ဓမၼရံႀကီး ဘုရားမွာ လူသိ နည္းေသးတဲ့ အခ်က္တစ္ခ်က္ ႐ွိေန

ဓမၼရံႀကီး ဘုရားမွာ လူသိ နည္းေသးတဲ့ အခ်က္တစ္ခ်က္ ႐ွိေန
ဓမၼရံႀကီး ဘုရားမွာ လူသိ နည္းေသးတဲ့ အခ်က္တစ္ခ်က္ ႐ွိေန

ဓမၼရံႀကီး ဘုရားမွာ လူသိ နည္းေသးတဲ့ အခ်က္တစ္ခ်က္ ႐ွိေန

ဓမၼရံႀကီးဘုရားမွာ လူသိနည္းေသးတဲ့ အခ်က္တစ္ခ်က္႐ွိတယ္။ အဲ့ဒါဘာလဲဆိုေတာ့ ေနေရာင္ျခည္ ဘုရားဆင္းတုေတာ္အပၚ ထိုးက်လာေအာင္ လုပ္ထားတဲ့ ‘ ေရာင္ေတာ္ဖြင့္ အလင္းေပါက္ ‘ တစ္ခု အေ႐ွ႕မုခ္ ၊ တိုက္မႀကီးအေပၚမွာ လုပ္ထားတယ္။

ပုံကိုၾကည့္။

 

အေ႐ွ႕မုခ္ဆိုတာကို ေသခ်ာေျပာျပဖို႔လိုလိမ့္မယ္။ လူတခ်ိဳ႕က ပုဂံေရာက္ရင္ အရပ္ေလးမ်က္ႏွာ မခြဲတတ္ဖူးျဖစ္ေလ့ ႐ွိတယ္။ ဓမၼရံႀကီးဘုရားကို အခု လူတိုင္းဝင္ေနတဲ့ ေဈးဆိုင္တန္းေတြ ႐ွိတဲ့ အရပ္က ေျမာက္။ ေျမာက္ မုခ္ေပါ့။

ထိုင္ေတာ္မူ ႐ုပ္ပြါးဆင္းတုေတာ္ႀကီး ႐ွိတယ္။ ဆင္းတုေတာ္ႀကီးေနာက္မွာ အနီေရာင္မ်ားတဲ့ နံရံေဆးေရးေတြ ႐ွိတယ္။

အဲ့ဒီ တစ္ဆူတည္းေသာ ႐ုပ္ပြါးဆင္းတုေတာ္ႀကီး ႐ွိရာ အရပ္က အေ႐ွ႕ အရပ္။ အေ႐ွ႕မုခ္ျဖစ္ပါတယ္။

ေရာင္ေတာ္ဖြင့္ ေန အလင္းေပါက္ ေသခ်ာရဲ႕လား၊ ေလဝင္ေပါက္ေရာ မျဖစ္ႏိုင္ဘူးလား ေမးစရာ ျဖစ္ပါ တယ္။ ေနထြက္ရာ အေ႐ွ႕ အရပ္၊ အေ႐ွ႕မုခ္ တစ္ခုတည္း မွာသာ ပါၿပီး က်န္တဲ့ အရပ္ ၃ မ်က္ႏွာမွာ မပါပါဘူး။ ဒါေၾကာင့္ ေျပာတာ။

ဓမၼရံႀကီး ဘုရားမွာ လူမျမင္ေအာင္၊ လူေတြ သတိ မထားမိေအာင္ လုပ္ထားတဲ့ ေလဝင္ေပါက္ (ventilation whole ) ေတြ အမ်ားႀကီး ႐ွိတယ္။ အဲ့ဒါ သပ္သပ္ ေရးပါမယ္။

ဓမၼရံႀကီး အတြင္းထဲက ဘုရား႐ုပ္ပြါး ဆင္းတုေတာ္ႀကီး မ်က္ႏွာေတာ္ အေပၚကို ေနေရာင္က်ေနတဲ့ ဓာတ္ပုံမ်ိဳး ႐ိုက္ဖူး၊ ရဖူးတဲ့ ဓာတ္ၾဆာေတြ ႐ွိရင္လည္း တစ္ခါတည္း မန္႔ေပးခဲ့ၾကေပါ့။

က်ေနာ္ေတာ့ အဲ့လိုအခိုက္တန္႔မ်ိဳး မၾကဳံဖူး ေသးဘူး။ အဲ့ဒီ ေနအလင္းေပါက္ ဟာ ဒုတိယ မုခ္ေယာင္ရဲ႕ အတြင္းထဲ ၁၄ ေပေလာက္မွာ ျဖစ္ေနတယ္။

ပုဂံေခတ္ ဗိသုကာ ပညာ႐ွင္က ေနလမ္းေၾကာင္း ကို ေသခ်ာ တြက္ခ်က္ၿပီး ဖန္တီးခဲ့မွာ ေသခ်ာတယ္။

ဒါေပမယ့္ အတြင္းထဲ ၁၄ ေပေလာက္အထိ ဝင္ပီးမွ ေနေရာင္က်မွာ ျဖစ္တဲ့အတြက္ ေန႔တိုင္း၊ လတိုင္း ၊ ရာသီတိုင္းမွာ ေနေရာင္က်မယ္ မဟုတ္ပါ။

