ ေျခေထာက္ျဖတ္ရသည္အထိျဖစ္တတ္ပါတယ္။

ေျခဖေနာင့္အက္ကြဲျခင္း၊ အေရခြံ ကြာျခင္းႏွင့္ အသားမာတက္ျခင္းတို႔ကလည္း ဆီးခ်ိဳေရာဂါေၾကာင့္ ျဖစ္တတ္တဲ့ လကၡဏာေတြျဖစ္ပါတယ္။

အကယ္၍ သင္တို႔ရဲ႕ေျခေထာက္မွာ ေျပာင္းလဲမႈ ေလးေတြျဖစ္တယ္ဆိုရင္ မေပါ့ဆဘဲ ေသခ်ာဂ႐ုစိုက္ပါေနာ္။ ေျခေထာက္မွာျဖစ္တဲ့ အနာေလးေတြေၾကာင့္ အသက္မဆုံးရႈံးႏိုင္ေပမယ့္ အဲ့ဒီလကၡဏာေလးေတြက ၫႊန္ျပေနတဲ့ေရာဂါေတြေၾကာင့္ အသက္အႏၲရာယ္ထိခိုက္ေစႏိုင္တာကို သတိျပဳပါလို႔ အႀကံေပးပါရေစရွင္။ခရက္ဒစ္- မူရင္းေရးသားသူ

Unicode

ခြေထောက်တွေကနေ သတိပေးနေသော အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ လက္ခဏာရပ်များ

ကျွန်မတို့ရဲ့ ခြေထောက်တစ်စုံဟာ ကျွန်မတို့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန် ကို သယ်ပိုးထားရတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

ခြေထောက်တစ်စုံမှာ ခန္ဓာကိုယ်က အရိုးစုစုပေါင်းရဲ့ ၂၅%ပါဝင်နေပြီး အဆစ်ပေါင်း ၃၃ခု၊ အရွတ်ပေါင်း ၁ဝဝ၊ မရေမတွက်နိုင်တဲ့ သွေးကြောမျှင်လေးတွေနဲ့ ကြွက်သားတွေပါဝင်ပါတယ်။

ခြေထောက်မှာပါဝင်တဲ့ သွေးကြောမျှင်လေးတွေဟာ နှလုံး၊ ကျောရိုးမ၊ ဦးနှောက်စတဲ့ အရေးကြီး အင်္ဂါတွေနဲ့ ဆက်နွှယ်နေပါတယ်။

ဒါ့ကြောင့် ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ကျွန်မတို့ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ကျန်းမာရေး ချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်။

၁။ ခြေထောက်အကြောဆွဲခြင်းနှင့် ကြွက်တက်ခြင်း။

လမ်းလျှောက်နေရင်း ခြေထောက်အကြောဆွဲခြင်း၊ ကြွက်တက်ခြင်းဖြစ်ပါက သွေးလည်ပတ်မှုစနစ်မှာ ပြဿနာဖြစ်နေတယ်လို့ ယူဆနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်ပြီး အကြောမလျှော့ခြင်းနှင့် ဒေါက်မြင့်ဖိနပ်စီးခြင်းတို့ကြောင့်လည်း ခြေထောက် အကြောဆွဲခြင်းဖြစ်တတ်ပါတယ်။

၂။ ခြေမအရွယ်အစားကြီးလာခြင်း။

ဂေါက် (Gout) လို့ခေါ်တဲ့ အဆစ်အမြစ်ရောင်ရမ်းတဲ့ရောဂါရဲ့ လက္ခဏာတစ်ခုပါ။ အဝလွန်သူ၊ သွေးလည်ပတ်မှုစနစ်မကောင်းသူ၊ အရက်သောက်တတ်သူနဲ့ အသားစား များသူတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ ဂေါက်ရောဂါက ဆီးကျောက်တည်နိုင် ခြေကိုလည်း မြင့်မားစေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ခြေဖျားအေးစက်ခြင်း။

သွေးလည်ပတ်မှုမကောင်းခြင်း၊ ဆီးချိုသွေးချိုရောဂါနဲ့ သွေးအားနည်းခြင်းကို ဖော်ပြတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ခြေဖဝါးက အနီရောင်ကနေ ဖြူဖျော့သွား တာက ခြေထောက်သွေးကြောကျဉ်းပြီး ခြေဖျားတွေအေးစက်စေတဲ့ ရှေ့ပြေးလက္ခဏာ လည်း ဖြစ်ပါတယ်။

၄။ ခြေထောက်ဖူးရောင်ခြင်း။

နှလုံး၊ ကျောက်ကပ်၊ အသည်းစတဲ့ အင်္ဂါတွေမကောင်းမွန်ခြင်း၊ သွေးခဲခြင်းနဲ့ သွေးလည်ပတ်မှုစနစ်မကောင်းခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ နာကျင်မှုမရှိဘဲ ဖူးယောင်နေတယ်ဆိုရင်တော့ ခန္ဓာကိုယ်တွင်းမှာ အရည်တွေများပြီး ခြေထောက်မှာ လာစုရခြင်းကြောင့် ဖူးရောင်တာဖြစ်ပါတယ်။

