အရမ္းတန္ဖိုးရိွတဲ့ “ပညာ႐ွင္မ်ား၏ အဆိုအမိန္႔မ်ား”

အရမ္းတန္ဖိုးရိွတဲ့ “ပညာ႐ွင္မ်ား၏ အဆိုအမိန္႔မ်ား”
အရမ္းတန္ဖိုးရိွတဲ့ “ပညာ႐ွင္မ်ား၏ အဆိုအမိန္႔မ်ား”

အရမ္းတန္ဖိုးရိွတဲ့ “ပညာ႐ွင္မ်ား၏ အဆိုအမိန္႔မ်ား”

အရမ္းတန္ဖိုးရိွလို႕ မၾကာခဏ ျပန္ဖတ္ျဖစ္ေနတဲ့ “ပညာ႐ွင္မ်ား၏ အဆိုအမိန္႔မ်ား”

(၁) ထိပ္ဆုံးကို ေရာက္ခ်င္ရင္ လိုအပ္တဲ့အခါ အားလုံးကိုစြန္႔လႊတ္ဝံ့ရဲရတယ္။

(၂) အႀကီးမားဆုံးအခက္အခဲဟာ အႀကီးမားဆုံးအခြင့္အေရးလည္း ျဖစ္ႏိုင္တယ္။

(၃) ေလာကမွာ မသိတဲ့အရာကို သိဟန္ေဆာင္တာေလာက္ ပင္ပန္းဆင္းရဲတာ မ႐ွိဘူး။

(၄) မာန္မဲျခင္းဟာ ေထာင္လႊားမူပါပဲ ပညာ႐ွိဆိုတာ နား၀င္ေအာင္ဆုံးမတတ္တယ္။

(၅) မနာလို၀န္တိုမူဆိုတာ မိမိကိုမိမိ ယုံၾကည္မူနည္းၿပီး အလိုေလာဘႀကီးသူေတြမွာျဖစ္တတ္တယ္။

(၆) အႏိုင္႐ွိမယ္ အ႐ႈံး႐ွိမယ္ စိတ္လႉပ္႐ွားမႈေတြ႐ွိမယ္ အဲဒါ……ဘ၀ပဲ။

( ၇) ေႁခြရံသင္းပင္းကို ေငြက ဖန္တီးႏိုင္တယ္ ဗီဇစ႐ိုက္ကိုေတာ့ ဘုရားကေတာင္ မျပဳျပင္ႏိုင္ဘူး။

(၈) ရည္မွန္းခ်က္ထာၿပီးရင္ ေရာက္ေအာင္ေလွ်ာက္ပါ လမ္းဆိုတာ အလိုလိုေပၚလာတတ္တယ္။

(၉) ေျမေခြးၾကားထဲမွာေနရင္ ေျမေခြးလို အူရဲရမယ္။

(၁၀) ပ်င္းရိညည္းေငြ႕ျခင္းကို စြန္႔လႊတ္ၾကည့္ပါ ဘ၀အတြက္အခ်ိန္ေတြ သိပ္နည္းေနၿပီဆိုတာ ထိတ္လန္႔ဖြယ္ေတြ႕ရလိမ္.မယ္။

(၁၁) ဆင္းရဲတြင္းထဲကို ဝုန္းခနဲတြန္းခ်ႏိုင္တာဟာ ပ်င္းရိျခင္း လက္တစ္ဖက္ပါပဲ။

(၁၂) တာ၀န္ဆိုတာ စြမ္းပကား႐ွိသူတို႔ရဲ႕ ေက်းကြၽန္ပါ။

(၁၃) အခြင့္အလမ္းဆိုတာ စည္တီးၿပီးေရာက္မလာဘူး တိတ္တဆိတ္လည္း၀င္မလာဘူးအခြင့္အလမ္းကို ရယူႏိုင္တဲ့အရည္အခ်င္းဟာ ကိုယ့္မွာပဲ႐ွိတယ္။

(၁၄) သင့္ဦးေခါင္းကို ဘယ္ေတာ့မွငုံ႔မထားပါနဲ႔။ ေမွ်ာ္လင့္ခ်က္ အျပည့္အ၀နဲ႔ အထက္ကိုေမာ္႕ၾကည့္လိုက္စမ္းပါ သင့္ဘ၀အတြက္ ေမွ်ာ္လင့္ခ်က္အလင္းေရာင္ေတြ ျဖာေဝေနပါတယ္။