ဘယ္လ၊ ဘယ္ရက္ ေတြရဲ႕ ဘယ္အခ်ိန္ မွာ ေရာင္ေတာ္ဖြင့္ေနရာင္ ဟာ ႐ုပ္ပြါး ဆင္းတုေတာ္ရဲ႕ မ်က္ႏွာေတာ္ဆီက်မလဲ ဆိုတာ သိပ္စိတ္ဝင္စားဖို႔ ေကာင္းတယ္။Credit

Unicode

ဓမ္မရံကြီး ဘုရားမှာ လူသိ နည်းသေးတဲ့ အချက်တစ်ချက် ရှိနေ

ဓမ္မရံကြီးဘုရားမှာ လူသိနည်းသေးတဲ့ အချက်တစ်ချက်ရှိတယ်။ အဲ့ဒါဘာလဲဆိုတော့ နေရောင်ခြည် ဘုရားဆင်းတုတော်အပါ် ထိုးကျလာအောင် လုပ်ထားတဲ့ ‘ ရောင်တော်ဖွင့် အလင်းပေါက် ‘ တစ်ခု အရှေ့မုခ် ၊ တိုက်မကြီးအပေါ်မှာ လုပ်ထားတယ်။

ပုံကိုကြည့်။

အရှေ့မုခ်ဆိုတာကို သေချာပြောပြဖို့လိုလိမ့်မယ်။ လူတချို့က ပုဂံရောက်ရင် အရပ်လေးမျက်နှာ မခွဲတတ်ဖူးဖြစ်လေ့ ရှိတယ်။ ဓမ္မရံကြီးဘုရားကို အခု လူတိုင်းဝင်နေတဲ့ ဈေးဆိုင်တန်းတွေ ရှိတဲ့ အရပ်က မြောက်။ မြောက် မုခ်ပေါ့။

ထိုင်တော်မူ ရုပ်ပွါးဆင်းတုတော်ကြီး ရှိတယ်။ ဆင်းတုတော်ကြီးနောက်မှာ အနီရောင်များတဲ့ နံရံဆေးရေးတွေ ရှိတယ်။

အဲ့ဒီ တစ်ဆူတည်းသော ရုပ်ပွါးဆင်းတုတော်ကြီး ရှိရာ အရပ်က အရှေ့ အရပ်။ အရှေ့မုခ်ဖြစ်ပါတယ်။

ရောင်တော်ဖွင့် နေ အလင်းပေါက် သေချာရဲ့လား၊ လေဝင်ပေါက်ရော မဖြစ်နိုင်ဘူးလား မေးစရာ ဖြစ်ပါ တယ်။ နေထွက်ရာ အရှေ့ အရပ်၊ အရှေ့မုခ် တစ်ခုတည်း မှာသာ ပါပြီး ကျန်တဲ့ အရပ် ၃ မျက်နှာမှာ မပါပါဘူး။ ဒါကြောင့် ပြောတာ။

ဓမ္မရံကြီး ဘုရားမှာ လူမမြင်အောင်၊ လူတွေ သတိ မထားမိအောင် လုပ်ထားတဲ့ လေဝင်ပေါက် (ventilation whole ) တွေ အများကြီး ရှိတယ်။ အဲ့ဒါ သပ်သပ် ရေးပါမယ်။

ဓမ္မရံကြီး အတွင်းထဲက ဘုရားရုပ်ပွါး ဆင်းတုတော်ကြီး မျက်နှာတော် အပေါ်ကို နေရောင်ကျနေတဲ့ ဓာတ်ပုံမျိုး ရိုက်ဖူး၊ ရဖူးတဲ့ ဓာတ်ဆြာတွေ ရှိရင်လည်း တစ်ခါတည်း မန့်ပေးခဲ့ကြပေါ့။

ကျနော်တော့ အဲ့လိုအခိုက်တန့်မျိုး မကြုံဖူး သေးဘူး။ အဲ့ဒီ နေအလင်းပေါက် ဟာ ဒုတိယ မုခ်ယောင်ရဲ့ အတွင်းထဲ ၁၄ ပေလောက်မှာ ဖြစ်နေတယ်။

ပုဂံခေတ် ဗိသုကာ ပညာရှင်က နေလမ်းကြောင်း ကို သေချာ တွက်ချက်ပြီး ဖန်တီးခဲ့မှာ သေချာတယ်။

ဒါပေမယ့် အတွင်းထဲ ၁၄ ပေလောက်အထိ ဝင်ပီးမှ နေရောင်ကျမှာ ဖြစ်တဲ့အတွက် နေ့တိုင်း၊ လတိုင်း ၊ ရာသီတိုင်းမှာ နေရောင်ကျမယ် မဟုတ်ပါ။

ဘယ်လ၊ ဘယ်ရက် တွေရဲ့ ဘယ်အချိန် မှာ ရောင်တော်ဖွင့်နေရာင် ဟာ ရုပ်ပွါး ဆင်းတုတော်ရဲ့ မျက်နှာတော်ဆီကျမလဲ ဆိုတာ သိပ်စိတ်ဝင်စားဖို့ ကောင်းတယ်။Credit

Be the first to comment

Leave a Reply

Your email address will not be published.


*