၅။ ဇွန်းပုံစံခြေသည်း (သို့) ခွက်နေတဲ့ခြေသည်း။

အာဟာရဓာတ်ချို့တဲ့ခြင်း၊ သွေးအားနည်းခြင်း၊ ခန္ဓာကိုယ်တွင်းသွေးယိုစီးခြင်းနှင့် အူလမ်းကြောင်းဆိုင်ရာရောဂါတို့ကြောင့် ဖြစ်တတ်ပါတယ်။ ခြေသည်းတွေ အဖြူရောင် ပြောင်းပြီး ခြေသည်းတစ်ဝိုက် အရေခွံကွာသလို ဒဏ်ရာလေးတွေရှိနေပြီဆိုရင် ဆေးဝါး ကုသဖို့လိုအပ်တဲ့ ရောဂါတစ်ခုခုဖြစ်နေပြီလို့ ယူဆနိုင်ပါတယ်။

၆။ ခြေသည်းအရောင်ပြောင်းခြင်း။

ခြေသည်းနီမကြာခဏဆိုးတတ်သူတွေမှာ ခြေသည်းဝါလေ့ရှိပေမယ့် အသည်း ရောဂါ၊ တီဘီရောဂါနဲ့ သိုင်းရွိုက်ဂလင်းရောင်ရမ်းခြင်းတို့ကြောင့်လည်း ခြေသည်းက အဝါရောင်ပြောင်းတတ်ပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာဖြစ်စေတဲ့ လေပြွန်ဆိုင်ရာရောဂါဖြစ်ခြင်းကို ညွှန်ပြနေတဲ့လက္ခဏာတစ်ရပ်လည်းဖြစ်ပါတယ်။

၇။ ခြေထောက် တဆစ်ဆစ်ကိုက်ခြင်းနှင့် ထုံကျင်ခြင်း။

ဆီးချိုသွေးချိုသမားတွေရဲ့ သွေးကြောထဲမှာ ဂလူးကို့စ်ပါဝင်မှုနှုန်းများပြားပြီး သွေးကြောမျှင်လေးတွေကို ပျက်စီးစေပါတယ်။ သွေးကြောမျှင်လေးတွေ ပျက်စီးခြင်းက ခြေထောက်မှာ တဆစ်ဆစ်ကိုက်ခြင်း၊ ယားယံခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ မကြာခဏ ဆိုသလို တဆစ်ဆစ်ကိုက်ခြင်း၊ ထုံကျင်ခြင်းတို့က ဦးနှောက်သွေးခဲခြင်းနှင့် လေဖြတ် ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း သတိပေးနေတဲ့လက္ခဏာဖြစ်ပါတယ်။

၈။ ခြေဆစ်နာကျင်ခြင်း

~ အဆစ်ရောင်ရောဂါကြောင့် အရိုးတွေဆက်သွယ်တဲ့နေရာက အရွတ်လေးတွေ စုတ်ပြဲတတ်ပါတယ်။ အရွတ်စုတ်ပြဲတဲ့ဒဏ်က ခြေဆစ်လေးတွေကို ဖူးရောင်ပြီး နာကျင် စေပါတယ်။ မိမိနဲ့သေးလွန်းတဲ့ဖိနပ်၊ မြင့်လွန်းတဲ့ဒေါက်ဖိနပ်တွေစီးခြင်းကလည်း ခြေဆစ်တွေကို ရောင်ရမ်းနာကျင်စေပါတယ်။

၉။ ကာလကြာရှည်စွာ အနာဖြစ်ခြင်း

ခြေထောက်မှာ ကာလကြာရှည်စွာ အနာဖြစ်တာက ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးစ်ခုဖြစ်ပါတယ်။ ဆီးချိုကြောင့် ခြေထောက်ရဲ့ သွေးကြောမျှင် လေးတွေ ပျက်စီးပြီး ခြေထောက်မှာ နာတာရှည်ရောဂါဖြစ်ကာ တစ်ခါတလေမှာ ခြေထောက်ဖြတ်ရသည်အထိဖြစ်တတ်ပါတယ်။

ခြေဖနောင့်အက်ကွဲခြင်း၊ အရေခွံ ကွာခြင်းနှင့် အသားမာတက်ခြင်းတို့ကလည်း ဆီးချိုရောဂါကြောင့် ဖြစ်တတ်တဲ့ လက္ခဏာတွေဖြစ်ပါတယ်။

အကယ်၍ သင်တို့ရဲ့ခြေထောက်မှာ ပြောင်းလဲမှု လေးတွေဖြစ်တယ်ဆိုရင် မပေါ့ဆဘဲ သေချာဂရုစိုက်ပါနော်။ ခြေထောက်မှာဖြစ်တဲ့ အနာလေးတွေကြောင့် အသက်မဆုံးရှုံးနိုင်ပေမယ့် အဲ့ဒီလက္ခဏာလေးတွေက ညွှန်ပြနေတဲ့ရောဂါတွေကြောင့် အသက်အန္တရာယ်ထိခိုက်စေနိုင်တာကို သတိပြုပါလို့ အကြံပေးပါရစေရှင်။ခရက်ဒစ်- မူရင်းရေးသားသူ

Be the first to comment

Leave a Reply

Your email address will not be published.


*