(၁၅) ကိုယ့္ကိုကိုယ္ အထင္ႀကီးကိုးကြယ္တဲ့ ဘ၀င္သမားဟာ ေနမင္းႀကီထြက္ေပၚလာတာကို သူတြန္တာနားေထာင္ဖို႔လို႔ အထင္ေရာက္ေနတဲ့ ၾကက္ဖနဲ႔ တူပါတယ္။

(၁၆) လူေတြဟာ ဘာနဲ႔တည္ေဆာက္ ထားသလဲဆိုရင္ လိင္စိတ္ရယ္…. မိမိကိုယ္ကိုအထင္ႀကီးလိုစိတ္ရယ္တဲ့။

(၁၇) မခံခ်င္စိတ္ကို အက်အန ထူေထာင္ၿပီး ဘ၀ရဲ႕တိုးတက္ရာတိုးတက္ေၾကာင္းကို အရယူရမယ္။

(၁၈) သင္က တစ္စုံတစ္ေယာက္ကို ျပဳံးျပလိုက္တယ္။ အဲဒီလိုျပဳံးျပလိုက္တဲ့အတြက္ သင့္မွ ာဘာမွေလ်ာ့မသြားဘူး ဒါေပမဲ့….. တစ္ဖက္သားမွာ အမ်ားႀကီးရသြားသလိုပဲ။

( ၁၉) လူ႕ေလာကမွာ ေျပာတဲ့သူမ်ားတယ္။ နားေထာင္တဲ့သူ နည္းတယ္။ တစ္ဖက္သားေျပာတာကို တေလးတစားနားေထာင္တာဟာ အင္မတန္ႀကီးမားတဲ့ ယဥ္ေက်းမႉပဲ..။

(၂၀) ကိုယ့္စိတ္ထဲမွ ာမ႐ွင္းရင္ ရဲရဲေမးဝ့ံ႕ရမယ္။ ရဲရဲေတြးဝံ့ရမယ္။ ေျပာစရာ႐ွိရင္ ရဲရဲေျပာဝံ့ရမယ္..။

(၂၁) ေပ်ာ္႐ႊင္မူဆိုသည္မွာ သင္ေရာက္႐ွိရမည့္စခန္းမဟုတ္ ေပ်ာ္႐ႊင္မႉျဖင့္လိုရာခရီးသြားရန္ျဖစ္သည္။

(၂၂) လူတိုင္းအတြက္ မိမိတြင္႐ွိေသာ အရည္အခ်င္းျဖင့္ အေကာင္းဆုးံျဖစ္ေအာင္ လုပ္ႏိုင္သူသည္ နံပတ္( ၁ ) ပင္ျဖစ္သည္။

႐ွာေဖြစုေဆာင္းတင္ျပေပးပါသည္။Credit #ဆူးဂီးႏိုင္း(ဇလပ္ေျမ)

Unicode

အရမ်းတန်ဖိုးရှိတဲ့ “ပညာရှင်များ၏ အဆိုအမိန့်များ”

အရမ်းတန်ဖိုးရှိလို့ မကြာခဏ ပြန်ဖတ်ဖြစ်နေတဲ့ “ပညာရှင်များ၏ အဆိုအမိန့်များ”

(၁) ထိပ်ဆုံးကို ရောက်ချင်ရင် လိုအပ်တဲ့အခါ အားလုံးကိုစွန့်လွှတ်ဝံ့ရဲရတယ်။

(၂) အကြီးမားဆုံးအခက်အခဲဟာ အကြီးမားဆုံးအခွင့်အရေးလည်း ဖြစ်နိုင်တယ်။

(၃) လောကမှာ မသိတဲ့အရာကို သိဟန်ဆောင်တာလောက် ပင်ပန်းဆင်းရဲတာ မရှိဘူး။

(၄) မာန်မဲခြင်းဟာ ထောင်လွှားမူပါပဲ ပညာရှိဆိုတာ နားဝင်အောင်ဆုံးမတတ်တယ်။

(၅) မနာလိုဝန်တိုမူဆိုတာ မိမိကိုမိမိ ယုံကြည်မူနည်းပြီး အလိုလောဘကြီးသူတွေမှာဖြစ်တတ်တယ်။

(၆) အနိုင်ရှိမယ် အရှုံးရှိမယ် စိတ်လှူပ်ရှားမှုတွေရှိမယ် အဲဒါ……ဘဝပဲ။

( ၇) ခြွေရံသင်းပင်းကို ငွေက ဖန်တီးနိုင်တယ် ဗီဇစရိုက်ကိုတော့ ဘုရားကတောင် မပြုပြင်နိုင်ဘူး။

