











Unicode

ဘယ်နှနှစ် ပြည့်ပြီ ဆိုတဲ့ Anniversaryတွေမှာ ပေးသင့်တဲ့ လက်ဆောင်

ဘယ်နှနှစ် ပြည့်ပြီ ဆိုတဲ့ Anniversary တွေမှာ ပေးသင့် တဲ့ လက်ဆောင်က နှင်းဆီပန်းတွေ အများကြီး နဲ့ surprise မဟုတ်ဘူး… အဖိုးတန် လက်ဆောင်တွေ နဲ့ အနမ်းတွေ မဟုတ်ဘူး။

အဲဒီ ဘယ်နှနှစ် ဆိုတဲ့ ကာလ အတွင်းမှာ သူမကို မျက်ရည် ကျအောင် မလုပ်ခဲ့ ဖူးဘူး ဆိုတဲ့ ကတိတွေ ကိုယ်ထိ လက်ရောက် မကျူးလွန်ဖူ းပါဘူး ဆိုတဲ့ တာဝန် ယူမှုတွေ

သူမ နောက်ကွယ်မှာ စိတ်နဲ့ တောင် မဖောက်ပြန် ခဲ့ဖူးပါဘူး ဆိုတဲ့ သစ္စာတရားတွေ ပြဿနာ ဖြစ်တိုင်း သူမ အရှက် ရအောင် လေသံမာမာနဲ တောင်

အော်ဟစ် ရန်ဖြစ်တာတွေ မလုပ်ခဲ့ဖူးပါဘူး ဆိုတဲ့ သည်းခံနိုင်စွမ်းတွေ ကိုသာ လှလှပပ လက်ဆောင် ထုပ်ပိုးပြီး ပေးပါ။

တနှစ်ပတ်လုံး ငိုနေ ရပြီး တရက်လောက် ပျော်ရွှင် ရတာမျိုး လည်း မဖြစ် ပါစေနဲ့။ အချိန်ပြည့် ဥပေက္ခာ ပြုပြီး တခါလောက် ကြင်နာပြတာလည်း မဖြစ်ပါစေနဲ့။

အများ အမြင်မှာ သည်းသည်းလှုပ် ချစ်ပြပြီး ကွယ်ရာမှာ နှိပ်စက် နေတာလည်း မဖြစ်ပါစေနဲ့။

တကယ် ချစ်တယ် ဆိုရင် ကိုယ်ပြော ခဲ့တဲ့ ကတိ သစ္စာတရားတွေ ကိုသာ တည်တည်ကြည်ကြည် လက်ဆောင် ပေးနိုင်အောင် ကြိုးစား ပါ။

အဲဒီ လက်ဆောင်က ငွေနဲ့ ဝယ်ယူ လို့ မရသလို အချစ် အတုအယောင်တွေနဲ့လည်း ဖန်ဆင်း လို့ မရဘူး။

အချစ်တွေ သည်းခံနိုင်စွမ်းတွေ နားလည်မှုတွေ ကို စတေးပြီး အချိန်တွေ အကြာကြီး ရင်းနှီးပြီးမှေ ပးလို့ရမယ့် အဖိုး မဖြတ်နိုင် တဲ့ လက်ဆောင်ပါ။Credit-OriginalWriter

Be the first to comment

Leave a Reply

Your email address will not be published.


*