(၈) ရည်မှန်းချက်ထာပြီးရင် ရောက်အောင်လျှောက်ပါ လမ်းဆိုတာ အလိုလိုပေါ်လာတတ်တယ်။

(၉) မြေခွေးကြားထဲမှာနေရင် မြေခွေးလို အူရဲရမယ်။

(၁၀) ပျင်းရိညည်းငွေ့ခြင်းကို စွန့်လွှတ်ကြည့်ပါ ဘဝအတွက်အချိန်တွေ သိပ်နည်းနေပြီဆိုတာ ထိတ်လန့်ဖွယ်တွေ့ရလိမ်.မယ်။

(၁၁) ဆင်းရဲတွင်းထဲကို ဝုန်းခနဲတွန်းချနိုင်တာဟာ ပျင်းရိခြင်း လက်တစ်ဖက်ပါပဲ။

(၁၂) တာဝန်ဆိုတာ စွမ်းပကားရှိသူတို့ရဲ့ ကျေးကျွန်ပါ။

(၁၃) အခွင့်အလမ်းဆိုတာ စည်တီးပြီးရောက်မလာဘူး တိတ်တဆိတ်လည်းဝင်မလာဘူးအခွင့်အလမ်းကို ရယူနိုင်တဲ့အရည်အချင်းဟာ ကိုယ့်မှာပဲရှိတယ်။

(၁၄) သင့်ဦးခေါင်းကို ဘယ်တော့မှငုံ့မထားပါနဲ့။ မျှော်လင့်ချက် အပြည့်အဝနဲ့ အထက်ကိုမော့်ကြည့်လိုက်စမ်းပါ သင့်ဘဝအတွက် မျှော်လင့်ချက်အလင်းရောင်တွေ ဖြာဝေနေပါတယ်။

(၁၅) ကိုယ့်ကိုကိုယ် အထင်ကြီးကိုးကွယ်တဲ့ ဘဝင်သမားဟာ နေမင်းကြီထွက်ပေါ်လာတာကို သူတွန်တာနားထောင်ဖို့လို့ အထင်ရောက်နေတဲ့ ကြက်ဖနဲ့ တူပါတယ်။

(၁၆) လူတွေဟာ ဘာနဲ့တည်ဆောက် ထားသလဲဆိုရင် လိင်စိတ်ရယ်…. မိမိကိုယ်ကိုအထင်ကြီးလိုစိတ်ရယ်တဲ့။

(၁၇) မခံချင်စိတ်ကို အကျအန ထူထောင်ပြီး ဘဝရဲ့တိုးတက်ရာတိုးတက်ကြောင်းကို အရယူရမယ်။

(၁၈) သင်က တစ်စုံတစ်ယောက်ကို ပြုံးပြလိုက်တယ်။ အဲဒီလိုပြုံးပြလိုက်တဲ့အတွက် သင့်မှ ာဘာမှလျော့မသွားဘူး ဒါပေမဲ့….. တစ်ဖက်သားမှာ အများကြီးရသွားသလိုပဲ။

( ၁၉) လူ့လောကမှာ ပြောတဲ့သူများတယ်။ နားထောင်တဲ့သူ နည်းတယ်။ တစ်ဖက်သားပြောတာကို တလေးတစားနားထောင်တာဟာ အင်မတန်ကြီးမားတဲ့ ယဉ်ကျေးမှူပဲ..။

(၂၀) ကိုယ့်စိတ်ထဲမှ ာမရှင်းရင် ရဲရဲမေးဝံ့ရမယ်။ ရဲရဲတွေးဝံ့ရမယ်။ ပြောစရာရှိရင် ရဲရဲပြောဝံ့ရမယ်..။

(၂၁) ပျော်ရွှင်မူဆိုသည်မှာ သင်ရောက်ရှိရမည့်စခန်းမဟုတ် ပျော်ရွှင်မှူဖြင့်လိုရာခရီးသွားရန်ဖြစ်သည်။

(၂၂) လူတိုင်းအတွက် မိမိတွင်ရှိသော အရည်အချင်းဖြင့် အကောင်းဆုးံဖြစ်အောင် လုပ်နိုင်သူသည် နံပတ်( ၁ ) ပင်ဖြစ်သည်။

ရှာဖွေစုဆောင်းတင်ပြပေးပါသည်။Credit #ဆူးဂီးနိုင်း(ဇလပ်မြေ)

Be the first to comment

Leave a Reply

Your email address will not be published.


*